အခန်း(၁၈)

274 4 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၈) 💜

"ရှေ့နေကြီးက မြေမထိမိုးမခစံအိမ်မိသားစုရဲ့ရှေ့နေ ဦးကောင်းမြတ်ဟုတ်ပါတယ်နော် ----"
ရှေ့နေကြီးကဝသုန်ပေးတဲ့ပစ္စည်းတွေကိုကြည့်ကာခေါင်းတစ်ချက်ငြိမ့်လိုက်လေသည်။ဒါပေမယ့်သူပေးတာတွေကိုတော့ထိလည်းမထိသေးကြည့်လည်းမကြည့်သေးပေ။
"ဟုတ်ပါတယ်မင်းကဘယ်သူများလဲ ----"
"ကျွန်တော်ကပန်းလေးတို့မိသားစုအတွက်အမှန်တရားကိုဖော်ထုတ်ပေးချင်တဲ့လူတစ်ယောက်လို့ပဲရှေ့နေကြီးမှတ်ထားပေးစေချင်ပါတယ် ---"
ရှေ့နေကြီးကသူ့ကိုအံ့သြစွာကြည့်နေရင်းကနေနားလည်သွားသည့်ပုံဖြင့်ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပါပြီ --- ဒါတွေကဘာတွေများလဲ ---"
"ကျွန်တော်ဖော်ထုတ်မယ့်အမှန်တရားအတွက်လိုအပ်တဲ့အချက်အလက်တွေပါဘဲ --- ဒီပစ္စည်းတွေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်မယ်လို့ကျွန်တော်ထင်တယ် --- ရှေ့နေကြီးလည်းတစ်ချက်လောက်ကြည့်ပေးပါလား ----"
ဝသုန့်စကားကြောင့်ဦးကောင်းမြတ်မျက်လုံးအစုံဟာအရောင်တွေဝင်းလဲ့တောက်ပလာကာသူ့ရှေ့ကစာအိတ်ကိုကမန်းကတမ်းယူလိုက်ကာအထဲကပစ္စည်းတွေကိုဆွဲထုတ်လိုက်လေသည်။အထဲကထွက်လာတဲ့ပစ္စည်းတွေကိုမြင်တော့သူမျက်ရည်တွေဝဲလာ၏။ဒါပေမယ့်သူ့မျက်နှာကတော့ပြံုးနေတယ်ဆိုတာကိုဝသုန်သိလေသည်။
ဦးကောင်းမြတ်ပစ္စည်းတွေကိုတစ်ချက်ပဲကြည့်ကာစားပွဲပေါ်ပြန်တင်လိုက်ပြီးဝသုန့်ကိုလက်ကမ်းပေးလိုက်ကာ
"ဦးလေးမင်းကိုကြိုဆိုပါတယ် ---- ဒီကိစ္စအတွက်ဆိုရင်ဦးလေးရေကုန်ရေခမ်းကူညီပါ့မယ် ----"ဝသုန်ဝမ်းသာသွားကာရှေ့နေကြီးရဲ့လက်ကိုတရိုတသေပြန်ပြီးဆွဲလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်ဗျာ --- ကျွန်တော်လေ --- ဘယ်လိုဝမ်းသာမှန်းမသိတော့ဘူး --- ရှေ့နေကြီးကကူညီမှကူညီပါ့မလားလို့စိုးရိမ်နေခဲ့တာ ----"
ရှေ့နေကြီးကပြံုးလိုက်ကာစားပွဲပေါ်ကပစ္စည်းတွေကိုတယုတယပြန်ပြီးကိုင်လိုက်လေသည်။သူ့လက်ထဲမှာဓာတ်ပုံအယ်ဘယ်လေးတစ်ခု။
"ဦးလေးကရှေ့နေတစ်ယောက်ဆိုတာထက် ---- ဦးသက္ကဖြိုးရဲ့မိတ်ဆွေလည်းဟုတ် --- မြေမထိမိုးမခစံအိမ်မိသားစုရဲ့ရှေ့နေလည်းဟုတ်ပါတယ် --- ဒီကလေးတွေရောအခုဘယ်လိုနေနေလဲဟင် --- အဲ့ဒီ့အိမ်ကိုတောင်မှမရောက်တာတော်တော်ကြာပြီ ----"
ရှေ့နေကြီးကဓာတ်ပုံတွေတစ်ပုံချင်းစီကိုသေချာကြည့်ကာဝသုန့်ကိုမေးလိုက်လေသည်။
"သူတို့အားလုံးကျန်းမာစွာနဲ့ရှိနေပါတယ် --- ဟိုမိသားစုရဲ့အနှိမ်ခံဘဝကနေပေါ့ ---"
ဦးကောင်းမြတ်မျက်နှာတစ်ချက်ပျက်သွားကာ
"သူတို့သတင်းတွေတော့ကြားပါတယ် --- ဒါပေမယ့်ဦးလေးဘာမှလုပ်မပေးနိုင်ခဲ့ဘူး --- ဦးလေးဟာအခုချိန်ထိသူတို့ရဲ့မိသားစုရှေ့နေပါပဲ --- သူတို့ရသင့်တာတွေအားလုံးကိုဦးသက္ကရဲ့ညီမမာလာမြိုင်ကလက်ဝါးကြီးအုပ်ပြီးတော့ဦးသက္ကမရှိတော့တဲ့နောက်ပိုင်းမှာဦးသက္ကရဲ့ဇနီးနဲ့သားသမီးတွေကိုစံအိမ်ကြီးပေါ်ကနေနှင်ချထားတာကိုလည်းဦးလေးသိပါတယ် ---"
ဝသုန်ရှေ့နေကြီးစကားတွေအားလုံးကိုသေချာဂရုတစိုက်နားထောင်နေမိသည်။ရှေ့နေကြီးရဲ့သမာသမတ်ကျတဲ့ဥပဓိရုပ်ကြောင့်ဝသုန်ယုံကြည်အားကိုးမိသွားတာတော့အမှန်ပါ။
"ဟုတ်ပါတယ် --- အခုလည်းပန်းလေးတို့မိသားစုအဲ့ဒီ့ခြံဝိုင်းထဲမှာမရှိတော့ပါဘူး ---"
ရှေ့နေကြီးအကြည့်တွေကသူ့ရုံးခန်းပြတင်းပေါက်ဆီသို့ရောက်သွားကာ
"အဲ့ဒါကိုလည်းဦးလေးကြားပါတယ် --- တစ်ခုခုလုပ်ပေးဖို့ဦးလေးလည်းဦးလေးကြိုးစားခဲ့တယ် -- အခုတော့အဆင်ပြေသွားခဲ့ပြီလို့ပြောပါတယ် --- မင်းကပန်းလေးနဲ့တစ်ခုခုများပတ်သက်နေလို့လား ----"
"အမှန်အတိုင်းပြောရရင်ကျွန်တော်ကကမ္ဘာကျော်ကုမ္ပဏီပိုင်ရှင်ဦးသုကမ္ဘာရဲ့တူဝသုန်မြေပါ ---"
"ဘယ်လို --- သြော် ----"
ဦးကောင်းမြတ်ရုတ်တရက်အံ့သြသွားတဲ့စိတ်ကိုထိန်းမရခဲ့။ဒါပေမယ့်လည်းချက်ချင်းပဲနားလည်သွားခဲ့သည်။
"ဦးသုကမ္ဘာရဲ့သားနဲ့ဒေါ်မာလာမြိုင်တို့သမီးကစေ့စပ်ထားတယ်လို့ဦးလေးကြားမိတယ် --"
ဝသုန်မပြောချင်ဘူး။ဒီအကြောင်းတွေကမကြာသေးခင်ကအကြောင်းအရာတွေပဲ။ကိုကိုကမင်္ဂလာပွဲကိုပြတ်ပြတ်သားသားငြင်းခဲ့ပြီ။အခုတော့ဒီမင်္ဂလာပွဲကသူ့အတွက်ဖြစ်လာခဲ့ပြီ။သူ့မှာကိုကို့လိုမျိုးငြင်းဖို့အတွက်မစဉ်းစားရဲ။သတ္တိမရှိတာမဟုတ်ပါဘူး။သူ့မှာကျေးဇူးသိတတ်တဲ့စိတ်ကြောင့်တွေဝေနေခဲ့တာ၊မပြတ်သားနိုင်ခဲ့တာ။
"မင်းကဦးသုကမ္ဘာရဲ့တူဆိုတော့ပန်းလေးနဲ့ကဘယ်လိုများပတ်သက်လို့လဲ ---"
"ပန်းလေးကကမ္ဘာကျော်ကုမ္ပဏီမှာအလုပ်လုပ်နေတာပါ --- အဲ့ဒါကြောင့်ကျွန်တော်ပန်းလေးရဲ့အကြောင်းတွေအားလုံးကိုသိခဲ့ရတယ် --- ပန်းလေးတို့မိသားစုရဲ့အမှန်တရားကိုဖော်ထုတ်ပေးချင်လို့အခုလိုမျိုးကြိုးစားနေခဲ့တာပါ ---"
ထိုကောင်လေးပြောတာတွေကိုဦးကောင်းမြတ်ကနားထောင်ကာခေါင်းတငြိမ့်ငြိမ့်ဖြင့်တစ်ခုခုကိုလည်းစဉ်းစားနေသည့်ပုံပင်။သူ့စိတ်ထဲမှာလည်းပန်းလေးအပေါ်ထားတဲ့ဒီကောင်လေးရဲ့စိတ်ထားကိုအကဲခတ်နေခြင်းဖြစ်သည်။မဆိုးပါဘူး --- ပန်းလေးကိုဒီကောင်လေးကမြတ်နိုးနေတဲ့ပုံပါ။သူ့အပြောအဆိုသူ့အပြုအမူတွေကစိတ်သဘောရိုးဖြောင့်ပြီးရည်မွန်တဲ့လူငယ်တစ်ယောက်မှန်းသိသာသည်။
စူးရှတဲ့မျက်လုံးတွေရဲ့အကြည့်ကပြတ်သားခြင်းကိုခုံမင်နှစ်သက်သလိုလွတ်လပ်ခြင်းကိုလည်းတန်ဖိုးထားသူတစ်ယောက်။အဲ့ဒါကြောင့်လည်းပန်းလေးတို့မိသားစုအတွက်အခုလိုလုပ်ပေးတာပေါ့။
"ဦးလေးနားလည်ပါပြီ --- ဦးလေးအစအဆုံးကူညီပ့ါမယ် --- ဒီပစ္စည်းတွေကိုမင်းဒေါ်ရွှေဝါဆီကရခဲ့တာမို့လား ---"
ရှေ့နေကြီးရဲ့စကားကြောင့်ဝသုန်အံ့သြစွာကြည့်လိုက်မိသည်။ရှေ့နေကြီးကတေသူအံ့သြနေတာကိုကြည့်ကာပြံုးနေလေသည်။
"အံ့သြနေတာလား --- မကြာသေးခင်ကပဲဒေါ်ရွှေဝါလာပြောသွားလို့သိတာပါ --- သူပြောတဲ့အထဲမှာမင်းလိုလူရွယ်ဆိုတာမပါတော့ဒီပစ္စည်းတွေကိုစတွေ့တွေ့ချင်းအံ့သြသွားခဲ့တာအခုတော့သေချာနားလည်သွားပြီ ---"
"သြော် --- ဟုတ်ကဲ့ --- ရှေ့နေကြီးအနေနဲ့ကျွန်တော့်ကိုကူညီမယ်ဆိုတာကိုကျွန်တော်အရမ်းဝမ်းသာမိပါတယ် --- နောက်ပြီးဖြစ်နိုင်မယ်ဆိုရင်ဒီကိစ္စကိုအမြန်ဆုံးဖော်ထုတ်ပေးစေချင်ပါတယ် ---- ကျွန်တော့်မှာဒီကိစ္စပြီးရင်လုပ်စရာလေးတွေရှိနေသေးလို့ပါ ----"
"ဟုတ်ပါပြီ -- ဦးလေးဒီနေ့ပဲလုပ်ဖို့အတွက်အစီအစဉ်ဆွဲထားလိုက်ပါ့မယ် --- "
ဝသုန်ခေါင်းငြိမ့်လိုက်ကာဘောင်းဘီအိတ်ကပ်ထဲမှာအသင့်ပါလာတဲ့မန်မိုရီစတစ်လေးကိုထုတ်ပေးလိုက်ပြီး
"ဒီစတစ်ထဲမှဒေါ်ရွှေဝါနဲ့စကားပြောထားတဲ့အသံဖိုင်တွေပါပါတယ် ---"
ရှေ့နေကြီးကသူပေးတာကိုလှမ်းယူလိုက်ပြီး
"ကောင်းပါပြီ --- ဒီပစ္စည်းတွေနဲ့တင်အချက်အလက်တော်တော်များများပြည့်စုံနေပါပြီ ----"
"ဒီပစ္စည်းတွေကိုကျွန်တော်ထားခဲ့ပေးရမှာလား ---"
"အင်း --- ထားခဲ့တာပိုကောင်းမယ်လူလေး --- မင်းလက်ထဲမှာရှိနေရင်မင်းအတွက်အန္တရာယ်အရမ်းများတယ် ---"
သူပြောလိုက်တဲ့စကားကြောင့်ဝသုန်မြေရဲ့မျက်နှာကအနည်းငယ်တော့ရှုံ့မဲ့သွားလေသည်။ဘာလို့လဲဆိုတာကိုသူနားမလည်။
"လူလေးဘာဖြစ်လို့လဲ --- ဒီပစ္စည်းတွေထားခဲ့ဖို့အဆင်မပြေဘူးလား ---"
ဝသုန်ရှေ့နေကြီးကိုခေါင်းရမ်းပြလိုက်ကာ
"မဟုတ်ပါဘူး --- ကျွန်တော်နားမလည်တာက --- ကျွန်တော်ပန်းလေးတို့အတွက်ဒီကိစ္စကိုလုပ်ပေးတဲ့အကြောင်းသိတဲ့လူတွေအားလုံးကဘာလို့များကျွန်တော့်အတွက်အန္တရာယ်အရမ်းများတယ်လို့ပြောရတာလဲဆိုတာကိုပါ ---"
"ဟင် ----"
ဦးကောင်းမြတ်ဒီလူလေးပြောလိုက်တဲ့စကားကြောင့်အံ့သြသွားကာမျက်မှန်တွေကိုပင့်တင်လိုက်ပြီး
"လူလေး --- ဘာလို့လဲဆိုတာလူလေးတကယ်မသိတာလား ---"
"ကျွန်တော်သိထားတာတစ်ခုက --- ဒေါ်မာလာမြိုင်ရဲ့ယောကျာ်းကစစ်ဗိုလ်တစ်ယောက်ဆိုတာကိုပဲ --- အဲ့ဒါကိုကျွန်တော်ကကြောက်ရမှာလား --- သူကဘယ်လိုလူမျိုးမို့လို့လဲ ----- ဘာလို့များတော်တော်များများကသူ့ကိုကြောက်ကြတာလဲဦးလေး ----"
"လူလေး --- ဒေါ်ရွှေဝါရဲ့သားတစ်ယောက်ဆုံးသွားရတဲ့အကြောင်းကိုလူလေးသိလား ---"
ဝသုန်ရှေ့နေကြီးကိုသေချာကြည့်လိုက်ကာခေါင်းငြိမ့်ပြလိုက်မိသည်။
"ဒါကိုသိရဲ့သားနဲ့လူလေးရယ် --- အဲ့ဒါဒေါ်မာလာမြိုင်ရဲ့ယောကျာ်းဦးမင်းဦးရဲ့လက်ချက်ကြောင့်ပဲလေ ---"
"အဲ့ဒီ့အတွက်မျက်မြင်သက်သေ --- တရားခံတွေကိုသိခဲ့ကြလို့လား ---"
ဝသုန့်ပြောတာကိုဦးကောင်းမြတ်နားထောင်ပြီးသက်ပြင်းတစ်ချက်ချလိုက်လေသည်။ဒီကိစ္စတွေဟာကြာခဲ့ပြီဆိုပေမယ့်သူလည်းမှတ်မိနေခဲ့သည်။ဘယ်တုန်းကမှမမေ့ခဲ့။အဲ့ဒီ့တရားခံကိုယ်တိုင်ဖွင့်ပြောခဲ့တဲ့စကားတွေကိုသူအသံတောင်သွင်းထားခဲ့သေးသည်။ဦးကောင်းမြတ်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးသူ့ရှေ့စားပွဲအံဆွဲကိုဖွင့်လိုက်ကာအထဲကစီဒီတစ်ချပ်ကိုထုတ်ပြီးဝသုန့်ရှေ့မှာချပေးလိုက်သည်။
"ဒီစီဒီကိုလူလေးကြည့်ပြီးသွားရင်တော့နားလည်လာပါလိမ့်မယ် --- လူလေးယူသွားလိုက်ပါ ----"
ဝသုန်သူ့ရှေ့ကစီဒီချပ်လေးကိုသူစိတ်ဝင်စားစွာကြည့်လိုက်ပြီးယူလိုက်သည်။
"ဒီစီဒီက ---"
"အဲ့ဒီ့တရားခံပြောသွားခဲ့တဲ့ထွက်ဆိုချက်အားလုံးပဲ ---"
"သြော် --- ဟုတ် -- ကျေးဇူးတင်ပါတယ်ဦးလေး ----"
ဦးကောင်းမြတ်ကသူကျေးဇူးတင်တာကိုလက်ခံသည့်သဘောဖြင့်ခေါင်းငြိမ့်ပြနေလေသည်။
"တီ --- တီ --- တီ ----"
ဖုန်းသံကြောင့်ဝသုန်ဦးကောင်းမြတ်ကိုအားနာသလိုကြည့်လိုက်မိသည်။ဦးကောင်းမြတ်ကနားလည်ပေးသည့်အနေဖြင့်ခေါင်းကိုအသာလေးငြိမ့်ပြနေ၏။
ဝသုန်ဖုန်းနံပါတ်ကိုကြည့်လိုက်တော့သူမသိတဲ့နံပါတ်တစ်ခု။ဝသုန်မကိုင်ဘဲထားလိုက်သည်။ဖုန်းသံကတရစပ်ဝင်လာခဲ့၏။
"ကိုင်လိုက်ပါလူလေး --- ဦးလေးကကိစ္စမရှိပါဘူး --- ခနလေးဦးလေးလည်းအပြင်ကိုအလုပ်ကိစ္စနဲ့သွားစရာရှိသေးတယ် ---"
ဝသုန်ခေါင်းငြိမ့်ပြလိုက်ကာဖုန်းကိုကိုင်လိုက်၏။
"ဟယ်လို ---"
"ဝသုန်မြေ ---"
အသံကိုရင်းနှီးသလိုလိုပဲ။ဒါပေမယ့်သူအံ့သြနေတာကမိန်းကလေးအသံဖြစ်နေလို့ပဲဖြစ်သည်။ရှေ့နေကြီးကိုကြည့်လိုက်တော့ရှေ့နေကြီးကအံဆွဲထဲကနေသူ့ကိုယ်ပိုင်ပစ္စည်းတစ်ချို့ကိုထုတ်ယူနေလေသည်။ဝသုန်အလိုက်သိစွာဖြင့်သူ့ရုံးခန်းထဲကနေထွက်လာလိုက်သည်။
"ဘယ်သူလဲ ---"
"ရှင်ဘယ်လိုစဉ်းစားထားလဲ ---"
ဟင် --- ဒီအသံကိုသူတော်တော်လေးကိုရင်းနှီးနေပါတယ်။
"မင်းကဘယ်သူလဲ ---"
"ကျွန်မနွေဦးမေ ---"
"ဘာ --- "
"ဟုတ်ပါတယ် -- ဘာလဲဖုန်းဆက်လို့အံ့သြသွားတာလား ---"
ဝသုန်ရှေ့နေကြီးနေတဲ့အထပ်မြင့်တိုက်ခန်းလှေကားပေါ်ကနေတစ်ထပ်ချင်းဆင်းလာမိသည်။ဓာတ်လှေကားရှိပေမယ့်သူမစီးချင်ဘူး။ဓာတ်လှေကားစီးရတာကိုငယ်ငယ်ကတည်းကမကြိုက်ခဲ့တာ။မွန်းကြပ်လွန်းတာကိုသူမလိုချင်ဘူး။အဲ့ဒါကြောင့်ပဲရိုးရိုးလှေကားပေါ်ကနေဆင်းခဲ့ခြင်းဖြစ်သည်။တိုက်ကအထပ်မြင့်ရှေ့နေကြီးနေတာကလေးထပ်မြောက်မှာ။အသွားအလာသူ့အတွက်ကတော့အခက်အခဲမရှိခဲ့ပါဘူး။
"ဟယ်လို --- ကြားလား ---"
ဝသုန်တွေးနေရင်းကနေဖုန်းပြောနေတာကိုတဒင်္ဂမေ့သွားလေသည်။သူ့ဘက်ကပြန်ပြောတော့မှပဲအသိကပြန်ဝင်လာ၏။
"အင်းကြားတယ် --- ဘာကိစ္စဖုန်းဆက်ရတာလဲ ---"
"နွေဦးသိချင်တာရှိလို့ပါ --- ရှင်နွေဦးကိုဘယ်လိုစဉ်းစားထားလဲ --- "
ဝသုန်ခေါင်းကိုမကုတ်မိအောင်ထိန်းထားလိုက်မိသည်။ဒီအကြောင်းကိုသူတမင်သက်သက်မေ့ထားခဲ့တာ။အဲ့ဒါကြောင့်လည်းအိမ်ရောက်ရင်တောင်မှဦးလေးနဲ့ထမင်းစားမဆုံအောင်သူနေခဲ့တာ။အဲ့ဒါဟာသူရှောင်နေခဲ့တာပါပဲ။ဒါပေမယ့်ရှောင်လွှဲလို့မရဘူးဆိုတာကိုသိရဲ့သားနဲ့ပဲသူရှောင်လွှဲနေခဲ့သည်။
"စဉ်းစားနေတုန်း ---"
"ရှင်နွေဦးကိုအရမ်းမုန်းနေတယ်ဆိုတာကိုနွေဦးသိတယ် --- ဒါပေမယ့်ရှင်နွေဦးကိုလက်ထပ်ရမှာပဲ --"
ဟုတ်တယ်အသံကြားရတာကိုတောင်မှသူအရမ်းမုန်းနေခဲ့တာ။
"ဘာလို့လဲ --- ငါမင်းကိုလက်မထပ်ရင်ဘာဖြစ်မှာမို့လို့လဲ ---"
"ရှင်မသိလို့မေးတာလား ---"
"ဘာလဲ --- အဲ့ဒါဆိုရင်မင်းအဖေကငါ့ကိုသတ်မှာမို့လို့လား ---"
"ရှင် ---"
သူပြောလိုက်တဲ့စကားကသူမရင်ထဲသို့တည့်တည့်ကြီးထိသွားသည့်ပုံပင်။သူမစကားကိုဆက်မပြောတော့။ဝသုန်ပြံုးလိုက်မိ၏။
"မဟုတ်ဘူး --- ရှင်သေရမှာထက်တောင်ဆိုးတယ် --- ကျွန်မရှင့်အသားကိုတောင်ထိစရာမလိုဘူး ---- ရင်ဝှက်ပန်းကိုနည်းနည်းလေးထိလိုက်ရုံနဲ့တောင်ရတယ် ---"
"ဘာ ---"
ဝသုန့်အပြံုးတွေချက်ချင်းပျောက်ကွယ်သွေားတော့သည်။သူ့မျက်လုံးတွေဟာပိုပြီးစူးရှလာတယ်လို့သူ့ကိုယ်ကိုထင်လိုက်မိ၏။
"ဟုတ်တယ် --- အဲ့ဒီ့အတွက်ရှင်ကျွန်မကိုလက်ထပ်ရမယ်ဝသုန်မြေ --- အဲ့လိုမှမဟုတ်ရင် ---"
"နွေဦးမေ --- မင်းကတော်တော်ယုတ်မာတဲ့မိန်းမတဲ့ --- "
"ဟား --- ဟား --- ဟားရှင်ထင်ချင်သလိုထင်နိုင်တယ် ---- အဓိကကရှင်ကျွန်မကိုလက်ထပ်ဖို့ပဲ --- ရှင်ကျွန်မကိုသာလက်ထပ်မယ်ဆိုရင်ရင်ဝှက်ပန်းကိုလက်ဖျားနဲ့တောင်ထိမှာမဟုတ်ဘူး ---"
ဝသုန်စိတ်ကိုလျှော့လိုက်ကာအတတ်နိုင်ဆုံးအသက်ကိုပုံမှန်ဖြစ်အောင်ရှူလိုက်မိသည်။
"ကောင်းပြီ --- မင်းပန်းလေးကိုလက်ဖျားနဲ့တောင်မထိဘူးလို့ကတိပေးပါ --- "
"ကျွန်မကတိပေးတယ် --- ရှင်လည်းကျွန်မကိုလက်ထပ်မယ်ဆိုတဲ့အကြောင်းရှင့်ဦးလေးကိုပြောလိုက်ပါ ---"
ဝသုန်မျက်ရည်တွေဝဲလာတယ်လို့ထင်လိုက်မိသည်။သူချက်ချင်းပဲမျက်ရည်တွေကိုုပုတ်ခတ်လိုက်၏။
"စိတ်ချငါမင်းကိုလက်ထပ်မယ် ---- "
"ရှင်တကယ်ပြောတာနော် ---"
"ဟုတ်တယ် ---"
သူမရင်ထဲမှာအတိုင်းမသိပျော်သွားလေတော့သည်။သူ ---- သူနွေဦးကိုတကယ်လက်ထပ်တော့မယ်တဲ့လား။လုံးဝကိုမယုံနိုင်ခဲ့။ကြားခဲ့တဲ့စကားတွေကတကယ်မှဟုတ်ပါရဲ့လား။ဖုန်းထဲမှာ Recording ပါတော့နွေဦးပြန်ပြီးနားထောင်လို့ရသည်။
"ဟယ်လို ---"
သူ့ဘက်ကဘာသံကိုမှမကြားရတော့ပေ။
"ဟင် --- ဖုန်းချသွားတာလား ---"
နွေဦးနှုတ်ခမ်းလေးစူလိုက်မိ၏။ဘာပဲဖြစ်ဖြစ်သူ့ဘက်ကလက်ထပ်မယ်ဆိုတဲ့စကားကြားတော့နွေဦးပျော်လွန်းလို့နှလုံးခုန်နှုန်းတွေတောင်မှရပ်တန့်သွားသလားလို့ထင်မှတ်နေမိတော့သည်။ပန်းလေးတစ်ခုခုဖြစ်မှာကိုသူအရမ်းကိုကြောက်နေတာပဲ။သူပန်းလေးကိုမြတ်မြတ်နိုးနိုးချစ်နေတယ်ဆိုတာတကယ်ပေါ့နော်။သူပန်းလေးကိုချစ်တာရဲ့တစ်ဝက်မဟုတ်ရင်တောင်မှဆယ်ပုံပုံတစ်ပုံလောက်ကိုနွေဦးရမယ်ဆိုရင်နွေဦးသေပျော်ပါပြီဝသုန်ရယ်။နွေဦးလည်းရှင့်ကိုအရမ်းကိုစွဲလမ်းနေမိပြီသိလား။
ရှင်နွေဦးကိုလက်ထပ်ရမယ့်အတွက်ရှင်မပျော်ရွှင်နိုင်ဘူးဆိုတာနွေဦးသိပါတယ်။ဒါပေမယ့်နွေဦးရှင့်ကိုမစွန့်လွှတ်ပေးနိုင်ဘူး။ရှင့်ကိုသာစွန့်လွှတ်ပေးလိုက်ရင်နွေဦးပန်းလေးကိုရှုံးရမှာ။ဟင့်အင်း --- နွေဦးအရှုံးမခံနိုင်ဘူး။အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုတာကိုနွေဦးလက်ခံတယ်။နွေဦးရှင့်ကိုပိုင်ဆိုင်ချင်တယ်။
နွေဦးမျက်ရည်တွေပါးပြင်ပေါ်သို့တလိမ့်လိမ့်စီးကျလာခဲ့သည်။ဒီမျက်ရည်တွေကဘယ်လိုလုပ်ပြီးကျလာရတာလဲ။သူနွေဦးကိုလက်ထပ်မယ်ဆိုတဲ့စကားကြောင့်လား၊ဒါမှမဟုတ်သူပန်းလေးကိုချစ်လို့နွေဦးကိုလက်ထပ်မယ့်အတွက်ကြောင့်လား၊ဒါမှမဟုတ်သူ့ရဲ့မပျော်ရွှင်မှုတွေကိုနွေဦးသိသွားမိလို့လား။နွေဦးမသုတ်မိ။ဝမ်းသာလို့ပဲကျကျဝမ်းနည်းလို့ပဲကျကျဒီမျက်ရည်တွေကိုနွေဦးလွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်တော့မယ်။
× × × × × × ×
"ကိုခိုင်ဦးဂျာကြီးဘယ်သွားတာလဲဟင် ---"
ပန်းလေးဖိုင်လေးတစ်ခုကိုရင်မှာပိုက်ထားပြီးတော့ခိုင်ဦးရှေ့ရောက်လာကာခိုင်ဦးကိုမေးလိုက်လေသည်။ခိုင်ဦးခေါင်းထဲမှာအပြေးအလွှားစဉ်းစားလိုက်မိ၏။သူဘယ်လိုဖြေလိုက်ရမှာလဲ။အခုချိန်ဆိုဝသုန်ဘယ်ရောက်နေပြီလဲ။ဒီနေ့ရှေ့နေကြီးဆီသွားမယ်လို့တော့ပြောတာပဲ။ဟိုတစ်နေ့ကသွားတော့သူရှေ့နေကြီးကိုမတွေ့ခဲ့လို့ဒီနေ့စောစောသွားမယ်ဆိုပြီးမနက်ရှစ်နာရီလောက်ကတည်းကထွက်သွားခဲ့တာ။အခုချိန်ထိပြန်မလာသေးဘူး။
"ကိုခိုင်ဦးပန်းလေးမေးနေတာကိုကြားလားဟင် ---"
"ဟင် --- သြော်ပန်းလေးဟိုလေ --- ဝသုန်ကအပြင်မှာဧည့်သည်တွေနဲ့သွားတွေ့တာ --- မနက်ကတည်းကပဲ --- "
"ဟုတ်လား --- ပန်းလေးဖုန်းဆက်နေတာကိုလည်းမကိုင်ဘူး --- ပန်းလေးကဂျာကြီးဘာဖြစ်လို့များလဲလို့ --- မေမေဆေးရုံကဆင်းတဲ့နေ့ကလည်းမလာဘူး ---"
ပန်းလေးမျက်နှာလေးရှုံ့မဲ့သွားကာပြောလိုက်တော့ခိုင်ဦးလည်းစိတ်မကောင်းဖြစ်သွားလေသည်။ဟုတ်တယ်ပန်းလေးဖုန်းဆက်တိုင်းဝသုန်တစ်ခါမှမကိုင်ခဲ့ဘူး။
အဲ့ဒါကိုခိုင်ဦးသိပေမယ့်ဘာမှမပြောခဲ့ပါဘူး။အဲ့ဒါဘာလို့လဲဆိုတော့သူဝသုန့်ခံစားချက်တွေကိုနားလည်လို့ပါ။အခုဝသုန်အရမ်းခံစားနေရတယ်ပန်းလေးနဲ့ပတ်သက်ပြီးတော့။
"ပန်းလေး MD ခေါ်နေတယ် ---"
"ရှင်ဟုတ်မမလတ်ပန်းလေးသွားလိုက်မယ်နော် --"
"အင်း --- အင်း ---"
"ကိုခိုင်ဦးပန်းလေးသွားလိုက်ဦးမယ်နော် --"
ခိုင်ဦးခေါင်းငြိမ့်ပြလိုက်တော့ပန်းလေး MD ဆီထွက်လာလိုက်သည်။
ပန်းလေးတံခါးပေါက်ကိုဖွင့်ပြီးအထဲကိုဝင်သွားလိုက်သည်။အထဲမှာ MD ကသူ့နေရာသူထိုင်နေလေသည်။ကိုဂျက်စတင်ကိုလည်းတွေ့လိုက်ရတဲ့အတွက်ပန်းလေးအ့ံသြသွားမိသည်။
"MD ပန်းလေးကိုခေါ်တယ်ဆို ---"
သုရှင်သူ့ရှေ့ကခုံကိုလက်ညှိုးထိုးပြလိုက်ကာ
"အင်းအဲ့ဒီ့မှာထိုင် ---"
ပန်းလေးကသူပြတဲ့နေရာမှာထိုင်လိုက်ကာသူ့ကိုကြည့်နေ၏။
"မင်းအမေဆေးရုံကဆင်းလာပြီဆို ---"
"ဟုတ်ဆင်းလာပါပြီ ---"
"အခုနေတဲ့အိမ်ကရောနေရတာအဆင်ပြေရဲ့လား ---"
MD စကားကြောင့်ပန်းလေးအ့ံသြသွားမိသည်။
"ပန်းလေးတို့အိမ်ပြောင်းတာကို MD ဘယ်လိုသိတာလဲဟင် ---"
သုရှင်ပန်းလေးကိုကြည့်ကာငြိမ်သွားမိသည်။ပြီးတော့မှစဉ်းစားမိသွားပြီးခေါင်းငြိမ့်လိုက်ကာ
"အင်းဟုတ်တယ်ဂျက်စတင်ပြောလို့ ---"
သုရှင်စကားကြောင့်ဂျက်စတင်သုရှင်ကိုမျက်စောင်းထိုးလိုက်၏။ပန်းလေးအကြည့်တွေကသူ့ဆီသို့ရောက်လာကာ
"သြော် --- ပန်းလေးကိုဂျက်စတင့်ကိုကျေးဇူးတင်စကားမပြောရသေးဘူး -- မေ့နေတယ် --- မေမေ့ဆေးရုံစရိတ်တွေကိုရှင်းပေးတဲ့အတွက်ပန်းလေးကျေးဇူးတင်ပါတယ်နော် ---"
"အဲ့ဒါ ---"
ဂျက်စတင်သုရှင်ကိုကြည့်လိုက်တော့သုရှင်ကခေါင်းကိုအသာယမ်းပြနေ၏။ဂျက်စတင်မျက်နှာ့မှာအလိုမကျတဲ့အရိပ်အယောင်တွေကိုတွေ့လိုက်ရလေသည်။ပန်းလေးအကြည့်တွေကလည်းသုရှင်ဆီသို့ရောက်သွားပြီး
"ဘာဖြစ်လို့လဲဟင် ---"
ဂျက်စတင်ခေါင်းရမ်းပြလိုက်ပြီး
"ဟင့်အင်းဘာမှမဟုတ်ပါဘူး --- ရပါတယ်ကျေးဇူးမတင်ပါနဲ့ကိုယ့်အတွက်ကအပန်းမကြီးပါဘူး ---"
"ဘာပဲဖြစ်ဖြစ်ပန်းလေးကျေးဇူးတင်ပါတယ် ---"
ဂျက်စတင်ဘာမှပြန်မပြောတော့ဘဲခေါင်းငြိမ့်ပြလိုက်လေသည်။ထို့နောက်သုရှင်ကိုကြည့်လိုက်ပြီး
"သုရှင်ပြောလိုက်လေကွာ ---"
ပန်းလေးကသုရှင်ကိုကြည့်လိုက်ဂျက်စတင့်ကိုကြည့်လိုက်နဲ့နားမလည်ဖြစ်နေသည်။
သုရှင်ပန်းလေးကိုတစ်ချက်ကြည့်လိုက်ကာဂျက်စတင့်ကိုပြန်ကြည့်ပြီးခေါင်းရမ်းပြလိုက်လေသည်။
"ရပြီဘာမှမဟုတ်တော့ဘူးအဲ့ဒါလေးသိချင်လို့ --- ရပြီမင်းအလုပ်မင်းသွားလုပ်တော့ ---"
ပန်းလေးထိုင်နေရာကနေမတ်တပ်ရပ်လိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပန်းလေးသွားတော့မယ် ---"
ပန်းလေးသူ့ရှေ့ကနေထွက်သွားတော့လည်းသူ့ရင်ထဲမှာဘယ်လိုကြီးခံစားလိုက်ရမှန်းမသိ။ပန်းလေးကိုငေးကြည့်နေမိသည်။
"သုရှင်မင်းဘာဖြစ်နေတာလဲ --- ဖွင့်ပြောမယ့်ဟာကိုပြောလိုက်လေ --- မင်းဘာတွေတွေဝေနေတာလဲ ---"
သုရှင်ဂျက်စတင့်ကိုလှည့်မကြည့်ဘဲခေါင်းရမ်းလိုက်ကာ
"ဟင့်အင်းမပြောသေးဘူး ---"
"ကျွတ်မင်း ---"
ဂျက်စတင်ကအားမလိုအားမရဖြစ်နေပေမယ့်သုရှင်ကတော့တည်ငြိမ်စွာပန်းလေးထွက်သွားတဲ့ပြတင်းပေါက်ကိုပဲငေးကြည့်နေတော့သည်။
"ငါဝသုန့်ကိုအားနာတယ် ---"
"မင်းအဲ့လိုလုပ်နေသုရှင် --- မင်းကျန်ရစ်ဖြစ်တော့မှာကြည့်နေ ---"
ဂျက်စတင်သုရှင်ကိုစိတ်ဆိုးစွာဖြင့်ပြောကာသူ့အခန်းထဲကနေထွက်သွားလေသည်။ဂျက်စတင်ကဒီနေ့ပန်းလေးကိုဖွင့်ပြောဖို့အတွက်သူ့ကိုအားပေးခဲ့သည်။သူကလည်းဖွင့်ပြောမယ်လို့ပြောခဲ့၏။အခုသူဝသုန့်အကြောင်းတွေးမိပြီးပန်းလေးကိုပြောမထွက်ခဲ့။
ဝသုန်ကပန်းလေးကိုသိပ်ချစ်တာ။အဲ့ဒါကိုသူတွေးမိတိုင်းလည်းရင်ထဲမှာတဆစ်ဆစ်နာကျင်လာတယ်။သူပန်းလေးကိုဝသုန့်လောက်တောင်ချစ်ပါရဲ့လားလို့လည်းခနခနမေးနေမိတယ်။
အခုအခြေအနေအားလုံးကဝသုန့််အပေါ်မှာသာမူတည်နေတော့သည်။နွေဦးမေနဲ့ပတ်သက်ပြီးဝသုန်ဘယ်လိုဆုံးဖြတ်ထားပြီလဲ။အဲ့ဒါကိုသူသိချင်မိတယ်။

#####
အိပ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Where stories live. Discover now