အခန်း(၁၃)

308 4 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၃) 💜

"ကိုကို ---"
သုရှင်ဖတ်နေတဲ့စာအုပ်ကိုကုတင်ဘေးစားပွဲပေါ်မှာမှောက်တင်လိုက်ကာဝသုန့်ကိုကြည့်လိုက်လေသည်။
"ဝသုန်လာလေ ---"
ဝသုန်ကိုကို့ကုတင်ပေါ်မှာတက်ထိုင်လိုက်ကာကိုကို့ကိုကြည့်လိုက်တော့ကိုကိုကစာကြည့်မျက်မှန်ကိုပါချွတ်လိုက်ပြီးစားပွဲပေါ်တင်လိုက်သည်။
"ကိုကိုဘာတွေလုပ်နေတာလဲ ---"
သုရှင်အညောင်းဖြေသည့်သဘောဖြင့်လက်နှစ်ဖက်ကိုဆန့်ကာအပေါ်သို့မြောက်လိုက်ပြီး
"စာဖတ်နေတာလေ ---"
သူ့အဖြေကိုဝသုန်ကအလိုမကျစွာခေါင်းရမ်းနေလေသည်။
"မဟုတ်ဘူးကိုကို --- ကျွန်တော်မေးတာက ---"
"ဘာလဲရင်ဝှက်ပန်းနဲ့ပတ်သက်လို့လား ----"
ဝသုန်ကိုကို့မျက်နှာကိုမော့ကြည့်လိုက်မိ၏။သန့်စင်ကြည်လင်နေတဲ့မျက်နှာမှာအနည်းငယ်စိတ်ရှုပ်ထွေးနေမှုကြောင့်တောက်ပတဲ့အလင်းရောင်အောက်မှာကိုကို့အကြည့်တွေကဖျော့တော့တော့ဖြစ်နေလေသည်။
"ဟုတ်တယ်ကိုကို --- ကိုကိုပန်းလေးနဲ့ဘာလို့ပတ်သက်နေတာလဲ --- အဲ့ဒါကိုကျွန်တော်သိချင်နေတယ် ---"
"ကိုကိုကသူ့ရဲ့အလုပ်ရှင်ပဲ --- သူနဲ့ပတ်သက်နေတာဘာဖြစ်လို့လဲ --"
ဝသုန့်အကြည့်တွေကသုရှင်ဆီသို့စူးစမ်းသလိုရောက်လာလေသည်။
"ကိုကိုသိလား ---"
"ဘာကိုလဲ ---"
ဝသုန်ကိုကို့ဆီကသူ့အကြည့်တွေကိုစားပွဲပေါ်ကစာအုပ်ဆီသို့အကြည့်လွှဲလိုက်မိ၏။
"ပန်းလေးအကြောင်းကို ---"
"မင်းသိသလောက်တော့ငါလည်းသိပါတယ် ----"
"မဟုတ်ဘူးကိုကို --- ကိုကိုကကျွန်တော်သိသလောက်တောင်သိတာမဟုတ်ဘူး --- ကိုကိုသိထားတာတွေကဘာတွေလဲ ---"
"သူ့မှာအဖေမရှိဘူး --- အမေနဲ့မောင်လေးတစ်ယောက်ရှိတယ် --- ပညာအရည်အချင်းက --- ဆယ်တန်းအောင် --- ဒီကုမ္ပဏီမှာအလုပ်ရအောင်ဘယ်သူသွင်းပေးတယ်ဆိုတာကအစကိုကိုသိတယ် ----"
သုရှင်ကဝသုန်မေးတာကိုသိပ်ပြီးအလေးမထားသလိုပြန်ဖြေလိုက်လေသည်။
ဝသုန်ကိုကို့အဖြေကိုခေါင်းရမ်းလိုက်ကာ
"ကိုကိုသိတာအပေါ်ယံတွေပဲ ---"
သုရှင်ဝသုန့်ကိုအကဲခတ်လိုက်မိသည်။ဝသုန့်မျက်နှာကသူ့ဘက်လှည့်နေတာမဟုတ်ပေမယ့်တစ်စွန်းတစ်စကိုတော့သူမြင်နေရသည်။တောက်ပတဲ့အလင်းရောင်အောက်မှာသူ့မျက်နှာကအရောင်တွေကအနည်းငယ်ထိုင်းမှိုင်းနေလေသည်။
"ပြောပါဦး --- မင်းဘာတွေများသိထားလို့လဲ ---"
"ကိုကို --- သူနဲ့မြေမထိမိုးမခစံအိမ်ရဲ့ပတ်သက်မှုကိုသိလား ---"
သုရှင်မျက်မှောင်ကုတ်လိုက်မိသည်။ဝသုန်ကတော့သူ့ကိုကြည့်နေတာမဟုတ်တော့သိမှာမဟုတ်။သုရှင်ခေါင်းအုံးကိုကုတင်ပေါ်မှာမှီလိုက်ပြီးသူကခေါင်းအုံးကိုကျောမှီလိုက်ကာ
"သူကအဲ့ဒီ့အိမ်မှာတောက်တိုမယ်ရခိုင်းဖို့အတွက်ခေါ်ထားတာဆို ---"
ကိုကို့စကားကြောင့်ဝသုန်အားရပါးရရယ်လိုက်လေသည်။သူ့ရယ်သံကအသက်မပါလှ။သူ့ရယ်သံမှာနာကြည်းချက်အနည်းငယ်ပါနေ၏။
"အောက်တန်းကျတဲ့စိတ်ဓာတ်တွေ ---"
"ဘာ ----"
ဝသုန့်စကားကြောင့်သုရှင်အံ့သြသွားလေသည်။
"ဝသုန်မင်း --- ဘယ်သူ့ကိုပြောတာလဲ---"
"အဲ့ဒီ့အိမ်ကမိန်းမတွေကိုလေ ---"
"သူတို့နဲ့ဘယ်လိုပတ်သက်လို့လဲ ---"
"အဲ့ဒီ့စံအိမ်ရဲ့တကယ့်ပိုင်ရှင်အစစ်တွေကနွေဦးမေတို့မိသားစုမဟုတ်ဘူး --- အဲ့ဒါကိုရောကိုကိုမသိဘူးမို့လား ---"
ဝသုန်ပြောတဲ့စကားအားလုံးကိုသုရှင်နားမလည်။
"ဝသုန်မင်းပြောတာတွေကိုကိုကိုနားမလည်ဘူး ---"
"မြေမထိမိုးမခစံအိမ်ရဲ့ပိုင်ရှင်အစစ်ကပန်းလေးတို့မိသားစုပဲ ---"
"ဟင် ---"
ဝသုန့်စကားကြောင့်သုရှင်ပါးစပ်အဟောင်းသားနဲ့အံ့သြသွားလေတော့သည်။
"ဝသုန် --- ဝသုန်ပြောတာတွေကတကယ်လား ---"
"ဟုတ်တယ် --- အဲ့ဒါကြောင့်ညီပြောတာပေါ့ --- ပန်းလေးနဲ့ပတ်သက်ပြီးကိုကိုသိထားတာတွေအားလုံးကအပေါ်ယံတွေဆိုတာ ----"
ကိုကို့ဆီကဘာအသံမှထွက်မလာတော့။ကိုကိုအရမ်းအံ့သြသွားမယ်ဆိုတာဝသုန်သိပါတယ်။ပန်းလေးနဲ့ပတ်သက်ပြီးဘယ်သူကမှမသိသေးတဲ့အကြောင်းတွေကိုဝသုန်ဖော်ထုတ်ဖို့အတွက်ကြိုးစားနေတာ။အဲ့ဒါကိုကိုကိုလည်းသိရမှာပဲ။မကြာခင်ပေါ့။
"ဝသုန် --- ဘယ်လိုလုပ်ပြီးရင်ဝှက်ပန်းက --- အခုလိုမျိုး ---"
"ဘယ်လိုဖြစ်ရမှာလဲ --- ကိုကိုနဲ့စေ့စပ်ထားတဲ့နွေဦးမေတို့သားအမိကြောင့်လေ ---"
"ဟင် ---"
"ဟုတ်တယ် --- သူတို့တွေကြောင့်ပန်းလေးတို့မိသားစုအခုလိုဖြစ်သွားခဲ့ရတာပဲ ---"
ဝသုန့်စကားသံတွေကမကျေနပ်ချက်ကိုထုတ်ဖော်ပြောပြသလိုဒေါသသံတွေပါနေခဲ့သည်။အဲ့ဒါကိုကိုကိုသိမှာပါ။ကိုကို့ကိုလည်းဝသုန်သိစေချင်တယ်။
"ဘာလို့ --- ရင်ဝှက်ပန်းတို့မိသားစုကဘာမှပြန်မလုပ်ကြတာလဲ ---"
"ပြန်လုပ်ဖို့နေနေသာသာ --- စကားတစ်ခွန်းတောင်ပြန်ပြောရဲတာမဟုတ်ဘူး --- အဲ့ဒါလည်းပန်းလေးတို့ကိုငယ်ငယ်ကတည်းကသူတို့တွေကဘယ်လိုဆက်ဆံခဲ့ကြမှန်းမှမသိတာ --- ဒါပေမယ့်ယှဉ်ကြည့်လိုက်ရင်တော့သိပါတယ် --- သူတို့တွေဆက်ဆံပုံကလူလိုမဟုတ်ခဲ့လို့ပေါ့ ---"
သုရှင်ဝသုန်ပြောတာတွေကိုနားထောင်ကာအံ့လည်းအ့ံသြ။ဝသုန်ကဘာလို့အခုလောက်ထိပြောနေရတယ်ဆိုတာလည်းနားမလည်။ဝသုန်ရင်ဝှက်ပန်းအတွက်မခံနိုင်အောင်ဖြစ်နေတာလား။ဘာလို့လဲ ---
"ကိုကိုနဲ့စေ့စပ်ထားတဲ့ကောင်မလေးကလူကောင်းလို့ကိုကိုထင်နေတာလား ---"
ဝသုန်ကိုကို့ဘက်ကိုလှည့်ကာမေးလိုက်လေသည်။
"နွေဦးမေက ---"
"ဟုတ်တယ် --- သူကလူဆိုးလို့ကျွန်တော်မပြောချင်ပါဘူး --- ဒါပေမယ့်လူကောင်းလို့လည်းကျွန်တော်လုံးဝမပြောနိုင်ဘူးကိုကို --- ဖြစ်နိုင်ရင်ကိုကို့ကိုသူနဲ့တောင်ကျွန်တော်သဘောတူတာမဟုတ်ဘူး --- "
သူကသာသူ့ရင်ထဲကစကားလုံးတွေကိုကိုကို့ကိုပြောပြနေတာ။ကိုကို့ဆီကဘာအသံမှာထွက်မလာဘဲပကတိငြိမ်သက်နေ၏။
"အမှန်အတိုင်းပြောရရင်ပန်းလေးနဲ့ပတ်သက်ပြီးသူတို့တစ်မိသားစုလုံးကိုကျွန်တော်မကျေနပ်ဘူး --- အဲ့ဒါကြောင့်လည်းအဲ့ဒီ့စံအိမ်ကိုပန်းလေးတို့မိသားစုပြန်ပြီးပိုင်ဆိုင်နိုင်အောင်ကျွန်တော်ဖော်ထုတ်ပေးမှာ ---"
သေချာနေပါပြီ --- ဝသုန့်ရဲ့ခံစားချက်တွေကရင်ဝှက်ပန်းအပေါ်မှာအဖြူရောင်မဟုတ်တော့ဘူး။
"ကိုကိုလည်းအဲ့ဒီ့မိန်းမကိုသဘောမကျဘူးမို့လား ---"
သုရှင်ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ်ဝသုန် --- ကိုကိုလည်းသဘောမကျဘူး --- ဒါပေမယ့် ---"
"ဒါပေမယ့်တွေဘာတွေလုပ်မနေနဲ့ကိုကိုရာ --- သဘောမကျရင်မကျဘူးလို့ပြောလိုက်ပေါ့ ---"
"ဒါပေမယ့်လူကြီးတွေမျက်နှာရှိသေးတယ်လေဝသုန်ရဲ့ --- ကိုကိုငြင်းလိုက်မယ်ဆိုရင်စေ့စပ်ပွဲလုပ်ထားတာအတွက်လူကြီးတွေမျက်နှာပျက်ရမှာပေါ့ --- အဲ့ဒါကိုကိုကိုဘယ်လိုလုပ်ရမှာလဲ ---"
"ကိုကိုကလက်ခံပါတယ်လို့များပြောခဲ့လို့လား --- လက်ခံပါတယ်ဆိုတာဟိုမိန်းမပါးစပ်ကထွက်လာခဲ့တာဆို ---"
သုရှင်ခေါင်းငြိမ့်လိုက်ကာသူ့အကြည့်တွေကပြတင်းပေါက်တံခါးကိုကျော်ပြီးမှောင်မည်းနေတဲ့အပြင်မြင်ကွင်းတွေဆီသို့ရောက်သွား၏။
"ဟုတ်တယ်ကိုကိုလက်မခံခဲ့ဘူး --- ဒါပေမယ့် ---"
"ဒါပေမယ့်ကိုကိုငြင်းလည်းမငြင်းခဲ့ဘူးမို့လား ---"
ကိုကိုကဝန်ခံသည့်ပုံဖြင့်ဘာမှပြန်မပြောခဲ့။ဝသုန်သိပါတယ် ---- ကိုကိုကအားနာတတ်တဲ့သူ၊မိဘမျက်နှာကိုသိပ်ပြီးထိခိုက်မှာကြောက်တာ။ကိုကိုကတစ်ခါတစ်လေပျော့ညံ့လွန်းတယ်လို့ဝသုန်ထင်မိ၏။
"လက်ထပ်ဖို့အထိတော့ကိုကိုမစဉ်းစားသေးပါဘူး ---"
"သူနဲ့သာလက်ထပ်မယ်ဆိုရင်လည်း --- ကိုကိုနဲ့ညီဘာမှမပတ်သက်တော့ဘူး ---"
ဝသုန်အပိုတွေပြောနေတာမဟုတ်ဘူးဆိုတာကိုသုရှင်သိသည်။ပြောရင်ပြောတဲ့အတိုင်းလုပ်မယ့်သူ။တစ်ခါတစ်လေကျရင်ဝသုန်နဲ့သူကစိတ်ချင်းတူတတ်သည်။ဒါပေမယ့်စဉ်းစားလို့မရတာကဝသုန်နွေဦးမေအပေါ်ဘာလို့ဒီလောက်အထိဒေါသတွေကြီးနေရတာလဲ။ရင်ဝှက်ပန်းကြောင့်လား။
"ဝသုန် ---"
ကိုကိုကဝသုန့်ဘက်ကိုလှည့်လာကာခေါ်လိုက်တော့ဝသုန်ကိုကို့မျက်နှာကိုကြည့်လိုက်မိ၏။
"ဘာလဲကိုကို  ---"
"ဝသုန်နွေဦးမေကိုဘာလို့ဒီလောက်အထိမုန်းနေရတာလဲဟင် ---"
"ဟင် ---"
ကိုကို့မေးခွန်းကြောင့်ဝသုန်ကိုကို့ကိုငေးကြည့်နေမိတော့သည်။
"ဘာလဲရင်ဝှက်ပန်းနဲ့ပတ်သက်နေလို့လား ---"
ဝသုန်ကိုကို့ကိုအကြည့်တွေလွှဲလိုက်မိလေသည်။
"ကျွန်တော်သူ့ကိုမုန်းတာမဟုတ်ဘူး --- ပန်းလေးတို့မိသားစုအပေါ်မှာအခုလိုမျိုးယုတ်ယုတ်မာမာလုပ်လို့ကျွန်တော်သူ့ကိုမကျေနပ်တာကိုကို ---"
"မင်း --- ရင်ဝှက်ပန်းကိုသဘောကျနေတာလား ---"
ဝသုန်ပြံုးလိုက်မိသည်။
"ကိုကိုကဘာလို့စိတ်ဝင်စားနေရတာလဲ ---"
သုရှင်မျက်နှာကိုလွှဲလိုက်ကာ
"မဟုတ်ပါဘူး --- ရင်ဝှက်ပန်းအပေါ်ဆက်ဆံတဲ့မင်းရဲ့အပြုအမူတွေကထူးဆန်းနေလို့ပါ --- အဲ့ဒါကြောင့်မင်းရင်ဝှက်ပန်းကိုများသဘောကျနေတာလားလို့ ---"
"အဲ့ဒီ့မေးခွန်းအတွက်ကျွန်တော့်မှာအဖြေမရှိဘူးကိုကို --- "
သုရှင်ဝသုန့်စကားကိုနားမလည်။
"အဲ့ဒါဆိုဘာလို့ရင်ဝှက်ပန်းအပေါ်မှာဒီလောက်ကောင်းနေရတာလဲ ----"
"သူ့အတွက်ကျွန်တော်လုပ်ပေးတာတွေအားလုံးဟာသူ့အတွက်ဆိုတာထက် --- ပျောက်ကွယ်နေတဲ့အဲ့ဒီ့စံအိမ်ရဲ့အမှန်တရားကိုဖော်ထုတ်ချင်ခဲ့တာပဲ ----"
"မင်းဘယ်အချိန်ကတည်းကဖော်ထုတ်နေတာလဲ --- ဝသုန် --- အဲ့ဒီ့အကြောင်းကိုလည်းလူတော်တော်များများသိနေပြီမို့လား ---"
"ကျွန်တော်ဖော်ထုတ်ဖို့စဉ်းစားနေတာကြာနေပါပြီ --- ဒါပေမယ့်အခုထိသေသေချာချာအကောင်အထည်မဖော်နိုင်သေးဘူး --- ကိုကိုပြောသလိုပဲ --- လူတော်တော်များများလည်းသိနေပြီ ----"
"အဲ့ဒီ့မြေမထိမိုးမခစံအိမ်ရဲ့အရှင်သခင်အစစ်ကဘယ်သူလဲဆိုတာအားလုံးသိပြီးသားပဲ --- မင်းကိုယ်တိုင်ကအမှန်တရားကိုမဖုံးကွယ်ထားဘူးဆိုပေမယ့် --- အမှန်တရားကိုပြောရဲခဲ့လို့လားဝသုန် ---"
"ကျွန်တော်မပြောရဲခဲ့တာမဟုတ်ဘူးကိုကို --- ကျွန်တော်အမှန်တရားကိုဖော်ထုတ်ဖို့အတွက်ကြိုးစားနေတာ --- ကျွန်တော်ပန်းလေးအတွက်အဲ့ဒီ့အမှန်တရားကိုမရရအောင်ဖော်ထုတ်မှာပါ --- ကိုကိုကြည့်နေလိုက် ----"
ဝသုန်ကိုကို့ကိုမခံချင်စိတ်ကြောင့်ပြောလိုက်ပေမယ့်ကိုကိုကတော့သူ့ကိုဘာမှပြန်မပြော။သူတို့နှစ်ယောက်တစ်ယောက်တစ်ခွန်းစီအချင်းများနေကြသည်။
"ကိုကိုသိပါတယ် --- မင်းရင်ဝှက်ပန်းကိုသဘောကျနေတယ်ဆိုတာ ---"
"ညီပြောလိုက်မိလို့လား ---"
"မင်းသူ့အပေါ်ဆက်ဆံတဲ့ပုံစံကသူနဲ့ရင်းနှီးနေတဲ့ခိုင်ဦးထက်တောင်မှပိုနေတယ်ဆိုတာမင်းသိလားဝသုန် --- မင်းနှုတ်ကနေဖွင့်မပြောပေမယ့်မင်းရဲ့အပြုအမူတွေကဖော်ပြနေတယ်ဆိုတာကိုကိုသိပါတယ် ----"
ကိုကိုတော်သားပဲလို့ဝသုန်တွေးလိုက်မိသည်။ဟုတ်တယ် -- သူပန်းလေးကိုမြတ်နိုးစွာချစ်နေမိပြီ။အရင်ကတည်းကသိနေခဲ့တာမဟုတ်ပါဘူး။အခုမှ --- အခုမှကိုကိုနဲ့စကားပြောနေရင်းကနေသိလာခဲ့ရတာ။အဲ့ဒါလည်းကိုကို့ကြောင့်လို့ပဲပြောရမှာလား။ဒါပေမယ့်သူပန်းလေးကိုဖွင့်ပြောမှာမဟုတ်ဘူး။
ဘာလို့လဲဆိုတော့ပန်းလေးအတွက်အမှန်တရားကိုမဖော်ထုတ်မပေးနိုင်မချင်းသူပန်းလေးကိုဖွင့်မပြောဘူး။သူပန်းလေးကိုချစ်နေတယ်ဆိုတာကိုလည်းပန်းလေးမသိစေရဘူး။ပန်းလေးအတွက်သူတိုက်ပွဲတစ်ခုဝင်ရဦးမယ်။အဲ့ဒီ့တိုက်ပွဲအောင်မြင်မှပန်းလေးကိုချစ်ခွင့်ပန်မယ်။အဲ့ဒါပန်းလေးနဲ့ပတ်သက်တဲ့သူ့ရဲ့ဆုံးဖြတ်ချက်ပဲ။
"မင်းဘာတွေတွေးနေတာလဲဝသုန် ---"
ကိုကိုကသူ့ပခုံးကိုလှမ်းပုတ်လိုက်ကာပြောလိုက်လေသည်။ဝသုန်ပြံုးလိုက်ပြီး

ဟန်​ဆောင်အမုန်း (Completed)حيث تعيش القصص. اكتشف الآن