အခန်း(၂၆)

1K 13 0
                                        

💜 ဟန်ဆောင်အမုန်း 💜
💜 ပထမတွဲဇာတ်သိမ်း 💜
💜 အခန်း(၂၆) 💜

ခိုင်ဦးနာရီကိုကြည့်ကာထိတ်လန့်နေမိ၏။ဒီနေ့ကဝသုန်နွေဦးမေနဲ့မင်္ဂလာဆောင်တဲ့နေ့ပဲ။ဒါဆိုပန်းလေးဘယ်လိုလုပ်မလဲ။ဝသုန်ပန်းလေးနဲ့မှားခဲ့တာဆိုတော့နောက်ဆိုရင်ပြဿနာတွေကပိုပြီးတော့ရှုပ်လာနိုင်သည်။
ဘယ်လိုပဲပြဿနာတွေရှုပ်လာသည်ဆိုဦးတော့ထိခိုက်နစ်နာမည့်သူကပန်းလေးတစ်ယောက်ထဲသာ။မတော်လို့အချိန်တွေကြာလာခဲ့ရင်ပန်းလေးဝသုန့်ရင်သွေးလေးကိုလွယ်ထားရမယ်သာဆိုရင် ---- ခိုင်ဦးတွေးရင်းကနေခေါင်းကိုခါယမ်းလိုက်မိ၏။ဟင့်အင်းမဖြစ်သေးဘူး --- ဝသုန့်ကိုဒီမင်္ဂလာပွဲမဖြစ်အောင်သူပြောရမယ်။ဝသုန်ကတာဝန်ယူတတ်သူတစ်ယောက်ဆိုပေမယ့်အခုအချိန်ကမင်္ဂလာပွဲကိုလွယ်လွယ်နဲ့ဖျက်လို့ရမှာမဟုတ်ဘူး။သူဘယ်လိုလုပ်ရမလဲ။
ခိုင်ဦးဖုန်းထုတ်လိုက်ကာဝသုန့်ကိုဆက်လိုက်လေသည်။
“တီ --- တီ ---”
“ဟယ်လို ----”
ဝသုန့်အသံကတုန်တုန်ယင်ယင်ဖြင့်
“ဝသုန်မင်းအခုမင်္ဂလာပွဲမှာလား ---”
“မဟုတ်ဘူး --- ငါပန်းလေးကိုသွားရှာမလို့ ---”
“ဟင် --- ဘယ်လိုဝသုန် --- ပန်းလေးဘယ်မှာလဲဆိုတာကိုမင်းသိလို့လား ----”
“နွေဦးမေရဲ့အဖေဖမ်းထားတာ -- ဒါပေမယ့်ဘယ်နေရာမှန်းမသိသေးဘူး --- အဲ့ဒါကြောင့်သွားရှာမလို့ ----”
“ဒါဆိုမင်းဆိုင်ကယ်ပေါ်မှာလား ---”
“မဟုတ်ဘူး --- ငါကားပေါ်မှာ ---”
“ဘယ်လိုမင်းကားပေါ်မှာဟုတ်လားဝသုန် ---”
ဝသုန်ကကားပေါ်မှာလို့ပြောလိုက်တဲ့အတွက်ခိုင်ဦးအရမ်းအံ့သြသွား၏။သူ့နားသူတောင်မှမယုံနိုင်ခဲ့။
“အင်း --- ဆိုင်ကယ်ပျက်သွားလို့ကားစီးနေတာ ---”
“မင်းကားစီးရမှာကိုကြောက်နေခဲ့တာမဟုတ်ဘူးလား --- အခုဘယ်လိုလုပ်ပြီး ---”
ဝသုန့်အသံတုန်ယင်နေခဲ့တာကိုခိုင်ဦးသတိထားသွားခဲ့မိသည်။
“အစကတော့ဟုတ်တယ် --- ဒါပေမယ့်အခုပန်းလေးကိုကယ်နိုင်ဖို့ကအဓိကပဲ --- အဲ့ဒါကြောင့် --”
“အင်း -- ငါနားလည်ပြီ --- ဒါပေမယ့်ပန်းလေးကိုဘယ်မှာဖမ်းထားမှန်းမှမသိတာ --- မင်းဘယ်လိုရှာမှာလဲ --- နွေဦးမေကရောမပြောပြဘူးလား ----”
“ဟင့်အင်း --- အဲ့ဒီ့မိန်းမယုတ်ကမပြောပြဘူး --- ပန်းလေးကိုသွားရှာဖို့တောင်မှသူအတင်းတားနေတာ --- မရဘူးလေ --- ဝသုန်မြေကိုအဲ့လိုလာမလုပ်နဲ့ --- ကတိတည်ပါ့မယ်လို့ပြောထားတာကိုသူ့ဘက်ကအရင်ဖျက်တာ --- ငါ့အနေနဲ့သူ့အတွက်တွေးပေးစရာဘာမှမရှိဘူး ---”
“ဟင်နွေဦးမေလုပ်တာပဲလား ----”
“လုပ်တာကတော့ဦးမင်းဦးပဲ --- ဒါပေမယ့်သူလည်းပါမှာပေါ့ --- ငါ့ကိုပြောပြဆိုတာကိုမပြောပြဘူး --- အဲ့ဒါကြောင့်ငါတစ်ခါထဲပြောခဲ့တယ် --- ပန်းလေးကိုအန္တရာယ်ကင်းကင်းပြန်မတွေ့ရလို့ကတော့မင်္ဂလာပွဲလည်းအပျက်ငါကို့လည်းအသက်ရှင်လျက်ရမှာမဟုတ်ဘူးလို့ပြောလိုက်တယ် ---”
“ဝသုန် --- မင်းထင်ရာတွေလျောက်မလုပ်ပါနဲ့နော် --- ငါအခုလာခဲ့မယ်မင်းဘယ်မှာလဲ ---- ”
“ငါလည်းမသိဘူး --- ”
“ဒါဆိုပန်းလေးကိုဦးမင်းဦးဖမ်းထားမှန်းမင်းဘယ်လိုသိလဲ ---”
“ဂျက်စတင်ပြောပြတာ ----”
“ဟင် --- ဂျက်စတင် ---”
“ဟုတ်တယ် ---”
“ဒါဆိုကိုသုလည်းသိနေပြီပေါ့ ---”
“ဟင် -- ငါကိုကို့ကိုမေ့နေတာ --- ကိုကိုသိပြီလားမသိဘူး --- မင်းမေးကြည့်ပေးပါ --- ငါအခုပန်းလေးကိုဆက်ပြီးရှာလိုက်ဦးမယ် --- ကိုကို့ကိုလည်းကူပြီးရှာခိုင်းပေးပါနော် ---”
“အင်း --- အင်းဝသုန်မင်းကားစီးနေတယ်ဆိုကတည်းကငါနားလည်နေပါပြီကွာ --- စိတ်ချပါငါလည်းပန်းလေးကိုကူရှာပေးပါ့မယ် ----”
“ကျေးဇူးတင်ပါတယ်ကွာ ---”
“ဒါဆိုမင်္ဂလာပွဲကလုံးဝပျက်သွားပြီပေါ့ ---”
“ဟုတ်တယ် --- ငါလုံးဝလက်မခံတော့ဘူး ---”
“ကောင်းတယ်ဝသုန် --- ဒါဟာပန်းလေးအတွက်ဖြစ်တဲ့အတွက်ငါပိုပြီးဝမ်းသာတယ် --- မင်းပန်းလေးနဲ့မှားခဲ့တဲ့အတွက်မင်းမှာတာဝန်ယူရမယ့်ဝတ္တရားရှိနေတယ် ---”
“ဟုတ်တယ် --- အဲ့ဒါကြောင့်ငါပန်းလေးကိုမတွေ့တွေ့အောင်လိုက်ရှာမယ် --- ပန်းလေးသာတစ်ခုခုဖြစ်သွားလို့ကတော့ငါလည်းအသက်ရှင်နိုင်မှာမဟုတ်ဘူးခိုင်ဦး --”
“ငါနားလည်ပါပြီကွာ ---- ဒါဆိုဖုန်းချလိုက်တော့မယ်နော် ---”
“အင်း --- အင်း ---”
ခိုင်ဦးဖုန်းချလိုက်ကာဝမ်းသာသွားသည့်ပုံစံဖြင့်
“ကောင်းလိုက်တာ ---အဲ့လိုမှပဲပန်းလေးနဲ့ဝသုန်လည်းနီးစပ်ရတော့မှာ --- နို့မို့ဆိုရင်နွေဦးမေနဲ့မလွယ်ဘူး -- နွေဦးမေကတော်တော်အကျင့်မကောင်းတဲ့မိန်းကလေးပဲ --- ဘယ်လိုမှတောင်ထင်မထားဘူး -- ဝသုန်ကသူ့ကိုလက်ထပ်မယ်လို့သဘောတူထားတာတောင်မှသူကပန်းလေးအပေါ်မကောင်းကြံသေးတယ် --- အင်း --- ကိုသုကိုလည်းဖုန်းလှမ်းဆက်လိုက်ိဦးမယ် -- ကိုသုလည်းစိတ်ပူနေမှာပဲ ----”
ခိုင်ဦးတွေးတွေးပြီးချင်းသုရှင်ကိုဖုန်းလှမ်းဆက်လိုက်လေသည်။
“သုရှင်ငါမင်းကိုတစ်နေရာကိုခေါ်သွားမလို့ ----”
သုရှင်အနောက်တိုင်းဝတ်စုံနဲ့သူ့ရုပ်သူမှန်ထဲပြန်ကြည့်လိုက်လေသည်။မင်္ဂလာပွဲကနီးနေပြီ။သူဝသုန့်အတွက်စိတ်မကောင်းဖြစ်နေမိ၏။ဂျက်စတင်ကသူ့ကိုကြည့်ကာပြောနေတော့သူမှန်ထဲကနေဂျက်စတင့်ကိုတစ်ချက်ကြည့်လိုက်ကာခေါင်းငြိမ့်လိုက်ပြီး
“မင်္ဂလာပွဲလား ---”
ဂျက်စတင်သုရှင်ကိုကြည့်ကာရယ်လိုက်ပြီး
“မဟုတ်ပါဘူးကွာ -- အဲ့ဒါထက်အရေးကြီးတဲ့နေရာတစ်ခုကိုခေါ်သွားမှာ ---”
“ဟုတ်လားဘယ်နေရာများလဲ ---”
“အင်းဘယ်နေရာလဲဆိုတော့ ---”
“တီ -- တီ ---”
ဂျက်စတင့်မျက်လုံးတွေကကုတင်ပေါ်ကသုရှင်ဖုန်းဆီသို့ရောက်သွားကာလှမ်းယူလိုက်လေသည်။
“ခိုင်ဦးတဲ့သုရှင် ---”
“ဟုတ်လား ---”
သုရှင်ဂျက်စတင့်လက်ထဲကဖုန်းကိုယူပြီးပြောလိုက်၏။
“ဟယ်လိုခိုင်ဦး ---”
“ကိုသု ---ဝသုန်တော့ပန်းလေးကိုလိုက်ရှာနေပြီ ---”
“ဟင် --- ပန်းလေးကဘယ်မှာလဲ ---”
ဂျက်စတင်သုရှင်ကိုကြည့်ကာခေါင်းရမ်းလိုက်မိသည်။သူစီစဉ်ထားတာတွေတော့ကပြောင်းကပြန်တွေဖြစ်တော့မယ်။သုရှင်ကိုမသိစေချင်ပါဘူးဆိုမှခိုင်ဦးကအသိပေးလိုက်လေသည်။
“မသိဘူးကိုသု --- ဝသုန့်ကိုလည်းဂျက်စတင်ပြောတာလို့ပြောတယ် ----”
ဖုန်းပြောနေရင်းကနေသုရှင်အကြည့်တွေကဂျက်စတင့်ဆီကိုရောက်သွားလေသည်။
“ဒါဆိုမင်္ဂလာပွဲကရော ---”
“မင်္ဂလာပွဲကပျက်ပြီထင်တယ် --- ကိုသု ----”
“ဘာ ---- မင်္ဂလာပွဲပျက်ပြီဟုတ်လား ---”
သုရှင်အံ့သြနေတာကိုကြည့်ကာဂျက်စတင်သုရှင်မေးမယ့်မေးခွန်းတွေအတွက်အဖြေတွေကိုအပြေးအလွှားစဉ်းစားနေမိလေသည်။
“ဟုတ်တယ် --- အခုဝသုန်လည်းပန်းလေးကိုသွားရှာနေတယ် --- အဲ့ဒါကိုသုလည်းရှာပေးပါနော် --- ဝသုန်ပန်းလေးကိုအရမ်းစိတ်ပူနေတာ ---သူကားစီးရမှာကိုသေလောက်အောင်ကြောက်နေပေမယ့် --- သူအခုကားစီးနေတယ်ကိုသု ----”
“ဟင် ---”
သုရှင်မှန်ရှေ့ကခုံပေါ်မှာဖြည်းဖြည်းချင်းထိုင်လိုက်မိသည်။
“ကျွန်တော်လည်းအခုပဲပန်းလေးကိုသွားရှာကူလိုက်ဦးမယ် ---- ကိုသုလည်းရှာပေးလိုက်ပါနော် ---”
“အင်းငါသိပြီခိုင်ဦး --- ငါလည်းအခုပဲသွားရှာလိုက်မယ် ---”
“ဟုတ်ကဲ့ကိုသု ----”
သုရှင်ဖုန်းချလိုက်ကာမှန်ထဲကိုပြန်ကြည့်လိုက်သည်။
“ဂျက်စတင်မင်းငါ့ကိုခေါ်သွားမယ့်နေရာဆိုတာပန်းလေးရှိတဲ့နေရာလား ----”
“မဟုတ်ဘူးသုရှင် --- ပန်းလေးရှိတဲ့နေရာကိုငါဘယ်လိုလုပ်ပြီးသိမှာလဲ ----”
“အဲ့ဒါဆိုမင်းငါ့ကိုဘယ်ခေါ်သွားမှာလဲ ---အခုဝသုန်မင်္ဂလာပွဲကနေပန်းလေးကိုသွားရှာနေပြီ --- အဲ့ဒါဘယ်လိုလုပ်မလဲမင်္ဂလာပွဲကလည်းပျက်နေပြီ ----”
ဂျက်စတင်သုရှင်ကိုသေချာကြည့်လိုက်ကာ
“ငါလည်းဘယ်လိုလုပ်ပြီးသိမှာလဲ --- ပန်းလေးပျောက်တဲ့နေ့ကတည်းကငါလည်းပန်းလေးအကြောင်းကိုစုံစမ်းပေးနေခဲ့တာပဲ --- အခုလည်းငါ့လူတွေကနေတဆင့်ပန်းလေးကိုဦးမင်းဦးဖမ်းထားတယ်ဆိုလို့ငါဝသုန့်ကိုပြောပြခဲ့တယ်ဆိုရုံပဲ --- မင်္ဂလာပွဲကိုပျက်စေချင်တဲ့ရည်ရွယ်ချက်လုံးဝမရှိဘူးသုရှင် ---”
“ကောင်းပြီလေ --- ဒါဆိုမင်းငါ့ကိုဘယ်နေရာခေါ်သွားမှာလဲ ---”
ဂျက်စတင်သုရှင်မေးတာကိုဘယ်လိုပြန်ဖြေလိုက်ရမှန်းမသိ။သူအစကတော့သုရှင်ကိုအမှန်အတိုင်းပြောပြမလို့ပါဘဲ။ဒါပေမယ့်အခုအခြေအနေအရတော့သူသုရှင်ကိုဘာတစ်ခုမှပြောပြလို့မဖြစ်တော့။သူစီစဉ်သမျှသဲထဲရေသွန်သလိုဖြစ်တော့မယ်။ဟင့်အင်းသူအဲ့လိုအဖြစ်မခံနိုင်ဘူး။သူဝသုန်နဲ့လုပ်ထားတဲ့အပေးအယူလည်းပျက်သွားလိမ့်မယ်။
“မဟုတ်ပါဘူး --- ငါ့သူငယ်ချင်းတစ်ယောက်ဒီမှာဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ကိုမင်းကိုခေါ်သွားမလို့ပါ --- ဒီနေ့မှစဖွင့်တာဆိုတော့အသစ်အဆန်းလေးတွေလည်းပါလို့ --- မင်းကိုခေါ်သွားချင်တာပါ ----”
“ကျွတ် --- နွေဦးမေ --- မင်းကတော်တော်ရှုပ်တဲ့မိန်းကလေးပဲ --- ဝသုန့်ကိုရရင်တော်ပြီပေါ့ --- ဘာလို့များပန်းလေးကိုဒုက္ခပေးရတာလဲ --- ပန်းလေးကိုသေအောင်များကြံစည်ထားသလားမသိ ---”
“အင်းနော်နွေဦးမေကဘာလို့ပန်းလေးကိုအဲ့လောက်ထိမုန်းနေရတာလဲ --- ငါထင်တာမမှားဘူးဆိုရင်တော့ဝသုန်သူ့ကိုချစ်လို့ပဲနေမှာ ----”
သုရှင်ဂျက်စတင့်ကိုဘာမှပြန်မပြောမိ။
“ငါလည်းသွားရှာလိုက်ဦးမယ်ကွာ --- ငါလည်းပန်းလေးအတွက်စိုးရိမ်နေမိတယ် ----”
“အင်းပါငါလည်းလိုက်ရှာကူပါ့မယ် ---”
“အင်းကျေးဇူးပဲ ---”
“အင်း ---”
သုရှင်အဝတ်အစားတောင်မှမလဲတော့ဘဲဖုန်းကိုယူကာအခန်းထဲကနေထွက်သွားလေသည်။ဂျက်စတင်သုရှင်ကိုကြည့်ကာပြံုးလိုက်မိ၏။ဒါပေမယ့်သူ့အပြံုးကအသက်မပါခဲ့။
X x x x x x x
“ဒီမှာကိုမင်းဦး --- ရှင်ဘာလို့ဒီလောက်ထိရက်စက်ရတာလဲ --- ဟင်ကျွန်မတို့မှာဘာအပြစ်ရှိလို့လဲ ----”
ဦးမင်းဦးနောက်ပြန်ကြိုးတုပ်ကာအခန်းလေးရဲ့ထောင့်မှာထိုင်နေကြတဲ့ဒေါ်သီရိမြိုင်တို့သားအမိတွေကိုတစ်ချက်ကြည့်လိုက်ကာအံဆွဲထဲကသေနတ်ကိုထုတ်လိုက်လေသည်။
“ဟုတ်တယ်သီရိ -- မင်းတို့မှာဘာအပြစ်မှမရှိပါဘူး --- ဒါပေမယ့်မင်းရဲ့သမီးရင်ဝှက်ပန်းမှာအပြစ်ရှိနေတယ်ဆိုတာကိုသိရဲ့လား ---”
ပန်းလေးကတော့မျက်ရည်တွေပဲကျနေသည်။မိုးတွေအရမ်းရွာတဲ့နေ့ကကိုခိုင်ဦးတို့အိမ်မှာဖြစ်ပျက်ခဲ့တဲ့သူနဲ့ဂျာကြီးရဲ့ကိစ္စကိုပြန်တွေးကာမျက်ရည်တွေအချိန်တိုင်းကျနေခဲ့သည်။ဒီနေ့ဆိုရင်ဂျာကြီးကမင်္ဂလာဆောင်တော့မှာ။အဲ့ဒါဆိုရင်သူမ ---ပန်းလေးဒီလောကကြီးမှာမနေချင်တော့ဘူးဂျာကြီးရယ်။ပန်းလေးလေသေပဲသေလိုက်ချင်တော့တယ်။
“ကျွန်မသမီးမှာဘာအပြစ်ရှိလို့လဲပြောပါဦး ----”
ဒေါ်သီရိမြိုင်ဒေါသထွက်ကာလည်ပင်းကအကြောတွေပါထောင်တက်လာလေသည်။
“သူ့ကြောင့်ငါ့သမီးစိတ်ဆင်းရဲရတယ် --- သီရိ ---သမီးလေးကအခုသူချစ်တဲ့သူကိုမင်္ဂလာဆောင်ရမှာမှန်ပေမယ့်အဲ့ဒီ့လူကသမီးလေးကိုမချစ်ဘူး ---ရင်ဝှက်ပန်းကိုပဲချစ်နေတဲ့သူတစ်ယောက် --- အဲ့ဒါကြောင့်ဒီကမ္ဘာပေါ်မှာရင်ဝှက်ပန်းမရှိမှပဲသမီးလေးစိတ်ချမ်းချမ်းသာသာနဲ့နေရမှာ ---”
“အဲ့ဒါကျွန်မသမီးမှာအပြစ်ရှိတာမဟုတ်ဘူး ---သူ့ကိုမချစ်တဲ့သူကိုယူမယ့်ရှင့်သမီးမှာသာအပြစ်ရှိတယ်ဆိုတာကိုရှင်သိရဲ့လား ---”
“ငါ့သမီးကဘယ်တော့မှအပြစ်မရှိဘူးသီရိ --- အဲ့ဒီ့တော့ငါနင်တို့သားအမိသုံးယောက်လုံးကိုသတ်ရလိမ့်မယ် --- အဓိကကတော့ရှင်ဝှက်ပန်းကိုသတ်ရမှာ --- ဒါပေမယ့်သူတစ်ယောက်ထဲသေသွားရင်နင်တို့သားအမိနှစ်ယောက်ခံစားနေရမှာစိုးလို့အားလုံးကိုအတူတူသတ်ပေးမှာ ---”
“ရှင် --- ရှင့်မှာသမီးရှိရဲ့သားနဲ့သားသမီးချင်းကိုယ်ချင်းစာစိတ်မရှိဘူးလား ---ကျွန်မကလေးနှစ်ယောက်ကရှင့်သမီးထက်ငယ်ပါတယ်ရှင် --- ဒီကလေးတွေမှာဘာအပြစ်မှလည်းမရှိပဲနဲ့ရှင်ကဒီလိုမျိုးလုပ်ရက်တယ်ပေါ့လေဟုတ်လား ---”
“ဟုတ်တယ်မင်းတို့မှာဘာအပြစ်မှမရှိပါဘူး --- မင်းရဲ့ယောကျာ်းကစလို့မင်းရဲ့သားအငယ်ဆုံးလေးအထိဘာအပြစ်မှမရှိခဲ့ဘူး --- ဒါပေမယ့်ငါ့သမီးလေးအတွက်ငါလုပ်ရတော့မယ် --- ”
“ရှင်ဟာလူစိတ်မရှိတဲ့လူပဲ ---”
ဒေါ်သီရိဦးမင်းဦးကိုနာနာကြည်းကြည်းကြည့်ကာစိတ်တွေတိုနေလေသည်။
“ဘာပဲဖြစ်ဖြစ် --- နောက်ဘဝရောက်မှပဲမင်းတို့မိသားစုကိုကောင်းကောင်းတောင်းပန်တော့မယ် --- ဒီဘဝတော့ငါ့သမီးလေးချမ်းသာဖို့မင်းတို့တွေသေပေးကြပါ ----”
“ရှင်တကယ်ရူးသွားပြီ --- ကိုယ့်သမီးအတွက်မကောင်းတဲ့အလုပ်ကိုလုပ်နေတယ် ----ရှင့်သမီးကရောဘာတွေများမှန်ကန်နေလို့လဲ ---ငယ်ငယ်ကတည်းကကျွန်မသမီးလေးအပေါ်မှာအမြဲတမ်းအနိုင်ယူခဲ့တာ ---ရှင်တို့လည်းအတူတူပဲ --- ကျွန်မတို့မြေမထိမိုးမခစံအိမ်ကိုမတရားသိမ်းပိုက်ထားကြတာ ---”
ဦးမင်းဦးပုံစံကဒေါ်သီရိမြိုင်ပြောနေတာတွေကိုအရေးမစိုက်သည့်ပုံဖြင့်
“ပြောပါ --- မင်းရဲ့နောက်ဆုံးအချိန်အတွက်မင်းမှာပြောပိုင်ခွင့်ရှိတယ် --- ပြောပါ ---”
“ခင်ဗျားကိုကျွန်တော်သတ်မယ် ---”
အဂ္ဂလေးကလည်းအရမ်းစိတ်တိုနေလေသည်။ပန်းလေးကတော့ငြိမ်သက်နေ၏။
“ဟား -- ဟား --- လူကဖြင့်လက်တောက်လောက်ရှိသေးတယ်ကောင်းလေးရဲ့ --- မင်းကများငါ့ကိုသတ်မယ်ဟုတ်လား --- ဟုတ်ပါပြီ --- သတ်လေကွာ --- သတ်လေဟား --- ဟား --- ဟား ---”
ဒေါ်သီရိမြိုင်အဂ္ဂကိုလှည့်ကြည့်လိုက်ပြီး
“သားမပြောနဲ့တော့သားငရဲကြီးမယ် --- သူကလူစိတ်ရှိတော့တဲ့သူမဟုတ်တော့ဘူး ---”
ဦးမင်းဦးသူတို့ကိုကြည့်ကာအားပါးတရရယ်မောနေလေသည်။
“တီ --- တီ --- တီ ---”
ဦးမင်းဦးစားပွဲပေါ်ကဖုန်းကိုယူလိုက်ပြီး
“ဟယ်လို ---”
“ဖေဖေ --- ပန်းလေးတို့ကိုဘယ်မှာဖမ်းထားတာလဲ ----သမီးကိုပြောပြပါဖေဖေရယ် --- ”
“သမီး --- နွေဦးဘာတွေပြောနေတာလဲ ----”
“ဖေဖေ --- အခုဝသုန်ကမင်္ဂလာပွဲကိုမလုပ်ဘဲနဲ့ထွက်သွားပြီးပန်းလေးကိုလိုက်ရှာနေတယ် --- ပန်းလေးသာတစ်ခုခုဖြစ်ရင်သူ့ကိုလည်းအသက်ရှင်လျက်နဲ့သမီးရမှာမဟုတ်ဘူးတဲ့ --- ဖေဖေရယ် ---”
“ဟင် --- ဘယ်လိုသမီး --- ဝသုန်မြေမင်္ဂလာပွဲမှာမရှိဘူးပေါ့ ---”
“ဟုတ်တယ်ဖေဖေ --- အခုပန်းလေးတို့ကိုဘယ်မှာဖမ်းထားတယ်ဆိုတာသမီးကိုပြောပါနော် --- ဝသုန်တစ်ခုခုဖြစ်သွားမှာကိုသမီးကြောက်တယ် --- သမီးဝသုန့်ကိုအဆုံးရှုံးမခံနိုင်ဘူးဖေဖေ ---သမီးဝသုန်နဲ့ပဲလက်ထပ်ချင်တယ် --- ပန်းလေးကိုသာအန္တရာယ်ကင်းကင်းနဲ့ပြန်တွေ့ရမယ်ဆိုရင်သူသမီးကိုလက်ထပ်မှာပါဖေဖေရယ် ---”
“သမီး --- ဖေဖေအခုပဲသူတို့ကိုအဆုံးသတ်ပေးတော့မလို့ --- ”
“ဟင့်အင်းဖေဖေ --- မလုပ်ပါနဲ့ --- ဘယ်မှာလဲဆိုတာပြောပါနော် --- သမီးဝသုန့်ကိုပြောရမှာဖေဖေ ---- ဝသုန်ကပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူဆိုတာသမီးသိတယ် --- သူနဲ့သဘောတူထားတဲ့ကတိကိုသမီးဘက်ကဖောက်ဖျက်ခဲ့တာ ---အဲ့ဒီ့အတွက်သမီးမှာအပြစ်ရှိမှန်းသမီးသိပါတယ်ဖေဖေရယ် --- အဲ့ဒါကြောင့်သမီးကိုပြောပြပါနော် --- ဘယ်မှာခေါ်ထားတာလဲ --- သမီးလည်းအခုလိုက်ခဲ့မယ်ဖေဖေ ---”
“ကျွတ် --”
ဦးမင်းဦးပန်းလေးတို့ကိုလှည့်ကြည့်ကာစိတ်ပျက်သွားသည့်ပုံဖြင့်။
“ကောင်းပြီသမီး --- ဖေဖေမက်ဆေ့စ်ကနေလိပ်စာပို့ပေးလိုက်မယ် --- ပန်းလေးတို့သာအန္တရာယ်ကင်းမယ်ဆိုရင်သူသမီးကိုလက်ထပ်မှာတကယ်ပဲနော် ---”
“ဟုတ်ပါတယ်ဖေဖေရယ် ---”
“အင်း --- အင်း ----”
ဦးမင်းဦးဖုန်းချလိုက်ပြီးပစ္စတိုကိုခါးကြားထဲမှာညပ်လိုက်လေသည်။
သေနတ်ကိုခါးကြားထဲထိုးလိုက်တဲ့ဦးမင်းဦးကိုကြည့်ကာဒေါ်သီရိမြိုင်အံ့သြသွား၏။အခုလောလောဆယ်တော့သူတို့ကိုမသတ်သေးဘူးလား။
“ဟေ့ကောင်တွေ -- သူတို့ကိုသေချာကြည့်ထားကြ ---”
“ဟုတ်ကဲ့ပါဆရာ ---”
ဦးမင်းဦးအခန်းထဲကထွက်သွားတော့မှဒေါ်သီရိမြိုင်သက်ပြင်းချလိုက်မိသည်။ဘုရား --- ဘုရား --- နွေဦးမေဘာများပြောလိုက်လို့လဲ။သူမတို့ကံကြီးပေလို့သာပဲ။ဒါပေမယ့်ယုံရတာမဟုတ်ဘူး။
X x x x x x x
“တီ --- တီ --- တီ ---”
ဝသုန်ကားစီးနေရင်းကနေဖုန်းကိုကြည့်လိုက်မိသည်။ကားစီးရတာတဖြည်းဖြည်းနဲ့သူအဆင်ပြေလာတယ်လို့ထင်မိ၏။ကြောက်တဲ့စိတ်မရှိတော့ဘဲပန်းလေးအတွက်စိုးရိမ်တဲ့စိတ်သာဖြစ်ပေါ်နေလေသည်။
“ဟင် --- နွေဦးမေ ----”
ဝသုန်ဖုန်းကိုချက်ချင်းကိုင်လိုက်၏။
“ဟယ်လို ---”
“ဝသုန် -- နွေဦးလိပ်စာကိုမက်ဆေ့ပို့ပေးလိုက်မယ်နော် --- နွေဦးလည်းအခုလိုက်ခဲ့ပါ့မယ် ---”
“ကောင်းပြီ ---”
ဝသုန်ဖုန်းချပြီးခနနေတော့နွေဦးမေဆီကမက်ဆေ့ဝင်လာသည်။ဝသုန်လိပ်စာကို Taxi သမားကိုပြလိုက်ကာ
“ဒီနေရာကိုအမြန်ဆုံးမောင်းပေးပါနော် ----”
“စိတ်ချလူလေး --- လူလေးကြည့်ရတာအရမ်းကိုစိတ်ပူနေပုံပဲ --- ဘာများဖြစ်လို့လဲ --- နောက်ပြီးအဲ့ဒီ့နေရာကဒုစရိုက်သမားတွေကျက်စားတဲ့နေရာအန္တရာယ်များတယ်နော် ---”
“ရပါတယ်ဗျာကိစ္စမရှိပါဘူး --- ကျွန်တော့်ကိစ္စကလည်းသေရေးရှင်ရေးထက်အရေးကြီးနေလို့ပါ ---”
“ဒါဆိုလည်းဦးလေးအမြန်လေးမောင်းပေးပါ့မယ် ---”
“ကျေးဇူးတင်ပါတယ်ဗျာ ----”
ပြောသည့်အတိုင်းပင်ကားသမားကလည်းကားကိုမိုင်တင်ပြီးတော့မောင်းလိုက်လေတော့သည်။
X x x x x x
“ဟင် --- ဟုတ်လား --- အင်းဒါဆိုအခုပဲလာခဲ့မယ် ----”
သုရှင်ဖုန်းချလိုက်ပြီးကားကိုလမ်းကြောင်းပြောင်းလိုက်လေသည်။ပန်းလေးတို့ကိုဘယ်နေရာမှာဖမ်းထားလဲဆိုတဲ့အကြောင်းခိုင်ဦးဆီကနေဖုန်းဝင်လာခဲ့ခြင်းဖြစ်သည်။သုရှင်ကားကိုမိုင်ကုန်တင်လိုက်မိ၏။
“ဆရာကားတစ်စီးကမ်းနားကိုကပ်လာနေတယ် ---”
ဦးမင်းဦးမှန်ဘီလူးနဲ့ကြည့်လိုက်ကာ
“အဲ့ဒါငါ့သားမက်ပဲ ----သေချာလေးဂရုစိုက်လိုက်ပါဟုတ်ပြီလား ----”
ဦးမင်းဦးကအဓိပ္ပါယ်ပါပါပြောလိုက်ကာပြံုးလိုက်လေသည်။သူ့တပည့်တွေကလည်းနားလည်သွားသည့်အလားခေါင်းငြိမ့်လိုက်၏။
“ကုန်းပက်ပေါ်ကိုတက်လာပါစေ --- ဒါပေမယ့်အသက်ကိုတော့အန္တရာယ်ဖြစ်လို့မရဘူးနော် ---”
“ကောင်းပါပြီဆရာကြီး ----”
ထို့နောက်သူ့လူတွေကုန်းပက်ပေါ်မှာနေရာအသီးသီးယူလိုက်ကြလေသည်။
ဝသုန်သင်္ဘောပျက်တစ်ခုကိုတွေ့လိုက်သည်။သင်္ဘောကကမ်းမှာကပ်ထားတာလည်းမဟုတ်။ရေထဲမှာဆိုပေမယ့်လည်းအရမ်းအဝေးကြီးမှာမဟုတ်။ဒါပေမယ့်ရေမကူးတတ်လို့ကတော့ဘယ်လိုမှအသက်ရှင်နိုင်မှာမဟုတ်ပေ။
ဝသုန်သင်္ဘောပျက်ကြီးနားကိုဖြည်းဖြည်းချင်းကပ်သွားမိသည်။အန္တရာယ်ဆိုတာလက်တစ်ကမ်းမှာပဲ။ဘယ်လိုပဲသူ့ယောက္ခမဆိုဦးတော့သူ့အပေါ်မှာနွေဦးမေနဲ့ပတ်သက်ပြီးမုန်းတီးနေနိုင်တာပဲလေ။သင်္ဘောပေါ်တက်တဲ့ပျဉ်းပြားကြီးပေါ်ကိုဝသုန်ဖြည်းဖြည်းချင်းတက်လိုက်သည်။ပျဉ်ပြားကြီးကကြီးမားခိုင်ခံ့ပါတယ်။ထို့နောက်ဝသုန်သွက်သွက်လက်လက်တက်လိုက်၏။သူပန်းလေးအတွက်စိုးရိမ်လှပြီ။
ကုန်းပက်ပေါ်မှာလူရိပ်လေးတစ်ခုကိုတောင်မှသူမတွေ့။သူမသင်္ကာတော့ဖြစ်သွားမိသည်။
“ဟိတ် ---”
အမှောင်ထဲကနေအသံပေးပြီးထွက်လာတဲ့လူတစ်ယောက်။ဝသုန်သေချာကြည့်လိုက်တော့သူမသိတဲ့လူဖြစ်နေလေသည်။ဒါဦးမင်းဦးရဲ့တပည့်ပဲဖြစ်မှာ။
“ပန်းလေးတို့ကိုဘယ်နားမှာထားထားတာလဲ ---”
“မင်းကဆရာကြီးရဲ့သားမက်လား ----”
“ဟုတ်တယ် --- ငါမေးတာကိုဖြေလေ ---”
“ပြောမှာပေါ့ဗျ --- ဒါပေမယ့်ဒီအတိုင်းတော့မရဘူးလေ --- နည်းနည်းလောက်တော့ပညာစမ်းချင်တယ် ---”
“ဘာ --- ”
ဝသုန်စိတ်တိုသွား၏။အလကားနေရင်းရန်ရှာနေတဲ့သူတွေ။
"ဘယ်လိုလဲ -- "
"ကောင်းပြီလေ ---"
ဝသုန်ကကောင်းပြီလေလို့ပြောလိုက်တာနဲ့အဲ့ဒီ့လူကဝသုန့်ဆီသို့ပြေးလာလေသည်။တစ်ယောက်လောက်ကတော့ဝသုန်အသာလေးပါ။သိပ်ပြီးစိုးရိမ်စရာမရှိ။
"ယား ---"
သူ့လက်သီးတွေကိုဝသုန်ဆွဲထားလိုက်တော့လေထဲမှာတင်အဲ့ဒီ့လူရဲ့လက်တွေဟာချုပ်ကိုင်ထားပြီးသားဖြစ်သွားကာဝသုန့်ကိုကြောင်တောင်တောင်နဲ့ငေးကြည့်နေမိ၏။ထို့နောက်ဝသုန်သူ့မျက်နှာကိုပြန်ပြီးထိုးလိုက်၏။
“အ ---”
အဲ့ဒီ့လူရဲ့နှုတ်ခမ်းထောင့်ကနေသွေးတွေထွက်လာ၏။ဝသုန်ထိုလူ့ကိုကြည့်ကာပြံုးလိုက်သည်။
“ဘယ်လိုလဲဒီလောက်ဆိုရပြီလား ---”
“မရသေးဘူး --- ငါတို့ကျန်သေးတယ် ---”
ထို့နောက်အမှောင်ထဲကနေတစ်ယောက်ချင်းစီထွက်လာကြ၏။အားလုံးပေါင်းသုံးယောက်။ဝသုန်စိတ်ထဲမှာအချဉ်ပေါက်သွားမိ၏။တမင်သက်သက်ရန်ရှာနေတယ်ဆိုတာထက်သူ့ကိုနာကျင်အောင်လုပ်နေသည်မှာသိသာထင်ရှားလာခဲ့သည်။
“သမီး -- အပြင်မှာအသံတွေကြားနေရတယ် ----”
မေမေ့အသံကြောင့်ပန်းလေးခေါင်းထောင်လာကာနားစွင့်လိုက်မိသည်။ဟုတ်တယ်သူမနားထဲမှာလည်းကြားနေရသည်။တိုက်သံခိုက်သံတွေကိုပီပီသသကြားနေရ၏။သူမတို့နေရာနဲ့သိပ်မဝေးလို့ထင်ရသည်။
“ဟုတ်တယ်မေမေ ---”
မေမေကသူမအနားကိုကပ်လာကာ
“မေမေကြိုးစားပြီးသမီးရဲ့ကြိုးကိုဖြည်ကြည့်မယ်  ----”
ကြိုးကနှစ်ထပ်လောက်ချည်ထားတော့လွယ်မှာမဟုတ်ပေ။မောင်လေးကလည်းသူမအနားကိုတရွေ့ရွေ့ချင်းရောက်လာလေသည်။
“ဟုတ်တယ်မမ --- မောင်လေးလည်းဖြည်ကူမယ် ---”
မေမေနဲ့မောင်လေးကပန်းလေးရဲ့အနောက်ကနေကြိုးကိုပါးစပ်နဲ့ကိုက်လိုက်သူတို့လက်တွေနဲ့ကြိုးစားပြီးဖြည်လိုက်နဲ့ကြိုးစားပြီးလုပ်ပေးနေလေသည်။ပန်းလေးမျက်လုံးထဲမှာပစ္စည်းတစ်ခုကိုတွေ့သွားသည်။သင်္ဘောရဲ့သံချောင်းအတိုအဆလေးတစ်ခုဖြစ်ဟန်တူသည်။
“မောင်လေး --- ဟိုမှာတံခါးပေါက်နားမှာသံချောင်းလေးတွေ့လား ----”
“ဟင်ဘယ်မှာလဲ ---”
“မမတို့ရှေ့ကတံခါးပေါက်နားမှာမောင်လေး ---”
အဂ္ဂမမပြောတဲ့နေရာကိုကြည့်လိုက်ကာသံချောင်းကိုတွေ့သွားလေသည်။
“ဟုတ်မမတွေ့ပြီ ---”
အဂ္ဂတံခါးပေါက်နားကိုအသာလေးကပ်သွားကာသံချောင်းကိုယူပြီးပြန်လာခဲ့လေသည်။အဲ့ဒီ့အချိန်မှာအသံတစ်သံကိုကြားလိုက်ရ၏။ခြေသံတစ်ခုဖြစ်သည်။အဂ္ဂကိုယ်လေးတုန်သွားကာနောက်ကိုလှည့်ကြည့်လိုက်လေသည်။တံခါးကလည်းပွင့်သွား၏။
“ကျွီ ---”
ဒေါ်သီရိမြိုင်နဲ့ပန်းလေးလည်းတံခါးပေါက်ကိုကြည့်လိုက်ကြသည်။
“ဟင် -- ကိုကြီးဝသုန် ---”
ဝသုန်တံခါးကိုအမြန်ဖွင့်လိုက်ပြီးအခန်းထဲကိုဝင်လိုက်ကာတံခါးကိုသေချာပြန်ပိတ်လိုက်လေသည်။
“ညီလေး ---”
ဝသုန်အဂ္ဂကိုပွေ့ထူလိုက်ပြီးကြိုးကိုအရင်ဖြေပေးလိုက်သည်။ထို့နောက်ပန်းလေးတို့အနားကိုရောက်သွား၏။ပန်းလေးဂျာကြီးကိုစိတ်ထဲကနေပဲတိုးတိုးလေးခေါ်လိုက်မိသည်။
ဝသုန်ပန်းလေးနဲ့ဒေါ်သီရိမြိုင်ကိုကြိုးတွေဖြည်ပေးလိုက်ကာပန်းလေးကိုကြည့်လိုက်ပြီး
“ပန်းလေး ---”
“ဂျာကြီး ---”
ဝသုန်ပန်းလေးကိုသေချာကြည့်လိုက်ပြီးမှာပန်းလေးကိုဆွဲဖက်လိုက်လေသည်။ပန်းလေးလည်းဟန်မဆောင်နိုင်တော့ဘဲမျက်ရည်တွေကျလာကာဂျာကြီးကိုပြန်ဖက်ထားလိုက်မိ၏။
“ပန်းလေး --- ကိုယ်တောင်းပန်ပါတယ်နော် ---”
“ဂျာကြီးရယ် ---”
ဒေါ်သီရိမြိုင်နဲ့အဂ္ဂတို့ကတော့ပန်းလေးတို့ကိုကြည့်ကာပြံုးနေကြလေသည်။
“အဲ့ဒီ့ညကမှားခဲ့တာတွေအတွက်ကိုယ်တာဝန်ယူမယ်ပန်းလေး --- အဲ့ဒီ့အတွက်လည်းကိုယ်တောင်းပန်ပါတယ်နော် --- နွေဦးမေနဲ့ကိုယ်လက်မထပ်တော့ဘူး --- ပန်းလေးတို့ကိုဒုက္ခပေးတဲ့အတွက်မင်္ဂလာပွဲကိုကိုယ်ဖျက်လိုက်ပြီပန်းလေး ----”
ပန်းလေးဘာမှပြန်မပြောမိဂျာကြီးကိုတင်းကြပ်စွာဖက်ထားရင်းကနေမျက်ရည်တွေပဲကျနေမိတော့သည်။ပန်းလေးလေရင်ထဲမှာဘယ်လိုခံစားမိမှန်းမသိဘူးဂျာကြီးရယ်။ဂျာကြီးကိုပြန်ပြောဖို့စကားလုံးတွေတောင်မှရင်ထဲမှာပြည့်ကြပ်နေတယ်။ဒါပေမယ့်ပန်းလေး --- ပန်းလေးဘာပြောရမှန်းတောင်မသိပါဘူး။ပန်းလေးပျော်တယ် --- ပန်းလေးအရမ်းပျော်တယ်ဂျာကြီးရယ်။
ဝသုန်ပန်းလေးကိုလွှတ်လိုက်ကာပန်းလေးရဲ့လက်ကိုတင်းကြပ်စွာကိုင်ထားလိုက်ပြီး
“လာ --- ပန်းလေးကိုယ်တို့ပြန်ရအောင် ----”
“ဟုတ် --- ဂျာကြီး ---”
အမှတ်မထင်ပန်းလေးရဲ့မျက်လုံးတွေကဂျာကြီးရဲ့ဗိုက်ဆီသို့ရောက်သွားလေသည်။
“ဟင်ဂျာကြီး ---ဗိုက်မှာ -- သွေးတွေ --- ”
ဝသုန်ဗိုက်ကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးသူ့လက်နဲ့ထောက်လိုက်လေသည်။
“ရတယ်ပန်းလေး --- နည်းနည်းပဲထိတာပါ ---”
ဓားနဲ့ချပ်ထိသွားတာဆိုတော့အပေါ်ယံအရေပြားလောက်ပဲပွန်းပဲ့သွားတာဖြစ်သည်။အဲ့ဒါကိုသွေးကအရမ်းထွက်နေ၏။သွေးမြင်တော့ပန်းလေးကလန့်သွားခဲ့ခြင်းဖြစ်သည်။
“ရရဲ့လားဂျာကြီးရယ် --”
“အင်း ---ရတယ်လာပါအမြန်သွားရအောင် --- သူတို့ဝင်လာလိမ့်မယ် ---”
“ဟုတ်တယ်သမီးမြန်မြန်သွားရအောင် --- ”
“ဟုတ်ကဲ့မေမေ ----”
မေမေကမောင်လေးရဲ့လက်ကိုဆွဲထားလေသည်။ပန်းလေးမေမေ့လက်ကိုတွဲလိုက်တော့ဂျာကြီးကလည်းပန်းလေးရဲ့လက်ကိုဆွဲထား၏။ထို့နောက်သူတို့တွေအဲ့ဒီ့အခန်းထဲကထွက်လာကြသည်။
“သူတို့တွေဒီသင်္ဘောပျက်ကြီးပေါ်မှာလား ---”
ဦးသုကမ္ဘာကုန်းပက်ပေါ်တက်နေရင်းကနေပြောလိုက်လေသည်။နွေဦးလည်းကုန်းပက်ပေါ်အပြေးအလွှားတက်လိုက်မိ၏။သတို့သမီးဝတ်စုံကဒီအတိုင်းပဲဖြစ်သည်။သူမမလဲခဲ့။ဝသုန့်ကိုမက်ဆေ့စ်ပို့ပြီးပြီးချင်းမေမေတို့နဲ့အတူတူချက်ချင်းထွက်လာခဲ့သည်။
“သြော် --- မင်းကတကယ်ကိုကယ်တင်ရှင်ကြီးပဲ ---”
ဝသုန်ပန်းလေးရဲ့လက်ကိုဆွဲထားရင်းကနေအသံကြားရာဆီသို့ကြည့်လိုက်မိသည်။
ဦးမင်းဦးကအခန်းတစ်ခန်းထဲကနေထွက်လာခဲ့၏။ဝသုန်တို့လည်းအခန်းအပြင်ရောက်ရောလူတစ်ယောက်မှမတွေ့လိုက်ရ၍အံ့သြနေခြင်းဖြစ်သည်။ခုနကလူလေးယောက်ကလည်းကြမ်းပြင်မှာလဲနေကြပြီဖြစ်သည်။
“ဟင်ဦးမင်းဦး --- ”
“အေး -- ဟုတ်တယ်ဒီနေ့တော့ငါ့သမီးအတွက်ငါလူသတ်ရတော့မယ် --- ”
“ဟေ့လူခင်ဗျားထင်တာတွေလုပ်မနေနဲ့ --- ခင်ဗျားကြောင့်အားလုံးဒုက္ခရောက်ကုန်လိမ့်မယ် ----”
“ဟား --- ဟား --- ဘယ်သူဒုက္ခရောက်ရောက်ဂရုမစိုက်ဘူး ---- ငါ့သမီးလေးစိတ်ချမ်းသာရင်ပြီးရော ---”
ဦးမင်းဦးခါးကြားထဲကသေနတ်ကိုထုတ်လိုက်ကာပန်းလေးကိုချိန်ထားလေသည်။
“ရင်ဝှက်ပန်းမရှိမှနားအေးမှာ --- အဲ့ဒါမှငါ့သမီးလည်းမင်းအတွက်နဲ့စိတ်ချမ်းသာရမှာဝသုန်မြေ---”
“ခင်ဗျားရူးနေလား --- နွေဦးမေနဲ့မင်္ဂလာပွဲကပျက်သွားပြီ ---”
“ဘာ --- မပျက်ဘူး --- ဘယ်တော့မှမပျက်ရဘူး --- မင်းငါ့သမီးလေးနဲ့ပဲလက်ထပ်ရမယ်ဝသုန်မြေ ---မဟုတ်ရင်တော့ရင်ဝှက်ပန်းကိုအရှင်မထားဘူး ----”
ဦးမင်းဦးသေနတ်ကိုမောင်းတင်လိုက်တော့ဝသုန်ပန်းလေးအရှေ့ကနေကာပြီးရပ်လိုက်လေသည်။
“ဖေဖေ --- မလုပ်ပါနဲ့ ---”
ဦးမင်းဦးနွေဦးရဲ့အသံကိုမကြားပေ။သေနတ်ကိုသာအာရုံစိုက်ပြီးချိန်နေ၏။
“ကောင်းပြီလေ -- မင်းကငါ့သမီးရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်ဘူးဆိုမှတော့မင်းတို့နှစ်ယောက်လုံးကိုအတူတူပေးသေမယ် --- နောင်ဘဝရောက်မှပဲပေါင်းကြတော့ ---”
“ဖေဖေ ----”
ဖေဖေသူမအသံကိုမကြားတာတကယ်ပဲ။နွေဦးပြေးသွားလိုက်သည်။
ပန်းလေးမျက်လုံးကိုမှိတ်ထား၏။ဝသုန်ကတော့သေနတ်ကိုသေချာစွာကြည့်နေလေသည်။
“ဒိုင်း ---”
“ဝုန်း ---”
“အား ---”
“ဟာ --- ”
“သမီး ---”
ဒေါ်မာလာမြိုင်ရဲ့အသံ။ဝသုန်နဲပန်းလေးကတော့ကြမ်းပြင်ပေါ်မှာလဲကျသွားကြသည်။
“ဟင်နွေဦးမေ ---”
နွေဦးဝသုန်တို့ကိုဆောင့်တွန်းလိုက်ခြင်းဖြစ်လေသည်။နွေဦးဗိုက်ကိုလက်နဲ့ထောက်ထားရင်းကနေဖေဖေ့ကိုကြည့်လိုက်သည်။
“ဟင် --- သမီးလေး --- သမီးလေး ---”
နွေဦးဗိုက်ကနေသွေးတွေကျလာ၏။ဖေဖေကနွေဦးရဲ့ဗိုက်ကိုသေချာကြည့်လိုက်ကာ
“သမီး --- သမီး --- ရူးနေလားသမီးရယ် --- ဘာလို့ကြားကနေဝင်ခံလိုက်ရတာလဲ ----”
ဝသုန်တို့လည်းအံ့သြသွားကြ၏။
“သမီး ---”
နွေဦးဝသုန့်ကိုကြည့်ကာ
“ဝသုန်နွေဦးတောင်းပန်ပါတယ်နော် ----”
ဝသုန်အံ့သြစွာဖြင့်ဘာမှပြန်မပြောဘဲငေးကြည့်နေမိသည်။
ဒေါ်မာလာမြိုင်နွေဦးကိုပွေ့ထားရင်းကနေဦးမင်းဦးကိုကြည့်လိုက်ပြီး
“ကိုမင်းဦး --- ရှင်ရူးသွားပြီလား --- ရှင့်သမီးတစ်ယောက်လုံးကိုတောင်မမြင်တော့ဘူးလား ---”
ဦးမင်းဦးလည်းမျက်ရည်တွေကျလာပြီးသေနတ်ကိုသေချာပြန်ဆုပ်ကိုင်ထားလိုက်လေသည်။
နွေဦးဒေါ်မာလာမြိုင့်ရင်ခွင်ထဲမှာပဲဝသုန့်ကိုကြည့်ကာငြိမ်ကျသွားတော့သည်။
“သမီး --- သမီးလေး --- ဖြစ်မှဖြစ်ရလေသမီးလေးရယ် --- ”
ဒေါ်မာလာမြိုင်ရှိုက်ကြီးတငင်ငိုချလိုက်တော့လေသည်။
ဝသုန်ပန်းလေးကိုထူကာမတ်တပ်ပြန်ရပ်လိုက်၏။
သုရှင်နဲ့ဂျက်စတင်လည်းကုန်းပက်ပေါ်ကိုတက်လာကြသည်။ဝသုန်ဂျက်စတင့်ကိုမြင်သွား၏။
“တောက် --- ဒါဒင်းကြောင့်ဝသုန်မြေမင်းလည်းအသက်မရှင်ရဘူး ---”
ဝသုန်သင်္ဘောလက်ရန်းကိုကိုင်ထားကာဂျက်စတင့်ကိုကြည့်နေ၏။ဦးမင်းဦးသေနတ်နဲ့ပစ်လိုက်လေသည်။
“ဒိုင်း ---”
“အား ---”
ဝသုန့်ခန္ဓာကိုယ်တွန့်ခနဲဖြစ်သွားကာအနောက်ကိုလန်ကျသွား၏။
“ဟင် --- ဂျာကြီး ---”
ပန်းလေးဝသုန့်လက်ကိုဆွဲထားလိုက်ပေမယ့်မမှီတော့။ဝသုန်ရေထဲကိုထိုးကျသွားတော့၏။
“ဟာ -- ဝသုန်မြေ --- ”
ဂျက်စတင်ချက်ချင်းပဲသူ့ဘေးကဘောင်ပေါ်ကနေရေထဲကိုခုန်ဆင်းလိုက်လေသည်။
“ဂျာကြီး -- ဂျာကြီး ---”
ပန်းလေးရေထဲကိုငုံ့ကြည့်ကာအော်နေသည်။ဝသုန်ကတော့ရေထဲကနေပြန်ပေါ်မလာခဲ့။
သုရှင်ပန်းလေးတို့နားကိုရောက်လာကာရေထဲကိုငုံ့ကြည့်လိုက်သည်။ရေဗွက်ကလေးတွေကိုသာသူတွေ့လိုက်ရ၏။
ပန်းလေးမျက်ရည်တွေကျလာတော့သည်။ရေထဲကိုဆင်းမယ်တကဲကဲဖြစ်နေ၏။
“ဟင့်အင်း --- ဂျာကြီး --- မဖြစ်ရဘူး --- ဂျာကြီး ---”
သုရှင်ပန်းလေးလက်ကိုဆွဲထားကာ
“ပန်းလေး --- ပန်းလေး --- စိတ်ထိန်းဦးလေ ---- ပန်းလေး ---”
“သမီး --- သမီး ----”
ဒေါ်သီရိမြိုင်လည်းမျက်ရည်တွေကျနေရင်းကနေပန်းလေးရဲ့လက်ကိုဆွဲထားသည်။အဂ္ဂလေးလည်းရေထဲကိုကြည့်ကာကြောင်နေမိ၏။
အဲ့ဒီ့အချိန်မှာခိုင်ဦးကရဲတွေကိုခေါ်ကာရဲတွေနဲ့အတူကုန်းပက်ပေါ်ကိုတက်လာကြသည်။
“လက်နက်ချလိုက်ပါ ---ဗိုလ်ကြီး ---”
ဦးမင်းဦးနွေဦးကိုကြည့်နေရင်းကနေသေနတ်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ရဲတပ်သားတွေကဦးမင်းဦးနားရောက်လာကာလက်ထိပ်ခတ်လိုက်ကြ၏။
ရဲတွေကကယ်ဆယ်ရေးတွေ၊ကြက်ခြေနီတွေကိုဖုန်းဆက်လိုက်လေသည်။
အားလုံးကရေထဲကိုငုံ့ကြည့်နေကြ၏။ရေထဲမှာဝသုန်ရောဂျက်စတင်ရောပြန်မပေါ်လာကြတော့ပေ။ပန်းလေးလည်းသင်္ဘောဘောင်ပေါ်ကနေမခွာတော့။ရေထဲကိုပဲငုံ့ကြည့်ကာငိုနေလေသည်။
သုရှင်ပန်းလေးရဲ့လက်ကိုဆွဲထားရင်းကနေအံ့သြတကြီးရေအောက်ကိုကြည့်လိုက်မိသည်။သူ့စိတ်ထဲမှာထူးဆန်းနေမိသည်။ဝသုန်ရောဂျက်စတင်ရောပြန်ပေါ်မလာကြတော့။သေနတ်မှန်တာဘယ်နေရာကိုမှန်သွားတာလဲ။ဘာလို့ရေထဲကိုချက်ချင်းကျသွားတာလဲ။ဘယ်လိုမှစဉ်းစားလို့မရခဲ့။ဘာလို့ဦးမင်းဦးသေနတ်နဲ့ပစ်ခါနီးမှသင်္ဘောဘောင်နားမှာကပ်နေရတာလဲ။ဝသုန်ရေထဲကျသွားတော့ဘာလို့ဂျက်စတင်လည်းရေထဲကိုခုန်ဆင်းသွားရတာလဲ။ဒါပေမယ့်ဂျက်စတင်ကရေကူးကျွမ်းတာပဲဘာလို့ပေါ်မလာတော့တာလဲ။
ကယ်ဆယ်ရေးတွေအားလုံးရေထဲကိုမော်တော်ဘုတ်လေးတွေနဲ့ဆင်းသွားကြပြီဖြစ်သည်။နွေဦးမေရဲ့အလောင်းကိုလည်းဆေးရုံကိုသယ်သွားကြ၏။
တဖြည်းဖြည်းနဲ့ကုန်းပက်ပေါ်ကိုအမှောင်ရိပ်ကကြီးစိုးလာလေသည်။ပန်းလေးတို့ရောသုရှင်နဲ့ခိုင်ဦးရောကုန်းပက်ပေါ်ကနေမဆင်းကြသေး။ရေထဲကမော်တော်ဘုတ်တွေလည်းဓာတ်မီးတွေနဲ့ထိုးကာရှာနေကြဆဲ။မတွေ့ကြပေ။ခနနေတော့မော်တော်ဘုတ်တွေလည်းကမ်းပေါ်ကိုတက်လာကြသည်။တာဝန်ရှိသူတွေလည်းသင်္ဘောပေါ်ကိုတက်လာကာသုရှင်တို့အနားကိုရောက်လာကြလေသည်။
“တကယ်ပဲဆန်းကြယ်ပါတယ်ဗျာ --- နှစ်ယောက်စလုံးကိုမတွေ့တော့ဘူး --- တကယ်လို့သေသွားတယ်ဆိုရင်တောင်မှအလောင်းကိုတော့ရှာတွေ့ရမှာပေါ့ --- ရေထဲဆင်းကြတဲ့လူတွေအားလုံးကလည်းရေထဲမှာကျွမ်းကျင်တဲ့လူတွေပါပဲအခုတော့အလောင်းကိုလည်းမတွေ့တော့စဉ်းစားစရာဖြစ်သွားတယ် ----”
“ဟင် --- ဟင့်အင်း --- ဟင့်အင်းဂျာကြီးမသေရဘူး ---”
အရာရှိကြီးပြောတာကြားတော့ပန်းလေးပိုပြီးတော့ငိုလာတော့သည်။
“မဖြစ်နိုင်ဘူး --- ဂျာကြီးကဒီလိုလွယ်လွယ်နဲ့သေမယ့်သူမဟုတ်ဘူး ---”
သုရှင်ပန်းလေးရဲ့ပခုံးကိုဖက်ထားကာ
“ပန်းလေးရယ် ---”
သူလည်းမယုံနိုင်ခဲ့ပါ။ဒါပေမယ့်ဘာဖြစ်လို့အလောင်းကိုရောမတွေ့ရတော့တာလဲ။အရာရှိကြီးပြောသလိုပဲသေတယ်ဆိုရင်တောင်မှအလောင်းကတော့ပေါ်ရမှာပဲလေ။
“စိတ်မကောင်းပါဘူးဗျာ --- တကယ်လို့သေတာမှန်ရင်တော့မကြာခင်မှာအလောင်းကပေါ်လာရမှာပါပဲ --- အလောင်းသာပြန်ပေါ်မလာဘူးဆိုရင်တော့သေလားရှင်လားကျွန်တော်တို့အနေနဲ့မပြောတတ်တော့ပါဘူး --- နောက်နေ့တွေလည်းဒီပတ်ဝန်းကျင်ကမြို့တွေကိုရှာဖို့အတွက်ကြေးနန်းပို့ပေးထားပါ့မယ် --- ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားပေးပါ့မယ်ဗျာ --- နောက်ပြီးနိုင်ငံခြားသားတစ်ယောက်လည်းပါနေတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအတွက်ထိခိုက်စရာတွေကရှိလာနိုင်လို့အရေးပေးပြီးဆောင်ရွက်သွားမှာပါ --- အခုတော့ခွင့်ပြုပါဦး ---”
“ကျေးဇူးတင်ပါတယ်ဗျာ ---”
တာဝန်ရှိတဲ့အရာရှိတွေကတော့သူတို့ကိုနှုတ်ဆက်ကာသင်္ဘောကြီးပေါ်ကနေဆင်းသွားကြလေသည်။
အဲ့ဒီ့နောက်မှာတော့သုရှင်နဲ့ပန်းလေးရဲ့အမေ၊မောင်လေးတို့ပန်းလေးကိုနှစ်သိမ့်ပြီးပြန်လာခဲ့ကြသည်။ပန်းလေးကဒီသင်္ဘောကြီးပေါ်ကနေမခွာချင်ပေ။သူတို့တွေဇွတ်အတင်းပြန်ခေါ်လာကြသည်။ခိုင်ဦးလည်းစိတ်ထဲမှာအံ့သြနေမိသည်။ဘယ်လိုဖြစ်ရတာလဲ။တကယ်လို့ဝသုန်သာသေသွားခဲ့မယ်ဆိုရင်ပန်းလေးရဲ့ကိစ္စကိုဘယ်လိုလုပ်မှာလဲ။ဟင့်အင်းမဖြစ်နိုင်ပါဘူး။ဝသုန်မသေနိုင်ဘူး။ဝသုန်လည်းရေကူးတတ်တာပဲ။ဒါပေမယ့်ဘာလို့မတွေ့ရတာလဲ။တကယ်ပဲသေသွားတာလား။
X x x x x x x
နောက်နေ့တွေမှာရှာဖွေရေးတွေကနေဆက်ပြီးရှာပေးခဲ့ပါတယ်။ဒါပေမယ့်ဘယ်လိုမှရှာလို့မရခဲ့။အနီးအနားကမြို့တွေကိုလည်းသတင်းပေးပြီးရှာကြသည်။ဘာမှထူးခြားမလာခဲ့။အဲ့ဒီ့သင်္ဘောကြီးကိုလည်းသက်ဆိုင်ရာကပိုင်ဆိုင်တဲ့သူတွေကိုစုံစမ်းကြသည်။စုံစမ်းလို့မရခဲ့။သူတို့သိခဲ့တာကတော့နိုင်ငံခြားသားတစ်ယောက်ပိုင်ဆိုင်ခဲ့တဲ့သဘောင်္ဟုသာသိခဲ့ကြလေသည်။
သူတို့တွေရင်ထဲမှာနာကျင်နေကြလေသည်။ဦးမင်းဦးလည်းသူ့သမီးသူသတ်မှုနဲ့ထောင်ကျသွားခဲ့ပြီ။ဒေါ်မာလာမြိုင်လည်းသမီးလည်းဆုံးယောကျာ်းလည်းထောင်ကျသွားသည့်အတွက်စိတ်ကပုံမှန်မဟုတ်တော့။မြေမထိမိုးမခစံအိမ်လည်းပန်းလေးတို့ဆီပြန်ရောက်သွားခဲ့ပြီဖြစ်သည်။
သုရှင်ရင်ထဲမှာလည်းအံ့သြစိတ်တွေနဲ့၊ခိုင်ဦးလည်းအဖြစ်အပျက်တွေကြောင့်မယုံကြည်နိုင်စွာဖြစ်နေသည်။ပန်းလေးရဲ့ရင်ထဲမှာဒဏ်ရာတွေ၊နာကျင်စရာတွေနဲ့။သူတို့တွေသာနာကျင်မှုတွေနဲ့အတူဝသုန့်ကိုမျှော်နေခဲ့ပေမယ့်သူတို့ရဲ့ရင်ထဲကနေဝသုန်ဟာအဲ့ဒီ့အချိန်ကတည်းကနေပျောက်ဆုံးသွားခဲ့ကြလေတော့၏။ဒါပေမယ့်တစ်နေ့မှာတော့ ---
[ဒုတိယအတွဲကိုဆက်ပြီးရေးပေးပါ့မယ်နော်။ဇာတ်သိမ်းရေးနေရင်းကနေဘယ်လိုမှသဘောမကျတော့လို့ဒုတိယတွဲကိုဆက်ပြီးရေးမှာပါ။အားပေးပါဦးနော်။သဘောကျပါ့မလားတော့မသိဘူး။]

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Место, где живут истории. Откройте их для себя