အပိုင်း(၁၃) အံ့အားသင့်ဖို့ကောင်းတယ်

687 101 1
                                    

Unicode

လုမင်းယွီက ကျောက်တုံးတစ်တုံးပစ်လို့ရတဲ့ နေရာမှာ ရှိနေတယ်။

အဲ့ဒီ့ငယ်ရွယ်အေးစက်ပြီး သူရဲကောင်းဆန်တဲ့ မျက်နှာ၊ အဲ့ဒီ့တောက်ပပြီးစူးရှတဲ့မျက်လုံးတွေ၊ ပြီးတော့ အဲ့ဒီ့ရင်းနီးနေတဲ့ အပေါ်ကိုအနည်းငယ် ကွေးတက်နေတဲ့ နှုတ်ခမ်း..

ဆုကျောက်ရုံရဲ့ရင်ဘတ်က ရုတ်တရက် စူးခနဲနာလာတယ်။

" ကျွန်တော်မျိုးမမှာ တစ်ခြားအရည်အချင်းတွေတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးမအင်အားက သာမန်လူတွေထက် နည်းနည်းလေးပိုအားကောင်းပါတယ်။ ကျေးဇူးပြုပြီး မယ်မယ် တစ်ခါလောက် ပူးပေါင်းပေးပါ။ " လုမင်းယွီရဲ့အသံက နူးညံ့တာလဲမဟုတ်သလို မယဥ်ကျေးတဲ့ပုံလဲ မပေါက်ဘူး။ တိကျပြီး ရှင်းလင်းနေတယ်။

ဆုကျောက်ရုံက တောင့်တောင့်ကြီးဖြစ်သွားပြီး အတက်နိုင်ဆုံး ညှစ်ထုတ်ပြီး ပြုံးလိုက်တယ်။ " နင်..... နင်ဘာလုပ်မလို့လဲ။ "

စကားလုံးတွေကို ပြီးအောင်မပြောရသေးခင်မှာပဲ လုမင်းယွီက သူမလက်ကိုထုတ်လိုက်ပြီး ထိုင်ခုံရဲ့ဘေးဘက်က လက်ကိုင်၂ဖက်ကို ဆုပ်ကိုင်လိုက်တယ်။

ကျောက်ဖန်းခန်းမထဲက ထိုင်ခုံတွေအကုန်လုံးက အရည်အသွေးမြင့် သစ်တော်ပင်သားနဲ့ လုပ်ထားတာဖြစ်တယ်။ ထုထည်ကကြီးပြီး လေးလဲလေးတယ်။ အဲ့တာကို မဖို့ဆိုရင် အပျိုတော်၂ယောက်ပေါင်းပြီး အားနဲ့မမှ ရတာဖြစ်တယ်။ ဆုကျောက်ရုံက ပိန်ပါးတယ်ဆိုပေမဲ့လို့ သူမက လူကြီးတစ်ယောက်ပဲလေ။

ဒါပေမဲ့ လုမင်းယွီက လက်ကလေးကိုရွေ့လိုက်တာနဲ့ ထိုင်ခုံကအပေါ်ကို မြှောက်သွားတယ်။

ထိုင်ခုံက သူမခါးနားကိုရောက်လာတယ်။ ဆုကျောက်ရုံက ကြောင်သွားတယ်။ လေထဲကိုမြှောက်တက်သွားပြီး လုမင်းယွီရဲ့မျက်လုံးတွေနဲ့ ဆုံတွေ့သွားတယ်။

ဆုကျောက်ရုံ : " "

လူတွေ : " "

ရုတ်တရက် ဆုကျောက်ရုံရဲ့ မျက်ဆံတွေက ပြူးကျယ်သွားတယ်။ သူမနှလုံးသားထဲမှာလဲ လှိုင်းထန်တဲ့မုန်တိုင်းတွေ တိုက်ခတ်နေတယ်။ သူမရင်ဘတ်က ပေါက်ထွက်တော့မဲ့အတိုင်းပဲ။

ဖီးနစ်ဆံထိုးWhere stories live. Discover now