အပိုင်း(၂) ပြန်လည်မွေးဖွားခြင်း

1.4K 175 1
                                    

Unicode

ယုန်းကျားမင်းဆက် ၈နှစ်မြောက်

ဖေဖော်ဝါရီလ နွေဦးအစောပိုင်းဆိုပေမဲ့လို့ လေတွေက အေးနေတုန်းပဲ။

ကော်ရစ်တာရဲ့အမိုးအပြင်ဘက်က သစ်ပင်တွေက ကိုင်းတွေအသစ်ထွက်လာပြီး အစိမ်းရောင်အရွက်သစ်တွေ ထွက်လာကြတယ်။ သစ်ပင်တွေကြားထဲမှာ ငှက်လေးတွေကလဲ ပျော်ရွှင်စွာနဲ့ တေးဆိုနေကြတယ်။

ရှားပါးတဲ့ပန်းပွင့်တွေ၊ အပင်တွေ မရှိဘူး၊ ထူးဆန်းတဲ့တောင်တွေ၊ ကျောက်တုံးတွေလဲ မရှိဘူး။ ရှင်းယန်နန်းတော်က တည်ကြည်ပြီး စစ်တပ်စစ်သူကြီးတစ်ယောက် နေထိုင်တဲ့နေရာတစ်ခုရဲ့ ပုံစံနဲ့ ရှင်းလင်းနေတယ်။

အသက်၁၅နှစ်အရွယ် လုမင်းယွီက ဖြေးဖြေးချင်း အရှေ့ကိုလျှောက်လာတယ်။ သူမမျက်လုံးတွေက အချိန်အကြာကြီး သူမရင်းနီးခဲ့ရတဲ့ အရာအားလုံးကို ငေးကြည့်နေတယ်။ ပြီးတော့ သူမနှလုံးသားထဲမှာ ပြင်းထန်တဲ့ဝမ်းနည်းမှုနဲ့ ကြီးမားတဲ့ပျော်ရွှင်မှုတို့က တစ်လှည့်စီလှုပ်ခတ်နေတယ်။ သူမရင်ဘတ်ကိုတောင် ကွဲခါနီးပဲ။

ဒါတွေအားလုံးက အမှန်တွေပဲလား??

ဒါမှမဟုတ် အိမ်မက်လား??

တစ်ကယ်လို့ ဒါကအိမ်မက်တစ်ခုဆိုရင် လောကကြီးမှာ အလှပဆုံးအိမ်မက်ပဲ ဖြစ်ရမယ်။ သူမကိုသေဆုံးပြီးတော့ ငယ်ရွယ်နုပျိုစဥ်အချိန်ကို ပြန်ပို့ပေးခဲ့တာလေ။

အခုအချိန်မှာ သူမက လီဟောင်ကို လက်မထပ်ရသေးဘူး။ ပြီးတော့ လုမိသားစုကလဲ အိမ်ရှေ့မင်းသားနေရာအတွက် တိုက်ပွဲထဲမှာလဲ မပါဝင်ရသေးဘူး။ အဖေ လုလင်က အသက်ရှင်ပြီး ကျန်းကျန်းမာမာရှိနေတယ်။ ပြီးတော့ သူမမောင်နှမတွေလဲ အန္တရာယ်ကင်းကြတယ်။

နောင်တတွေ စိုးရိမ်သောကတွေက အခုထိ ဖြစ်မလာသေးဘူး။

အရာအားလုံးကို နောက်တစ်ခါပြန်ပြီး လုပ်လို့ရပြီ။

လုမင်းယွီက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ သူမအနက်ရောင်မျက်လုံးထဲက မျက်ရည်တွေက ပျောက်သွားတယ်။

သူမအစေခံချီးယွင်က နောက်ကလိုက်လာတယ်။

အခုအချိန်က ချီးယွင်က အနာဂတ်ကလိုမျိုး တည်ငြိမ်မှု၊ သတိထားမှုတွေကို မလေ့ကျင့်ရသေးဘူး။ ပြီးတော့ သူမက စကားပြောတာကို မရပ်နိုင်တာလေ။

ဖီးနစ်ဆံထိုးWhere stories live. Discover now