အပိုင်း(၂၀) ပြန်လာခြင်း

543 75 4
                                    

Unicode

လုမင်းဖန်းနဲ့ သူမသား၂ယောက်က အဲ့နေစကပြီး လုအိမ်တော်မှာ ရက်အနည်းငယ်နေခဲ့တယ်။ ကျန်းသခင်မကြီးကလဲ သူမချွေးမကို ကပ်မနေခဲ့ဘူး။ အဲ့အစား သူမက အစေခံတွေကတစ်ဆင့် သူတို့အားလုံးအတွက် အစားအစာတွေကို ပို့ပေးခဲ့တယ်။

လုမင်းဟွာက နူးညံ့စွာ ပြုံးလိုက်တယ်။ " ဒီလိုကြင်နာတက်ပြီး ရက်ရောတဲ့ ယောက္ခမရှိတော့ ညီမတို့အစ်မကြီးကတော့ တစ်ကယ်ကံကောင်းတာပဲ။ "

လုမင်းဖန်းက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်တယ်။ သူမက တိုးတိုးလေးပြန်ပြောလိုက်တယ်။ " အဆင့်နိမ့်တဲ့ဘက်ကို လက်ထပ်တာကလဲ ကောင်းတဲ့အချက်တွေရှိတာပဲလေ။ "

လုမင်းဖန်းက မွေးစားသမီးဆိုပေမဲ့လို့ ရှင်းယန်းမင်းက သူမကိုအရမ်းချစ်တာ ဖြစ်တယ်။ ရှင်းယန်းမင်းက သူ့မွေးစားသမီးအတွက် သားမက်ရွေးတဲ့နေရာမှာ အရမ်းကိုအာရုံစိုက်ပေးခဲ့တာ။

သူမယောက္ခထီးက ရှင်းယန်းမင်းလက်အောက်က ရိုးရိုးသာမန်စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ ကျန်းကျုံးက ကလေးကထဲက စစ်စခန်းမှာ ကြီးပြင်းလာခဲ့တာဖြစ်တယ်။ သူကချောမာတယ်၊ ရဲရင့်တယ်၊ အဲ့ဒီ့တော့ ရှင်းယန်းမင်းရဲ့မျက်စိကျခြင်းကို ခံခဲ့ရတယ်။ ဒီမင်္ဂလာပွဲက ကျန်းမိသားစုအတွက် အမြင့်ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်တယ်။

လုမင်းဖန်းက ကျက်သရေရှိပြီး လှပတယ်။ ပြီးတော့ သူမက သူမရဲ့တည်ကြည်တဲ့ခင်ပွန်းကိုလဲ ချစ်တယ်။ သူမက လက်ထပ်ပြီးသွားတော့ သား၂ယောက်ကို တစ်ယောက်ပြီးတစ်ယောက် မွေးဖွားပေးခဲ့တယ်။

ကျန်းသခင်မကြီးကလဲ နည်းနည်းလေးမှ မတုံးဘူး။ သူမချွေးမက မိဘအိမ်ကို မကြာခဏပြန်သွားလေ့ရှိတယ်။ ပြီးတော့ သူမက လုမင်းယွီနဲ့ နက်နဲတဲ့ဆက်ဆံရေးရှိတယ်။ အဲ့တာကလဲ ကျန်းမိသားစုအတွက် ကောင်းတာပဲလေ။ သူမက မြေး၂ယောက်က လုအိမ်တော်မှာနေရင်ကောင်းမယ်လို့တောင် တွေးသေးတာလေ။

လုမင်းဟွာက 'နိမ့်တဲ့ဘက်ကိုလက်ထပ်တယ်' ဆိုတဲ့စကားကိုကြားလိုက်တော့ သူမကဘာစဥ်းစားလိုက်တာလဲတော့မသိဘူး။ သူမပါးက အနည်းငယ်နီသွားတယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now