အပိုင်း(၁၇) ပြောင်းလဲမှု

658 96 3
                                    

Unicode

မြင်းလှည်းက အရှေ့ကို ငြိမ်ငြိမ်လေးနဲ့ ဆက်သွားနေတယ်။

ရှန့်လန်က လုမင်းယွီကို အတွေးတွေပါတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

" ဘာလို့ အစ်မရှန့်လန်က ငါ့ကိုဒီလိုမျိုး ကြည့်နေရတာလဲ။ " လုမင်းယွီက သိသိကြီးနဲ့မေးလိုက်တယ်။

ရှန့်လန်က ညင်သာစွာ ပြောလိုက်တယ်။ " ရှောင်ယွီ နင့်ကြည့်ရတာ အရင်ကနဲ့ အရမ်းမတူညီတော့သလိုပဲ။ "

အရင်က လုမင်းယွီက တဲ့တိုးဆန်တယ်၊ တောက်ပတယ်၊ တက်ကြွတယ်၊ ပြီးတော့ ပြုံးနေတာပဲ။

ဒီနေ့ လုမင်းယွီရဲ့စကားလုံးတွေနဲ့ လုပ်ရပ်တွေက မထင်ထားတဲ့ဟာတွေချည်းပဲ။ ပြီးတော့ လုမင်းယွီကြည့်ရတာ လူတွေမသိလောက်တဲ့ ပင်ပန်းဆင်းရဲမှုတွေ၊ ပြောင်းလဲမှုတွေကို ကျော်ဖြတ်လာခဲ့ရသလိုမျိုးပဲ။ ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ သူမလဲ မရင်းနီးသလို ခံစားရတယ်။

လုမင်းယွီက ရှန့်လန်ရဲ့ စူးစမ်းတဲ့အကြည့်ကို မရှောင်ခဲ့ဘူး။ " ငါတို့အားလုံးက နေ့တိုင်းနေ့ ကြီးပြင်းလာကြတာပဲ။ မကြာခင်မှာ လက်ထပ်ရမဲ့ အသက်အရွယ်ကို ရောက်ကြတော့မှာလေ။ ဒီနေ့ ငါလုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို အစ်မရှန့် ရှင်းရှင်းလင်းလင်းသိမှာပါ။ "

ရှန့်လန်က လုမင်းယွီကို ကြည့်လိုက်တယ်။ " ငါသိပါတယ်။ နင်က မင်းသားကြင်ယာတော် မဖြစ်ချင်တာမလား။ "

လုမင်းယွီက ခေါင်းသာသာလေးငြိမ့်လိုက်တယ်။ " ဟုတ်တယ် မဖြစ်ချင်ဘူး။ "

ရှန့်လန်က ရယ်လိုက်တယ်။ " လက်ထပ်ရမဲ့ကိစ္စကိုပြောတာကို နင်က ဒီလိုပွင့်ပွင့်လင်းလင်းနဲ့ လုံးဝမရှက်ဘူးနော်။ "

ဘဝတစ်သက်လုံးနဲ့ဆိုင်နဲ့ ကိစ္စကို ဒီလိုမျိုး တည်ငြိမ်တဲ့မျက်နှာထားနဲ့ပြောနိုင်တာ လုမင်းယွီတစ်ယောက်ထဲပဲ ရှိလိမ့်မယ်။

လုမင်းယွီရဲ့မျက်လုံးတွေက အနည်းငယ်လှုပ်ခတ်သွားတယ်။ သူမက အသံကိုတိုးလိုက်တယ်။ " လွန်ခဲ့တဲ့၄နှစ်တုန်းက ငါ့အဖေက ရှင်းယန်းတပ်သား၆သောင်းကိုခေါ်လာပြီး တာ့ဝေမှာ အညံ့ခံခဲ့တယ်။ အရှင်မင်းကြီးက လုမိသားစုကို အရမ်းမျက်နှာသာပေးပြီး ရှင်းယန်းမင်းအဖြစ် သမုတ်ခဲ့တယ်။ မတူညီတဲ့မျိုးရိုးနာမည်နဲ့ တော်ဝင်မျိုးနွယ်အဖြစ် ပေးအပ်ခဲ့တာပေါ့။ လုမိသားစုက အရှင်မင်းကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now