ဒုတိယတွဲ - အခန်း(၁၂)

376 3 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၁၂) 💜

"သား စားနော် ....."
ဝသုန် သားလေးရဲ့ပန်းကန်ထဲကို သားလေးကြိုက်တတ်တဲ့ ပုစွန်ကြော်ကိုထည့်ပေးကာ ပြောလိုက်လေသည်။ ပန်းလေး ကိုကိုနဲ့သားလေးကိုကြည့်ကာ ပြံုးလိုက်မိ၏။ အခုတော့လည်း သူတို့မိသားစုက ကြည်နူးစရာကောင်းလိုက်တာနော်။ သားလေးကလည်း ကိုကိုက သူ့အဖေဆိုတာကို လက်ခံခဲ့ပြီ၊ ကိုကိုကလည်း သားလေးကို ဂရုတစိုက်ချစ်ခင်သည်။
"အချစ် ..... ဘာတွေကြည့်နေတာလဲ စားလေကွာ ....."
"အချစ် ....."
ကိုကိုခေါ်တာကို သားလေးက နောက်ကနေ လိုက်ပြီးရေရွတ်လိုက်တော့ ပန်းလေးမျက်နှာပူသွားမိ၏။
"ဖေဖေက မေမေ့ကို အချစ်လို့ခေါ်တာပေါ့ ဟုတ်လား ဖေဖေ ....."
ဝသုန် ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ်လေ သားရဲ့ ဘာဖြစ်လို့လဲ ....."
"ဒါဆို မေမေကရော ဖေဖေ့ကို ဘယ်လိုခေါ်လဲ ဖေဖေ ....."
"သားမေမေက ဖေဖေ့ကို ကိုကိုလို့ခေါ်တာ ....."
"ကိုကို ဟုတ်လား ..... ဝိုး ... မိုက်တယ် ဖေဖေနဲ့မေမေကမှ တကယ်ခေတ်မီတာပဲ ....."
သားလေးက အ့ံသြ တကြီးပြောလိုက်တော့ သူတို့တွေလည်း အ့ံသြသွားလေသည်။
"ဘာဖြစ်လို့လဲ သားရဲ့ ....."
"သားသူငယ်ချင်းရဲ့အဖေနဲ့အမေကကျတော့ တစ်ယောက်နဲ့တစ်ယောက် ယောကျာ်း မိန်းမလို့ပဲခေါ်တာတဲ့လေ ..... အဲ့ဒါကြောင့် ဖေဖေနဲ့မေမေက ပိုပြီးခေတ်မီတာပေါ့ ....."
"ဪ အဲ့လိုလား ....."
စကားတတ်လွန်းတဲ့ သားလေးကိုကြည့်ကာ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပြံုးလိုက်မိလေသည်။
"ကဲ ..... သားက စကားအရမ်းတတ်တာပဲ အချစ်ရယ် ..... ကိုကိုတို့ကို ရောင်းစားတော့မယ်ထင်တယ် ....."
"ဟုတ်တယ် ကိုကို ..... သားလေးက ကိုကို့အတိုင်းပဲ စကားအရမ်းတတ်တာ ....."
"ဟာ ဖေဖေနဲ့မေမေကလည်း သားက ဘာလို့ဖေဖေနဲ့မေမေကို ရောင်းစားရမှာလဲ ..... မရောင်းစားပါဘူး ရောင်းစားရင် သား ငရဲကြီးမှာပေါ့ ....."
"ဟုတ်ပါပြီ သားရယ် ..... ဖေဖေနဲ့မေမေက သားကို စကားတတ်လို့စတာပါကွာ ..... ကဲပါ ထမင်းဆက်စားနော် ....."
"ဟီး ..... ဟုတ်ကဲ့ ဖေဖေ ....."
သားလေးက ရယ်ပြီး ထမင်းဆက်စားတော့၏။ ဝသုန် ပန်းလေးကိုကြည့်ကာ
"အချစ်လည်း စားလေကွာ ....."
"ဟုတ်ကဲ့ ကိုကို ....."
"အချစ်ကပါ သားလေးလိုလုပ်နေတာပါလား ..... သားလေးရေ ဖေဖေကတော့ ကလေးနှစ်ယောက်ထိန်းရတော့မယ်ထင်တယ် ....."
သူကအဲ့လိုပြောလိုက်တော့ သားလေးက ထမင်းစားရင်းကနေ သူ့ကိုမော့ကြည့်လိုက်ပြီး
"ဟင် ဘာဖြစ်လို့လဲ ဖေဖေ ....."
"ဘာဖြစ်ရမှာလဲ သားမေမေကလည်း အခုချိန်ထိ ကလေးစိတ်မပျောက်သေးဘူးလေ ..... အဲ့ဒါကြောင့် ဖေဖေက သားနဲ့သားမေမေကို ထိန်းရတော့မှာဆိုတော့ ကလေးနှစ်ယောက်ဖြစ်သွားပြီပေါ့ ....."
"ဟာ ကိုကိုနော် ....."
"ဖေဖေကလည်း သားက ကလေးမဟုတ်တော့ပါဘူး ....."
"ဟင် ဘာလို့လဲသားရဲ့ ....."
"သားက အကုန်သိနေပါပြီ ဖေဖေရဲ့ ..... ဖေဖေကလေးနှစ်ယောက်ထိန်းစရာမလိုပါဘူး ..... မေမေ့တစ်ယောက်ပဲထိန်းရမှာ ..... ဖေဖေနဲ့သား မေမေ့ကိုအတူတူထိန်းရအောင်လေ ....."
"အင်း ကောင်းသားပဲ ..... သားအကြံမဆိုးဘူး သား ....."
"အယ် ..... ဒီသားအဖနှစ်ယောက်ကတော့ အမေကိုများကလေးလို့ထင်နေလားမသိဘူး ...."
ပန်းလေး သားလေးနဲ့ကိုကို့ကိုကြည့်ကာ မျက်စောင်းထိုးလိုက်လေသည်။
"မေမေကလည်း သားကစတာပါ ..... စိတ်မဆိုးနဲ ့နော်.. ..."
သားလေးက သူမလက်ကိုကိုင်ကာပြောလိုက်တော့ သူမပြံုးလိုက်မိလေသည်။
"ဟား ... ဟား ... ဟား ... သား သားမေမေကိုသေချာကြည့်လိုက် ..... သား မေမေက သားရဲ့မေမေသာဖြစ်နေတာ ..... စိတ်ဆိုးတဲ့အခါကျရင် သားလို ကလေးလေးပဲ တွေ့လား သား ....."
"ဟီး ... ဟီး ... ဟုတ်တယ်နော် ဖေဖေ ....."
"ကိုကိုနော် ....."
ပန်းလေးက စိတ်ဆိုးကာ မျက်စောင်းထိုးလိုက်တော့ ဝသုန် သားလေးနဲ့တူတူ ရယ်လိုက်မိလေသည်။
"ကိုယ်ကစတာပါအချစ်ရယ် ..... အချစ်က အခုချိန်ထိကို ကလေးစိတ်မပျောက်သေးပါလား ..... လူကြီးစိတ်ဖြစ်လာအောင် ကိုကို သင်ပေးမှဖြစ်တော့မယ် ....."
"ကိုကိုနော် ..... ဘာတွေပြောနေတာလဲ ....."
"ဟား ... ဟား ... ဟား ....."
သူတို့ထမင်းဝိုင်းလေးဟာ ရယ်မောသံတွေနဲ့သာ ပြည့်နှက်နေလေတော့သည်။ တခြားစားပွဲဝိုင်းက မိသားစုတွေကလည်း သူတို့ကိုကြည့်ကာ အားကျသည့်ပုံဖြင့် ပြံုးနေကြ၏။
ဒေလီယာ ခြေလှမ်းတွေကို ဆိုင်ထဲမဝင်ခင်မှာပဲ မှန်တံခါးကိုကိုင်နေရင်းကနေ ရပ်ပစ်လိုက်လေသည်။ စတီဗင်က အမျိုးသမီးတစ်ယောက်၊ ကလေးတစ်ယောက်နဲ့အတူ ထမင်းစားကာ ပျော်ရွှင်စွာ ရယ်မောနေလေသည်။ သူမ ချက်ချင်းပဲ တံခါးပေါက်ကို ကျောခိုင်းလိုက်၏။
ထို့နောက် ဆိုင်ထဲသို့ပြန်လှည့်ကြည့်လိုက်ကာ ကလေးလေးကိုကြည့်လိုက်မိ၏။ ကလေးက စတီဗင်နဲ့တူလိုက်တာ။ ချစ်စရာလေးလည်းကောင်းတယ်။ မဟုတ်မှလွဲရော ဒယ်ဒီ့တပည့်ပြောသလို အဲ့ဒီအမျိုးသမီးနဲ့ကလေးက စတီဗင်ရဲ့မိန်းမနဲ့ကလေးများလား။ အမျိုးသမီးကလည်း ချောလိုက်တာ။ မြန်မာဆန်ဆန်လေးဝတ်ထားပုံမှာ သူမနဲ့လိုက်ဖက်လွန်းပါတယ်။ သူမက တကယ်ပဲ စတီဗင်ရဲ့မိန်းမလား။

ဟန်​ဆောင်အမုန်း (Completed)Donde viven las historias. Descúbrelo ahora