အပိုင်း(၉) သူငယ်ချင်း

767 123 4
                                    

Unicode

အရှေ့ဘက်ကနေ နေမင်းက တောက်ပစွာထွက်ပေါ်လာတယ်။ လေပြေလေညင်းကလဲ ညင်သာစွာ တိုက်ခတ်နေတယ်။

အနီရောင်ဝတ်ထားတဲ့ ကောင်မလေးက မြင်းစီးလာတယ်။

ဒီမြင်းအနီရောင်က ထောင်ထောင်မောင်းမောင်းနဲ့ အားမာန်အပြည့်ပဲ။ အမွေးတွေကလဲ ချောမွေ့ပြီး မြင်းခွာတွေကလဲ အားကောင်းတယ်။ အရမ်းအရမ်းကိုမှ ရှားပါးလွန်းတဲ့ မြင်းတစ်ကောင်ပဲ ဖြစ်တယ်။

မြို့တော်မှာ အဲ့လိုမြင်းမျိုး ၃ကောင်ပဲရှိတယ်။

အဲ့ထဲက၂ကောင်က တော်ဝင်မြင်းဇောင်းမှာရှိတယ်။ နောက်ထပ်တစ်ကောင်ကို လွန်ခဲ့တဲ့၂နှစ်တုန်းက ဘုရင်ယုန်းကျားက ရှင်းယန်းမင်းကို ပေးခဲ့တာဖြစ်တယ်။ ရှင်းယန်းမင်းက အဲ့မြင်းကို သူ့အသက်ထက်ပိုချစ်ရတဲ့ သူ့သမီးလေးကို ပေးခဲ့တယ်။

နေမင်းက မြင်းရဲ့တောက်တဲ့မျက်လုံးတွေ ပြီးတော့ အနီရောင်ဝတ်ထားတဲ့ ကောင်မလေးရဲ့မျက်နှာပေါ်မှာ လင်းလက်နေတယ်။

ကောင်မလေးရဲ့ ချောမွေ့တဲ့မျက်နှာက အလင်းရောင်တစ်ထပ် လိမ်းထားသလိုပဲ။ သူမအသားအရေက အေးစက်ပြီး တောက်ပတယ်။

အဲ့တာက လုမင်းယွီပဲ!!

အပြာနုရောင်ဝတ်ဆင်ထားတဲ့ လှပတဲ့ကောင်မလေးက မြင်းလှည်းပြတင်းပေါက်ကနေ ခေါင်းထွက်လာပြီး လုမင်းယွီကို ပြုံးပြလိုက်တယ်။ "ရှောင်ယွီ နင်ဘာလို့ မြင်းစီးပြီးလာတာလဲ။ "

လုမင်းယွီက မြင်းဇက်ကြိုးကို တင်းလိုက်ကာ အနောက်ကိုလှည့်ပြီး ပြန်လာခဲ့တယ်။

ဒီအပြာရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ကောင်မလေးရဲ့ မျိုးရိုးနာမည်က ရှန့် ဖြစ်ပြီး သူမနာမည်ကတော့ လန်ဖြစ်တယ်။ သူမအဖေက ဘဏ္ဍာတိုက်ကို တာဝန်ယူရတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ကြီးတစ်ယောက်ဖြစ်တယ်။

ရှန့်မိန်းကလေးက အရပ်သိပ်မရှည်ဘူး။ မျက်နှာအသွင်အပြင်က ရိုးရှင်းပြီး ဆံပင်ကသိပ်မထူဘူး။ သူမက ပိန်သွယ်ပြီး မျက်နှာလှလှလေးရှိတယ်။ ပြီးတော့ မှူးမတ်တစ်ယောက်ရဲ့သမီးတစ်ယောက်ရဲ့ ကျက်သရေရှိတဲ့ပုံရှိတယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now