အပိုင်း(၁၈) အမေနဲ့သမီး

683 106 2
                                    

Unicode

မိဖုရားခေါင်ချောင်က မင်းသမီးဟွေ့အန်းကို စူပုတ်ပုတ်နဲ့ တစ်ချက်ကြည့်လိုက်တယ်။ " နင်ပြောတော့ လွယ်တယ်။ "

" ရှင်းယန်းမင်းက ရှင်းယန်းစစ်တပ်ကိုဦးဆောင်ပြီး အပြင်မှာ စစ်တိုက်ထွက်နေတာလေ။ တာ့ဝေအတွက် တိုက်ခိုက်ပေးနေတာ။ တစ်ကယ်လို့ မိဖုရားခေါင်ဖြစ်တဲ့ငါက ရှင်းယန်းမင်းရဲ့ တစ်ဦးတည်းသော ချစ်လှစွာသော သမီးလေးကို နန်းတော်ထဲမှာ ခက်ခဲအောင် လုပ်လိုက်မိတယ်ဆိုရင် အဲ့သတင်းတွေ အပြင်ကိုပြန့်သွားရင် ရှင်းယန်းမင်းက ဘယ်လိုထင်မလဲ။ နင့်အဖေကရော ဘယ်လိုထင်မလဲ နင်စဥ်းစားဖူးသလား။ "

" မိဖုရားခေါင်ဖြစ်လာပြီဆိုရင် လုပ်ချင်တာမှန်သမျှ အကုန်လုပ်လို့ရတယ်၊ အရာအားလုံးက နင့်စိတ်ပေါ်ပဲမူတည်တယ်လို့ နင်တစ်ကယ်ပဲ တွေးနေတာလား။ "

မင်းသမီးဟွေ့အန်းက သတိမထားဘဲပြောလိုက်တယ်။ သူမပြောလိုက်တဲ့စကားတွေက မိဖုရားခေါင်ချောင်ရဲ့နှလုံးသားထဲကို တည့်တည့်စိုက်ဝင်သွားတယ်။ " မယ်တော်က အရမ်းသတိထားလွန်းနေတာပဲ။ မယ်တော်က ခမည်းတော် မကြိုက်မှာကိုပဲ ကြောက်နေတာ။ အရမ်းသတိထားနေရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ "

" တစ်ကယ်တော့ မယ်တော်က အရမ်းသည်းခံပေးနေလို့ ခမည်းတော်က မုန့်ကွေ့ဖေးနဲ့ အကြီးဆုံးမင်းသားတို့ဘက်ကို အရမ်းဘက်လိုက်လွန်းနေတာ။ တစ်ကယ်လို့ သမီးစိတ်အတိုင်းပြောရမယ်ဆို မယ်တော်နောက်ကျောကို မတ်မတ်ဆန့်ထားတာ ပိုကောင်းတယ်။ တစ်ကယ်လို့ မယ်တော်သာ ပြောချင်တာပြော၊ လုပ်ချင်တာလုပ် လို့ စိတ်ပျော်မယ်ဆို အဲ့လိုသာလုပ်လိုက်လေ။ "

မိဖုရားခေါင်ချောင်က နာတဲ့နေရာကိုအထိုးခံလိုက်ရတော့ မင်းသမီးဟွေ့အန်းကို စူးစူးရဲရဲကြည့်လိုက်တယ်။ " သေလိုက်!! နင်ဘယ်လိုလုပ် အဲ့လိုအရာတွေကို ပြောနိုင်ရတာလဲ။ နင်က အသက်၂၀ရှိပြီးနေပြီ။ လူကြီးတစ်ယောက် ဖြစ်နေပြီ။ ဘယ်လိုလုပ် ကလေးတစ်ယောက်လိုမျိုး ပြောနေရသေးတာလဲ။ ဒါတွေက မဟုတ်တမ်းတရားတွေပဲ။ နင်ဘာပြောနေတာလဲဆိုတာကို နင်မသိဘူးမလား။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now