အပိုင်း(၃၀) ဒရမ်မာခင်းခြင်း

301 48 2
                                    

Unicode

လုလင်က အသက်ပြင်းပြင်းရှူလိုက်ကာ သူ့နှလုံးသားထဲက ခါးသီးမှုတွေကို မြိုချသလိုမျိုး လုပ်လိုက်တယ်။ " အရင်တုန်းက ရှောင်ယွီမွေးတုန်းက သူ့အမေက သူမမျက်နှာကိုတွေ့ပြီးသွားတော့ သွေးထွက်လွန်ပြီး ဆုံးသွားခဲ့တာ။ သူမမသေခင်မှာ သမီးလေးကို ဘယ်တော့မှ မတရားမခံစေရဘူးလို့ ကျွန်တော်မျိုး သူမအမေဆီမှာ ကျိန်ဆိုခဲ့ပါတယ်။ "

" ရှောင်ယွီလေး မတရားဆက်ဆံခံရမှာစိုးလို့ ကျွန်တော်မျိုး တစ်ခါမှ နောက်အိမ်ထောင်မပြုခဲ့ပါဘူး။ အမေတစ်ယောက်လိုရော အဖေတစ်ယောက်လိုပါ ကြိုးစားအလုပ်လုပ်ပြီး သမီးလေးကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ ရှောင်ယွီလေးက ကျွန်တော်မျိုးရဲ့အသက်ပါပဲ။ "

" အရှင်မင်းကြီးမျက်လုံးထဲမှာ ဟာသတစ်ခုဖြစ်သွားမှာကိုလဲ ကျွန်တော်မျိုး မကြောက်ပါဘူး။ သူများတွေအိမ်မှာဆို အဖေတွေက ကြင်နာတယ်၊ သမီးတွေက သိတက်တယ်။ ကျွန်တော်မျိုးတို့ လုမိသားစုမှာတော့ ရှောင်ယွီက နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူပါ။ အသက် ၇နှစ် ၈နှစ်အရွယ်ကထဲက သူမက မိသားစုကို တာဝန်ယူလာခဲ့တာပါ။ ကျွန်တော်မျိုးကလဲ သူမပြောတဲ့အတိုင်းလုပ်တယ်။ တစ်ကယ်လို့ သူမက ကောင်းကင်ပေါ်က လမင်းကိုလိုချင်တယ်ဆိုရင်တောင် ကျွန်တော်မျိုးက လှေကားငှားပြီး သူမအတွက် လမင်းကိုဆွတ်ခူးပေးမှာပါ။ "

" သူမက တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာနေပြီ။ ပြီးတော့ လက်ထပ်ရမဲ့ အသက်အရွယ်ကိုရောက်လာပြီ။ သူမ တစ်ခြားသူအိမ်မှာ ချွေးမအနေနဲ့ သွားလက်ထပ်ရမှာကို ကျွန်တော်မျိုးစဥ်းစားလိုက်ရင် ၊ နောင်ကျ သူမကိုတွေ့ဖို့ မလွယ်တော့ဘူးဆိုတာကို တွေးလိုက်မိရင် ကျွန်တော်မျိုးနှလုံးအဆွဲထုတ်ခံလိုက်ရသလိုမျိုး နာကျင်ရပါတယ်။ "

အစကတော့ ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်နေတာပါပဲ။ ဒါပေမဲ့ သူက ပြောရင်းပြောရင်းနဲ့ တစ်ကယ့်ခံစားချက်တွေပါ ပါကုန်တယ်။

လုလင်ရဲ့မျက်လုံးတွေက လုံးဝကိုနီရဲနေပြီ။ မျက်ရည်တွေကျတော့မဲ့အတိုင်းပဲ။ " အဲ့တာကြောင့် ကျွန်တော်မျိုး အစောကြီးကထဲက ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ ကျွန်တော်မျိုးသမီးလေးကို အပြင်ဘက်ကိုလက်ထပ်မပေးဘဲ အိမ်ကိုဝင်မဲ့ သားမက်ရှာမယ်လို့ပေါ့။ နောင်ကျ ကျွန်တော်မျိုးမှာလဲ လုမျိုးရိုးကိုခံမဲ့ မြေးတစ်ယောက်ရလာပြီး လုမိသားစုကို လွှဲပေးမလို့ပါ။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now