အပိုင်း(၁၄) ကြောက်လန့်ခြင်း

686 104 2
                                    

Unicode

အကြီးဆုံးမင်းသားနဲ့ ဒုတိယမင်းသားတို့က ဘုရင်နဲ့အတူ စစ်တိုက်ထွက်သွားကြတယ်။ မင်းသား၃၊ မင်းသား၄ ပြီးတော့ ငယ်သေးတဲ့ မင်းသား၅တို့ကတော့ နန်းတော်ထဲမှာ ကျန်ခဲ့ကြတယ်။ သူတို့က မနက်ခင်းမှာ စာဖတ်ကြပြီး နေ့လည်ခင်းမှာ ကိုယ်ခံပညာရယ်၊ မြားပစ်ရယ် လေ့ကျင့်ကြတယ်။ အခု သူတို့က စာသင်ဆောင်ထဲမှာ စုဝေးနေကြတယ်။

ဒီနေ့ မင်းသားတွေက အတော်လေး ဂဏာမငြိမ်ဖြစ်နေကြတယ်။

ထိုက်ဖူ ယွီဟန်လင်က ဒါတွေကို သူ့မျက်လုံးထဲမှာ တွေ့နေပေမဲ့လို့ မသိချင်ယောင်ဆောင်ပြီး ဘာမှသိပ်မပြောခဲ့ဘူး။

မိဖုရားခေါင်က နန်းတော်မှာ စားသောက်ပွဲတစ်ခု ကျင်းပတယ်။ ပြီးတော့ မြို့တော်ထဲက နာမည်ကြီး မျိုးရိုးမြင့် ကောင်မလေးတွေအကုန်လုံံး နန်းတော်ထဲ ရောက်နေကြတယ်။ မင်းသား၃နဲ့ မင်းသား၄တို့က ကြင်ယာတော်ရွေးချယ်ရမဲ့ အသက်အရွယ်ကို ရောက်နေပြီ။ နွေဦးက ရောက်လာပြီဆိုတော့ လူငယ်တွေရဲ့စိတ်တွေက နည်းနည်းဂဏာမငြိမ်ဖြစ်ကြတာ မဆန်းပါဘူး။

ဒါပေမဲ့ မင်းသား၃နဲ့ မင်းသား၄တို့ကိုတော့ နားလည်ပေးလို့ရပါသေးတယ်။ ဒါပေမဲ့ မင်းသား၅က အခုမှ ၁၀နှစ်ပဲရှိသေးတာလေ။ ဘာတွေဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ!!

ယွီဟန်လင်က ခေါင်းမော့လိုက်တယ်။ " အရှင်မင်းသား၅ ခုနက ဆရာပြောသွားတဲ့ စာပိုဒ်ကို နားလည်လိုက်ပါသလား။ "

ဝဝပုပုနဲ့ မင်းသား၅က သူ့ကို ဘာမှမသိတဲ့ပုံနဲ့ ပြန်ကြည့်လိုက်တယ်။

ယွီဟန်လင် : " . "

မင်းသားတော်တော်များများက တိုင်းပြည်ရေးမှာရော၊ စစ်ရေးမာပါ ထူးချွန်ကြတယ်။ မင်းသား၅တစ်ယောက်ပဲ သိုင်းပညာကိုလဲ မလေ့ကျင့်နိုင်၊ စာမှာလဲ မထူးချွန် ဖြစ်နေတာလေ။ ထိုက်ဖူလုပ်နေပြီး မင်းသားကို မဆူနိုင်တာတော့ ရှက်စရာပါပဲ။

ယွီဟန်လင်က သည်းခံလိုက်ပြီး မကျေနပ်တာကို မြိုချလိုက်တယ်။ သူက မျက်နှာထားခပ်တည်တည်နဲ့ ပြောလိုက်တယ်။ " အရှင်မင်းသား ဒီဖြောင်းဖြစာအခန်းကို ၁၀ခေါက် ကူးရေးရမယ်။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now