အပိုင်း(၁၁) မိတ်ဆွေဟောင်းများ

766 114 2
                                    

Unicode

မုန့်ယွင်လော့ရဲ့လှုပ်ရှားမှုတွေက သေးငယ်တယ်။ ဒါပေမဲ့ မျက်လုံးပြူးပြူးနဲ့ ကြည့်နေကြတဲ့ အမျိုးသမီးတွေကနေတော့ ဖုံးကွယ်ထားလို့မရဘူးပေါ့။

မုန့်ယွင်လော့ရဲ့နားထဲမှာ ရယ်သံတိုးတိုးလေးတွေ ကြားလာရတယ်။

မုန့်ယွင်လော့က လူရှေ့သူရှေ့မှာ အရှက်ရသွားတယ်။ ပြီးတော့ သူမရဲ့ဖြူဖွေးပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာလေးက အရှက်ရမှုကြောင့် နီရဲသွားတယ်။

ငယ်သူငယ်ချင်းဖြစ်တဲ့ ကျန်းချန့်အာက မုန့်ယွင်လော့ကို နည်းနည်းလေးမှ နှစ်သိမ့်ပေးဖို့ မကြိုးစားခဲ့ဘူး။ အဲ့အစား သူမက မျက်နှာကို အင်္ကျီလက်လေးနဲ့ကွယ်ကာ ရယ်လိုက်တယ်။ သူမမျက်လုံးတွေက သူများဒုက္ခရောက်တာကို ပျော်နေတဲ့အကြည့်တွေနဲ့ပေါ့။

ဒါက မြို့တော်က အမျိုးသမီးတွေရဲ့ 'ခင်မင်ရင်းနီးမှု' ဆိုတာပါပဲ။

လုမင်းယွီရဲ့ သူမမိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံရတော့မှာကြောင့် ဖြစ်လာတဲ့ 'ပျော်ရွှင်မှု' ကလဲ နည်းနည်းလဲလျော့ကျသွားတယ်။ သူမနှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားတယ်။ သူမက ချိုင်လန်နဲ့အတူ အဓိကခန်းမထဲကို လျှောက်သွားခဲ့တယ်။

တံခါးပေါက်ကို ဖြတ်ကျော်ကာ လုမင်းယွီက ဘေးဘက်ကိုမကြည့်ဘဲ အရှေ့ကိုပဲ တည့်တည့်မတ်မတ် လျှောက်သွားခဲ့တယ်။ သူမက အရိုအသေပေးလိုက်တယ်။ " မိဖုရားခေါင်ကို အရိုအသေပေးပါတယ်။ "

ဖီးနစ်ထိုင်ခုံပေါ်မှာထိုင်နေတဲ့ မိဖုရားခေါင်ချောင်က ပြုံးကာ ပြောလိုက်တယ်။ " ရိုသေနေဖို့မလိုပါဘူး။ ထပါ။ "

" ကျေးဇူးတင်ပါတယ် မိဖုရားခေါင်ကြီး " လုမင်းယွီက သေသပ်စွာ ထလိုက်တယ်။ သူမထလိုက်တော့ သူမမျက်စိက အားလုံးကိုခြုံကြည့်လိုက်တယ်။ ခန်းမထဲမှာရှိတဲ့ လူတိုင်းကို ကြည့်လိုက်တာပေါ့။

မိဖုရားခေါင်ချောင်က နာမည်ကြီးမျိုးရိုးမြင့်မိသားစုမာ မွေးဖွားခဲ့တယ်။ သူမက ငယ်ရွယ်တုန်းက အတော်လေး အရည်အချင်းရှိခဲ့တယ်။ အခု အသက်၃၀ကျော်ရောက်တော့လဲ သူမက ဂုဏ်ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့တဲ့အပြုံးလေးနဲ့ လှပနေတုန်းပဲ။

ဖီးနစ်ဆံထိုးWhere stories live. Discover now