အပိုင်း(၁၂) နန်းတော်စားသောက်ပွဲ

700 107 2
                                    

Unicode

မကြာခင်မှာပဲ ကျန်တဲ့နာမည်ကြီး အမျိုးသမီးတွေကို ခန်းမထဲကို ဖိတ်ခေါ်လိုက်တယ်။

ခန်းမထဲက ထိုင်ခုံတွေက အကန့်အသတ်ရှိတယ်။ ပြီးတော့ အစေခံတွေက ဘေးဘက်ကိုရွှေ့လိုက်ကြတယ်။

ကောင်မလေးတွေအကုန်လုံးက သူတို့ထိုင်ခုံမှာသူတို့ ထိုင်လိုက်ကြတယ်။ မျက်နှာပြချင်တဲ့သူတွေကတော့ သေချာပေါက် အရှေ့တန်းမှာ ပြေးထိုင်ကြတာပေါ့။ ဒီလိုမှ မိဖုရားခေါင်ချောင်နဲ့ တစ်ခြားသူတွေနဲ့ နီးနီးကပ်ကပ် နေလို့ရမှာလေ။ ဒီလုပ်ရပ်က အမြန်လုလုပ်မှ ရမှာပေါ့။

ဥပမာ ကျင်းချန့်အာ အရှေ့ကိုခြေလမ်းအမြန်လှမ်းလိုက်ကာ အရှေ့တန်းမှာ ထိုင်လိုက်တယ်။ သူမမျက်လုံးထဲမှာလဲ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့ခံစားချက်တွေ ပေါ်နေတာပေါ့။

အားလုံးသိတဲ့အတိုင်းပဲ မိဖုရားခေါင်ချောင်နဲ့ တစ်ခြားသူတွေရဲ့မျက်လုံးထဲမှာတော့ အဲ့တာကလုံးဝကို ဟာသကြီးဖြစ်နေတာပေါ့။

လုမင်းယွီက အသက်တူတစ်ခြားကောင်မလေးတွေထက် အရပ်ပိုရှည်တယ်။ သူမက အနီရောင်ဝတ်ထားတယ်။ လှပတဲ့မျက်နှာနဲ့ တည်ငြိမ်တဲ့အကျင့်စရိုက်ရှိတော့ လုံးဝကိုထင်းထွက်နေတာပေါ့။ ကောင်မလေးတွေအကုန်ထိုင်ပြီးသွားတော့ သူမက သူမသူငယ်ချင်းရှန့်လန်ဘေးမှာ ထိုင်လိုက်တယ်။ နောက်ဆုံးတန်းမှာပေါ့။

ရှန့်လန်က လုမင်းယွီကို မျက်တောင်ခတ်ပြလိုက်တယ်။

နင်ကဘာလို့ ဒီမှာ ထိုင်နေတာလဲ ဆိုသလိုမျိုးပေါ့။

ဘယ်လိုပဲပြောပြော ဒီလိုနာမည်ကြီး မျိုးရိုးမြင့်ကောင်မလေးတွေထဲမှာ လုမင်းယွီရဲ့မိသားစုနောက်ခံနဲ့ ရုပ်ရည်က အကောင်းဆုံးပဲလေ။ ချောင်ဝမ်နဲ့ ကျောက်ယွီတို့က မိဖုရားခေါင်ချောင်ကိုမီခိုပြီး သူတို့မျက်နှာကိုအရင်ပြခွင့်ရခဲ့တာလေ။

မိဖုရားခေါင်ချောင်နဲ့ တစ်ခြားသူတွေက မျက်စိမကန်းနေသရွေ့တော့ သူတို့က လုမင်းယွီကို လက်လွှတ်ခံမှာ မဟုတ်ဘူး။

လုမင်းယွီက မျက်ခုံးပင့်လိုက်ကာ သာသာလေးပြုံးလိုက်တယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now