အခန်း(၅)

566 11 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၅) 💜

"ဟယ်လို ---"
"ဝသုန် --- မင်းကိုကိုတော့ပြဿနာရှာပြန်ပြီ ----"
"ဗျာ --- ဘယ်လိုဖြစ်တာလဲဦးလေး ---"
ဝသုန်ဒီနေ့ကုမ္ပဏီကိုတမင်စောစောရောက်အောင်လာခဲ့ခြင်းဖြစ်သည်။ရုံးမှာဘယ်ဝန်ထမ်းမှမရောက်သေး။စာရင်းတွေလုပ်နေရင်းကနေဖုန်းကိုကိုင်ကာပြတင်းပေါက်နားမှာမတ်တပ်ရပ်လိုက်လေသည်။
"အခုသူ့ကိုသွားကြိုတဲ့လူတွေကိုသူကလမ်းမှာထားခဲ့ပြီးတစ်ယောက်ထဲထွက်သွားတယ်တဲ့လေ ---"
"ဘယ်လို --- ကိုကိုကတစ်ယောက်ထဲထွက်သွားတယ်ဟုတ်လားဦးလေး ---"
"အင်း -- ဒါပေမယ့်သူနဲ့တူတူပါလာတဲ့နိုင်ငံခြားသားတစ်ယောက်ကလည်းသူနဲ့အတူကားနဲ့ထွက်သွားတာတဲ့ --- "
"ဟာကိုကိုကလည်း --- ဒီမြန်မာနိုင်ငံကလမ်းတွေကိုသူကသိလို့လားဗျာ ---"
"ဟုတ်တယ် --- ဦးလေးလည်းအဲ့ဒါကိုစိုးရိမ်တာပဲ --- နိုင်ငံခြားသားဆိုတာကလည်းဟိုမှာကျောင်းအတူတူတက်ခဲ့တဲ့သူ့သူငယ်ချင်းလို့ဦးလေးထင်တာပဲ --- သူခနခနတော့ပြောဖူးတယ် ---"
"ဟုတ်ကဲ့ဦးလေးဒါဆိုကျွန်တော်ကိုကို့ကိုဖုန်းဆက်ပြီးကိုကို့နောက်ကိုလိုက်သွားလိုက်ပါ့မယ် ----"
"လုပ်ပါဦးဝသုန်ရယ် --- မင်းကိုကိုကဦးလေးဖုန်းဆက်တာတော့မကိုင်ဘူး ---"
"ဟုတ် --- ကျွန်တော်အခုပဲသွားလိုက်ပါ့မယ် ---"
"အင်း --- အင်းဒါဆိုဦးလေးဖုန်းချလိုက်တော့မယ် ---"
"ဟုတ်ဦးလေး ---"
ဝသုန်ကိုကို့အတွက်စိတ်ပူမိသွားတာတော့အမှန်ပါ --- ကိုကိုကမရောက်တာကြာပြီ --- ရန်ကုန်ကလမ်းတွေကိုကိုကိုသိပါ့မလား။ဝသုန်မဆိုင်းမတွပင်ကိုကို့ကိုဖုန်းဆက်လိုက်မိသည်။
"တီ --- တီ -- တီ --- "
"ဟယ်လို ----"
အသံကမပီမသမြန်မာအသံမဟုတ်ပေ။
"ဟယ်လိုကိုကို ---"
တစ်ဖက်ကဖုန်းပြန်မပြောဘဲငြိမ်နေလေသည်။ဝသုန်ပိုပြီးစိုးရိမ်သွား၏။ဟင် --- ဘယ်သူလဲ --- ဘယ်သူမို့လို့ကိုကို့ဖုန်းကိုကိုင်တာလဲ ---
"ဟယ်လို --- "
"ဟယ်လို ---"
ဟယ်လိုလို့ပြန်ထူးတဲ့အသံကမြန်မာသံမဟုတ်။
"အခုပြောနေတာဘယ်သူလဲ ----"
"Sorry --- I'm --- Jastin ---"
ဝသုန်တကယ်စိတ်ညစ်သွားမိသည်။ဒါဦးလေးပြောတဲ့ဟိုနိုင်ငံခြားသားပဲနေမှာပါ။သူ့နာမည်ကဂျက်စတင်ဆိုဘဲ။ဝသုန်အင်္ဂလိပ်လိုပဲပြန်ပြောရမှာလားစဉ်းစားနေမိသည်။မထူးတော့ပါဘူး --- ရောမရောက်ရင်ရောမလိုကျင့်ရမယ်တဲ့။နိုင်ငံခြားသားနဲ့တွေ့ရင်နိုင်ငံခြားစကားပဲပြောရမှာပေါ့။
"Where my brother? ---"
တစ်ဘက်ကငြိမ်သွားပြန်ပြီ။ဝသုန်တကယ်စိတ်ကမရှည်တော့။ကိုကိုကဘယ်ရောက်နေတာလဲ။
"ဟယ်လို --- ဝသုန် ---"
"ကိုကိုလား ---"
"အင်း --- ကိုကိုပြန်လာနေပြီ ----"
ကိုကို့အသံကြားမှပဲဝသုန်စိတ်ချသွားမိသည်။
"ကိုကိုရာဒီမှာဦးလေးကစိတ်ပူနေတာ --- ကိုကိုကဘယ်တွေလျှောက်သွားနေတာလဲ -- လမ်းတွေရောသိလို့လား ----"
"ရပါတယ်ကိုကိုအိမ်ကိုမဝင်ဘဲကုမ္ပဏီကိုလာနေတာ ---- အဲ့ဒါကြောင့်ကြာနေတာ ---- အခုတောင်မှ (၁၂)လမ်းကိုရောက်နေပြီ --- "
"(၁၂)လမ်းဟုတ်လားကိုကို ---"
(၁၂)လမ်းဆိုတာကပန်းလေးတို့လမ်းဖြစ်သည်။
"အင်း --- ဟိုရှေ့မှာလူတစ်ယောက်တော့တွေ့တယ် --- ကိုကိုမေးကြည့်လိုက်ဦးမယ် --- ဒါပဲဝသုန် --- ဖုန်းချလိုက်တော့မယ် --- အခုလည်းကုမ္ပဏီကိုလာနေတာပဲစိတ်မပူနဲ့တော့ --- ဖေဖေ့ကိုလည်းပြောလိုက်ဦးနော် ---"
"ကိုကို ----"
ဝသုန်ဘာမှပြန်မပြောရသေးခင်ကိုကိုကဖုန်းချသွားပြီဖြစ်သည်။
သုရှင်ဖုန်းချလိုက်တော့ဂျက်စတင်ကသုရှင်လက်ထဲကဖုန်းကိုယူလိုက်ကာ
"Who --- "
"ငါ့ညီ --- ဂျက်စတင် ---"
သုရှင်ကားမောင်းရင်းကနေဂျက်စတင့်မျက်နှာကိုကြည့်လိုက်လေသည်။သုရှင်မျက်နှာမှာလည်းအလိုမကျမှုတို့ကပေါ်လွင်ထင်ရှားနေ၏။
"မင်းကိုငါပြောထားပြီးသားနော် --- စကားပြောရင်မြန်မာလိုပဲပြောဆိုတာ ---"
ဂျက်စတင်သုရှင်ပြောတာကိုရယ်လိုက်လေသည်။ထို့နောက်သုရှင်ဖုန်းကိုကြည့်နေရင်းကနေ
"ဟုတ်ပါပြီကွာ --- ငါနားလည်ပါပြီ --- ငါမြန်မာလိုပဲပြောပါ့မယ် ---"
"ပြီးရော --- အခုဝသုန်ကအိမ်မရောက်သေးလို့စိတ်ပူနေတာ --- အဲ့ဒါကြောင့်ဖုန်းလှမ်းဆက်နေတာ ---"
"သြော် -- ဝသုန်မြေလား ---"
"အင်း ---"
ဂျက်စတင်ပြောရင်းကနေအရှေ့ကိုကြည့်လိုက်ကာအလန့်တကြားဖြင့်
"ဟာ --- သုရှင်အရှေ့မှာ --- အရှေ့မှာ ---"
သုရှင်လည်းဂျက်စတင်ပြောတာကိုကြားကာအရှေ့ကိုကြည့်လိုက်တော့သူတို့ကားနဲ့ခပ်လှမ်းလှမ်းမှာကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။သူမြင်တာဘာမှမထူးခြားပေမယ့်ဂျက်စတင့်အသံကတော့ထူးခြားနေလေ၏။
"ဘာလဲကွာ --- မင်းကလည်းအလန့်တကြား ---"
"သူ့ပုံစံကတစ်မျိုးလေးကွ --- ကြည့်လိုက်ပါဦး ---"
သုရှင်သေချာကြည့်လိုက်တော့ထမင်းဂျိုင့်ခြင်းလေးဆွဲကာတစ်ခုခုကိုစောင့်နေတဲ့ကောင်မလေးတစ်ယောက်။ဒီအတိုင်းချထားတဲ့ဆံပင်အရှည်ကြီးကခေါင်းလျှော်ထားခါစပုံပင်။သုရှင်တို့လာတဲ့ကားလမ်းကိုကျောပေးထားသည့်အတွက်ဆံပင်ကိုသာသေချာမြင်ရသည်။မျက်နှာကိုတော့မမြင်ရ။ဆံပင်ကိုမြင်ပြီးဂျက်စတင်ကသဘောကျသွားတာလားမှမသိ။
အဲ့ဒီ့အချိန်မှာကောင်မလေးကဒီဘက်ကိုလည်းလှည့်လာရောသုရှင်တောင်မှအံ့သြသွားလေတော့သည်။ဝိုင်းစက်နေတဲ့မျက်နှာပေါ်မှာသနပ်ခါးပါးကွက်ကြားကိုဒီအတိုင်းလေးတင်ထားပုံမှာကျက်သရေရှိလိုက်တဲ့မျက်နှာ။နိုင်ငံခြားမှာအနေများလာလို့ထင်၏။မြန်မာမိန်းကလေးတော်တော်များများရဲ့ပုံကိုသိပ်ပြီးပုံဖမ်းလို့မရ။ဘယ်နေရာမှာပဲတွေ့တွေ့မိတ်ကပ်နဲ့နှုတ်ခမ်းနီနံ့တွေနဲ့သာထုံအီနေတဲ့သူ။အခုလိုမြန်မာဆန်တဲ့မြန်မာမိန်းကလေးကိုတွေ့လိုက်ရတဲ့အတွက်သူခံစားမိသွားလေသည်။အဝတ်အစားကအစမြန်မာဆန်သည့်မိန်းကလေး။သုရှင်မြင်မြင်ချင်းသဘောကျသွားမိလေသည်။
"ချောလိုက်တာသုရှင်ရယ် ---"
"ဘာလဲငါ့ကိုပြောတာလား ---"
သုရှင်ပြောလိုက်တဲ့စကားကြောင့်ဂျက်စတင်ကတဟားဟားနဲ့ရယ်လေတော့သည်။
"ဟား --- ဟား --- ဟားအေးဟုတ်ပါတယ်ကွာ --- မင်းကိုပြောတာ --- ဟုတ်ပြီလား --- မင်းစိတ်ချမ်းသာမှကမ္ဘာကြီးအေးချမ်းမှာကွသိလား ---"
သုရှင်တစ်ချက်ပြံုးလိုက်ကာ
"ငါပြောတဲ့စကားတွေလိုက်ပြောမနေနဲ့ --- "
"တကယ်ကွာ --- ငါတကယ်သဘောကျသွားပြီသုရှင် ---"
သုရှင်ကတော့ခေါင်းတယမ်းယမ်းဖြင့်
"တော်ပါကွာ --- မင်းကတော့သဘောမကျတာကိုမရှိဘူး ---"
"ဒီကောင်မလေးကိုတော့ငါတကယ်သဘောကျတာကွ -- မင်းစုံစမ်းပေးမယ်မို့လား ---"
သုရှင်ကားမောင်းရင်းကနေခေါင်းယမ်းလိုက်လေသည်။
"ဟာ -- သုအရှေ့မှာ ---"
"လုပ်ပြန်ပြီ --- ဘာလဲကွာ ---"
သုရှင်ဂျက်စတင့်ကိုကြည့်ရင်းကနေအရှေ့ကိုပြန်လှည့်ကြည့်လိုက်တော့အရှေ့မှာရေအိုင်တစ်ခုကိုတွေ့လိုက်ရလေသည်။ဘယ်လိုမှရှောင်ရှိန်မရလိုက်။
"သွားပြီ --- ငါ့ကောင်မလေးတော့ဗွက်တွေစင်သွားပါပြီသုရှင်ရာ ---"
ဂျက်စတင်ကနောက်ကားမှန်ကနေပြီးခုနကမတ်တပ်ရပ်နေတဲ့ကောင်မလေးကိုကြည့်ကာပြောလိုက်လေသည်။သူလည်းရှောင်လိုက်တာပဲဘယ်လိုမှမရခဲ့တာကို။ကောင်မလေးကရေအိုင်ဘေးမှာမတ်တပ်ရပ်နေပေမယ့်ရေအိုင်နဲ့နည်းနည်းတော့ဝေးပါတယ်။ဗွက်စင်လည်းနည်းနည်းပေါ့။ဂျက်စတင်ကပိုကိုပိုတယ်။
"မင်းကလည်းကွာ --- အဲ့လောက်လည်းမဟုတ်ပါဘူး ---"
"သုရှင် --- ကားရပ်လိုက်ပါကွာ --- သူတော်တော်ပေသွားပုံပဲ --- ငါသွားကူညီလိုက်မယ် ---"
သုရှင်ကားကိုမရပ်ဘဲဆက်မောင်းနေလိုက်သည်။
"သုရှင်လုပ်ပါကွာ --- "
သုရှင်ကားမောင်းရင်းကနေနောက်မှန်ကနေလှမ်းကြည့်လိုက်တော့အဲ့ဒီ့ကောင်မလေးရှေ့မှာကားတစ်စီးကရပ်နေလေသည်။
"မလိုတော့ပါဘူးကွာ -- ဟိုမယ်ကြည့်လိုက်ပါဦး ---"
သုရှင်ပြောတော့မှဂျက်စတင်နောက်ကိုကြည့်လိုက်မိသည်။ခါးလောက်ထိအောင်ဝဲနေတဲ့ဆံပင်ရှည်ကြီးကိုသူမကမကကားပေါ်တက်သွားလေသည်။
"ဗွက်တွေအရမ်းမစင်ပါဘူးကွာ ---"
ဂျက်စတင်ဘာမှပြန်မပြောသူ့အကြည့်တွေကလည်းကားပေါ်တက်သွားတဲ့သူမဆီသို့ပါသွားလေသည်။သုရှင်ဂျက်စတင့်ကိုကြည့်ကာပြံုးလိုက်မိသည်။
"မင်းရူးသွားပြီလားဂျက်စတင် ---"
ဂျက်စတင်အရှေ့ကိုပြန်လှည့်လိုက်ပြီး
"ဟုတ်တယ်သုရှင် --- ငါတော့ရူးပြီထင်တယ်ကွာ --- အဲ့ဒီ့ကားနောက်ကနေလိုက်ပေးပါလား -- လုပ်ပါကွာ --- ဒီတစ်ခုပဲကူညီပေးပါ --- နောက်လည်းငါမင်းဆီကအကူအညီမတောင်းတော့ပါဘူးဒီတစ်ခုတည်းပါကွာ --- နော် -- သုရှင် ---"
သုရှင်နားမလည်စွာနဲ့ခေါင်းကိုသာငြိမ့်ပြလိုက်သည်။
"ပြီးရောကွာ ---"
သုရှင်ရဲ့မျက်လုံးထဲမှာလည်းဘာလို့မှန်းမသိသူမမျက်နှာကိုဖျောက်လို့မရခဲ့။
"ပန်းလေး -- ဘယ်လိုဖြစ်တာလဲ --- ဗွက်တွေပေနေလို့ပါလား ---"
ပန်းလေးလုံချည်ခြေသလုံးနားကိုကြည့်လိုက်ကာမမလတ်ကိုခေါင်းငြိမ့်ပြလိုက်မိ၏။
"ဟုတ်တယ်မမလတ်ခုနကဖယ်ရီစောင့်နေတုန်းကားတစ်စီးကဗွက်ထဲမောင်းသွားတာလေ --- အဲ့ဒါကြောင့်နည်းနည်းစင်သွားတာပါ ---"
"အဲ့ဒါကိုဘာမှပြန်မပြောဘူးလားပန်းလေးရယ် ---"
"မမလတ်ကလည်းသူတို့ကသိချင်မှတောင်သိမှာ --- ကားကိုလုံးဝမရပ်ဘဲဆက်မောင်းသွားတာပဲ ---"
"ဘယ်လိုအကောင်တွေမှန်းမသိပါဘူး --- ကားစီးနိုင်တယ်ဆိုပြီးလမ်းပေါ်မှာပရမ်းပတာမောင်းတဲ့သူတွေဒီခေတ်ကြီးမှာများလာပြီနော် ---"
ပန်းလေးဘာမှတော့ပြန်မပြောမိ။ပြံုးပဲပြံုးလိုက်မိသည်။
ကားပေါ်ကလူတွေကိုကြည့်ကာသုရှင်မြင်ဖူးသလိုလို။သေချာကြည့်လိုက်တော့မှ
"ဟင် -- ဒါဖေဖေ့ကုမ္ပဏီကလူတွေပဲ ---"
သုရှင်ပြောတာကိုဂျက်စတင်ကကြားသွားလေသည်။
"ဘယ်လိုသုရှင် --- မင်းဖေဖေကုမ္ပဏီကဟုတ်လား --- "
သုရှင်ကားပေါ်ကိုသေချာကြည့်နေရင်းကနေခေါင်းငြိမ့်ပြလိုက်မိသည်။
"ပန်းလေးကကားကိုမမှတ်မိလိုက်ဘူးလား ---"
"ကား ---"
မမလတ်ပြောမှပန်းလေးစဉ်းစားမိလိုက်သည်။
"ကားကခဲပြာရောင်ပဲမမလတ်အမျိုးအစားတော့သေချာမမှတ်မိဘူး --- မြင်ရင်တော့မှတ်မိမယ်ထင်တယ် ---"
မမလတ်ကခေါင်းငြိမ့်ပြလိုက်ကာအနောက်ကိုကြည့်လိုက်တော့
"ဟင် --- ဟိုကားလားပန်းလေး --"
ပန်းလေးမမလတ်ပြတာကိုကြည့်လိုက်ပြီးအံ့သြသွားလေသည်။ခုနကပန်းလေးရှေ့ကနေထွက်သွားတာပါ။ဘယ်လိုလုပ်ပြီးပန်းလေးတို့ကားနောက်ကိုရောက်လာရတာလဲ။
"အင်းဟုတ်တယ်မမလတ် ----"
မမလတ်ကကားကိုသေချာကြည့်နေလေသည်။
"ငါဒီကားကိုသေချာမြင်ဖူးသလိုလိုပဲ ----"
သုရှင်ကားကိုကျော်တက်လိုက်လေသည်။
"ဟာ -- သုရှင်ဘာလုပ်တာလဲ ---"
"ရိပ်မိသွားမှာပေါ့ --- မင်းကလည်းတစ်မျိုး ---"
"သြော် --- အေးဟုတ်သားပဲ --- ဒါပေမယ့်မင်းငါ့ကိုသူနဲ့မိတ်ဆက်ပေးရမှာနော် ---"
သုရှင်းကားမောင်းရင်းကနေဂျက်စတင့်ကိုအံ့သြတကြီးကြည့်လိုက်လေသည်။
"ဟာ -- မင်းကလည်းငါမှသူ့ကိုမသိတာကို --- ဒီမြန်မာနိုင်ငံကိုမင်းနဲ့ငါအတူတူပြန်ရောက်တာလေကွာ ---"
"သုရှင် --- မင်းနော် --- မရဘူး -- မင်းဖေဖေရဲ့ကုမ္ပဏီဆိုတော့မင်းသိမှာပေါ့ --- ငါ့ကိုမိတ်မဆက်ပေးချင်လို့မို့လား --- ရတယ်လေမိတ်မဆက်ပေးမချင်းငါကတော့ဒီကနေပြန်တော့မှာမဟုတ်ဘူး ---"
"ကျွတ် --- မင်းငါ့ကိုသက်သက်ရစ်တာ ---"
ဂျက်စတင်သုရှင်ကိုကြည့်ကာရယ်နေလေသည်။
ဂျက်စတင်ကနိုင်ငံခြားသားသာဆိုတယ်အသားကအရမ်းဖွေးဖြူနေတာလည်းမဟုတ်၊အရပ်ကလည်းသုရှင်နဲ့မတိမ်းတယိမ်းပါပဲ။သုရှင်ထက်နည်းနည်းပိုရှည်တယ်ဆိုတာပဲရှိတာ။
"မင်းကလည်းကွာ --- "
"ငါကလည်းသူနဲ့မှမသိတာကို ---"
"ဒါဆိုဝသုန်မြေကတော့သိမှာပေါ့ဟုတ်လား ---"
"အင်း --- ပြောတော့မပြောတတ်ဘူး -- ငါမေးကြည့်ပေးမယ်နော် --- ဟုတ်ပြီလား ---"
"Thank you ပါကွာ ---"
"မင်းကိုငါပြောထားတာလည်းမမေ့နဲ့နော် --- အင်္ဂလိပ်စကားကိုဖြစ်နိုင်ရင်လုံးဝမပြောပါနဲ့ ---"
ဂျက်စတင်ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပါပြီ --- ငါမင်းစကားကိုနားထောင်ပါ့မယ် --- မင်းလည်းငါ့ကိုကူညီရမှာနော် ---"
သုရှင်ခေါင်းပဲငြိမ့်ပြလိုက်သည်။စိတ်ထဲမှာတော့မွန်းကြပ်သွားမိတာအမှန်ပါပဲ။
× × × × × × ×
ဝသုန်ဆိုင်ကယ်သော့ကိုဆွဲကာရုံးခန်းထဲကနေထွက်လာလိုက်သည်။ကုမ္ပဏီကိုရောက်တဲ့ဝန်ထမ်းတွေကရောက်နေကြပြီ။တစ်ချို့ကတော့မရောက်ကြသေး။
ကိုကိုကတော့ကုမ္ပဏီကိုလာနေပြီပြောတာပဲလမ်းကိုရောသိလို့လား --- နောက်ဆုံးတော့ဝသုန်ကိုကို့နောက်လိုက်သွားဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီဝန်းထဲရောက်ကာဆိုင်ကယ်ကိုစက်နှိုးလိုက်တော့ကုမ္ပဏီဝန်းထဲကိုကားတစ်စီးအရင်ဝင်လာ၏။ဝသုန်ကြည့်လိုက်တော့ဦးလေးရဲ့ကားဖြစ်နေ၏။သူ့စိတ်ထဲမှာဝေခွဲမရဖြစ်သွားလေသည်။ဦးလေးကကုမ္ပဏီကိုရောက်လာတာလား။မဟုတ်သေးပါဘူး --- ဝသုန်ဆိုင်ကယ်ကိုစက်မနှိုးသေးဘဲစောင့်ကြည့်နေမိသည်။
ကားကရပ်သွားပြီးကားပေါ်ကနေကမန်းကတမ်းဆင်းလာတဲ့လူတစ်ယောက်။ဝသုန်မျက်တောင်မခတ်ကြည့်နေလိုက်မိသည်။ရုပ်ကမြန်မာရုပ်မဟုတ်။ကားရဲ့ဟိုဘက်ခြမ်းကနေလည်းလူတစ်ယောက်ဆင်းလာခဲ့သည်။
"ဟင်ကိုကို ---"
ဒါဆိုခုနကဖုန်းဆက်တော့ကိုင်တဲ့လူကကိုကို့သူငယ်ချင်းဆိုတဲ့ဒီနိုင်ငံခြားသားပေါ့။ကိုကိုနဲ့အဲ့ဒီ့လူကဝသုန့်ဆီကိုလာနေကြလေသည်။နှစ်ယောက်စလုံးလာနေတယ်ဆိုပေမယ့်အဲ့ဒီ့လူရဲ့ခြေလှမ်းတွေကကိုကို့ထက်ပိုပြီးသွက်လက်စွာဝသုန့်ဆီလာနေခြင်းဖြစ်သည်။
"ဟိုင်း --- ဝသုန်မြေ ----"
အဲ့ဒီ့လူကလက်ထောင်ပြကာဝသုန့်ကိုလှမ်းနှုတ်ဆက်နေလေသည်။ဝသုန်လည်းလက်ပြန်ထောင်ပြလိုက်၏။အဲ့ဒီ့လူကဝသုန့်ဆီကိုလျင်မြန်စွာရောက်လာခဲ့ပြီး
"ကျွန်တော့်နာမည်ကဂျက်စတင်ပါ --- မင်းကသုရှင်မင်းရဲ့ညီဝသုန်မြေနော် ---"
ဝသုန်ခေါင်းငြိမ့်ပြလိုက်တော့သူကဝသုန့်လက်ကိုဆွဲကာအတင်းမိတ်ဆက်နေလေသည်။
"ဝသုန်မြေ့ဆီကအကူအညီတစ်ခုလောက်တောင်းချင်လို့ပါ ---"
ဝသုန်အံ့လည်းအံ့သြနားလည်းနားမလည်စွာနဲ့အဲ့ဒီ့လူကိုသေချာကြည့်နေမိသည်။ကိုကိုကလည်းသူတို့အနားကိုရောက်လာကာ
"ဝသုန် --- သူကမင်းဆီကအကူအညီတောင်းချင်နေတယ်ဆိုတာကဒီကုမ္ပဏီမှာဆံပင်ရှည်ရှည်နဲ့ကောင်မလေးတစ်ယောက်ရှိလား ---"
"ဆံပင်ရှည်ရှည်နဲ့ဟုတ်လားကိုကို ---"
သုရှင်ခေါင်းငြိမ့်ပြလိုက်တော့ဝသုန်စဉ်းစားမိသွားတာတစ်ယောက်ပဲရှိသည်။သူကတော့ရင်ဝှက်ပန်း။ကိုကိုမေးတာကရင်ဝှက်ပန်းကိုလား။ဘယ်လိုလုပ်ပြီးသိတာလဲ။
"မင်းသိတယ်မို့လားဝသုန်မြေ ---"
ဂျက်စတင်ဆိုတဲ့နိုင်ငံခြားသားကကိုကို့ထက်တောင်မှပိုပြီးသိချင်နေပုံပင်။ဝသုန်ကိုကို့မျက်နှာကိုကြည့်လိုက်ကာ
"အင်း --- သိတယ်ကိုကို --- သူကဒီကဝန်ထမ်းအသစ်ပါ --- ရောက်တာရက်ပိုင်းလောက်ပဲရှိသေးတယ် ---"
"ဒါဆို --- အဲ့ဒီ့ကောင်မလေးနဲ့ကျွန်တော့်ကိုမိတ်ဆက်ပေးပါလား ---"
"ဟင် ---"
ဝသုန်အဲ့ဒီ့လူရဲ့မျက်နှာကိုအံ့သြတကြီးကြည့်လိုက်မိသည်။အဲ့ဒီ့လူရဲ့မျက်နှာကတစ်ခုခုကိုလိုလိုချင်ချင်တောင်းဆိုနေတဲ့ပုံဖြစ်သည်။ကိုကို့ကိုကြည့်လိုက်တော့လည်းကိုကို့မျက်နှာကသိပ်ပြီးမကြည်လင်။
"သူနဲ့ကိုကိုတို့နဲ့ကဘယ်တုန်းကသိကြတာလဲ ---"
"အခုလာတဲ့လမ်းမှာပဲ ---"
ကိုကိုဖြေခြင်းမဟုတ်။အဲ့ဒီ့လူကဖြေနေခြင်းဖြစ်သည်။
"သြော် ---"
"လုပ်ပါဝသုန်မြေရယ် --- မိတ်ဆက်ပေးပါနော် --- ကျွန်တော်လေအဲ့ဒီ့မိန်းကလေးကိုမြင်မြင်ချင်းသဘောကျမိလို့ပါ ---"
ဝသုန်အံ့သြပြီးရင်းအံ့သြနေမိလေတော့သည်။
အဲ့ဒီ့အချိန်မှာကုမ္ပဏီဝန်းထဲသို့ကားတစ်စီးဝင်လာ၏။ကုမ္ပဏီရဲ့ဖယ်ရီကားပင်။
"ဟင် --- ဟိုမှာသူစီးတဲ့ကားလာပြီ ---"
ဝသုန်ခေါင်းကုတ်လိုက်မိ၏။ကိုကိုကတော့ဘယ်ကိုမှမကြည့်ပဲဂျက်စတင့်ကိုသာကြည့်နေတော့သည်။ဒီကောင်ကြီးဘယ်လိုဖြစ်တာလဲလို့လည်းသူ့စိတ်ထဲမှာတွေးနေမိ၏။ဟိုကနိုင်ငံခြားသူတွေအပေါ်မှာတော့သူဒီလိုမဟုတ်ခဲ့ပါ။အခုကျမှဒီကောင်မလေးနဲ့တွေ့မှဘယ်လိုဖြစ်တယ်မသိ။
ဖယ်ရီကားပေါ်ကနေလူတွေတစ်ယောက်ပြီးတစ်ယောက်ဆင်းလာကြလေသည်။ပန်းလေးကနောက်ဆုံးမှဆင်းဖြစ်၏။
ဝသုန်ပန်းလေးကိုကြည့်ကာသက်ပြင်းတစ်ခုကိုမသိမသာချလိုက်မိသည်။ဒါပေမယ့်ကိုကိုကသိသွားတဲ့ပုံပါပဲ။ဝသုန့်ဆီသို့အကြည့်တွေရောက်လာခဲ့သည်။
"ဝသုန်မြေ --- လုပ်ပါနော် -- မိတ်ပဲဆက်ပေးပါ --- ကျန်တာကိုကျွန်တော်ကိုယ်တိုင်ကြိုးစားပါ့မယ် ---"
သူကလိုလိုချင်ချင်တောင်းဆိုနေလေသည်။ဝသုန်ခေါင်းငြိမ့်ပြလိုက်ကာပန်းလေးကိုကြည့်လိုက်သည်။ပန်းလေးကခါးလောက်ထိရှည်တဲ့ဆံပင်ရှည်ကိုခေါင်းလျှော်ထားသဖြင့်ဒီအတိုင်းချထားလေသည်။ဟုတ်ပါတယ် --- သူ့မျက်လုံးထဲမှာလည်းဒီနေ့ပန်းလေးကိုကြည့်ရတာစိတ်ထဲမှာတစ်မျိုးထူးခြားနေသလိုလို။ဒီလူကလည်းဘာလို့များပန်းလေးကိုမှသဘောကျခဲ့တာလဲ။
"ရင်ဝှက်ပန်း --- ဒီကိုခဏလောက် ---"
"ပန်းလေး --- ခုနကလမ်းမှာတွေ့ခဲ့တာ --- ဟိုကားမို့လား ---"
မမလတ်ပြတဲ့နေရာကိုပန်းလေးကြည့်လိုက်သည်။ဟုတ်ပါတယ်လမ်းမှာတွေ့ခဲ့တဲ့ခဲပြာရောင်ကားပါပဲ။အဲ့ဒါဘယ်သူ့ကားလဲ။
"ပန်းလေး --- ဟိုမှာဂျာကြီးခေါ်နေတယ် ---"
"ဟင်ဟုတ်လား --- ဒါဆိုမမလတ်တို့အရင်သွားနှင့်လိုက်နော် --- ပန်းလေးဂျာကြီးဆီသွားလိုက်ဦးမယ် --- ဘာခိုင်းမလို့လဲမသိဘူး ---"
"အင်း --- အင်း ---"
မမလတ်တို့ကုမ္ပဏီထဲဝင်သွားတော့ပန်းလေးလည်းကိုဝသုန်မြေ့ဆီကိုထွက်လာလိုက်သည်။သူ့နားမှာယောကျာ်းနှစ်ယောက်ကမတ်တပ်ရပ်နေတော့ပန်းလေးသွားရမှာရှိုးတို့ရှန်းတန်းဖြစ်သွားမိသည်။အဲ့ဒီ့အချိန်မှာကိုဝသုန်မြေကပန်းလေးရဲ့အနားကိုရောက်လာလေသည်။သူရောက်လာတော့မှပဲပန်းလေးရင်ထဲမှာနွေးထွေးသွားသလိုလို။တော်သေးတာပေါ့။
"ဟုတ် --- ပန်းလေးကိုဘာခိုင်းစရာရှိလို့လဲဟင် ----"
ပန်းလေးသူ့ကိုမော့ကြည့်ကာပြောလိုက်တော့ဝသုန်သက်ပြင်းချလိုက်မိပြန်သည်။ဟိုနိုင်ငံခြားသားရဲ့အကြည့်ကလည်းပန်းလေးဆီကမခွာတော့။ဝသုန်စိတ်ထဲမှာတစ်မျိုးဖြစ်သွားမှန်းတော့သိသည်။ဒါပေမယ့်အဓိပ္ပာယ်ဖော်မရခဲ့။
"သူ့နာမည်ကရင်ဝှက်ပန်းပါ --- ရင်ဝှက်ပန်းဒါကဒို့ကိုကို --- သူကတော့ဒို့ကိုကိုရဲ့သူငယ်ချင်းဂျက်စတင်တဲ့ --"
"သြော် --- ဟုတ် --- ပန်းလေးနာမည်ကရင်ဝှက်ပန်းလို့ခေါ်ပါတယ် ---"
"ရပြီသွားတော့ ---"
"ဟင် --- နေဦးလေ ----"
ဝသုန်ကပန်းလေးကိုသွားဖို့ပြောလိုက်ပေမယ့်ဂျက်စတင်ကတော့နေဦးလို့သာပြောနေတော့သည်။ဝသုန်စိတ်ညစ်ပြီးရင်းစိတ်ညစ်နေတော့၏။ပန်းလေးလည်းပြန်လှည့်မယ့်ခြေလှမ်းတွေတန့်သွားတော့သည်။ထို့နောက်အဲ့ဒီ့လူကိုလှည့်ကြည့်လိုက်ပြီး
"ရှင် --- ဘာများပြောမလို့လဲ ---"
"ဂျက်စတင် --- တော်လောက်ပြီလေကွာ ---"
သုရှင်ကြားထဲကနေဝင်ပြောလိုက်ရတော့သည်။
"သုရှင်ငါဘာမှမသိရသေးဘူးလေ ---"
ဂျက်စတင်သုရှင်ကိုတိုးတိုးလေးပြောလိုက်တော့သုရှင်ဂျက်စတင့်လက်ကိုဆွဲကာကားဆီသို့ခေါ်သွားလေသည်။ကားနားရောက်တော့မှသူမနဲ့ဝသုန့်ကိုလှမ်းကြည့်လိုက်ကာ
"မင်းပြောတော့နာမည်ပဲသိရင်ရပြီဆို --- "
"မင်းကလည်းကွာ --- နာမည်ပဲသိသေးတာကို -- ငါကဘယ်လိုစုံစမ်းရမှာလဲ ---"
သူတို့ကြည့်နေဆဲမှာပင်ဝသုန်ကဟိုကောင်မလေးကိုခေါ်ကာကုမ္ပဏီထဲသို့ဝင်သွားတော့သည်။သုရှင်လည်းသူမရဲ့ရှည်လျားတဲ့ဆံပင်တွေကိုငေးကြည့်ရင်းသာကျန်ခဲ့၏။
"ဘယ်လိုပဲကြည့်ကြည့်မျက်လုံးထဲကကိုမထွက်ဘူးကွာ --- အရမ်းကိုချစ်စရာကောင်းတာပဲ ---"
သုရှင်ခေါင်းတယမ်းယမ်းဖြင့်ဂျက်စတင့်ကိုကြည့်လိုက်မိသည်။ဂျက်စတင်ကတော့ဟိုကောင်မလေးကိုကြည့်ကာမျက်နှာကြီးကပြံုးဖြီးနေ၏။
"သွားပြီ --- မင်းတော့ဆေးမမှီတော့ဘူး --- "
သုရှင်ကဘယ်လိုပဲပြောနေပါစေဂျက်စတင်ကတော့မျက်တောင်တောင်မှမခတ်ဘဲသူမကိုငေးကြည့်နေလေတော့သည်။သုရှင်လည်းသူမကိုကြည့်ကာဝသုန့်ကိုသတိရသွားမိသည်။သူမနဲ့ပတ်သက်ပြီးဝသုန့်မှာလည်းအကြောင်းတစ်ခုခုရှိရမယ်။သူမကိုကြည့်ပြီးဝသုန်ဘာလို့သက်ပြင်းချရတာလဲ။

#####
အိပ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora