အပိုင်း(၂၅) ညီအစ်ကို

293 44 3
                                    

မင်မင် အကြာကြီးစာမတင်ဖြစ်တာ တောင်းပန်ပါတယ်နော်။ စာမေးပွဲတွေ ရှိနေလို့ပါ။ အခု wattpad မှာ ပုံမှန်လို့ပြန်တင်ပေးပါ့မယ်။ paid gp တွေကတော့ ၃လပိုင်းနောက်ပိုင်းမှ ပြန်စပါ့မယ်။

Unicode

ရီဟွားနန်းတော်မှာ အသံတိုးတိုးလေးနဲ့ ရှိုက်ငိုနေတဲ့အသံကို ကြားနေရတယ်။

" အားဟောင် သားလဲဒီနေ့မြင်တယ်နော်..... ဒီနန်းတော်ထဲမှာ လူတိုင်းက အမေ့ကိုအထင်သေးကြတယ်။ မင်းအဖေက မိဖုရားခေါင်ကို လေးစားတယ်၊ မုန့်ကွေ့ဖေးကိုအလိုလိုက်တယ်၊ ပြီးတော့ ချင်ဖေးကိုသနားတယ်။ အမေ့အလှည့်ရောက်တော့ အမေက သူ့ကိုဂုဏ်ပြုပေးဖို့တောင် အရည်အချင်းမရှိဘူး။ "

" လူအားလုံးအရှေ့မှာ သူအမေ့ကို အရှက်ခွဲတယ်။ အဲ့ဒီ့ကလူတိုင်းက အမေ့ဟာသကို ကြည့်နေကြတာ။ "

" အမေဒီနေ့ တအားရှက်တာပဲ။ မြေကြီးပက်ကြားအက်ထဲကို တိုးဝင်ချင်နေမိတော့တာပဲ။ "

ဆုကျောက်ရုံက ခါးသီးစွာ၊ ဝမ်းနည်းစွာ ငိုနေတယ်။ မျက်ရည်တွေက တစ်စက်ပြီးတစ်စက် ကျလာတယ်။

လီဟောင်က စိတ်ညစ်ပြီး နည်းနည်းကူကယ်ရာမဲ့မိတယ်။ " အမေ မငိုပါနဲ့တော့။ အမေ ဒီနှစ်တွေမှာ ဒါတွေအားလုံးကို သည်းခံခဲ့ပြီးပြီပဲ။ နည်းနည်းလောက် ထပ်သည်းခံကြရအောင်။ "

သည်းမခံရင်ရော ကျွန်တော်က ဘာလုပ်နိုင်မှာမလို့လဲ။

ဆုကျောက်ရုံက မျက်ရည်တွေကို လက်ကိုင်ပဝါနဲ့သုတ်လိုက်ပြီး မျက်လုံးနီနီနဲ့ တိုးတိုးလေးပြောလိုက်တယ်။ " အားဟောင် သားအဖေက သူ့နှလုံးသားထဲမှာ အမေ့အတွက် နေရာနည်းနည်းလေးတောင် မရှိဘူး။ တစ်ကယ်လို့ သူသာ အမေ့ကိုရာထူးတိုးပေးပြီး ဖေးအဖြစ် တင်မြှောက်ပေးမယ်ဆိုရင် အမေ့ဘဝက ဒီလောက်ခက်ခဲမှာ မဟုတ်ဘူး။ "

" အဲ့အချိန်တုန်းက အမေ့ဗိုက်က ကံအကောင်းဆုံးပဲ။ အမေက တစ်ချီထဲနဲ့ သားကိုမွေးပေးနိုင်ခဲ့တယ်။ ပြီးတော့ ကျောက်ရုံဆိုတဲ့ အဆင့်အတန်းကိုရခဲ့တာပဲ။ မဟုတ်လို့ရှိရင် မင်းမခည်းတော်က အမေ့ကို ချန်ထားခဲ့လောက်တယ်။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now