အပိုင်း(၃) လီဟောင်

1K 176 5
                                    

Unicode

အတိတ်ကမှတ်ဥာဏ်တွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တယ်။

နှလုံးကွဲလောက်တဲ့ နာကျင်မှုက သူမကို သေအောင်သတ်နေသလိုပဲ။

လုမင်းယွီက မျက်လုံးတွေကို အတင်းပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ ပြီးတော့မှ မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ သူမမျက်လုံးတွေက အံ့အားသင့်ဖို့ကောင်းလောက်အောင် တောက်ပနေတယ်။ " အိမ်တော်ထိန်းတင်း ကျေးဇူးပြုပြီး မင်းသား၃ကို လေ့ကျင့်ရေးကွင်းထဲ ခေါ်ခဲ့ပေးပါ။ ကျွန်မက သူ့ကို လေ့ကျင့်ရေးကွင်းထဲမှာ စောင့်နေတယ်လို့ ပြောပေးပါ။ "

အိမ်တော်ထိန်းတင်းက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး ထွက်သွားခဲ့တယ်။

ချီးယွင်က အရမ်းပျော်သွားပြီး စကားပြောမလို့ လုပ်လိုက်တဲ့အချိန်မှာ လုမင်းယွီရဲ့မျက်လုံးတွေက သူမအပေါ်ကို ရောက်သွားခဲ့တယ်။ " နင်လိုက်လာဖို့ မလိုဘူး။ "

ချီးယွင်က နောက်ထပ် 'နားလည်ပါတယ်၊ နားလည်ပါတယ်' ဆိုတဲ့ အကြည့်နဲ့ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ " ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကျွန်တော်မျိုးမ မမလေးရဲ့မျက်လုံးတွေကို ပိတ်ဆို့မှာ မဟုတ်ပါဘူး။ "

လုမင်းယွီက အများကြီးသိပ်မပြောချင်ဘူး။ သူမက အနောက်ကိုလှည့်လိုက်ကာ လေ့ကျင့်ရေးကွင်းဆီကို သွားလိုက်တယ်။

ရာနဲ့ချီတဲ့ ကိုယ်ပိုင်စစ်သားတွေကိုတောင် ဆန့်အောင်ကျယ်တဲ့ ဒီသိုင်းလေ့ကျင့်ရေးကွင်းက မြို့တော်မှာ နာမည်ကြီးတယယ်။ သိုင်းလေ့ကျင့်ရေးကွင်းဘေးမှာ လက်နက်စင်၁၀ခုကျော်တောင် ရှိတယ်။ ဓားရှည်တွေ၊ လှံတွေ၊ ဓားတိုတွေ၊ ခက်ရင်းခွတွေ၊ ကြာပွတ်တွေ၊ ပြီးတော့ ကျိုင်းတွေ အစရှိတဲ့ လက်နက်ပေါင်း ၁၈မျိုး အကုန်လုံးရှိတယ်။

လုမင်းယွီက ဓားရှည်တစ်ခုကို ရွေးလိုက်တယ်။

ဓားရှည် သူမလက်ထဲရောက်တာနဲ့ ရင်းနီးနေတဲ့ သန်မာအားကောင်းတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုက စိတ်ထဲမှာ ပေါ်လာခဲ့တယ်။

ရင်းနီးနေတဲ့ ခြေလှမ်းတွေက ဝေးရာကနေ နီးလာခဲ့တယ်။ အနည်းငယ်အသံဩနေတဲ့ ကောင်လေးတစ်ယောက်ရဲ့အသံက သူမအနောက်ကနေ အသံထွက်လာခဲ့တယ်။ " ရှောင်ယွီ "

ဖီးနစ်ဆံထိုးWhere stories live. Discover now