အပိုင်း(၁၉) အစ်မကြီး

512 85 2
                                    

Uniode

မမှောင်ခင်မှာပဲ လုမင်းဖန်းနဲ့သူမသားတွေက လုအိမ်တော်ကို ရောက်လာခဲ့တယ်။

လုမင်းဖန်းက အသက်၂၃နှစ်ရှိပြီ။ သူမက နူးညံ့သိမ်မွေ့ပြီး လှပတယ်။ ဆံပင်ရှည်တွေကို ခေါက်လိပ်တင်ထားတယ်။ ဆံထုံးမှာ ရွှေဆံထိုးလေးထိုးထားတယ်။ ပြီးတော့ နားမှာ အသေးစိပ်တဲ့ ပန်းပုံနားကပ်လေး ပန်ထားတယ်။ ရိုးရှင်းတယ်၊ ဖြူစင်တယ်၊ တည်ငြိမ်တယ်၊ ပြီးတော့ ကျက်သရေရှိတယ်။

" ရှောင်ယွီ " လုမင်းဖန်းက အပြုံးလေးနဲ့ အော်လိုက်တယ်။

သူမအရင်ဘဝတုန်းက သူမနဲ့လီဟောင်တို့က တစ်ယောက်နဲ့တစ်ယောက် မုန်းသွားကြပြီး သူမက ကျောက်ဖန်းခန်းမမှာပဲ တစ်ယောက်ထဲနေတော့တယ်။ အစ်ကို၂နဲ့ မောင်လေး၆တို့က ယောက်ျားတွေဆိုတော့ မောင်းမဆောင်ကိုဝင်ဖို့ အဆင်မပြေဘူး။ အစ်မ၃ကကျတော့ ကျိုးမိသားစု အိမ်ထဲမှာပိတ်ထားခံနေရတယ်။

အစ်မကြီးလုမင်းဖန်းနဲ့ ညီမ၅လုမင်းယွဲ့တို့ကပဲ သူမကို မကြာခဏနန်းတော်ထဲကို လာလည်ကြတယ်။

လုမင်းဖန်းရဲ့ယောက်ျားက တည်ကြည်တယ်၊ တစ်ဖက်သားကို စာနာပေးတက်တယ်။ ပြီးတော့ သူက အမြဲ လုမင်းဖန်းရဲ့ဘေးမှာရပ်ပြီး သူမ မိဖုရားခေါင်လုကို ထောက်ပံ့ပေးတယ်။

ကံမကောင်းတာက လူကောင်းတွေက ကြာကြာမနေရဘူး။ သူက ဓားပြတွေသွားနှိမ်နင်းရင်း မမျှော်လင့်ပဲ သေဆုံးသွားခဲ့တော့ လုမင်းဖန်းက အသက်ငယ်ငယ်လေးမာပဲ မုဆိုးမဖြစ်သွားခဲ့တယ်။ သူမက အသက်၃၀မပြည့်ခင်မှာပဲ ဆံပင်တွေအကုန်ဖြူသွားခဲ့တယ်။

သူမအရှေ့က လုမင်းဖန်းကတော့ ကျီးကန်းလိုမဲနက်နေတဲ့ ဆံနွယ်တွေ၊ တောက်ပနေတဲ့မျက်လုံးတွေနဲ့ ပြီးတော့ နှုတ်ခမ်းမှာလဲ အပြုံးလေးနဲ့ ငယ်ရွယ်ပြီး လှပနေတယ်။

ရုတ်တရက် လုမင်းယွီရဲ့မျက်လုံးတွေက ပူလာပြီး နည်းနည်းနီလာခဲ့တယ်။ " အစ်မကြီး "

လုမင်းဖန်းက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်တယ်။ သူမက အရှေ့ကိုလျှောက်လာကာ လုမင်းယွီကို ဖက်လိုက်တယ်။ " အချင်းချင်း မတွေ့တာ လဝက်လောက်ပဲရှိသေးတယ်။ အရမ်းသတ္တိရှိတဲ့ လုရှောင်ယွီက အခု ခဏတိုင်း ငိုပြီးမျက်ရည်တွေသုတ်နေပြီပေါ့။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now