💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၈) 💜ရာသီဥတုက သာယာလိုက်တာနော်။ နေညိုချိန်ကိုတောင်မှရောက်တော့မယ်။ ဒီအချိန်ဆိုရင် ဟိုးတုန်းက တောင်တုန်းလေးပေါ်မှာထိုင်ပြီး စွန်လွှတ်ခဲ့ဖူးတာကို သတိရမိတယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အခုတော့ အတိတ်မှာကျန်ခဲ့ပြီဖြစ်သည်။
ပန်းလေး ပြန်တွေးမိကာ ပြံုးလိုက်မိလေသည်။ အတိတ်ဆိုတာ ဘယ်လောက်ပဲကြာသွားပါစေ အမှတ်တရဆိုတာကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမှမဟုတ်ဘဲ။ အဲ့ဒီ့လူရှိသည်ဖြစ်စေ မရှိတော့သည်ပဲဖြစ်ပါစေ အမှတ်တရတွေဟာ အမှတ်တမဲ့မှမဟုတ်ခဲ့တာ။
အခုလို အမှတ်တရတွေကို ခနခန အမှတ်တွေ့ရ မြင်ရမိတိုင်း သတိရလိုက်တာ ဂျာကြီးရယ်။ အခုဆိုရင် ဘယ်တွေရောက်လို့ ဘာတွေလုပ်နေလဲဟင်။ ဒီကမ္ဘာကြီးထဲမှာ ရှိရောရှိသေးရဲ့လား။ ပန်းလေးကိုတော့ အမှတ်တရဒဏ်ရာတွေပေးပြီးချန်ခဲ့ရက်တယ်နော်။
ပန်းလေး တစ်ယောက်ထဲ ဂျာကြီးအကြောင်းကို လွတ်လပ်စွာတွေးနေမိလေသည်။ MD က ပန်းလေးကို အရေးကြီးတဲ့လူတစ်ယောက်နဲ့ တွေ့ပေးမယ်ပြောကာ ဒီနေရာမှာစောင့်ခိုင်းခဲ့သည်။ အခုထိပြန်မလာသေး။ ဘယ်သူမို့လို့ အခုလိုအပြင်မှာ တွေ့ပေးရတာလဲ။ အရင်ကဆိုရင်တော့ ဆိုင်တစ်ဆိုင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တွေ့ပေးသည်။ အဲ့ဒါတောင်မှ ပန်းလေးက သူ့ရဲ့ဇနီးဖြစ်နေလို့သာ။ အားလုံးကတော့ ပန်းလေးကိုကြည့်ကာ MD ကို မိန်းမရကံကောင်းတယ်လို့ ပြောကြလေသည်။
လေပြည်ညှင်းလေးက ညင်သာစွာတိုက်ခတ်လာ၏။ အဲ့ဒီ့အချိန်မှာ ပန်းလေးရဲ့နှာခေါင်းထဲသို့ အနံ့တစ်ခုက တိုးဝင်လာလေသည်။
"ဟင် ရေမွှေးနံ့ ---"
ပန်းလေး ရေမွှေးတွေအကြောင်းလည်း သိပ်မသိသလို ရေမွှေးတွေကိုလည်း သိပ်ပြီးမသုံးတတ်ပါဘူး။ ဒါပေမယ့် ဒီရေမွှေးနံ့ကိုတော့ ပန်းလေး အရမ်းကိုရင်းနှီးနေမိလေသည်။ လီလီပန်းရဲ့အဆီတွေနဲ့ ရေမွှေးလုပ်ထားတဲ့အနံ့။ ဒီရေမွှေးက သင်းသင်းလေးမွှေးကာ စျေးလည်းကြီးသလို လူကြိုက်လည်းများသည်ဟု ပန်းလေးကို ပြောဖူးသည်။
နောက်ပြီး ပန်းလေးဘဝမှာ အဲ့ဒီ့ရေမွှေးနံ့ကို လူတစ်ယောက်ဆီကပဲ ရခဲ့ဖူးတယ်။ ပန်းလေးအနားကိုရောက်လာတဲ့အခါတိုင်း သူ့ဆီကနေ အဲ့ဒီ့ရေမွှေးနံ့လေးပဲရတတ်တာ။ အဲ့ဒီ့အချိန်ကတည်းက ပန်းလေး အ့ံဒီ့ရေမွှေးနံ့လေးနဲ့ ရင်းနှီးနေခဲ့မိတာ။ တခြားရေမွှေးတွေအကြောင်းပန်းလေးမသိပေမယ့် အဲ့ဒီ့ရေမွှေးအကြောင်းကိုတော့ ပန်းလေး သေသေချာချာသိထားခဲ့လေသည်။ အဲ့ဒီ့အချိန်ကတည်းက အဲ့ဒီ့ရေမွှေးသုံးတဲ့လူကိုလည်း ပန်းလေး သေချာရင်းနှီးစွာသိခဲ့ရတော့သည်။
စတွေ့ခါစက မာနကြီးတဲ့သူလို့ပန်းလေးထင်ထားကာ သဘောမကျခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ သူဟာ ပန်းလေးရဲ့နှလုံးသားကို သိမ်းပိုက်သွားခဲ့သည်။ သူကတော့ အခုချိန်မှာ ပန်းလေး ဘယ်လောက်ပဲတောင့်တနေပါစေတော့ ပန်းလေးရဲ့အနားကို ဘယ်တော့မှရောက်မလာတော့မယ့် ဂျာကြီးပါ။
အခုလည်း ပန်းလေး ဂျာကြီးသုံးနေကျရေမွှေးနံ့ကို ရနေမိလေသည်။ ပန်းလေး ဂျာကြီးကို တမ်းတနေမိတာအမှန်ပါ။
"သတိရလိုက်တာ ဂျာကြီးရယ် --- ဂျာကြီးကို ဘယ်လောက်တောင်သတိရနေလဲဆိုရင် အခု ပန်းလေးလေ ဂျာကြီး သုံးနေကျရေမွှေးနံ့လေးကို ရနေတယ် --- ပန်းလေးတော့ ရူးနေပြီထင်တယ် ---"
သူမ ပြံုးလိုက်မိလေသည်။ သူမ တကယ်ပဲ ဂျာကြီးကို သတိရနေမိနေတာပါလား။ ပြံုးနေရင်းကနေ မျက်ရည်က ဝဲလာတော့၏။
"ဘယ်တွေရောက်နေတာလဲ --- ပန်းလေးကို ဂျာကြီး တကယ်ပဲ ထားရက်ခဲ့တယ်နော် --- အခုချိန် ပန်းလေးမှာသာ ဂျာကြီးနဲ့ပန်းလေးတို့ရဲ့သားလေးဖြစ်တဲ့ သားလေးမိုးမြေရှင်သာ မရှိခဲ့ရင် ပန်းလေးလေ ဂျာကြီးနောက်ကို လိုက်ခဲ့မိမှာအမှန်ပဲဂျာကြီးရယ် ---"
သူမ ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ခတ်လိုက်မိလေသည်။
"ကိုယ်ကဘယ်သွားလဲဆိုတာသိလို့ မင်းက ဘယ်ကိုလိုက်မှာလဲ ---"
"ဟင် ---"
ပန်းလေး အ့ံသြသွားကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။ သူမ ဂျာကြီးရဲ့အသံကို ကြားလိုက်ရသည်။ ဒါအမှန်ပဲလား။ သူမ မတ်တပ်ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိလေသည်။ အရိပ်ကလေးတောင်မှမတွေ့ရပေ။ သူမ နားကြားမှားတာများလား။
ပန်းလေး မျက်ရည်တွေကျလာတော့၏။ ဂျာကြီးကို သတိရလွန်းလို့များ နားထဲမှာ ဂျာကြီးရဲ့အသံကို ကြားနေရတာလားဟင်။ သူမ ခုံပေါ်မှာပြန်ထိုင်လိုက်ကာ
"ငါ ရူးနေပြီထင်တယ် --- မရှိတော့တဲ့ ဂျာကြီးရဲ့အသံကို ဘာလို့များ ကြားယောင်နေရတာလဲ --- မဟုတ်ဘူး ငါ ဂျာကြီးကိုသတိရလွန်းလို့ ဂျာကြီးရဲ့အသံကို ကြားနေရတာ --- ဟုတ်တယ် ---"
အဲ့ဒီ့အချိန်မှာ ပန်းလေးနောက်က ဧကရာဇ်ပန်းပင်ကြီးရဲ့နောက်ကနေ အရိပ်တစ်ခုဟာ လှုပ်ရှားလာလေသည်။ သူ့ရဲ့ သက်လုံကောင်းမှုအလေ့အကျင့်ကြောင့် ခြေလှမ်းတွေဟာ ပန်းလေးအနားသို့ အသံတိတ်ရွေ့လျားနေလေသည်။
ရေမွှေးနံ့က တဖြည်းဖြည်းနဲ့ သူမအနားသို့ နီးကပ်လာသည်ဟု ထင်ရသည်။
"ဟုတ်တယ် ဒီရေမွှေးနံ့ ---"
သူ ဒီနေရာကိုရောက်နေတာ ကြာနေပြီဖြစ်သည်။ ပန်းလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုကြည့်ချင်လို့ ချက်ချင်းမတွေ့သေးလဲ ပန်းလေးကို သူ ကြည့်နေခဲ့ခြင်းဖြစ်သည်။ အတိတ်က ပုံရိပ်လေးတွေဟာ ခေါင်းထဲမှာ တစ်ခုချင်းစီပေါ်လာခဲ့သည်။ သူ သူမကိုသိပ်ချစ်သည်။ သူမရဲ့အရိပ်ကလေးတွေကိုကအစ အလွတ်ရအောင် တမ်းတမက်မောစွာ ငေးကြည့်နေဖူးသည်။ သူမရဲ့အသံ သူမွှဲ့အသွင်အပြင် သူမနဲ့လှုပ်ရှားမှုလေးတွေကအစ သူ ချစ်သည်။ သူမရဲ့ ဆံပင်ရှည်တွေကိုလည်း သူ သိပ်ချစ်သည်။
သူချစ်သလို ပန်းလေးလည်းချစ်တယ်ဆိုတာကို သူသိသည်။ အဲ့ဒါကြောင့် အခုလိုမျိုး သူသုံးနေကျ ရေမွှေးနံ့ကို ပန်းလေး ချက်ချင်းသိတာပေါ့။ အဲ့ဒီ့အတွက် သူ ပိုပြီး ကျေနပ်မိသည်။ ပန်းလေး အခုလိုသတိရတာနဲ့တင်ပဲ ဒီငါးနှစ်အတွင်း သူပေးဆပ်ခဲ့တာတွေဟာ ဘာမှမဟုတ်တော့သလိုပါပဲ။
သူ ခြေလှမ်းတွေကိုရပ်လိုက်ကာ အနောက်ကနေ ပန်းလေးကို ကြည့်လိုက်မိသည်။ ပန်းလေးရဲ့ဆံပင်က တော်တော်ကိုရှည်လာပြီပဲ။ သူ နောက်ကနေ သဘောကျစွာပြံုးလိုက်မိ၏။
"ပန်းလေး ---"
သူမ နောက်ကိုလှည့်ကြည့်လိုက်မိသည်။ ထို့နောက် သူမ မျက်ဝန်းလေးတွေ ဝိုင်းစက်လာကာ မတ်တပ်ရပ်လိုက်ပြီး
"ဂျာကြီး ---"
ပန်းလေးက သူ့ကို အ့ံသြစွာကြည့်နေလေသည်။
ပန်းလေး မျက်လုံးတွေကို ပွတ်သပ်လိုက်ကာ အဲ့ဒီ့လူကို သေချာကြည့်လိုက်မိသည်။ သူမ မျက်လုံးထဲမှာ ဂျာကြီးရဲ့မျက်နှာကိုသာ မြင်နေ၏။
"ဟုတ်တယ် ပန်းလေး ကိုယ်ပါ ---"
"ဟင် --- တကယ်ဂျာကြီးပဲ ---"
သူမ ချက်ချင်းပဲ ဂျာကြီးဆီကိုပြေးသွားလိုက်ကာ ဂျာကြီးရဲ့ခွင်ထဲသို့တိုးဝင်လိုက်ပြီး ဂျာကြီးရဲ့ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။ ထို့နောက် သူမ ကလေးတစ်ယောက်လို ငိုတော့သည်။
"တကယ် --- တကယ် ဂျာကြီးပါနော် ---"
"ပန်းလေးရယ် --- ကိုယ် ဘယ်လောက်တောင်မှ လွမ်းနေတယ်ဆိုတာ သိရဲ့လား ---"
သူ ပန်းလေးကို ပြန်ပြီး တင်းကြပ်စွာဖက်ထားကာ ပြောလိုက်လေသည်။ သူ ပန်းလေးကို ဘယ်တော့မှ မလွှတ်ချင်တော့ဘူး။ ဒီလိုပဲ တစ်သက်လုံးမလွှတ်ပေးတော့ဘူး။
သူမ ဂျာကြီးကိုမော့ကြည့်လိုက်ကာ ဂျာကြီးရဲ့ရင်ဘတ်ကို သူမ လက်သီးနဲ့ထုလိုက်ကာ
"ဘာလို့ပန်းလေးကိုထားခဲ့တာလဲ --- ဒီမှာ ဂျာကြီးတကယ်သေသွားပြီဆိုပြီး ဘယ်လောက်တောင် ငိုခဲ့ရတယ်ဆိုတာ သိရဲ့လား ---"
သူ ပန်းလေးရဲ့လက်သီးဆုပ်တွေကို ဆွဲကိုင်လိုက်ပြီး သူမလက်နှစ်ဖက်ကို သူ့ခါးတွေကို ဖက်ခိုင်းစေလိုက်ကာ
"ခနလေးပါ ---- ခနလေးပဲ ကိုယ့်ကို ဒီလိုလေးဖက်ထားပါနော် --- ကိုယ့်တို့ရဲ့ သတိရလွမ်းဆွတ်မှုတွေကို မျက်ရည်တွေနဲ့ မစချင်ဘူး ပန်းလေးရယ် --- ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးပါနာ် ---"
သူမ ခေါင်းငြိမ့်လိုက်ကာ ဂျာကြီးကိုဖက်ထားလိုက်လေသည်။ ဟုတ်တယ် ဂျာကြီးနဲ့တွေ့တာ သူမ ငိုနေရမှာမှ မဟုတ်တာ။ အခုလိုမျိုး လွမ်းဆွတ်တမ်းတစွာ ပွေ့ဖက်ထားရမှာလေ။
"ကိုယ့်ကို သတိရရဲ့လားဟင် ---"
"ဘယ်လိုမေးလိုက်တာလဲ ဂျာကြီးရယ် --- ပန်းလေး ဂျာကြီးကို တစိရက်မှမေ့မရခဲ့ပါဘူး --- ပန်းလေး ကျိန်ဆိုကျိန်ရဲပါတယ် ---"
"ကိုယ်ယုံပါတယ်ကွာ --- ကိုယ်လည်း ပန်းလေးကို တစ်စက္ကန့်လေးတောင်မှ မေ့မရခဲ့ဘူး ---"
"အပိုတွေ ---"
"တကယ်ပါဆို မယုံဘူးပေါ့ ---"
"အဲ့ဒါဆို လို့ပန်းလေးကိုထားခဲ့ပြီး ဒီလောက်အကြာကြီး ပျောက်သွားခဲ့တာလဲ ---"
"ဒါတွေအားလုံးဟာ ---"
သူ ဆက်မပြောတော့ဘဲ ရပ်ထားလိုက်မိ၏။ ပန်းလေးအတွက်လို့သာ သူပြောလိုက်မယ်ဆိုရင် ပန်းလေး ဘယ်လောက်တောင်မှ ငိုဦးမလဲမသိ။ ပြီးခဲ့တာတွေအတွက် ပန်းလေးကို ထပ်ပြီး မျက်ရည် မကျစေချင်တော့ဘူး။
"ပြောလေ ဒါတွေအားလုံးက ဘာကြောင့်လဲ ---"
"ပြီးခဲ့တာတွေကို ထားလိုက်ပါတော့အချစ်ရယ် --- ကိုယ်တို့ပြန်တွေ့တဲ့အချိန်မှာ အခုလိုမျိုး အလွမ်းသယ်ပါရစေနော် ---"
သူမ ဂျာကြီးကို ဘာမှပြန်မပြောတော့ဘဲ ဂျာကြီးရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးပဲ နေနေလိုက်မိသည်။ အချစ်တဲ့လား --- အခေါ်အဝေါ်ကလည်း ချက်ချင်းပဲ ပြောင်းသွားတော့သည်။
သုရှင် ကားပေါ်ကနေ သူတို့ကိုကြည့်ကာ ကြည်နူးစွာပြံုးလိုက်မိ၏။ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာပဲ။ သူတို့နှစ်ယောက်အတွက် အရာရာပြည့်စုံပြီပေါ့လေ။ သူ ကားစက်နှိုးလိုက်ကာ တစ်ခေါက်ပြန်ကြည့်လိုက်မိ၏။ ပန်းလေးကိုရော ဝသုန့်ကိုပါ သူ ထာဝစဉ်ပျော်ရွှင်စေချင်ပါသည်။ သူ ပန်းလေးကို မပိုင်ဆိုင်နိုင်ပေမယ့်လည်း သူ ကျေနပ်ပါတယ်။ ပန်းလေးမှ သူ့ကိုမချစ်ခဲ့တာ။ အခုတော့ အားလုံးအဆင်ပြေနေပြီ။ သားလေးက ဝသုန့်ကို အဖေဆိုတာလက်ခံဖို့ပဲ ကျန်တော့သည်။ အဲ့ဒါလည်း သူလုပ်ပေးလို့ရတဲ့အရာပါပဲ။ သူ ကားကိုမောင်းလိုက်တော့သည်။
"ဂျာကြီး ---"
ဂျာကြီးက သူမလက်ကိုဆုပ်ကိုင်ထားကာ ဟိုးအဝေးကြီးသို့ ကြည့်နေလေသည်။
"ဂျာကြီး ဒီအတောအတွင်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေခဲ့တာလဲ ---"
ဂျာကြီးက သူမကိုလှည့်ကြည့်လိုက်ကာ သူမရဲ့ပါးစပ်ကို သူ့လက်ချောင်းနှစ်ချောင်းနဲ့ ပိတ်လိုက်ပြီး
"အချစ် --- ကိုယ်ပြောတာကိုနားထောင်လေကွာ --- အခုချိန်မှာ ကိုယ့်ရဲ့အတိတ်ကို ပြန်မပြောချင်ဘူး --- ကိုယ် အချစ်ကို ဘယ်လောက်လွမ်းနေတာကို အရင်ပြောဦးမယ် --- ကိုယ် အချစ်ကို ဘယ်လောက်လွမ်းနေတဲ့အကြောင်းပြောဖို့အတွက် ကိုယ်တို့တွေမတွေ့ခဲ့တဲ့ ငါးနှစ်ထက်တောင် ပိုကြာဦးမယ် ---"
သူမပြံုးလိုက်တော့ သူ သူမရဲ့ပါးလေးကိုဖိလိုက်ပြီး
"ဘာရယ်နေတာလဲ ကိုယ်ပြောမှာ ဟာသလို့များ ထင်နေတာလား --- ဟင် အချစ် ---"
"မဟုတ်ပါဘူး ပန်းလေး ဘာများပြောမိလို့လဲ ---"
"အဲ့ဒါဆို ဘာလို့အချစ်က ရယ်နေတာလဲ ---"
"ပန်းလေးမရယ်ပါဘူး ဂျာကြီးကလည်း ---"
ပန်းလေး သူ့အကြည့်တွေကို ရင်မဆိုင်ရဲစွာ ခေါင်းငုံ့လိုက်မိသည်။ ဂျာကြီးက အရင်လိုပါပဲလား ဘာမှပြောင်းလဲမသွားဘူး။ ရုပ်က အရင်ထက်တောင်မှ ပိုပြီးခန့်ညားလာတယ်လို့ ထင်ရသည်။
"အဲ့ဒီ ဂျာကြီးဆိုတဲ့အခေါ်အဝေါ်ကို ဘယ်တော့မှ ပြောင်းမှာလဲအချစ် ---"
ပန်းလေး ဂျာကြီးကို အ့ံသြတကြီး မော့ကြည့်လိုက်မိသည်။
"ဟင် ---"
"ပြောင်းသင့်ပြီလို့တော့ ကိုယ်ထင်တယ်နော် --- မဟုတ်ဘူး ပြောင်းကိုပြောင်းရမယ်ကွာ --- ကိုယ်က အခု မင်းရဲ့ မန်နေဂျာမဟုတ်တော့ဘူး --- နောက်ပြီး နောက်ဆိုရင် အချစ်ရဲ့ခင်ပွန်းဖြစ်တော့မှာ ---"
"ဟင် ဂျာကြီးကလည်း ပန်းလေးက ဟိုးအရင်ကတည်းက ခေါ်လာခဲ့တာကို ဘယ်လိုလုပ်ပြောင်းဖို့လွယ်မှာလဲ ---"
"မရဘူးကွာ ပြောင်းရမယ် --- အခုကစပြီး ဂျာကြီးလို့မခေါ်ရတော့ဘူး --- တစ်ခါခေါ်ရင် တစ်ခါအနမ်းခံရမယ် ---"
"ဟင် ဂျာကြီးနော် ---"
"အယ် ခေါ်တယ်ပေါ့ ---"
ပြောလည်းပြော ဂျာကြီးရဲ့မျက်နှာက ပန်းလေးမျက်နှာနားသို့ ရောက်လာလေသည်။ ပန်းလေး ဂျာကြီးရဲ့မျက်နှာကို သူမလက်နဲ့ အတင်းတွန်းထားလိုက်ကာ
"ဟာ ဂျာကြီး မညစ်ပတ်နဲ့နော် ---"
"ပြောနေတဲ့ကြားထဲကကို ဆက်ခေါ်နေတာပေါ့ ---"
ဂျာကြီးက ပြောနေရင်းကနေ ရယ်ကာ အတင်းတိုးလာတော့၏။ ပန်းလေး မရုန်းနိုင်တော့ပဲ မျက်နှာကို ဂျာကြီးရဲ့ရင်ခွင်ထဲမှာ ဖွက်ထားလိုက်ကာ ဂျာကြီးရဲ့ခါးကို တင်းကြပ်စွာဖက်လိုက်ပြီး
"ဟုတ် ပန်းလေးသိပြီ --- ဘယ်လို မခေါ်တော့ဘူးနော် ---"
ဝသုန် ရယ်လိုက်ကာ ပန်းလေးရဲ့ခေါင်းကို သူ့လက်နဲ့ပွတ်သပ်လိုက်လေသည်။
"အချစ်က အခုထိကလေးဆန်နေတုန်းပါပဲလား --- ကိုယ်တော့ ကလေးနှစ်ယောက်ကို ထိန်းရတော့မယ်ထင်တယ် ---"
သူမ ခေါင်းထောင်လာကာ
"ဟင် --- ဂျာ ---"
သူမ ပါးပေါ်သို့ သူ့ရဲ့နူးည့ံတဲ့အနမ်းတွေ ထိရောက်လာလေသည်။ သူမ ဂျာကြီးကို အ့ံသြစွာကြည့်လိုက်ပြီး ဂျာကြီးနမ်းလိုက်တဲ့ သာမပါးကို လက်နဲ့ဖိထားလိုက်မိလေသည်။
"မခေါ်ပါနဲ့ဆိုတာကို ခေါ်ချင်ဦး --- နောက်တစ်ခါ ပါးကို မနမ်းတော့ဘူး ---"
သူ သူ့ကိုအ့ံသြတကြီးကြည့်နေတဲ့ သူမကိုကြည့်ကာ ပြံုးလိုက်မိသည်။
သွားတက်လေးနဲ့ပြံုးတဲ့အပြံုးက အရင်လိုဆွဲဆောင်မှုရှိနေတုန်းပါပဲလား ဂျာကြီးရယ်။
"အချစ် ---"
ဂျာကြီးက သာမလက်နှစ်ဖက်ကိုကိုင်ကာ ခေါ်လိုက်လေသည်။
"ဒါဆို ပန်းလေးက ဂျာ --- အဲ ရှင့်ကိုဘယ်လိုခေါ်ရမှာလဲ ---"
သူမ နှုတ်ခမ်းဆူကာပြောလိုက်တော့ သူ ပြံုးလိုက်ပြန်သည်။ စိတ်ဆိုးရင် အရင်လိုပဲ နှုတ်ခမ်းက ဆူနေတုန်းပါလား။ ပန်းလေးက တကယ်ပဲ ဘာမှမပြောင်းလဲသေးပေ။ ဟိုးအရင်တုန်းက သူ မြတ်နိုးခဲ့တဲ့ ဖြူစင်တဲ့ပန်းလေးတစ်ပွင့်လိုပင်။
"ကိုကိုလို့ခေါ် ---"
"ဟင် ---"
သူမက မျက်လုံးလေးပြူးကာ ပြောလိုက်တော့ သူ အူယားသွားကာ သူမ ပါးကိုဖိလိုက်မိပြန်သည်။
"ဘာလဲ မခေါ်ဘူးလား --- ရတယ်လေ ဒါဆိုလည်းရွေးပေါ့ ဂျာကြီးလို့ခေါ်မလား ကိုကိုလို့ခေါ်မလား --- ဂျာကြီးလို့ခေါ်လည်း ကိစ္စမရှိပါဘူး --- ဒါပေမယ့် တစ်ခုတော့ရှိတယ်နော် ကိုယ်က လူမှုရေးသိပ်နားလည်တာမဟုတ်ဘူး လူကြားထဲပဲဖြစ်ဖြစ် မင်းရဲ့ပါးကို နမ်းမှာပဲ --- ဘယ်လိုလဲ ဂျာကြီးလို့ခေါ်မှာလား ---"
သူမမျက်နှာလေးက နည်းနည်းတော့ ရှုံ့မဲ့သွားလေသည်။
"ကိုကို ---"
"ဒါ ခေါ်တာလား ---"
"ဟုတ် ကိုကိုလို့ပဲခေါ်မယ် ---"
သူပြံုးလိုက်ကာ ပန်းလေးကို ဖက်ထားလိုက်သည်။
"အချစ်က ဘာမှပြောင်းလဲမသွားပေမယ့် ကိုယ်ကတော့ ပြောင်းလဲသွားခဲ့တယ် အချစ် --- အဲ့ဒါလဲဆိုတော့ နောက်ထပ် အချစ်နဲ့မဝေးချင်တော့တာပဲ --- လူတွေရှေ့မှာ ကိုယ့်ကို ဂျာကြီးလို့သာ ဆက်ပြီးခေါ်နေမယ်ဆိုရင် အချစ်နဲ့ကိုယ့်ကို ဘာမှမပတ်သက်ဘူးလို့ထင်ပြီး ကိုယ့်လက်ထဲကနေ အချစ်ကိုလုယူသွားမှာကို ကိုယ်ကြောက်လို့ပါ --- ကိုယ့်ကိုနားလည်ပေးနော် အချစ် --- အချစ်နဲ့သာ ထပ်ဝေးရမယ်ဆိုရင် ကိုယ် အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး ---"
ပန်းလေး ခေါင်းငြိမ့်လိုက်ကာ
"ပန်းလေးနားလည်းပါပြီ ---"
"ကိုယ် သားလေးကို တွေ့ချင်တယ် ---"
"သားလေးက ကိုကိုနဲ့ တစ်ပုံစံထဲပဲ ကိုကို ---"
သူ မျက်လုံးထဲမှာ အဂ္ဂရဲ့လက်ထဲကနေ ရယ်နေတဲ့ သားလေးကိုမြင်ယောင်လိုက်ကာ
"ကိုယ် တွေ့ခဲ့ပြီးပါပြီး --- သားလေးက သိပ်ချစ်ဖို့ကောင်းတယ် ---"
"ကိုပို ဘယ်တုန်းကတွေ့လိုက်တာလဲ --"
"အဂ္ဂလေးရဲ့ကျောင်းမှာလေ ကိုယ်သွားပြီးခိုးတွေ့တာပါ ---"
"ဟင် -- ကိုကို့ကို ဘယ်သူမှမတွေ့ဘူးလား ---"
"အဂ္ဂလေးတော့ ကိုယ့်ကိုမြင်တယ်ထင်တယ် ---"
"အင်း ဟုတ်တယ် ကိုကို့ကိုတွေ့တယ်လို့ မောင်လေးပြောတယ် ---"
"ကိုယ့်ကို အခုချိန်ထိ သတိရပေးတဲ့အတွက် ကိုယ် အရမ်းကျေးဇူးတင်ပါတယ် ---"
"ထာဝရမမေ့ပါဘူး ကိုကိုရယ် ---"
ကိုကိုလို့ခေါ်နေရင်းကနေ အသံကတိုးဝင်သွားလေသည်။ သူမမှ တစ်ခါမှမခေါ်ခဲ့ဖူးတာ။ ပါးစပ်ထဲမှာ တစ်မျိုးကြီးပဲ။ ရင်တွေခုန်နေခဲ့တာတော့အမှန်ပါ။
"အသံက ဘယ်လိုဖြစ်သွားတာလဲ --- ကိုကိုလို့ခေါ်တာကို ရှက်လို့လား --- ရတယ်လေ အချစ်အဆင်မပြေရင် ဂျာကြီးလို့ပဲခေါ်ပါ --- ဒါပေမယ့် ကိုယ်ကတော့ ---"
"ဟာ ကိုကိုကလည်း မရှက်ပါဘူး ပန်းလေး ကိုကိုလို့ပဲခေါ်မှာ ---"
သူမရှက်ရွံ့စွာပြောလိုက်တော့ ဝသုန်မနေနိုင်စွာ ရယ်လိုက်တော့သည်။
"ဟား --- ဟား -- ဟား --- ဘယ်လိုဖြစ်တာလဲ ဂျာကြီးလို့ခေါ်လာတာ နှစ်တွေအများကြီးကြာလာပြီဟာကို အခုမှကြောက်နေတယ်ပေါ့ ဟုတ်လား ---"
"မဟုတ်ပါဘူး ကိုကိုကလည်း ---"
"ဟုတ်ပါပြီ ကိုကိုက စတာပါကွာ --- "
"ပန်းလေးလေ ကိုကို့ကိုလွမ်းနေခဲ့တာ ကိုကိုရယ် ---"
"ကိုယ်လည်း လွမ်းတာပေါ့ အချစ်ရယ် --- ကိုယ်တို့တွေ အခုတော့ ထပ်မဝေးရတော့ပါဘူးနော် --- "
"ဟင့်အင်း မဝေးတော့ဘူး ကိုကို --- ဒီတစ်ခါ ကိုကိုသာ ပန်းလေးကိုထားခဲ့မယ်ဆိုရင် ပန်းလေးလည်း လိုက်ခဲ့မှာပါ ---"
သူ ပန်းလေးကိုတင်းကြပ်စွာဖက်ထားလိုက်ပြီး
"ကိုယ် ဘယ်တော့မှမထားခဲ့တော့ပါဘူး အချစ်ရယ် ---"
သူမ မျက်လုံးကိုအသာမှိတ်လိုက်ကာ ကိုကို့ရင်ခွင်ထဲမှာ အသာလေး ခိုနားလိုက်တော့၏။ ဒီရင်ခွင်သာလျှင် သူထာဝရနားခိုရာ ရင်ခွင်ဖြစ်တော့မှာပါ။
ဘယ်တော့မှ မထားခဲ့တော့ဘူး --- သူ ပန်းလေးကို ထပ်ပြီးမခွဲနိုင်တော့ပါဘူး။ ထပ်ပြီးသာဝေးရမယ်ဆိုရင် သူ အသက်ဆက်ပြီး ရှင်သန်နိုင်မှာမဟုတ်တော့ဘူး။ တစ်ညလေးဝေးရတဲ့အတွက် ကိန္ဒရီ ကိန္ဒရာ ဆယ်ဘဝလောက်ဝေးရတယ်လို့ ခံစားရတာကို သူ အခုမှပဲ သေချာနားလည် ခံစားမိတော့သည်။ သူလည်းပဲ အဲ့လိုခံစားဖူးခဲ့ပြီလေ။ ထပ်ပြီး မခံစားချင်တော့ဘူး။ သူ တစ်ယောက်ထဲနာကျင်ရတာမှမဟုတ်ပဲ ပန်းလေးလည်း နာကျင်ရမှာပဲ။ သူ ပန်းလေးကို ချစ်တယ်။ ထပ်ပြီး မနာကျင်စေချင်တော့ဘူး။
သူ့ရဲ့ပေးဆပ်ခြင်းတွေ အရာထင်ခဲ့တာကိုတော့ သူ ကျေနပ်မိသည်။ သူဖြစ်ချင်တာရယ် ပန်းလေးကိုဖြစ်စေချင်ခဲ့တာရယ် ဖြစ်သွားခဲ့တာကိုပဲ သူ သဘောကျမိခဲ့သည်။ အရာရာအေးချမ်းချင်မိသည်။ သူရယ် ပန်းလေးရယ် သားလေး မိုးမြေရှင်ရယ်အတွက် သာယာလှပတဲ့မိသားစုလေးတစ်ခုကို အမြန်ဆုံးတည်ဆောက်ချင်မိတော့သည်။#####
အိပ်မက်ကြယ်
![](https://img.wattpad.com/cover/325207534-288-k737111.jpg)
YOU ARE READING
ဟန်ဆောင်အမုန်း (Completed)
Romanceအနှိမ်ခံဘ၀လေးမှာ အားကိုးစရာဆိုလို့ အမေနဲ့မောင်လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်မြေ'ဆိုတဲ့ သူမပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့တောင်လဲပြီး ဂရုစိုက်ပေးတဲ့သူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူမဘ၀ဟာ အခက်အခဲအညှိုးအတေးနဲ့ မနာလိုမှုတွေကြားထဲကနေ သူ့အချစ...