အပိုင်း(၂၉) မေးမြန်းခြင်း

344 50 1
                                    

Unicode

နောက်တစ်နေ့က ညီလာခံအစည်းအဝေးပဲ ဖြစ်တယ်။ စစ်ဘက်အမှုထမ်းတွေရော အရပ်ဘက်အမှုထမ်းတွေရော အကုန်လုံး ခန်းမကြီးထဲမှာ စုဝေးကြတယ်။

ဘုရင်ယုန်းကျားက နဂါးဝတ်ရုံကိုဝတ်ဆင်ထားပြီး ခမ်းနားကြီးကျယ်ကာ ခန့်မှန်းလို့မရတဲ့ပုံ ဖြစ်နေတယ်။ နဂါးထိုင်ခုံရဲ့ဘေးမှာ အဝါတောက်တောက် မင်းသားဝတ်စုံတွေဝတ်ဆင်ထားကြတဲ့ လူငယ်၄ယောက်ရှိနေတယ်။

အကြီးဆုံးမင်းသားနဲ့ မင်းသား၂တို့က ဘေးတစ်ဖက်စီမှာ ရပ်နေကြတယ်။ မင်းသား၃က အကြီးဆုံးမင်းသားရဲ့ဘေးမှာရပ်နေပြီး မင်းသား၄ကတော့ မင်းသား၂ရဲ့ဘေးမှာ ရပ်နေတယ်။

ပြီးခဲ့တဲ့ညီလာခံအစည်းအဝေးတွေမှာ အကြီးဆုံးမင်းသားပဲ ညီလာခံကိုဝင်ပြီး တိုင်းပြည်အုပ်ချုပ်ရေးကို နားထောင်ခဲ့တာဖြစ်တယ်။ ဒီနေ့တော့ မင်းသား၂ မင်းသား၃ ပြီးတော့ မင်းသား၄ပါ ရုတ်တရက် ပေါ်လာခဲ့တယ်။ ဆိုလိုတာက စဥ်းစားလို့ကောင်းတာပေါ့။

အရပ်ဘက်အမှုထမ်းတွေရဲ့ထိပ်ဆုံးမှာရပ်နေတာကတော့ အကြီးအကဲ ချောင်ကဲလောင်ပဲ ဖြစ်တယ်။

ချောင်ကဲက အသက်၅၀ကျော်ပြီ။ လှပတဲ့မုတ်ဆိတ်မွေးရှိတယ်။ အဲ့တာက အရပ်ဘက်အမှုထမ်းတွေရဲ့ အကြိုက်ပေါ့။ ပြီးတော့ သူကအရမ်းပဲ ကျက်သရေရှိတယ်။

ချောင်ကဲရဲ့အကြည့်က မင်းသား၂ရဲ့မျက်နှာပေါ်ကို ရောက်သွားတယ်။ သူ့စိတ်ထဲမှာ သံသယနည်းနည်းရှိနေတယ်။

နန်းတော်ထဲမှာဖြစ်ပျက်တဲ့ကိစ္စတွေကို ဂရုစိုက်တဲ့လူတွေဆီက ဖုံးကွယ်ထားလို့မရဘူး။ မင်းသား၂က နန်းတော်ထဲပြန်ရောက်လာပြီးတော့ သူ့စကားလုံးတွေက သတိလက်လွတ်ဖြစ်ပြီး ဘုရင်ယုန်းကျားကို ဒေါသထွက်စေခဲ့တယ်။ အဲ့တာကြောင့် ဒီနေ့ မင်းသားတော်တော်များများက ရွှေနန်းတော်မှာ အတူတူပေါ်လာကြတာပဲဖြစ်တယ်။

ဒီလိုလုပ်ခြင်းအားဖြင့် သူက စိတ်ဓာတ်လွတ်လပ်တယ်၊ ဒါပေမဲ့လဲ သတိထားတယ်။ ဒါက တစ်ကယ်ပဲ မင်းသား၂ရဲ့ အကျင့်စရိုက်နဲ့မတူဘူး.

ချောင်ကဲရဲ့စိတ်ထဲမှာ အတွေးတွေတစ်တန်းသီလိုက်ကြီး ပေါ်လာတယ်။ ဒါပေမဲ့ သူကအဲ့တာကို လုံးဝမပြခဲ့ဘူး။

ဖီးနစ်ဆံထိုးWhere stories live. Discover now