အပိုင်း(၃၁) လွဲချော်ခြင်း

415 54 3
                                    

Unicode

အပိုင်း(၃၁) လွဲချော်ခြင်း

ရုတ်တရက်မိသွားပြီး လုမင်းယွီက အမေးခံလိုက်ရတော့ နည်းနည်းအပြစ်ရှိတဲ့ပုံပေါ်သွားတယ်။ ပြီးတော့ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်တယ်။ " ဒါပေါ့ သမီးတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြပါဘူး။ "

သမီကို အဖေထက် ဘယ်သူကမှ ပိုမသိဘူး။ ဘယ်သူမှ အဖေထက် သမီးလုပ်သူကို ပိုမသိဘူး။

အကြည့်တစ်ချက်နဲ့တင် သူမက အမှန်ကိုပြောနေတာမဟုတ်ဘူးဆိုတာ သိဖို့လုံလောက်တယ်။

လုမင်းယွီက တော်ဝင်မိသားစုကို မင်းသားကြင်ယာတော်အနေနဲ့ လက်မထက်ချင်ဘူး။ မဟုတ်မှလွဲရော သူမက မင်းသား၂နဲ့လဲ ပတ်သက်နေတာများလား။

ပုံပြင်ဝတ္ထုစာအုပ်တွေကို ဖတ်ရတာကြိုက်တဲ့ ရှင်းယန်းမင်း လုလင်က ရုတ်တရက် ခွေးသွေးဒရမ်မာဆန်တဲ့ လပပြီးအဆိပ်ပြင်းတဲ့ ဇာတ်လမ်းတစ်ခုကို ထွင်ပြီးသွားပြီ။

သူက သူမကိုသဘောကျတယ်။ သူကလဲ သူမကိုသဘောကျပြန်တယ်။ သူမက အစကတော့ သူ့ကိုသဘောကျတယ်။ ဒါပေမဲ့ နောက်ပိုင်းကျ သူမက တစ်ခြားယောက်ျားတစ်ယောက်ကို သဘောကျတယ်ဆိုတာကို သတိထားမိသွားတယ်။ သူတို့၂ယောက်သားကလဲ ညီအစ်ကိုတွေ ဖြစ်နေသေးတယ်။ သူမအတွက်နဲ့ ညီအစ်ကိုတွေက တစ်ယောက်ကိုတစ်ယောက် ဆန့်ကျင်ကြတော့မယ်။ သူမအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ ခက်ခဲလွန်းတယ်။ အဲ့တာကြောင့် သူမက ရှင်းရှင်းပဲ သူမအချစ်ကို ဓားနဲ့ဖြတ်ချလိုက်ပြီး သူတို့၂ယောက်လုံးကို တစ်ချက်ထဲနဲ့ ဖြတ်ပစ်လိုက်....

" ရပ်လိုက်နော်!! " လုမင်းယွီရဲ့ ရယ်ချင်ပြီး ကူကယ်ရာမဲ့တဲ့အသံက လုလင်ရဲ့စိတ်ကူးတွေကို ကြားဖြတ်လိုက်တယ်။ " အဖေ အဖေစဥ်းစားသလိုမျိုး မဟုတ်ဘူးနဲ့။ စဥ်းစားတာတွေကို ရပ်လိုက်တော့။ "

လုလင်က မျက်တောင်ခတ်လိုက်တယ်။ အသက်၃၀အရွယ်ယောက်ျားတစ်ယောက် ကြောက်စရာကောင်းတဲ့ သွေးသံတရဲရဲ စစ်သူကြီးက သူချစ်သမီးလေးအရှေ့မှာ အရမ်းကိုဆိုးနေတယ်။ " အဖေဘာတွေးနေလဲဆိုတာကို သမီးကဘယ်လိုလုပ် ခန့်မှန်းမိတာလဲ။ "

You've reached the end of published parts.

⏰ Last updated: Mar 04 ⏰

Add this story to your Library to get notified about new parts!

ဖီးနစ်ဆံထိုးWhere stories live. Discover now