အပိုင်း(၂၂) အဖေနဲ့သမီး(၁)

531 73 2
                                    

Unicode

အမျိုးသားက အသက်၃၅ ၃၆လောက်ရှိပြီ။ အရပ်ရှည်ရှည်နဲ့ သူ့ရဲ့ချောမောတဲ့မျက်နှာတစ်ဝက်လောက်ကို မုတ်ဆိတ်မွေးတွေက ဖုံးနေတယ်။ သူ့မျက်လုံးတွေက နက်ရှိုင်းပြီး စူးရှတယ်။ ဒါပေမဲ့ ရိုင်းစိုင်းတဲ့ပုံတော့ မပေါ်ဘူး။

အဲ့တာက ရှင်းယန်းမင်း လုလင်ပဲဖြစ်တယ်။

စစ်သူကြီးတစ်ယောက်အနေနဲ့ သူက အချိန်အများစုကို စစ်တန်းလျားမှာ နေရတယ်၊ ဒါမှမဟုတ် စစ်ချီထွက်နေရတာလေ။ သူ့သမီးနဲ့ အချိန်ကုန်ဖို့ သူ့မှာ အချိန်သိပ်မရဘူး။

သူတို့က တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ လအနည်းငယ်ကြာပြီ။ လုလင်က သူ့သမီးကို သတိရနေတယ်။ သူက လုမင်းယွီရဲ့ပုခုံးကို ညင်သာစွာ ဖက်လိုက်ပြီး သူမကိုပြုံးပြလိုက်တယ်။ " ရှောင်ယွီ ဒီတစ်ခေါက် အဖေ မြို့တော်ကိုပြန်လာတာ သမီးကို အဖော်လုပ်ပေးဖို့ အချိန်အတော်ကြာ နေလို့ရဦးမှာ။ "

လုမင်းယွီက ငိုချင်လာပြီး အင်းဆိုပြီး အသံပေးလိုက်ကာ သူမမျက်ရည်တွေကို အမြန်သုတ်လိုက်တယ်။ ပြီးတော့ အနောက်ကို ခြေ၂လှမ်းဆုတ်လိုက်တယ်။

အဖေနဲ့သမီးက တစ်ယောက်ကိုတစ်ယောက် သေသေချာချာကြည့်လိုက်ကြပြီး တစ်ချိန်ထဲမှာပဲ စကားပြောလိုက်ကြတယ်။ " အဖေ/ ရှောင်ယွီ ပိန်သွားတာပဲ။ "

အဲ့လိုပြောပြီးသွားတော့ သူတို့က အတူတူရယ်လိုက်ကြတယ်။

လုမင်းယွီက လုလင်ဘေးက ကောင်လေးကို ကြည့်လိုက်တယ်။ " အစ်ကို၂!! "

ဒီလူငယ်လေးက အရပ်ရှည်တယ်၊ ခြေတံရှည်တယ်။ မျက်ခုံးမွေးထူထူနဲ့ ကျားလိုမျက်လုံးတွေရှိတယ်။ အရမ်းကို သူရဲကောင်းဆန်တယ်။ ဒါက သူမရဲ့ မွေးစားအစ်ကို၂ လုဖေးပဲ ဖြစ်တယ်။

သူမအရင်ဘဝတုန်းက လုလင်က စစ်ပွဲမှာ သေဆုံးသွားခဲ့တယ်။ ပြီးတော့ လုဖေးက ကျုံးယုန်းနယ်စားဆိုတဲ့ ဘွဲ့နာမည်ကို ခံယူကာ ရှင်းယန်းစစ်တပ်ကို ဦးဆောင်ခဲ့တယ်။ သူက သူမရဲ့အားအကောင်းဆုံး အထောက်ပံ့ပေးသူ ပြီးတော့ သူမရဲ့အရင်းနီးဆုံး အစ်ကိုလဲ ဖြစ်တယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now