အပိုင်း(၆) ဆုမိသားစုရဲ့သမီး

885 147 6
                                    

Unicode

မင်းသား၅ လီချန်းနဲ့ မင်းသား၃ လီဟောင်တို့က တစ်မအေထဲမွေးတဲ့ ညီအစ်ကိုတွေဖြစ်တယ်။ သူတို့က ကျန်တဲ့မင်းသားတွေထက် သေချာပေါက် ပိုရင်းနီးကြတာပေါ့။

လီချန်းက လီဟောင်ထက် ၆နစ်ပိုငယ်တယ်။ ဒီနှစ်မှ ၁၀နှစ်ပဲရိသေးတယ်။

လီဟောင်က အရပ်ရှည်တယ်၊ ချောမောတယ်၊ လူအထင်ကြီးလောက်တဲ့အမူအရာရှိတယ်။ လီဟောင်ရဲ့အရပ်ကတော့ အခုထိ ရှည်မလာသေးဘူး။ ပြီးတော့ သူ့အရပ်က လီဟောင့်ရဲ့ ရင်ဘတ်လောက်ပဲ ရှိတယ်။

သူက အသားဖြူဖြူ ဝဝတုတ်တုတ်နဲ့ မွေးလာတာဖြစ်တယ်။ အဝါတောက်တောက် မင်းသားဝတ်စုံကို ဝတ်ဆင်လိုက်တော့ အသားဖက်ထုပ်လုံးလုံးနဲ့ တူနေတယ်။ သူ့မျက်လုံးတစ်စုံကနေ မျက်နှာပေါ်က အသားတွေကနေ အမြောင်းလိုက်လေး လှီးထားတဲ့အတိုင်းပဲ။

သူ့ပုံပန်းသွင်ပြင်က ရုပ်မဆိုးပါဘူး။ ဒါပေမဲ့ ချောလဲချောမနေဘူး။

သူ့မျက်နှာကိုကြည့်လိုက်ရုံနဲ့ တစ်ကယ်တော့ သူက လီဟောင်ရဲ့ တစ်မိဘထဲကမွေးထားတဲ့ ညီဆိုတာကို ပြောဖို့မဖြစ်နိုင်ဘူး။

လီချန်းက လီဟောင့်ရဲ့အင်္ကျီလက်ကို ဆွဲလိုက်တယ်။ " အစ်ကို၃!! အမေက အိမ်မက်မက်ခဲ့တာ!! ကျွန်တော့်ကိုတွေ့တော့ မကောင်းဆိုးဝါးသရဲကိုတွေ့သလိုမျိုးပဲ။ သူမက ဆက်တိုက်အော်နေတာ။ ပြီးတော့ မေ့လဲသွားတယ်။ အခုထိ နိုးမလာသေးဘူး. "

" ကျွန်တော်တစ်ကယ် ကြောက်တယ်။ "

၁၀နှစ်သား ကောင်လေးတစ်ယောက်အနေနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်စုံတစ်ရာနဲ့ ကြုံတွေ့တဲ့အချိန်မှာ သူက အကျင့်အတိုင်း သူ့အစ်ကိုဘေးမှာ ပုန်းလိုက်တယ်။

လီချန်းက သူ့အမေကြောင့် ကြောက်လန့်သွားတာ အသိသာကြီးပဲ။

လီဟောင့်ရဲ့မျက်နှာထားက ပြေလျော့သွားပြီး အသံတိုးတိုးလေးနဲ့ ချော့လိုက်တယ်။ " မကြောက်နဲ့နော်။ အမေဘယ်လိုနေသေးလဲလို့ အစ်ကိုသွားကြည့်လိုက်ဦးမယ်။ "

လီချန်းက ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမဲ့ လီဟောင့်အင်္ကျီလက်ကို ကိုင်ထားတဲ့လက်ကိုတော့ မလွှတ်ဘူး။ " အစ်ကို၃ ကျွန်တော်လဲ အစ်ကိုနဲ့အတူလိုက်မယ်။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now