အပိုင်း(၂၃) အဖေနဲ့သမီး(၂)

458 64 2
                                    

Unicode

သမီးအဖေဒီမှာရှိနေသရွေ့ ဘယ်သူမှ သမီးကို အနိုင်ကျင့်လို့မရဘူး။

ဒီစကားအတိုလေးနဲ့တင် လုလင်က သူ့သမီးကို သူ့ရဲ့တိကျပြတ်သားတဲ့ အားပေးထောက်ခံမှုကို ပြသခဲ့တယ်။

တာ့ဝေရဲ့ မင်းမျိုးမင်းနွယ်နဲ့မတူညီတဲ့ မျိုးရိုးနာမည်ရှိတဲ့ ပထမဦးဆုံးမင်းအနေနဲ့ ပြီးတော့ တာ့ဝေရဲ့ သတ္တိအရှိဆုံး နာမည်အကြီးဆုံး စစ်သူကြီးတစ်ယောက်အနေနဲ့ သူ့မှာ ရှင်းယန်းစစ်သား၆သောင်းနဲ့ အားကောင်းတဲ့ စစ်သူကြီးတွေအများကြီး ရှိတယ်။ သူက အရှင်မင်းကြီးရဲ့ ယုံကြည်မှုကိုလဲ ရထားပြီး တိုက်ပွဲမှာလဲ ကြီးမားတဲ့အောင်နိုင်မှုတွေ လုပ်ပြနိုင်ခဲ့တယ်။

အဲ့ဒီ့တော့ သေချာပေါက် လုလင်မှာ အထက်စီးဆန်ပိုင်ခွင့် နဲ့ ယုံကြည်ချက်ရှိတာပေါ့။

လုမင်းယွီနှလုံးသားက ပူလာတယ်။

" အဖေ အဖေဆိုလိုတာကို သမီးသိပါတယ်။ " လုမင်းယွီက အသံကိုနူးညံ့စွာနဲ့ ပြောလိုက်တယ်။ " လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မိဖုရားခေါင်ချောင်က နန်းတော်ထဲမှာ စားသောက်ပွဲတစ်ခု ကျင်းပခဲ့တယ်။ သမီးလဲ ဖိတ်ကြားစာရပြီး နန်းတော်ထဲဝင်ခဲ့တယ်။ "

" နန်းတော်ထဲကလူတိုင်းက အပေါ်ယံတွေချည်းပဲ။ ပြီးတော့ သမီးက အဲ့တာကိုတစ်ကယ်ပဲ အသားမကျဘူး။ အားနည်းနည်းလေးသုံးလိုက်တာနဲ့ ဆုကျောက်ရုံကိုကြောက်လန့်သွားစေပြီး မိဖုရားခေါင်ချောင်ကို ဒေါသထွက်သွားစေတာလေ။ "

" တစ်ကယ်လို့ သမီးလီဟောင့်ကို လက်ထပ်လိုက်မယ်ဆိုရင် သမီးအကျင့်စရိုက်ကို ဖိနှိပ်ပြီး နူးညံ့ညင်သာတဲ့ပုံ၊ သတိထားတဲ့ပုံ၊ ခြိုးခြံတဲ့ပုံ ဟန်ဆောင်နေရမှာလေ။ ပြီးတော့ စိတ်ထဲမပါတဲ့ စကားတွေကိုပြောပြီး အပေါ်ယံတွေလုပ်ပြနေရမှာ။ ဒါက သမီးလိုချင်တဲ့ ဘဝမဟုတ်ဘူး။ "

" အဲ့ဒီ့နေ့ကစပြီး သမီးစိတ်ကို ဆုံးဖြတ်လိုက်တာ။ ဘယ်တော့မှ တော်ဝင်မိသားစုထဲကို ချွေးမအနေနဲ့ လက်ထပ်မှာ မဟုတ်ဘူးဆိုတာကိုလေ။ "

လုလင်အရှေ့မှာ တစ်ကယ်လို့ သူမက လုမိသားစုကို အိမ်ရှေ့မင်းသားတိုက်ပွဲမှာ မပါဝင်စေချင်လို့လို့ ပြောလိုက်လို့ရှိရင် သူမအဖေသူမကို ချစ်တဲ့ပုံအရဆို သူက သေချာပေါက်ကို သူမရဲ့'ဘဝတစ်သက်စာပျော်ရွှင်မှု' အတွက် ဆုံးဖြတ်ချက်တွေ လုပ်ပစ်တော့မှာ။

ဖီးနစ်ဆံထိုးWhere stories live. Discover now