အပိုင်း(၅) ညီအစ်မများ

904 151 2
                                    

Unicode

လုမင်းယွီက လုမင်းဟွာကို သတိထားပြီးကြည့်လိုက်တယ်။ ပြီးတော့ ရှားရှားပါးပါး သူမကိုယ်သူမ သုံးသပ်လိုက်တယ်။ " အစ်မ၃ ပုံမန်ရက်တွေမှာ ညီမကအရမ်းကြမ်းတမ်းပြီး အနိုင်ကျင့်နေလို့လား။ အဲ့တာကြောင့် အစ်မတို့အားလုံးက ညီမကိုကြောက်နေကြတာလား။ "

လုမိသားစုမှာ မောင်နှမ၆ယောက်ရှိတယ်။ လုမင်းယွီတစ်ယောက်ထဲ လုလင်ရဲ့သမီးအရင်းဖြစ်တယ်။ ကျန်တာတွေက လုလင်ရဲ့ မွေးစားသား မွေးစားသမီးတွေဖြစ်ကြတယ်။

လုလင်က သူ့ကလေးတွေအားလုံးအပေါ် အရမ်းကောင်းတယ်။

မောင်နှမတွေကလဲ သူတို့မွေးစားအဖေရဲ့ ကြင်နာမှုကို ကျေးဇူးတင်ကြတယ်။ ပြီးတော့ လုမင်းယွီနဲ့ပတ်သက်လာရင် သူတို့က အရမ်းကိုသည်းခံပေးကြတယ်။

ပိုအရေးကြီးတာက လုမင်းယွီက နတ်စွမ်းအားတွေနဲ့ မွေးဖွားလာတာဖြစ်တယ်။ ပြီးတော့ သိုင်းပညာမှာလဲ ဘယ်သူမှယဥ်လို့မရဘူး။ မောင်နှမ၃ယောက်ပေါင်းရင်တောင် သူမပြိုင်ဖက်မဟုတ်ဘူး။ တစ်ကယ်လို့ အခုမပြေးလို့ရှိရင် အရိုက်ခံရမှာကို စောင့်နေရမှာလား။

လုမင်းဟွာက လည်ချောင်းရှင်းလိုက်ကာ စကားအရနှစ်သိမ့်လိုက်တယ်။ " မဟုတ်တာ အဲ့လိုမတွေးပါနဲ့။ မောင်လေး၆က တစ်ကယ်ဗိုက်နာနေတာပါ။ သူကထွက်ပြေးဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ "

ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာက အကောင်းဆုံးအစိတ်အပိုင်းပဲလေ။ သူမက တစ်ကယ်ပဲ မျက်နှာမှာ ဒဏ်ရာရလို့မဖြစ်ဘူး။

လုမင်းယွီက ခဏလောက်ကြောင်သွားတယ်။ ပြီးတော့ ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်တယ်။ " အင်းပါ ညီမစဥ်းစားတာ များသွားတာပါ။ "

လုမင်းဟွာက လုမင်းယွီရဲ့လက်ကို ဆွဲလိုက်ကာ ချစ်ခြင်းအပြည့်နဲ့ ပြုံးလိုက်တယ်။ " နေ့လည်ခင်းတောင် ရောက်တော့မယ်။ အစ်မ မီးဖိုချောင်ကိုသွားပြီး ထမင်းသွားပြင်တော့မယ်။ အစ်မတို့၄ယောက် နေ့လည်စာအတူတူ စားကြတာပေါ့။ "

အိမ်ထဲမှာ မောင်နှမ၄ယောက်ပဲ ကျန်ခဲ့တယ်။ လုမင်းယွဲ့နဲ့ လုရွှမ်တို့က အခုထိ ငယ်သေးတယ်။ ပုံမန်ဆို မောင်နှမ၄ယောက်က အတူတူစားကြတယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now