အပိုင်း(၂၇) မင်္ဂလာပွဲ(၁)

387 49 2
                                    

TN: မင်မင် တစ်ခုလောက်ပြောချင်လို့ပါ။ အခုလတ်တလော မင်မင် paid gp တွေကို နားထားပါတယ်။ ၃လပိုင်းအကုန်လောက်ကျမှ ပြန်ဖွင့်မှာပါ။ အခု အဆုံးထိပြီးထားတာက ဗီလိန်ရဲ့လမ်းပြကြယ်နဲ့ တော်ဝင်ကိုယ်လုပ်တော် ၂ပုဒ်တော့ ရှိပါတယ်။ တစ်ကယ်လို့ အဲ့၂ခုကို ဝင်ချင်တယ်ဆိုရင် မင်မင့်ကို telegram ကနေ လာပြောလို့ရပါတယ်နော်။ wattpad ရဲ့ message က သိပ်မကြည့်ဖြစ်လို့ပါ။ tele acc က @crystalkyi6 ပါ။ ပြီးတော့ အခု မင်မင်က wave ကနေ လက်မခံတော့ပါဘူး။ ဖုန်းပြောင်းလိုက်ပြီးတော့ အရင်ဖုန်းကဟာကို confirm မလုပ်လိုက်ရဘဲ ဖျက်လိုက်မိလို့ အဲ့acc ထဲ ပြန်ဝင်လို့မရတော့လို့ပါ။ အဲ့တာ ဘယ်လိုလုပ်ရမလဲ မသိတော့လို့ပါ။ အခု kpay နဲ့ Telenor ph bill လက်ခံပါတယ်။ အဲ့တာ ပြီးထားတဲ့ ၂ခုကို gpဝင်ချင်တယ်ဆိုရင် telegram ကနေ လာပြောလို့ရပါတယ်နော်။

Unicode

မိဖုရားခေါင်ချောင်က ခဏလောက်ငိုခဲ့တယ်။ သူမစိတ်ခံစားချက်တွေက ဖြေးဖြေးချင်း ငြိမ်ကျသွားတယ်။ သူမက လက်ကိုင်ပဝါနဲ့ မျက်ရည်တွေကိုသုတ်လိုက်တယ်။ ပြီးတော့ သူမက ဒီတစ်ခေါက် မင်းသား၂ စစ်တပ်နဲ့အတူလိုက်သွားရတဲ့ အခြေအနေကို သေသေချာချာမေးလိုက်တယ်။

မင်းသား၂ရဲ့မျက်လုံးတွေက အရောင်လက်သွားတယ်။ သူ့မျက်နှာထားကတော့ ဒီအတိုင်းပဲ။ " ကျွန်တော်က စစ်သူကြီးလီနောက်ကို လိုက်ပြီး စစ်ရိက္ခာတွေနဲ့လက်နက်တွေကို ပို့ဆောင်ပေးရတာ။ စစ်ပွဲထဲမှာ တပ်ဖွဲ့ကိုဦးဆောင်တိုက်ခဲ့ရတာ မဟုတ်ဘူး။ အဲ့တာနဲ့ဆန့်ကျင်စွာပဲ အစ်ကိုကြီးကတော့ အဖေနဲ့အတူ စစ်ပွဲတော်တော်များများကို အောင်နိုင်ခဲ့ပြီး လူအများကြီးကိုလဲ သတ်နိုင်ခဲ့တယ်။ ပြီးတော့ အောင်မြင်မှုတွေလဲ အများကြီးရခဲ့တယ်။ "

မိဖုရားခေါင်ချောင်က မနေနိုင်ဘဲ သက်ပြင်းချလိုက်တယ်။

ဘုရင်ယုန်းကျားရဲ့နှလုံးသားက တစ်ကယ့်ကို ဘက်လိုက်တာပဲ။

အကြီးဆုံးမင်းသား စစ်တပ်နဲ့အတူ ပထမဆုံးအကြိမ်ထွက်သွားတော့ သူက စစ်တပ်ဖွဲ့ကိုဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့ရတယ်လေ။ သူ့ကို စောင့်ကြပ်ပေးနေတဲ့ ကိုယ်ပိုင်အစောင့်တွေလဲရှိတယ်။ ပြီးတော့ သူက မြားပစ်ပြီး ဓားပြနည်းနည်းကိုပဲ သတ်ခဲ့တာ။ ဒီသတင်းထွက်လာလာချင်းမှာပဲ အကြီးဆုံးမင်းသားက 'အရမ်းကိုသတ္တိရှိ' ပြီး 'တပ်ဖွဲ့ကိုဦးဆောင်တဲ့နေရာမှာ တော်တယ်' ဆိုတာဖြစ်လာတာလေ။

ဖီးနစ်ဆံထိုးWhere stories live. Discover now