အပိုင်း(၂၁) ပြန်လည်ဆုံစည်းမှု

523 79 2
                                    

Unicode

ညနေခင်းကျမှ ကျန်းလင်မယားက ပြန်ပေါ်လာခဲ့တယ်။

ကျန်းကျုံးရဲ့မျက်နှာက နည်းနည်းပင်ပန်းတဲ့ပုံပေါ်နေတယ်။ ဒါပေမဲ့ သူ့မျက်နှာထားကတော့ အရမ်းကိုကျေနပ်အားရနေတယ်။

လုမင်းဖန်းရဲ့ခြေထောက်တွေက နည်းနည်းအားနည်းနေတယ်။ သူမမျက်နှာက အရမ်းကိုနူးညံ့ပြီးလှပတဲ့ မက်မွန်ပန်းပွင့်လေးလိုပဲ။

တာ့ပေါင်နဲ့ရှောင်ပေါင်တို့က သူတို့အဖေနဲ့အမေကိုတွေ့လိုက်တော့ ချက်ချင်းပဲပြေးသွားလိုက်ကြတယ်။ ကျန်းကျုံးရဲ့မျက်လုံးတွေနဲ့လက်တွေက သွက်တယ်။ သူက သူ့သား၂ယောက်လုံးကို လက်ထဲမှာပွေ့ချီလိုက်တယ်။

ခုနလေးတုန်းက အင်အားအလွန်အကျွံသုံးလိုက်မိတာကြောင့်နဲ့တူတယ်။ သူ့ရဲ့သားဖက်တီး၂ယောက် လက်မောင်းထဲဝင်လာတော့ သူ့လက်မောင်းတွေက ပျော့ကျသွားတယ်။ သူတို့ကို ဖက်တောင်မဖက်မိလိုက်မလို ဖြစ်သွားတယ်။

ကျန်းတာ့ပေါင်က သူ့အဖေကို အနည်းငယ်ရွံရှာမှုနဲ့ ကြည့်လိုက်တယ်။ " အဖေ အဖေက သားကိုမချီနိုင်တော့ဘူး။ "

ကျန်းရှောင်ပေါင်ကလဲ စကားပီကလာ မပီကလာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ " အဖေကတစ်ကယ် အသုံးမကျတာပဲ။ "

ကျန်းကျုံး : " . "

လုမင်းယွီနဲ့ တစ်ခြားသူတွေက တိုးတိုးလေးရယ်လိုက်ကြတယ်။

လုမင်းဖန်းရဲ့မျက်နှာက နည်းနည်းပူနေတယ်။ သူမက ချောင်းဟန့်လိုက်ကာ ပြောလိုက်တယ်။ " ညနေစာပြင်ဖို့ အချိန်ကျပြီ။ ငါ့အထင် မွေးစားအဖေနဲ့ မောင်လေး၂တို့လဲ မကြာခင်အိမ်ပြန်လာတော့မှာနဲ့တူတယ်။ "

လုမင်းယွီက အပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။ " အဲ့တာကို ညီမလုပ်ခိုင်းပြီးသွားပြီ။ ဒီလိုကိစ္စသေးသေးလေးကို အစ်မကြီးကစိတ်ပူဖို့မလိုဘူး။ "

အဲ့ဒီ့နောက် သူမက အဆော့သန်တဲ့ကလေး၂ယောက်ကို လက်ပြလိုက်တယ်။ " အကြီးဆုံးခဲအိုက လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ရတော့ ပင်ပန်းနေပြီ။ သွားမရှုပ်ကြနဲ့။ မင်းတို့၂ယောက် ဒေါ်လေးဆီ လိမ်လိမ်မာမာနဲ့ လာခဲ့ကြ။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now