အပိုင်း(၁၆) ပြဇာတ်ကောင်း

635 96 2
                                    

Unicode

ဒီမြင်ကွင်းက အားလုံးကို လန့်သွားစေခဲ့တယ်။

မိဖုရားခေါင်ချောင်ကလဲ နည်းနည်းအံ့အားသင့်သွားတယ်။ သူမက ညင်ညင်သာသာနဲ့စိတ်ရင်းအမှန်နဲ့ တောင်းပန်နေတဲ့ လီဟောင့်ကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ လုမင်းယွီရဲ့ အေးစက်ပြီးလှပတဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ ရုတ်တရက် သူမစိတ်ထဲမှာ နားလည်သဘောပေါက်သွားတယ်။

အော် အဲ့လိုကိုး...

လုမင်းယွီက နည်းနည်းလေးမှ မလှုပ်ပဲ ဒီတိုင်းမျက်နှာသေကြီးနဲ့ပဲ ပြန်ပြောလိုက်တယ်။ " ကျောက်ရုံမယ်မယ်ကို ကြောက်လန့်သွားအောင်လုပ်ခဲ့မိတာ ကျွန်မ အမှားပါ။ အရင်မင်းသား ဒီလောက် ယဥ်ကျေးနေဖို့မလိုပါဘူး။ "

သူမက ထပြီး ပြန်လဲအရိုအသေမပေးခဲ့သလို သူမလက်လွတ်စပယ်လုပ်လိုက်မိတဲ့အတွက်လဲ မတောင်းပန်ခဲ့ဘူး။

လီဟောင့်လက်က လေထဲမှာပဲရှိနေသေးတယ်။ သူ့မျက်နှာထားက နည်းနည်းတောင့်တင်းသွားခဲ့တယ်။

အဲ့ဒီ့မျက်လုံးနက်နက်လေးတွေထဲမှာ မယုံကြည်နိုင်တဲ့ ဝမ်းနည်းမှုအရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။

လွန်ခဲ့တဲ့၃ရက်တုန်းက သူမက သူ့ကို အညှာအတာမရှိ ရိုက်ပြီး မောင်းထုတ်ခဲ့တယ်။ ဒီနေ့ မိဖုရားခေါင်ချောင်နဲ့ တစ်ခြားသူတွေအရှေ့မှာ သူမက ဆုကျောက်ရုံကို အရှက်ခွဲခဲ့တယ်။

အဲ့တာကိုတောင် သူက ကိုယ်တိုင်လာပြီး တောင်းပန်တာလေ။ သူ့မာနတွေ၊ ဂုဏ်တွေကို ခဝါချပြီး သူမကို ဦးညွတ်ခဲ့တာ။

ဒါပေမဲ့ သူမကတော့ အဲ့ဒီ့မှာပဲ မလှုပ်မယှက်ထိုင်နေပြီး သူ့ကို ဒီလိုမျိုး ဂရုမစိုက်တဲ့ပုံစံနဲ့ ငြင်းပယ်လိုက်တယ်။

နေရောင်ခြည်လိုမျိုး တောက်ပတဲ့အပြုံးနဲ့ ကောင်မလေး၊ သူ့ကိုတွေ့လိုက်တိုင်း မျက်လုံးတွေတလက်လက် ဖြစ်သွားတဲ့ အဲ့လုမင်းယွီ သူမက ဘာလို့ဒီလိုမျိုး ဖြစ်လာရတာလဲ။

ရှန့်လန်က နည်းနည်းမသက်မသာစွာနဲ့ လုမင်းယွီဘေးကို တိတ်တိတ်လေးရောက်လာခဲ့တယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now