အခန်း(၉)

376 4 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၉) 💜

ပန်းလေး အလုပ်ကပြန်ရောက်ရောက်ချင်း ထမင်းဂျိုင့်ကို မီးဖိုးထဲသွားထားလိုက်ကာ အိမ်ရှေ့ကိုပြန်ထွက် လာသည်။ မေမေကတော့ မှိန်းနေ၏။ မောင်လေးက အိမ်ရှေ့မှာစာလုပ်နေရာကနေ အိမ်ပေါ်ကိုတက်လာပြီး ပန်းလေးကိုကြည့်လိုက်ကာ
"မမမောင်လေးမေ့နေတာ --- မနေ့ကအန်တီမာလာနဲ့မမနွေဦးဒီကိုရောက်လာသေးတယ် --- မမကိုပြောစရာရှိတယ်လို့ပြောတယ် ---"
" မနေ့ကဟုတ်လားမောင်လေး -- "
အဂ္ဂပန်းလေးကိုခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်တယ်မမ ---"
"ဘာပြောစရာရှိလို့တဲ့လဲ --- မောင်လေးသိလား ---"
"မသိဘူးမမ -- မောင်လေးကိုလည်းဘာမှပြောမသွားဘူး --- မမလာရင်တော့သူတို့ဆီလာဦးလို့ပြောတယ် ---"
"ဟုတ်လား --- ဦးမင်းဦးရောရှိလား --- "
"မတွေ့ဘူးမမ --- မရှိတာလားအပြင်သွားတာလားမသိဘူး ---"
"ဒီကိုအန်တီမာလာတို့လာတာမေမေသိလား ---"
"အင်း --- သိတယ် ---"
"ဟုတ်လား --- ဒါဆိုမမသူတို့ဆီသွားလိုက်ဦးမယ် ---"
"သူတို့ကမမကိုဘာပြောမလို့လဲ --- မသွားပါနဲ့လားမမရယ် ---"
ပန်းလေးမောင်လေးရဲ့ခေါင်းကိုပုတ်လိုက်ကာ
"သူတို့ဘာပြောမှန်းမှမသိတာ --- မသွားလို့မရဘူးလေမောင်လေးရဲ့ ---"
"သမီးရေ --- သမီး ---"
"ဟင် --- မေမေနိုးလာပြီ --- မမသွားကြည့်လိုက်ဦးမယ် ---"
"ဟုတ်မမ ---"
ပန်းလေးအိမ်ပေါ်ကိုပြန်တက်လာခဲ့သည်။မေမေကငုတ်တုပ်ထထိုင်နေ၏။
"မေမေ --- သမီးအခုပဲပြန်ရောက်တာမေမေအိပ်နေတာနဲ့မောင်လေးနားသွားနေတာ --"
မေမေကသူမကိုခေါင်းငြိမ့်ပြလိုက်ကာသူမနားလာထိုင်ဖို့လက်ယပ်ခေါ်နေလေသည်။
ပန်းလေးမေမေ့နားမှာသွားထိုင်လိုက်ပြီး
"ဘာပြောမို့လဲမေမေ ---"
"မနေ့ကမာလာတို့ကသမီးကိုဘာလို့လာရှာတာလဲသမီး ---"
"သမီးလည်းမသိဘူးမေမေ --- အခုပဲသွားမေးမလို့ ---"
"သမီးသူတို့ကိုဘာတွေများလုပ်ထားလို့လဲ ---"
"သမီးဘာမှမလုပ်ပါဘူးမေမေရယ် ----"
"ဒါဆိုသူတို့ကဘာလို့လာရှာရတာလဲ ---"
"ဟုတ်တယ် --- သမီးလည်းစဉ်းစားမရလို့သွားမေးမလို့ ---"
"သူတို့ကိုပြဿနာသွားမရှာပါနဲ့သမီးရယ် --- သမီးလေးနာကျင်ရလိမ့်မယ် ---"
ပန်းလေးမေမေ့ကိုခေါင်းငြိမ့်ပြလိုက်ကာမေမေ့လက်ကိုဆုပ်ကိုင်လိုက်၏။
"သမီးသိပါတယ်မေမေရယ် ---"
"ပန်းလေးရေ --- ပန်းလေး ---"
ခေါ်သံကြောင့်ပန်းလေးလှည့်ကြည့်လိုက်တော့အန်တီမာလာနဲ့မမနွေဦးကအိမ်ရှေ့ကနေလှမ်းခေါ်နေကြလေသည်။
"သူတို့လာပြီမေမေ --- သမီးသွားစရာမလိုတော့ဘူး ---"
"ပန်းလေး --- ခေါ်နေတာကြားလား ---"
"ဟုတ်အန်တီမာလာပန်းလေးလာပါပြီ ---"
ပန်းလေးမေမေ့နားကနေခွာလိုက်ကာအိမ်ပေါ်ကဆင်းလာလိုက်သည်။အန်တီမာလာနဲ့မမနွေဦးကပန်းလေးကိုသေချာကြည့်နေကြသည်။ပန်းလေးနည်းနည်းတော့တွန့်ဆုတ်သွားမိ၏။သူတို့ဘာပြောကြမလို့လဲ။ MD နဲ့ပတ်သက်လို့လား။
ပန်းလေးအန်တီမာလာရှေ့လည်းရောက်ရောအန်တီမာလာရဲ့လက်တွေကမြင့်တက်လာကာ
"ဖြန်း ---"
"အ ---"
ပန်းလေးမျက်နှာပေါ်သို့ကျရောက်လာ၏။ပန်းလေးပါးပေါ်မှာစပ်ဖျဉ်းဖျဉ်းဖြစ်သွားလေသည်။ထို့နောက်သူမပါးသူမကိုင်လိုက်ကာအန်တီမာလာ့မျက်နှာကိုမော့ကြည့်လိုက်ပြီး
"အန်တီမာလာဒါဘာလုပ်တာလဲ ---"
အန်တီမာလာ့အကြည့်ကစူးရှခက်ထန်နေလေသည်။မမနွေဦးလည်းထိုကဲ့သို့ပင်။သူတို့တွေပန်းလေးအပေါ်မှာဘာတွေမကျေနပ်ကြလို့လဲ။
"ညည်းကဒါအားကိုးရှာတာပေါ့ဟုတ်လား ---"
ပန်းလေးနာကျင်၍ကျချင်လာတဲ့မျက်ရည်တွေကိုထိန်းလိုက်လေသည်။သူတို့ပြောနေတာတွေကိုပန်းလေးတစ်ခုမှနားမလည်။
"ရှင် --- ပန်းလေးဘာကိုအားကိုးရှာလို့လဲ ---"
ဒေါ်မာလာမြိုင်ဒေါသတွေကတားဆီးလို့မရခဲ့။
"အခုမှမသိချင်ယောင်ဆောင်မနေနဲ့ --- ကုမ္ပဏီပိုင်ရှင်ညီအစ်ကိုနှစ်ယောက်လုံးကိုအခုလိုမျိုးချူပြီးစားဖို့ကြံနေတာဟာအားကိုးရှာတာမဟုတ်လို့ဘာလဲ ---"
"မဟုတ်ဘူးအန်တီမာလာ --- မှားနေပြီထင်တယ် --- သမီးဘယ်သူ့အပေါ်ကိုမှဒီလိုမလုပ်ခဲ့ပါဘူး ---"
"သြော် --- နင်ကငြင်းချင်သေးတာလားပန်းလေး --- ဝသုန်မြေနဲ့ဘာလိုလိုညာလိုလို --- ငါနဲ့စေ့စပ်ထားတဲ့သုရှင်မင်းကိုကျတော့လည်းသိနေပြန်ရော --- နင်မသိတဲ့ယောကျာ်းလေးများရှိရင်လည်းပြောပါဦး --- "
မမနွေဦးစကားကြောင့်ပန်းလေးမျက်ရည်တွေဘယ်လိုမှထိန်းလို့မရတော့ကျလာတော့သည်။
"မာလာ --- နင်ငါ့သမီးကိုမထိနဲ့နော် ---"
မေမေကအိမ်ပေါ်ကနေဆင်းလာလေသည်။ပန်းလေးလန့်သွားပြီးမေမေ့ကိုလှည့်ကြည့်လိုက်ကာ
"မေမေ -- မဆင်းခဲ့နဲ့အောက်မှာလှေကားရှိတယ် ---"
မေမေကသူမပြောတာကိုမကြား။သမီးဇောနဲ့အတင်းဆင်းလာလေသည်။လှေကားကနှစ်ထစ်ထဲဆိုပေမယ့်မေမေကလမ်းမလျှောက်တာကြာပြီဆိုတော့အဆင်ပြေမှာမဟုတ်။မေမေလှေကားပေါ်ကနေဆင်းလာ၏။မေမေရှေ့ကိုပဲကြည့်သည်။အောက်ကိုမကြည့်။ပန်းလေးလှေကားလို့ပြောလိုက်မှသာအောက်ကိုငုံ့ကြည့်လိုက်၏။ဒါပေမယ့်ခြေထောက်အချနဲ့လှေကားနဲ့ကလွဲသွားကာမေမေချော်ကျသွားတော့သည်။
"အား ---"
"မေမေ ---"
ပန်းလေးပါးပေါ်ကနာကျင်မှုကိုလည်းဂရုမစိုက်နိုင်တော့။မေမေ့ဆီသို့အမြန်ပြေးသွားလိုက်မိသည်။
ဒေါ်မာလာနဲ့နွေဦးလည်းဒေါ်သီရိမြိုင်ကိုကြည့်ကာမျက်လုံးပြူးမျက်ဆံပြူးဖြစ်နေမိတော့သည်။
ပန်းလေးမေမေ့ကိုပွေ့ချီလိုက်ကာ
"မေမေ --- မေမေ -- ဘယ်နားနာသွားလဲဟင် --- မေမေ --"
မေမေမျက်လုံးချက်ချင်းပွင့်မလာတော့ပန်းလေးလန့်သွားလေသည်။
"မေမေ --- ပန်းလေးကိုကြည့်ပါဦး --- မေမေခေါ်နေတယ်လေဟီး --- ဟီး ---"
"မေမေ ---"
မောင်လေးကလည်းပန်းလေးငိုသံကြားတော့မှငိုပြီးပြေးလာလေသည်။မေမေ့ကိုဖက်လိုက်ပြီး
"မေမေ -- မေမေသားကိုကြည့်ဦးလေ --- မမမေမေဘာဖြစ်တာလဲ --- မေမေဘာဖြစ်တာလဲ ---"
ပန်းလေးမောင်လေးမေးတာကိုမဖြေနိုင်သေး။မေမေ့မျက်လုံးကိုသူမလက်နဲ့အတင်းဖွင့်နေမိသည်။
"မေမေ ---"
ခနနေတော့မှမေမေကအသက်ကိုပုံမှန်ပြန်ရှူလာကာမျက်လုံးပွင့်လာလေသည်။
"မေမေဘာမှမဖြစ်ပါဘူး -- သမီးကိုသူတို့ဘာလုပ်တာလဲသမီး ---"
မေမေကလန့်ပြီးသတိခနလစ်သွားခဲ့ခြင်းဖြစ်သည်။အဲ့ဒီ့တော့မှပန်းလေးရင်ထဲကအလုံးကြီးကျသွားတယ်လို့ထင်လိုက်မိ၏။
"မေမေရယ် --- သမီးဘာမှမဖြစ်ပါဘူး --- မေမေတစ်ခုခုဖြစ်သွားတာလားလို့မေမေရယ်သမီးလန့်သွားတာပဲ ---"
အဂ္ဂဒေါ်မာလာ့ကိုလှည့်ကြည့်လိုက်ကာ
"အဲ့ဒါသူတို့ကြောင့် --- မေမေသာမျက်လုံးပြန်ပွင့်မလာရင်သားသူတို့ကိုရဲစခန်းကိုသွားတိုင်ပြောပြီးထောင်ကျအောင်လုပ်ပစ်မှာ ---"
ဒေါ်မာလာနဲ့နွေဦးလည်းလန့်သွားကာဒေါ်သီရိမြိုင်မျက်လုံးပြန်ပွင့်လာမှသက်ပြင်းချနိုင်ကြတော့၏။အဂ္ဂရဲ့စကားကြောင့်တော့သူတို့ဒေါသထွက်သွားမိတာအမှန်ပါ။
"ဟဲ့နင်မိုက်ရိုင်းလှချည်လား --- မောင်နှမနှစ်ယောက်လုံးလူတွေကဖြင့်လက်တောက်လောက်ပဲရှိသေးတယ် --- ဘာအားကိုးရှိလို့အခုလိုစကားမျိုးပြောရတာလဲ ---"
"နင်တို့ငါ့သားနဲ့သမီးကိုမထိနဲ့ -- ထိရင်ငါအသက်ချင်းလဲပစ်လိုက်မယ် ---"
"အရူးကအရူးလိုမနေဘူး -- နင်ကဘာသိလို့လဲသီရိ --- နင့်သမီးကအားကိုးရှာပြီးငါတို့မိသားစုကိုဒုက္ခပြန်ပေးချင်နေတာ ---"
"မေမေအရူးမဟုတ်ဘူး --- မေမေ့ကိုအရူးလို့မပြောနဲ့ --- အန်တီမာလာတို့သာအရူးတွေ ---"
မောင်လေးကလည်းမေမေ့ကိုထိတော့မခံနိုင်ဘဲပြန်ပြောရှာသည်။
"ပန်းလေးဘယ်သူ့ကိုမှဒုက္ခမပေးဘူး -- အန်တီမာလာတို့ကအဲ့လိုထင်နေတယ်ဆိုရင်လည်းအဲ့ဒါအန်တီမာလာတို့ကပန်းလေးတို့မိသားစုကိုဒုက္ခပေးခဲ့လို့ပါ ---"
"ဘာ --- နင်ကအားကိုးတွေ့ပြီဆိုပြီးငါတို့ကိုပြန်အာခံတာပေါ့ဟုတ်လား -- အေးဒီလောက်တောင်ဖြစ်နေတာ --- နင်တို့မိသားစုဒီခြံကြီးထဲမှာနေဖို့မစဉ်းစားနဲ့တော့ချက်ချင်းထွက်သွားကြ ---"
"ဘာလို့ထွက်ပေးရမှာလဲ --- ဒီစံအိမ်ကဘယ်သူပိုင်တာမို့လဲ ----"
"ဘယ်သူပိုင်တာမို့လဲ --- ဟုတ်လား ---"
ဒေါ်မာလာနဲ့နွေဦးတို့ကအရှေ့ကိုတိုးလာကြသည်။
"ပြောစမ်း --- ဘယ်သူပိုင်တာလဲ --- ဟင် --- ပြောလေပန်းလေး ----"
နွေဦးရဲ့လက်ဝါးကပန်းလေးရဲ့ပါးပြင်ဆီသို့မြောက်တက်လာလေသည်။ထိုအခါမေမေ့ခြေထောက်တစ်ဖက်ကလည်းမြောက်တက်လာပြီးနွေဦးရဲ့လက်ဝါးဆီသို့ရောက်သွား၏။
"အား ---"
နွေဦးလက်ကျင်ခနဲဖြစ်သွားသည်။
"နင်ကများငါ့သမီးကိုပါးရိုက်မယ်ဟုတ်လား ---"
"သြော်နင်ကငါ့သမီးကိုခြေထောက်နဲ့ကန်တယ်ဟုတ်လား ---"
အန်တီမာလာရဲ့ခြေထောက်တွေကလည်းမေမေ့ခြေထောက်ဆီသို့ရောက်လာကြ၏။ပန်းလေးအန်တီမာလာရဲ့ခြေထောက်တွေကိုဆွဲထားလိုက်ကာ
"တောင်းပန်ပါတယ်မေမေ့ကိုမလုပ်ပါနဲ့ --- မေမေ့ကိုမလုပ်ပါနဲ့နော် ---"
"တောက် --- အဆင့်မရှိတဲ့ဟာတွေ ---"
ဒေါ်မာလာဒေါသတွေယမ်းမီးပုံကျသွားတော့သည်။နွေဦးကလည်းလက်နာလာသဖြင့်သူမလက်သူမဖိထားလေ၏။
"နင်တို့အားလုံးရဲ့မျက်နှာတွေကိုလုံးဝမမြင်ချင်ဘူး -- ဒီခြံဝိုင်းထဲကနေထွက်သွားကြ --- "
ဒေါ်မာလာတို့ဒေါသထွက်လွန်း၍အသားတွေတဆတ်ဆတ်တုန်လာခဲ့သည်။
"လာ -- မေမေပြောမနေနဲ့ကျက်သရေတုံးတယ် --- သွားမယ် ---"
မမနွေဦးကအန်တီမာလာ့လက်ကိုဆွဲကာအိမ်ရှေ့ကနေထွက်သွားကြလေသည်။အဲ့ဒီ့တော့မှပန်းလေးလည်းမျက်ရည်တွေသုတ်လိုက်ကာမေမေ့ကိုထူလိုက်၏။
"မေမေ ---"
မေမေလည်းမျက်ရည်တွေကျနေသည်။မောင်လေးလည်းမေမေ့ကိုကြည့်လိုက်ပန်းလေးကိုကြည့်လိုက်နဲ့ငိုနေ၏။
"မောင်လေး --- မေမေ့ကိုအဲ့ဒီ့ဘက်ကတွဲလိုက်ဦး --- မမတို့မေမေ့ကိုအိမ်ပေါ်ကိုခေါ်သွားရအောင် ---"
"အား --- မေမေ့ခြေထောက်လှုပ်လို့မရဘူးသမီးဘာဖြစ်တာလဲမသိဘူး ---"
"ဟင် --- "
ပန်းလေးလန့်သွားမိသည်။စောစောကမမနွေဦးကိုကန်တော့မေမေ့ခြေထောက်ကအကောင်းကြီးပါ။အခုချက်ချင်းကြီးဘယ်လိုဖြစ်သွားတာလဲ။မေမေ့ခြေထောက်ကမလှုပ်တော့။ပန်းလေးမေမေ့ခြေထောက်ကိုဆုပ်ကိုင်ပြီးလှုပ်ကြည့်လိုက်သည်။မေမေ့ခြေထောက်ကတုန့်ပြန်မှုမရှိ။ပြီးတော့အေးစက်နေလေသည်။
"မေမေ --- ကြိုးစားပြီးမတ်တပ်ရပ်ကြည့်လိုက်ပါဦးနော် ---"
မေမေကခေါင်းငြိမ့်လိုက်၍ပန်းလေးနဲ့မောင်လေးမေမေ့ကိုတွဲထူလိုက်သည်။မေမေကအားထုတ်ပြီးမတ်တပ်ထပေမယ့်မေမေ့ခြေထောက်တွေဟာပျော့ခွေနေလေသည်။ပန်းလေးတစ်ခုခုကိုရိပ်မိသွားကာမျက်ရည်တွေကျလာတော့သည်။ဟင့်အင်း --- မေမေမဖြစ်ရဘူး -- မေမေ --- ဘာမှမဖြစ်ရဘူး။မေမေ့ကိုကြည့်ရတာအောက်ပိုင်းလေဖြတ်သွားသည့်ပုံဖြစ်သည်။
ကံကြမ္မာကတကယ်ရက်စက်တာပဲ။အရင်ဘဝကဘယ်လိုအကုသိုလ်တွေများလုပ်ခဲ့လို့ပန်းလေးတို့မိသားစုအခုလိုမျိုးအဖြစ်ဆိုးတွေနဲ့ကြံုတွေ့ရတာလဲ။ပန်းလေးမျက်ရည်တွေကိုသုတ်လိုက်ကာဒီလိုတွေဝေနေလို့ပြီးသွားမယ့်အရာမဟုတ်ဘူး။
"မောင်လေး --- ကိုခိုင်ဦးကိုသွားခေါ်လိုက်ပါဦး --- မေမေဘာဖြစ်လို့လဲမသိဘူးလို့ပြောလိုက်နော် ---"
"ဟုတ်မမ ---"
အဂ္ဂမျက်ရည်တွေကြားကနေမမကိုခေါင်းငြိမ့်ပြလိုက်ကာအနောက်ပေါက်ကနေပြေးထွက်သွားလေသည်။
"မေမေ --- မေမေဘာမှမဖြစ်ဘူးနော်မပူနဲ့ --- မေမေ့ဘေးနားမှာသမီးလည်းရှိတယ်မောင်လေးလည်းရှိတယ် --- မေမေ့ကိုအခုချက်ချင်းဆေးရုံကိုပို့ပေးမယ် ---"
"သမီးရယ် --- မေမေလေ --- မေမေသေသွားတာမှကောင်းပါဦးမယ် --- မေမေသမီးနဲ့သားကိုဒုက္ခပဲပေးနေမိတယ် -- "
"မဟုတ်တာမေမေရယ် --- မေမေသမီးတို့ကိုဘာဒုက္ခမှမပေးပါဘူး --- ဒါကိုလည်းဒုက္ခလို့သမီးတို့ကမမှတ်ပါဘူးမေမေရယ် --- သမီးတို့ကသားသမီးဝတ္တရာနဲ့အညီပြုစုရမှာလေ --- သမီးတို့ကမေမေ့ရဲ့သားသမီးတွေပါ -- မေမေသမီးတို့ကိုဒုက္ခပေးတာမဟုတ်ပါဘူး --- မေမေ့မွေးကျေးဇူးကျွေးကျေးဇူးတွေကိုအခုလိုမျိုးမှမဆပ်ရင်သမီးတို့ဘယ်လိုဆပ်ရမှာလဲ ---"
"သမီးလေးရယ် ---"
ဒေါ်သီရိမြိုင်သမီးလေးကိုကြည့်ကာစိတ်မကောင်းကြီးစွာဖြင့်မျက်ရည်တွေကျလာတော့သည်။လေဖြတ်သွားတာလားအောက်ပိုင်းသေသွားတာလားသာမသဲကွဲတာ။တစ်ခုခုဆိုတာကိုတော့သူမကိုယ်သူမလည်းရိပ်မိပါတယ်။
"ပန်းလေးအန်တီဘာဖြစ်လို့လဲ ---"
မောင်လေးနဲ့ကိုခိုင်ဦးကပြေးလာကြသည်။ကိုခိုင်ဦးကမေမေ့ဘေးမှာထိုင်ချလိုက်ကာ
"အန်တီ ---"
"မေမေလေအောက်ပိုင်းဘာဖြစ်သွားတာလဲမသိဘူး --- ကိုခိုင်ဦးလုပ်ပါဦး ---"
ခိုင်ဦးဒေါ်သီရိမြိုင်ရဲ့ခြေထောက်တွေကိုကိုင်ကြည့်လိုက်သည်။တုန့်ပြန်မှုမရှိခဲ့။ထို့အပြင်အေးစက်နေလေပြီ။
"မဖြစ်ဘူးဆေးရုံချက်ချင်းပို့မှဖြစ်မယ်ပန်းလေး ---"
ခိုင်ဦးဒေါ်သီရိမြိုင်ခြေထောက်တွေကိုကိုင်ကြည့်ရင်းကနေပန်းလေးကိုမော့ကြည့်ပြီးပြောလိုက်လေသည်။ပန်းလေးရဲ့ပါးပေါ်ကရဲနေတာကိုတွေ့လိုက်တော့ခိုင်ဦးအံ့သြသွား၏။
"ဟင် --- ပန်းလေးပါးက ---"
"အန်တီမာလာလေ --- မမကိုပါးရိုက်သွားတာ ---"
"ဘာလို့ရိုက်တာလဲ --- ပန်းလေးကဘာလုပ်လို့လဲ ---"

ဟန်​ဆောင်အမုန်း (Completed)Onde histórias criam vida. Descubra agora