အခန်း(၃)

1.1K 19 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၃) 💜

" 'ဝသုန်' မင်းတကယ်ဆုံးဖြတ်ပြီးသွားပြီလား ---"

'ဝသုန်' ဦးထုပ်ကိုချွတ်လိုက်ပြီးစားပွဲပေါ်ပစ်တင်လိုက်လေသည်။စားပွဲပေါ်မှာတင်ထားတဲ့အစားအသောက်တွေကိုတစ်ချက်ကြည့်လိုက်ပြီးကန်စွန်းပလိန်းပန်းကန်ဆီသို့ရောက်သွား၏။ကန်စွန်းပလိန်းကိုတူဖြင့်ယူလိုက်ကာပါးစပ်ထည့်လိုက်ပြီးခေါင်းငြိမ့်လိုက်လေသည်။
'ခိုင်ဦး'က 'ဝသုန့်'ကိုနားမလည်စွာကြည့်လိုက်ပြီးမျက်နှာမှာလည်းကျေနပ်စွာပြံုးလိုက်လေသည်။

"မင်းအဲ့လိုဆုံးဖြတ်လိုက်တဲ့အတွက်မင်းကိုကျေးဇူးတင်မယ့်လူတွေထဲမှာငါကထိပ်ဆုံးပဲ 'ဝသုန်' ---"

'ဝသုန်' တူကိုကန်စွန်းပလိန်းပန်းကန်ထဲပြန်ထည့်လိုက်ကာ 'ခိုင်ဦး'ကိုကြည့်လိုက်၏။

"ဘာလို့လဲ --- စားလေကွာ ---"

'ခိုင်ဦး'ကစားပွဲပေါ်ကအစားအသောက်တွေကိုတစ်ချက်ကြည့်လိုက်ပြီးဘာကိုမှမထိသေးဘဲ 'ဝသုန့်'ကိုပြန်ကြည့်လိုက်ပြီး

" 'ပန်းလေး'တို့မိသားစုကအရမ်းသနားစရာကောင်းတာကွ ---"

"သြော် --- ဒါနဲ့ငါသူနဲ့ပတ်သက်ပြီးမင်းကိုမေးစရာရှိတယ် ---"

'ခိုင်ဦး'စကားပြောရင်းနဲ့ 'ဝသုန်'ကကြားဖြတ်ဝင်ပြောလိုက်တော့ 'ခိုင်ဦး'ကဆက်မပြောတော့ဘဲ 'ဝသုန့်'ကိုအကဲခတ်လိုက်သည်။

"ဘာမေးမလို့လဲ ---"

"အဲ့ကောင်မလေးကဆယ်တန်းကိုဂုဏ်ထူးသုံးဘာသာနဲ့အောင်ထားတာဆို ---"

"သြော် --- ဟုတ်တယ်ငါမင်းကိုပြောမလို့ဟာမေ့နေလို့ ---"

'ဝသုန်' ဘီယာခွက်ကိုယူပြီးမော့သောက်လိုက်ကာအာလူးကြော်အမြည်းကိုအမြန်ကောက်ယူစားလိုက်၏။

"အဲ့ဒီ့ 'မြေမထိမိုးမခစံအိမ်' နဲ့သူကဘယ်လိုပတ်သက်တာလဲ ---"

'ခိုင်ဦး'ကသူပြောချင်တဲ့မေးခွန်းကို 'ဝသုန်'မေးလိုက်သဖြင့်မျက်နှာမှာကျေနပ်တဲ့စိတ်ဖြစ်ပါ်သွားကာအားယူသည့်သဘောဖြင့်ဘီယာခွက်ကိုယူပြီးမော့လိုက်လေသည်။

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora