အပိုင်း(၁၅) တောင်းပန်ခြင်း

683 106 3
                                    

Unicode

ရီဟွားနန်းတော်ထဲက ထွက်လာတော့ လီဟောင့်မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တယ်။ ဘာကလဲတော့ သူလဲမပြောတက်ဘူး။ ဒါပေမဲ့ သူ့နှလုံးသားက ရှင်းပြလို့မရနိုင်စွာပဲ လေးလံနေတယ်။ ပြီးတော့ အမှောင်ထုကြီးနဲ့ ကာမိနေသလိုမျိုးပဲ။

အမေက အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့လူတစ်ယောက်ပါ။ ပြီးတော့ သူမက ဘယ်တုန်းကမှ ဒီလိုမျိုး ခံစားချက်တွေ အထိန်းအချုပ်မဲ့ပြီး ကိစ္စတစ်ခုကို ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။

လုမင်းယွီက တက်ကြွတဲ့ စိတ်နေစိတ်ထားရှိတယ်။ ဒါပေမဲ့ တစ်ကယ်တော့ သူမက ကြင်နာတက်ပြီး စိတ်ထားနူးညံ့ပါတယ်။ သူမက ဘယ်လိုလုပ်ပြီး သူ့အမေကို လူရှေ့သူရှေ့မှာ ရုတ်တရက်ကြီး အရှက်ခွဲရတာလဲ။

သူမသိတဲ့တစ်စုံတစ်ခုက တိတ်တိတ်လေး ဖြစ်ပျက်နေတာပဲ ဖြစ်ရမယ်။

လီဟောင်က အကြာကြီးရပ်လိုက်တယ်။ သူ့မျက်လုံးတွေက မသေချာတော့ဘူး။

အစေခံ ရှောင်နျန်က တိတ်ဆိတ်စွာနဲ့ စောင့်နေတယ်။

အကြာကြီးနေတော့မှ သူ့သခင်ဆီက ညင်သာတဲ့အမိန့်ကို သူကြားလိုက်ရတယ်။ " ငါနဲ့အတူ ကျောက်ဖန်းခန်းမကို လိုက်ခဲ့။ "

မိန်းမစိုးရှောင်နျန်က ခဏလောက်ကြောင်သွားပြီး သူပါးစပ်ကနေ လွှတ်ခနဲထွက်သွားတယ်။ " မိဖုရားခေါင်က နန်းတော်စားသောက်ပွဲတစ်ခု ကျင်းပနေပါတယ်။ အခုအချိန်မှာ ကျောက်ဖန်းခန်းမထဲမှာ မိန်းမပျိုလေးတွေ အများကြီးပဲ ရှိနေမှာပါ။ အရှင်မင်းသားအနေနဲ့ အခုအချိန်ကြီး အဲ့ဒီ့ကိုသွားလို့ မသင့်တော်လောက်ပါဘူး။ "

ဒုက္ခရောက်နေတဲ့အချိန်မှာ တာ့ဝေတိုင်းပြည်က အကုန်စုဆည်းလို့မပြီးသေးပေမဲ့ ပြီးခဲ့တဲ့မင်းဆက်ခေတ်က စည်းမျဥ်းတွေ အလေ့အကျင့်တွေကိုတော့ ကျင့်သုံးနေတုန်းပဲ။ ပုံမန်ဆို ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ တွေ့ဆုံပြီး ခရီးအတူတူသွားကြတာမျိုးက ကိစ္စကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့က သူတို့က နန်းတော်ထဲမှာလေ။ အဲ့ဒီ့တော့ သံသယမဖြစ်အောင် ရှောင်ဖို့လိုတယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now