အပိုင်း(၁.၂)

1.3K 184 4
                                    

Unicode

ရွံစရာကောင်းအောင် လာဟန်ဆောင်နေသေးတယ်။

တစ်ကယ်လို့ သူမအရှေ့က ဒီရွံစရာကောင်းပြီး ရက်စက်တဲ့မိန်းမကြောင့်သာ မဟုတ်ရင် သူမနဲ့လီဟောင်တို့က လင်မယားဆိုတဲ့ နာမည်လေးပဲရှိတော့တဲ့အဖြစ်ထိ ရောက်သွားကြမှာ မဟုတ်ဘူး။

လီမင်းယွီအသံက ရေခဲလိုပဲ အေးစက်နေတယ်။ " လီဟောင်က ဘယ်လောက်ပဲဆိုးဆိုး သူက သူ့အမေအရင်းကိုတော့ အရမ်းရိုသေပြီး သားသမီးတာဝန်ကျေပွန်ခဲ့တာပါ။ ပြီးတော့ သူက ရှင့်ကို ဘာအမှားမှလဲ မလုပ်ခဲ့ဘူး။ ရှင်ကတော့ ဘာလုပ်ခဲ့လဲ။ ဒါက သူ့အတွက် ထိုက်တန်ရဲ့လား။ ရှင် မြေအောက်ကမ္ဘာကိုရောက်တဲ့အချိန်ကျ သူ့ကိုတွေ့ရင် ဘာပြောမှာလဲ!! "

မယ်တော်မိဖုရားခေါင်ဆုရဲ့ မျက်နှာထားက အေးခဲသွားတယ်။ သူမမျက်နှာက ကြည့်ရဆိုးသွားတယ်။ သူမက လုမင်းယွီကို ထိုင်းမှိုင်းပြီး ရက်စက်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ " အိုက်ကျား ဒီလိုလုပ်လိုက်ရတာ ဘာမှ မမှားဘူး။ လုမိသားစုက အရမ်းရည်မှန်းချက်ကြီးမားပြီး အမြဲတမ်း အရှင်မင်းကြီးနဲ့ ဆန့်ကျင်ပြီး အစိုးရကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ။ နင်သေသွားတာနဲ့ လုမိသားစုက ကျောထောက်နောက်ခံ ဆုံးရှုံးသွားမှာ။ အရှင်မင်းကြီးကလဲ ရှင်းယန်စစ်တပ်ကို လုံးဝထိန်းချုပ်နိုင်သွားမှာ။ ပြီးတော့ ညီလာခံကလဲ တည်ငြိမ်သွားလိမ့်မယ်။ "

" ယန်အာကြီးလာတဲ့အချိန်ကျ သူ့ကို ထီးနန်းလွှဲအပ်မယ်လို့ အရှင်မင်းကြီးနဲ့ အိုက်ကျားတို့က သစ္စာဆိုထားတယ်။ အိုက်ကျားလုပ်တဲ့ အရာအားလုံးက လီမိသားစုအတွက်၊ ယန်အာအတွက်... "

" ရှင်က ယန်အာကို သူ့အမေအရင်းကို အဆိပ်ခတ်တဲ့အပြစ်ကို ခံခိုင်းတာ ဒါက ယန်အာကောင်းဖို့ အတွက်တဲ့လား။ " လုမင်းယွီက အပေါ်ယံတွေမရှိတော့ပဲ မယ်တော်မိဖုရားခေါင်ဆုရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာကို ဖော်ထုတ်လိုက်တယ်။ " ဒီမှာ ရှင်နဲ့ကျွန်မ ၂ယောက်ပဲရှိတာ။ ဘယ်သူ့ကိုပြဖို့ ဟန်ဆောင်နေတာလဲ။ "

မယ်တော်မိဖုရားခေါင်ဆုက လုမင်းယွီကို နက်ရှိုင်းတဲ့မုန်းတီးမှုတွေနဲ့ စိုက်ကြည့်လိုက်တယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now