အပိုင်း(၂၆) အဖေနဲ့သားများ

324 49 1
                                    

Unicode

လီဟောင်က မင်းသား၂ထက် ၂လပဲငယ်တာဖြစ်တယ်။

ညီအစ်ကို၂ယောက်က သိပ်တော့ချစ်ကြတာမဟုတ်ပေမဲ့ အလိုက်သင့်လေးတော့ တည့်ကြပါတယ်။ မင်းသား၂က လူတွေအပေါ်ကို နူးညံ့ညင်သာတက်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်တယ်။ လီဟောင်က မင်းသား၂ရဲ့ စိတ်နေစိတ်ထားကို အရမ်းရင်းနီးတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ မင်းသား၂ရဲ့မျက်လုံးတွေက အရမ်းကိုစိမ်းကားလွန်းနေတယ်။

ချွန်ထက်တဲ့ စူး၂ချောင်းလိုပဲ သူ့မျက်လုံးတွေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်နေတယ်။

လီဟောင်က စိတ်ထဲမှာ ရှင်းပြလို့မရနိုင်စွာပဲ မအီမသာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အချိန်ခဏလေးအတွင်းမှာပဲ မင်းသား၂က ခေါင်းကိုလှည့်လိုက်ကာ အကြီးဆုံးမင်းသားကို ပြုံးပြလိုက်တယ်။ " အစ်ကိုကြီး ကျေးဇူးပြုပြီး အရင်သွားပါ။ "

အကြီးဆုံးမင်းသားကလဲ ယဥ်ကျေးမနေတော့ဘဲ အပြုံးလေးနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ပြီးတော့ အကြီးဆုံးမင်းသားကြင်ယာတော်ရဲ့လက်ကို ကိုင်ကာ ကျောက်ဖန်းခန်းမထဲကို ဝင်သွားခဲ့တယ်။

မင်းသား၂ကလဲ နှောင့်နှေးခြင်းမရှိဘဲ ဝင်သွားလိုက်တယ်။

လီဟောင်က အဲ့ဒီ့မှာ ဒီတိုင်းရပ်နေပြီး မလှုပ်ဘူး။ မင်းသား၄က နည်းနည်းထူးဆန်းတယ်လို့ မြင်နေတယ်။ " အစ်ကို၃က ဘာဖြစ်တာလဲ။ "

လီဟောင်က သူ့အရှေ့ကလူကို မကြည့်တော့ပဲ သူ့စိတ်ကိုငြိမ်အောင်ထိန်းလိုက်တယ်။ ပြီးတော့ ပုံမန်အပြုံးနဲ့ ပြောလိုက်တယ်။ " အရင်သွားနှင့်။ အစ်ကို ညီ၅နဲ့လိုက်လာလိုက်မယ်။ "

မင်းသားတွေထဲမှာ လီဟောင်နဲ့လီချန်းပဲ အမေတူတာဖြစ်တယ်။ လီချန်းက လီဟောင့်အပေါ်ကို အရမ်းမီခိုတယ်။ ပြီးတော့ လီဟောင်ကလဲ နေရာတကာမှာ သူ့ညီကို လိုက်ဂရုစိုက်ပေးတယ်။

မင်းသား၄ကလဲ သိပ်မစဥ်းစားတော့ဘဲ ပြုံးကာဝင်သွားလိုက်တယ်။

လီချန်းက အကျင့်အတိုင်း သူ့အစ်ကိုဘက်ကိုမီလိုက်ကာ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ " အစ်ကို၃ အစ်ကို့မျက်နှာကြည့်ရတာ သိပ်မကောင်းဘူး။ မနေ့ညတုန်းက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now