💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၉) 💜"အင်း အခြေအနေဘယ်လိုလဲ ---"
"ဆရာကြီးရဲ့သားမက်က သုရှင်မင်းတို့မိသားစုနဲ့ တွေ့ပြီးသွားပြီ ဆရာကြီး ---"
"ငါ့သားမက်လို့မပြောစမ်းပါနဲ့ကွာ နားခါးလွန်းလို့ ---"
ဦးမင်းဦး ကားပေါ်ကနေ မြေမထိမိုးမခစံအိမ်ကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ဆရာကြီး ဝသုန်မြေက သုရှင်မင်းတို့နဲ့ပြန်ပြီး အဆင်ပြေသွားပါပြီ --- အဲ့ဒါ ကျွန်တော် ဘာဆက်လုပ်ရမလဲ ---"
"ဒါဆို သူအခု သုရှင်မင်းတို့နဲ့အတူတူနေနေတာလား ---"
"မဟုတ်ဘူးဆရာကြီး သူ ဘယ်မှာနေတယ်ဆိုတာကိုတော့ စုံစမ်းလို့မရသေးဘူး --- ဒါပေမယ့် သုရှင်မင်းတို့နဲ့အတူတူနေတာတော့ မဟုတ်ပါဘူး ---"
"ဟုတ်လား ---"
ဦးမင်းဦး အိမ်ကြီးကိုအကဲခတ်နေလေသည်။ အိမ်ကြီးက သူတို့နေခဲ့တုန်းကအတိုင်း ဘာမှမပြောင်းလဲခဲ့ပေမယ့် အပြင်ပိုင်းကိုတော့ အနည်းငယ် ပြန်လည်ပြုပြင်ထားသည့်ပုံပင်။ တောက်ပြောင်နေ၏။ လူရိပ်လူယောင်ကိုလည်း မတွေ့ရသေး။ မရှိကြတာလား။ အပြင်သွားကြတာလား။
"ဆရာကြီး ---"
"အေး ဘာလဲပြော --"
"ကျွန်တော်ကြားထားတဲ့သတင်းအရတော့ ဝသုန်မြေက ဟိုဘက်နိုင်ငံမှာ ပြဿ နာရှာခဲ့တယ်ထင်တယ် --- သူ့ကို မကျေနပ်တဲ့သူတွေရှိနေတယ်တဲ့ ---"
"ဟင် ဟုတ်လား မင်းက ဘယ်လိုသိတာလဲ ---"
"အဲ့ဒီ့နိုင်ငံဘက်မှာ ကျွန်တော့်လူတွေရှိတယ် ဆရာကြီး --- သူတို့က ကျွန်တော် ဝသုန်မြေ့အကြောင်း စုံစမ်းရင်းကနေ ဓာတ်ပုံကိုမြင်ပြီး ပြောပြကြတာပါ ---"
"လူမျိုးခြားတွေလား ---"
"ဟုတ်ပါတယ် ဆရာကြီး -- သူ ဘယ်လိုပြဿ နာရှာခဲ့လဲတော့မသိဘူး အဲ့ဒီလူတွေက မကျေနပ်ကြလို့ သူ့နောက်ကိုလိုက်လာမယ်လို့လည်း ပြောကြတယ် ---"
"ဟင် ဟုတ်လား ---"
ဦးမင်းဦး အ့ံသြသွားသလို စိတ်လည်း ဝင်စားသွားမိသည်။ ဝသုန်မြေက ဘယ်လိုပြဿ နာတွေများရှာခဲ့လို့ လူမျိုးခြားတွေက လက်စားချေချင်တာလဲ။
"အဲ့ဒါကြောင့် ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်ဆရာကြီး --- ဆရာကြီး သဘောကျပါ့မလားတော့မသိဘူး ---"
"ဘာစဉ်းစားထားတာလဲပြောကြည့် ---"
"အဲ့ဒီ့လူတွေနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး ဝသုန်မြေကို ဆရာကြီးရဲ့မကျေနပ်ချက်တွေအတွက် လက်စားချေမယ်ဆိုရင်ရော ---"
"ဟင် ဘယ်လို ---"
ဦးမင်းဦး မျက်လုံးပြူးသွားလေသည်။ ဉာဏ်ကောင်းတဲ့တပည့် ထွန်းအောင်ကိုလည်း စိတ်ထဲကနေ ချီးကျူးလိုက်မိ၏။
"အေး မင်းအကြံကမဆိုးပါဘူး --- ဒါပေမယ့် ငါတို့က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ဘူးလေကွာ ---"
"အဲ့ဒီ့အတွက် မပူပါနဲ့ဆရာကြီး --- သူတို့က မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်လို့ ကျွန်တော်ကြားထားပါတယ် ---"
"ဟုတ်လား ---"
"ဟုတ်ပါတယ် အဲ့ဒါကြောင့် ဆရာကြီးအနေနဲ့ ကျွန်တော့်အကြံကို လက်ခံမယ်ဆိုရင် သူတို့ရောက်လာခဲ့ရင် ဆရာကြီးနဲ့ တွေ့ပေးဖို့ စီစဉ်ပေးပါ့မယ် ---"
"အင်း ကောင်းပြီလေ --- ဘာပဲဖြစ်ဖြစ် အခုလိုမျိုး လက်စားချေချင်တဲ့လူတွေရှိသေးတယ််ဆိုတော့ ပူးပေါင်းပြီး လက်စားချေတာ ပိုကောင်းတာပေါ့ --- သူတို့ရောက်လာခဲ့ရင် ငါ့ကိုပြောထွန်းအောင် ငါ တွေ့မယ် ---"
"ဟုတ်ကဲ့ပါ ဆရာကြီး ---"
"ဒါနဲ့ သူတို့က ဘယ်တော့လာကြမှာတဲ့လဲ ---"
"အတိအကျတော့မသိသေးဘူး ဒါပေမယ့် မကြာလောက်တော့ဘူးထင်တယ် ဆရာကြီး ---"
"ဟုတ်လား --- အင်း ဒါဆိုလည်း မင်း သူတို့လာမယ့်အချိန်ကိုစုံစမ်းပြီး ငါ့ကိုပြောပါ --- ကျန်တာကိုတော့ သူတို့နဲ့တိုင်ပင်တာပေါ့ ---"
"ဟုတ်ကဲ့ပါ ဆရာကြီး ---"
"ဒါဆို ဖုန်းချလိုက်တော့ ငါအခု မြေမထိမိုးမခ စံအိမ်ရှေ့ကိုရောက်နေတာ ---"
"ဟုတ်ကဲ့ ---"
ထွန်းအောင် ဖုန်းချသွားတော့မှ သူ ခြံကြီးထဲကို လှမ်းပြီးကြည့်လိုက်မိလေသည်။ ခြံထဲမှာ ငါးနှစ်အရွယ်ကလေးတစ်ယောက်က တစ်ယောက်ထဲ ဘောလုံးကန်နေ၏။ ကလေးလေးကြည့်ရတာ ချစ်ဖို့ကောင်းလိုက်တာ။ ဒါ သုရှင်မင်းနဲ့ ရင်ဝှက်ပန်းတို့ရဲ့ကလေးထင်တယ်။
![](https://img.wattpad.com/cover/325207534-288-k737111.jpg)
BẠN ĐANG ĐỌC
ဟန်ဆောင်အမုန်း (Completed)
Lãng mạnအနှိမ်ခံဘ၀လေးမှာ အားကိုးစရာဆိုလို့ အမေနဲ့မောင်လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်မြေ'ဆိုတဲ့ သူမပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့တောင်လဲပြီး ဂရုစိုက်ပေးတဲ့သူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူမဘ၀ဟာ အခက်အခဲအညှိုးအတေးနဲ့ မနာလိုမှုတွေကြားထဲကနေ သူ့အချစ...