အပိုင်း(၇) အမေနဲ့သား

841 132 2
                                    

Unicode

လီချန်းက ထွက်မသွားချင်ဘူး။

ဆုကျောက်ရုံက စိတ်လောနေတယ်။ အဲ့တာကြောင့် သူမက မနေနိုင်ဘဲ သူ့ကို စူးစူးရဲရဲကြည့်လိုက်တယ်။ " ထွက်သွားပါဆို "

လီချန်းက လက်ကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်လိုက်ပြီး အနောက်ကိုလှည့်ကာ ထွက်သွားခဲ့တယ်။ သူကအခန်းထဲက ထွက်တော့မဲ့အလုပ်မှာ ခေါင်းကိုအနောက်လှည့်ကြည့်လိုက်မိတယ်။

သူ့အမေက သူ့အစ်ကိုကို မျက်လုံးထဲမှာမျက်ရည်တွေနဲ့ ကြည့်နေတာကို သူတွေ့ဖြစ်လိုက်တယ်။ ပြီးတော့ သူမမျက်လုံးထဲက အလင်းရောင်က သေတော့မဲ့လူတစ်ယောက် အသက်ရှင်နိုင်ဖို့ ကောက်ရိုးတစ်စကိုဖမ်းဆုပ်နေတဲ့ ပုံစံမျိုးပဲ။ " အားဟောင် အမေသားကို မြင်နိုင်မယ်ဆိုရင် အမေထပ်သေရမယ်ဆိုရင်တောင် တန်ပါတယ်..... "

လီဟောင့်အသံက နည်းနည်းနိမ့်နေတယ်။ " အမေက မဟုတ်တာတွေ ပြောနေပြန်ပါပြီ "

လီချန်းက တိတ်ဆိတ်စွာနဲ့ ခေါင်းကိုပြန်လှည့်ကာ ထွက်သွားခဲ့တယ်။

သူ့အနောက်မှာတော့ တံခါးကြီးက ပိတ်သွားခဲ့တယ်။ သူ့အမေနဲ့အစ်ကိုတို့ရဲ့ တီးတိုးပြောသံတွေက ပျောက်သွားခဲ့တယ်။

သူက အဲ့ဒီ့ကမ္ဘာနဲ့ ကွဲကွာနေခဲ့တယ်။

အဲ့လိုက တစ်ကယ်မစဥ်းစားသင့်ပါဘူး။ အမေက သေချာပေါက် သူ့အစ်ကိုနဲ့ အရေးကြီးတာတစ်ခုခု ဆွေးနွေးဖို့ရှိတာ နေမယ်။ သူ့ကို တမင်သက်သက် လျစ်လျူရှုထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမှတ်မိနိုင်တဲ့အချိန်ကထဲက သူ့အမေက သူမမျက်လုံးထဲမှာ သူ့အစ်ကိုတစ်ယောက်ထဲကိုပဲ မြင်တာလေ။

သူက ငယ်သေးတယ်၊ မသိနားမလည်ဘူး၊ ဒါပါပဲ။

အခု သူက တစ်နေ့ပြီးတစ်နေ့ ကြီးလာနေပါပြီ။ ဒါပေမဲ့ သူ့ကို ဘာမှမသိနားမလည်သေးတဲ့ ကလေးတစ်ယောက်လိုမျိုး ဆက်ဆံနေတုန်းပဲ။ အဲ့တာကို သူကနည်းနည်း မသက်မသာဖြစ်မိတယ်။

ကံမကောင်းစွာနဲ့ပဲ ဘယ်သူကမှ သူဘာတွေးတာလဲဆိုတာကို ဂရုမစိုက်ကြဘူး။

လီချန်းက ပျင်းလာတယ်။ သူကခေါင်းကိုမော့လိုက်ကာ သူ့ဘေးကအစေခံကို ခေါ်လိုက်တယ်။ " ရှောင်ချွမ် ငါ့ကို အဝတ်အစားလဲပေး။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now