အပိုင်း(၁၀) ချွမ်ဖန်း

771 119 2
                                    

Unicode

ရေနွေးတစ်ခွက်စာအချိန်လောက် စောင့်ပြီးသွားတော့ ရှန့်လန်အလှည့်ကို ရောက်လာခဲ့တယ်။

ရှန့်လန်က မြင်းလှည်းပေါ်ကနေ အပြုံးလေးနဲ့ ဆင်းလာပြီး သူမဘေးကအစေခံကို ဘုရင့်အိမ်တော်ဝန်ဆီ နန်းတော်စားသောက်ပွဲ ဖိတ်ကြားစာကိုပေးလိုက်ဖို့ အမိန့်ပေးလိုက်တယ်။ နန်းတော်တွင်းကအစေခံက သေသေချာချာစစ်ဆေးလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်။ " မိန်းကလေးရှန့်စန်း ကျေးဇူးပြုပြီး နန်းတော်ထဲကို ဝင်ပါ။ "

ရှန့်လန်က နန်းတော်ထဲကို ဝင်ဖို့ အလောမကြီးဘူး။ သူမက အနောက်ကိုလှည့်လိုက်ကာ လုမင်းယွီကို ပြုံးပြလိုက်တယ်။ " အတူတူဝင်ကြရအောင် "

လုမင်းယွီက စားသောက်ပွဲတက်ဖို့ နန်းတော်ထဲကို ဝင်ရတော့မယ်ဆိုတာကို နည်းနည်းလေးမှ မပျော်ဘူး။ အဲ့ဒီ့တော့ သူမက ဘာသိဘာသာပဲ ပြောလိုက်တယ်။ သူမဘေးနားမှာရှိတဲ့ ချီးယွင်က ဖိတ်ကြားစာကို ထုတ်လိုက်တယ်။

နန်းတော်တွင်းကအစေခံက ဖိတ်ကြားစာကို ကြည့်လိုက်ပြီး သူ့ရဲ့ကုန်းနေတဲ့ခါးက ပိုပြီးတော့တောင် နည်းနည်းထပ်ကုန်းသွားတယ်။ သူ့အပြုံးက အရမ်းကိုဂရုစိုက်နေတယ်။ " လတ်စသတ်တော့ မိန်းကလေးလုစစ်ကိုး။ ကျေးဇူးပြုပြီး နန်းတော်ထဲကိုဝင်ပါ။ "

ရှန့်လန်ရဲ့အဖေက ဒုတိယအဆင့်အမှုထမ်း ဖြစ်တယ်။

ဒါပေမဲ့ တာ့ဝေတိုင်းပြည်က အခုမှ တည်ထောင်ထားတာဆိုတော့ စစ်ဘက်ဆိုင်ရာမှူးမတ်တွေရဲ့ အဆင့်အတန်းက အရပ်ဘက်အမှုထမ်းတွေထက် အများကြီးပိုမြင့်တယ်။ ရှင်းယန်းမင်းက စစ်အင်အားအများကြီးကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ တိုက်ပွဲတွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကိုလဲ ရရှိခဲ့တယ်။ နောက်ပြီး စစ်သူကြီးတွေထဲမှာ ထိပ်တန်းအဆင့်လဲ ဖြစ်တယ်လေ။

နန်းတော်ထဲမှာ အစေခံတွေက ရာထူးမြင့်တဲ့လူတွေကို ကိုးကွယ်ပြီး နိမ့်ကျတဲ့သူတွေကို တက်နင်းတာက ပုံမန်လို ဖြစ်နေပြီ။ လုမင်းယွီပေါ်ထားတဲ့ သူ့သဘောထားက ရှန့်လန်အပေါ်ထားတာထက် အများကြီးပို ဂရုတစိုက်ရှိပြီး နွေးထွေးတာ သိသာလွန်းတယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now