အပိုင်း(၂၄) ယောက္ခမနဲ့ချွေးမ

589 70 4
                                    

Unicode

နန်းတော်စားသောက်ပွဲက ရွှီအချိန်(ည၇နာရီမှ၉နာရီ)ကျမှ ပြီးဆုံးခဲ့တယ်။

ဘုရင်ယုန်းကျားက မိဖုရားခေါင်ချောင်ရဲ့ ဂုဏ်သိက္ခာကိုတော့ ဂရုစိုက်သေးတယ်။ သူက ကျောက်ဖန်းနန်းတော်မှာ နေခဲ့တယ်။

မုန့်ကွေ့ဖေးကမျက်နှာမှာ ပုံမန်လိုအပြုံးလေးရှိနေသေးတယ်။ သူမက ယန်ရှီးနန်းတော်ကို ပြန်ရောက်တော့မှ သူမမျက်နှာကမဲမှောင်သွားခဲ့တယ်။ သူမဘေးနားက အပျိုတော်တွေအကုန်လုံးက သူတို့သခင်မရဲ့စိတ်ကို သိကြတယ်။ သူတို့က တုန်ရီနေကြပြီး စကားတောင်မပြောရဲကြတော့ဘူး။

အကြီးဆုံးမင်းသားနဲ့ သူ့မိန်းမတို့ရောက်လာတော့မှ မုန့်ကွေ့ဖေးမျက်နှာမှာ အပြုံးလေးပေါ်လာခဲ့တယ်။

အကြီးဆုံးမင်းသားက အကြီးဆုံးသားဖြစ်တယ်။ ပြီးတော့ သူချစ်ရတဲ့မိန်းမက မွေးတဲ့သားဆိုတော့ ဘုရင်ယုန်းကျားက သူ့ကိုအရမ်းချစ်တယ်။ မင်းသားတွေထဲမှာ အကြီးဆုံးမင်းသားက ဘုရင်ယုန်းကျားနဲ့ အတူဆုံးပဲ။ အနည်းငယ်ညိုတဲ့အသားအရေနဲ့ လေးထောင့်ကျတဲ့မျက်ခုံးတွေနဲ့ဆိုတော့ ခံ့ညားတာပေါ့။

အကြီးဆုံးမင်းသားကြင်ယာတော်လျန်က ပိန်သွယ်တဲ့ခန္ဓာကိုယ်ရှိတယ်။ တောက်ပနေတဲ့မျက်လုံးတွေနဲ့ ဖြူဖွေးတဲ့သွားတွေရှိတယ်။ သူမက ထိပ်တန်းအလှတော့ မဟုတ်ပေမဲ့လို့ သူမအတိုင်းသူမတော့ လှနေသေးတာပဲ။

" အချိန်က နောက်ကျနေပြီ။ ဘာလို့ အိမ်တော်ကိုစောစောပြန်ပြီး မနားတာလဲ။ " မုန့်ကွေ့ဖေးက အကြီးဆုံးမင်းသားကို အပြုံးလေးနဲ့ ဆူလိုက်တယ်။

အကြီးဆုံးမင်းသားက ဒီနေ့ည အရက်တွေအများကြီး သောက်ခဲ့တော့ သူ့မျက်နှာက အနည်းငယ်နီနေတယ်။ သူကပြုံးကာ ပြောလိုက်တယ်။ " အမေက အမြဲစိတ်ထဲမပါတဲ့ စကားတွေကိုပြောနေတော့တာပဲ။ အမေ့သားကိုတွေ့ရတော့ အမေမပျော်ဘူးလား။ "

မုန့်ကွေ့ဖေးက ပြုံးကာ သူမသားကို ရိုက်လိုက်တယ်။

အမေနဲ့သားတို့က အရမ်းကိုချစ်ကြတာ ဘာမှပြောစရာမရှိဘူး။

ဖီးနစ်ဆံထိုးWhere stories live. Discover now