ဒုတိယတွဲ - အခန်း(၅)

254 4 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၅)💜

"အဲ့ဒီ့သတင်းက သေချာတာတကယ်ပဲလားထွန်းအောင် ---"
ထွန်းအောင်ဆရာ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ရင်း
"သေချာပါတယ်ဆရာ --- နယ်စပ်မှာရှိနေတဲ့ကျွန်တော့်အသိကိုယ်တိုင်ကကျွန်တော့်ကိုသတင်းပို့ပေးတာပါ ---"
ဦးမင်းဦးဘီယာခွက်ကိုစားပွဲပေါ်တင်လိုက်ကာထွန်းအောင်ကို မော့ကြည့်လိုက်လေသည်။ထွန်းအောင်ကလက်နှစ်ဖက်ကိုနောက်ပစ်ကာသူ့ကိုစကားတွေပြောနေလေသည်။
"ဒါဆိုဝသုန်မြေ မြန်မာပြည်ထဲမှာပဲရှိနေတာလား ---"
ထွန်းအောင်ကစဉ်းစားသလိုလုပ်ပြီးမှ ခေါင်းရမ်းလိုက်ကာ
"မဟုတ်ဘူးဆရာ --- သူ မြန်မာပြည်ထဲမှာရှိနေတာမဟုတ်ဘူး --- သူကတခြားနိုင်ငံကနေရောက်လာတာလို့ ပြောပါတယ် -- အခုသူကကျွန်တော့်အသိဖွင့်ထားတဲ့ဟိုတယ်မှာတည်းနေတာပါ ---"
ဦးမင်းဦးကနားလည်သွားသလို ခေါင်းညိမ့်လိုက်ကာအမြည်းကိုယူစားလိုက်လေသည်။
ထွန်းအောင်ဆရာ့ကိုကြည့်ကာတံတွေးတွေကိုမြိုချလိုက်မိ၏။ဆရာ့ကိုသူသတင်းတစ်ခုပေးနိုင်ခဲ့ပြီဖြစ်သည်။ဆရာကလည်းဒီသတင်းကိုကြားရင်စိတ်မထိန်းနိုင်လောက်အောင်သဘောကျပျော်ရွှင်လိမ့်မယ်လို့သူထင်ခဲ့မိသည်။ဒါပေမယ့်အခုတော့သူထင်သလိုမဟုတ်ပဲ။ဆရာကတည်ငြိမ်အေးဆေးစွာဖြင့်အရက်သောက်လိုက်အမြည်းစားလိုက်နဲ့ နေနေတော့သူ့စိတ်ထဲမှာထူးဆန်းနေ၏။
"ဒါဆိုဘာပဲဖြစ်ဖြစ်သူ မြန်မာပြည်ထဲရောက်နေတာတော့ သေချာတယ်မို့လား ---"
ထွန်းအောင် ပြာပြာသလဲခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ပါတယ်ဆရာ --- သူ ရောက်နေပါပြီ ---"
"ဟွန့် တွေ့ကြသေးတာပေါ့ဝသုန်မြေရာ --- သမီးလေးအတွက်မင်းကိုလက်စားချေမယ် --- ထွန်းအောင်သူ့ကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ခိုင်းထား --- နောက်ပြီးသူရောက်လာတာအကြောင်းတစ်ခုခုရှိရမယ် ---"
ထွန်းအောင်ဆရာပြောသမျှတွေအားလုံးကိုတစ်ခုမကျန် သေချာမှတ်ထားလိုက်သည်။
"အဲ့ဒီ့အကြောင်းကလည်းသူကရင်ဝှက်ပန်းကိုသဘောကျနေတာဆိုတော့ရင်ဝှက်ပန်းနဲ့ပဲပတ်သက်နေလိမ့်မယ် ---"
"အခုရင်ဝှက်ပန်းကသုရှင်မင်းနဲ့လက်ထပ်ပြီးလို့ကလေးတောင်ရနေပြီဆရာ --- သူကဘာလို့ပြန်ပေါ်လာရ တာလဲ ---"
ထွန်းအောင်ပြောတာကိုနားထောင်ပြီးသူ့ခေါင်းထဲမှာစဉ်းစားစရာတွေပေါ်ပေါက်လာတော့သည်။ဟုတ်သားပဲရင်ဝှက်ပန်းနဲ့သုရှင်မင်းမှာကလေးတစ်ယောက်တောင်ရှိနေပြီ။ဒီအချိန်ကျမှသူကဘယ်လိုလုပ်ပြီး ပြန်ပေါ်လာရတာလဲ။
"အင်း --- စိတ်ဝင်စားစရာပဲ --- ထွန်းအောင်မင်း မြေမထိမိုးမခစံအိမ်ကို စောင့်ကြည့်ထား --- ဝသုန်မြေက ပြန်ပေါ်လာပြီဆိုတော့ --- သူတို့နဲ့ပတ်သက်လာမှာအသေအချာပဲ ---"
ထွန်းအောင် ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ပါ ဘော့စ် --- ဒါပေမယ့်သူတို့ကလည်းဝသုန်မြေသေသွားပြီလို့ပဲသိထားကြတယ်လို့ ကျွန်ဆော် ထင်တယ် --- ဘာဖြစ်လို့လဲဆိုတော့ဝသုန်မြေနဲ့ဟိုနိုင်ငံခြားသားပျောက်သွားတော့ သုရှင်မင်းတို့က ဆွမ်းသွတ်တွေဘာတွေလုပ်ပေးကြသေးတယ် ---"
ဦးမင်းဦး တွေဝေသွားပြန်သည်။ဘီယာဖလားကိုမလိုက်တော့ဖလားထဲမှာဘီယာက မရှိတော့ပေ။ထွန်းအောင် ကပြာကယာနဲ့ဘီယာပုလင်းကိုယူလိုက်ပြီးဘီယာတွေငှဲ့ထည့်ပေးလိုက်သည်။သူထည့်ပေးပြီးတော့မှဦးမင်းဦး မော့သောက်လိုက်လေသည်။
"အင်းမင်းပြောသလိုဆိုရင်တော့စဉ်းစားစရာပဲ --- အေးပါဘာပဲဖြစ်ဖြစ်သူတို့ကိုလည်းမင်းစောင့်ကြည့်ထား ---"
"ဟုတ်ကဲ့ပါဆရာ ---"
"ရပြီဒါဆိုသွားတော့ ---"
ထွန်းအောင်က ခေါင်းငြိမ့်ပြီးသူ့ရှေ့ကနေထွက်သွားလေတော့သည်။ ထွန်းအောင်ထွက်သွားတာနဲ့သူလည်း စဉ်းစားခန်းဝင်ရတော့သည်။
ဝသုန်မြေအခုမှဘာလို့ပြန်ပေါ်လာရတာလဲ ---?
ဘာလို့ မြန်မာပြည်မှာရှိမနေရတာလဲ ---?
ဒါဆိုအဲ့ဒီ့တုန်းကရောဘာလို့ပျောက်သွားရတာလဲ ---?
သူ သေနတ်နဲ့ပစ်ခဲ့တာကိုမသေခဲ့ဘူးလား ---?
သူဘယ်လိုမှတွေးလို့မရခဲ့။
ထွန်းအောင်ပြောသလိုသာဆိုရင်အားလုံးကသူသေသွားတယ်လို့သိထားကြတာပဲလေ။ဒါဆိုဘာလို့အခုမှ ပြန်ရောက်လာတာလဲ။အကြောင်းတော့ရှိရမယ်။သူကအလုပ်တစ်ခုကိုအကြောင်းမရှိဘဲမလုပ်ဘူး။ဘာများ ပါလိမ့် ---?
အို --- ဘာပဲဖြစ်ဖြစ်သူမသေသေးဘဲ ပြန်ပေါ်လာတာကိုငါဝမ်းသာရမယ်။အဲ့ဒါမှသမီးလေးအတွက် လက်စားချေပေးနိုင်မှာ။ ဟုတ်တယ်လက်စားချေမယ်။
သမီးလေးသေရတာသူ့ကြောင့် ---
ငါ့မိသားစု သေကွဲရှင်ကွဲကွဲရတာလည်းသူ့ကြောင့်ပဲ --- အဲ့ဒီ့အတွက်သူ့ကိုလက်စားပြန်ချေရမယ် --- ဟုတ်တယ် ---
သူဖလားထဲကလက်ကျန်ဘီယာကိုမော့ချလိုက်ကာ ကျေနပ်အားရစွာပြံုးလိုက်လေတော့သည်။
×     ×     ×     ×     ×     ×     ×
"အဂ္ဂ ---"
"အင်း ပြောလေ ---"
"မင်းကားမပါဘူးလား ---"
အဂ္ဂသူ့သူငယ်ချင်းတွေကိုကြည့်လိုက်ပြီး
"အင်းမပါဘူး ---"
"မင်း ယောက်ဖလာကြိုမှာလား ---"
သူသူငယ်ချင်းတွေကို ခေါင်းပဲငြိမ့်ပြလိုက်မိသည်။သူ့စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့ကိစ္စ တစ်ခုကိုစဉ်းစားကာ ငြိမ်သက်နေခြင်းဖြစ်သည်။
ဟုတ်ပါတယ်သူ့အမြင်မမှားလောက်ပါဘူး။ကိုကြီးဝသုန်ကိုသူ သေချာမြင်လိုက်ရတာပါ။ သေချာမြင်လိုက် ရတယ်ဆိုတာထက်ကိုကြီးဝသုန်ကသူ့ကို သေချာကြည့်နေခဲ့ခြင်းဖြစ်လေသည်။ ကျောင်းရှေ့မှာရပ်ထားတဲ့ကားတစ်စီး။ကားက နောက်ဆုံးပေါ်ကားမို့လို့စမတ်ကျစွာလှပနေလေသည်။
သူအစတုန်းကတော့ကားကိုသဘောကျ၍ကြည့်နေခဲ့ပေမယ့်ကားတံခါးပွင့်လာကာ မြင်လိုက်ရတဲ့မျက်နှာ တစ်ခုကြောင့်ဆွ့ံအသွားကာအဲ့ဒီ့မျက်နှာကိုသာ သေချာကြည့်နေမိတော့သည်။ အနက်ရောင်နေကာမျက်မှန်ကို တပ်ထားကာသူ့ကိုကြည့်နေသောလူတစ်ယောက်ဟာလွန်ခဲ့သောငါးနှစ်က ပျောက်ဆုံးသွားခဲ့တဲ့ကိုကြီးဝသုန်ရဲ့ မျက်နှာနဲ့ချွတ်စွပ်တူနေခဲ့လေသည်။
"အဂ္ဂ ---"
"ဟင် ---"
သူ့ပခုံးကိုပုတ်လိုက်သောကြောင့်သူလန့်သွားလေသည်။
"မင်းဘာတွေတွေးနေတာလဲအဂ္ဂ --- မင်း တော်တော်ငြိမ်နေတယ် --- မင်းမှာဘယ်လိုကိစ္စတွေရှိနေလို့လဲ ငါတို့ကိုပြောလေငါတို့ကူညီနိုင်တာရှိရင်ကူညီပေးမယ်သူငယ်ချင်း ---"
"ဟုတ်တယ်သူငယ်ချင်း ---"
အဂ္ဂ ခေါင်းရမ်းလိုက်မိ၏။ဇဝေဇဝါဖြစ်နေတာကဘယ်သူမှကူညီနိုင်မှာမဟုတ်ဘူး။ ကိုကြီးဝသုန်နဲ့သာတူတာပါ တကယ်တော့ကိုကြီးဝသုန်ကရှိတော့တာမှမဟုတ်ဘဲ ---
"ရပါတယ်ကွာငါဘာမှမဖြစ်ပါဘူး --- ဒီလိုပါပဲကိစ္စလေးတွေရှိနေလို့ပါ ---"
"ဟာဟိုမှာမင်းယောက်ဖလာနေပြီ ---"
သူငယ်ချင်းတစ်ယောက်ကပြောလိုက်တော့သူလှည့်ကြည့်လိုက်မိသည်။ဟုတ်ပါတယ်ကိုသုရှင်မင်းရောက်လာပြီဖြစ်သည်။
"အင်းဒါဆိုငါသွားတော့မယ်သူငယ်ချင်းတို့ ---"
"အေး -- အေးသူငယ်ချင်း ---"
သူမတ်တပ်ရပ်လိုက်တော့ကိုသုရှင်မင်းကကားပေါ်ကဆင်းလာနေလေသည်။ကိုသုရှင်မင်းလက်ထဲမှာတူလေး ဖြစ်သူမိုးမြေရှင်ကို တွေ့လိုက်ရ၍သူ့မျက်နှာမှာပြံုးမိသွားတော့သည်။ဒီတူလေးကိုသူသိပ်ချစ်သည်။
"ညီလေးအဂ္ဂ ---"
သူကိုသုရှင်မင်းဆီကို မြန်မြန်လေးသွားလိုက်ကာတူလေးကို ပွေ့ချီလိုက်သည်။
"ကဲ --- ဒီနေ့ရော ကျောင်းမသွားဘူးလားတူလေး ---"
"ဟာဦးလေးအဂ္ဂကလည်း --- ဒီနေ့သားကျောင်းသွားပါတယ်မယုံရင် ဖေဖေ့ကိုမေးကြည့် ---"
စကားတတ်လွန်းတဲ့တူလေးကိုကြည့်ကာသူရယ်လိုက်လေသည်။
"ဟုတ်ပါပြီကွာဦးလေးယုံပါတယ် --- ဦးလေးကစတာပါကွာ ---"
သုရှင်သားဖြစ်သူနဲ့ယောက်ဖဖြစ်သူကိုကြည့်ကာ ကျေနပ်နေမိသည်။
"ညီလေးဒီနေ့ကိုကြီးနည်းနည်းနောက်ကျသွားတယ် --- သားလေးကို ကျောင်းကြိုနေရလို့ ---"
"ရပါတယ်ကိုကြီးရာ ---"
"အင်းကိုကြီးညီလေးကိုကားအသစ်ဝယ်ပေးဖို့စီစဉ်ထားပြီညီလေး ---"
အဂ္ဂကိုသုရှင်မင်းကိုကြည့်ကာအားနာသွားမိ၏။ကိုကြီးဝသုန်မရှိတော့မှကိုသုရှင်မင်းကသူတို့မိသားစုအပေါ်မှာ ကောင်းလွန်းခဲ့ပါသည်။
"ရပါတယ်ကိုကြီးရယ် --- ကျွန်တော်အသစ်မလိုချင်ပါဘူး ---"
"ဘာလို့လဲညီလေးရဲ့ --- အခုခေတ်မှာတက္ကသိုလ်ကျောင်းသား တော်တော်များများမှာလှတဲ့ပြိုင်ကား တော်တော်များများကိုစီးကြတယ် --- အဲ့ဒါကြောင့်ကိုကြီးလည်းညီလေးကိုစီးစေချင်လို့ပါ --- နောက်ပြီးအခု မြန်မာနိုင်ငံကိုရောက်တာမကြာသေးတဲ့ဂျပန်နိုင်ငံထုတ်ကားတစ်စီးကိုကိုကြီးတွေ့ထားတယ် --- ညီလေးလည်း သဘောကျလောက်တယ်မနက်ဖြန်လိုက်ကြည့်ကြည့်ပါလား --- ညီလေသဘောကျရင်ကိုကြီးဝယ်ပေးမယ်လေ ---"
သူအားနာစွာနဲ့ပဲဘာမှပြန်မပြောဘဲပြံုးလိုက်မိသည်။
"ဦးလေးအဂ္ဂ --- သား ပြောစရာရှိလို့ ---"
"ဘာများလဲမိုးမြေရှင်ရဲ့ ---"
"ဖေဖေကသားနဲ့ဘောလုံးမကန်ပေးဘူးတဲ့အဲ့ဒါဦးလေးကသားနဲ့ဘောလုံကန်ပေးမယ်မို့လား ---"
အဂ္ဂတူလေးရဲ့ပါးကိုအားရပါးရနမ်းလိုက်ကာ
"ကန်ပေးမှာပေါ့ --- ဒါပေမယ့်တူလေးကဂိုးအောင်ကန်ရမှာနော် ---"
"စိတ်ချဦးလေးအခုတလောသားတိုးတက်လာတယ်လို့ ဖေဖေက ပြောတယ် --- ဟုတ်တယ်နော် ဖေဖေ ---"
သားလေးကသူ့ကိုကြည့်ကာပြောနေတော့သူရယ်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တာပေါ့သားကအရမ်းတိုးတက်လာတာ --- အဲ့ဒါကြောင့် ဖေဖေတောင်မှသားကို လက်မြှောက် အရှုံးပေးထားတာ ---"
သားလေးကသဘောကျစွာရယ်နေလေသည်။
"ကဲဒါဆိုသွားရအောင်လေညီလေး ---"
"ဟုတ်ကဲ့ကိုကြီး ---"
သုရှင်ကားပေါ်တက်လိုက်ပြီးကားစက်နှိုးလိုက်သည်။
အဂ္ဂတူလေးကိုကားပေါ်တင်လိုက်ကာသူလည်းတက်ဖို့ပြင်လိုက်ပြီးမှရုတ်တရက်မျက်လုံးကကားမှန်ဆီသို့ ရောက်သွား၏။သူတို့ရပ်ထားတဲ့ကားနဲ့ခပ်လှမ်းလှမ်းအကွာမှာရပ်ထားတဲ့ကားဆီသို့အကြည့်ကချက်ချင်းရောက်သွားလေသည်။
"ဟင် --- ကိုကြီးဝသုန် ---"
သူပါးစပ်ကအသံထွက်သွားလေသည်။ဟုတ်ပါတယ်ဒီမျက်နှာကိုသူဘယ်လိုမေ့ဖျောက်လို့ရနိုင်မှာလဲ။မျက်မှန် တပ်ထားတယ်ဆိုပေမယ့်ပိရိလှတဲ့နှုတ်ခမ်းတွေကိုသူ သေချာစွာမှတ်မိနေလေသည်။ သူကြည့်နေတုန်းမှာပဲ ကားမှန်ကိုတင်သွား၏။
"ညီလေးဘယ်သူလို့ပြောလိုက်တာလဲ ---"
အဂ္ဂကားပေါ်မတက်တော့ဘဲကားတံခါးကိုပိတ်လိုက်ကာအဲ့ဒီ့ကားဆီသို့သွားရန် ပြင်လိုက်လေသည်။
ချက်ချင်းဆိုသလိုကားကထိုနေရာမှာ ကွေ့ဝိုက်ပြီး မောင်းထွက်သွားတော့၏။
"ညီလေးအဂ္ဂ ---"
ကိုသုရှင်မင်းကကားပေါ်ကဆင်းလာကာပြောလိုက်တော့သူကိုသုရှင်မင်းကိုကြည့်လိုက်ကာ
"ကိုကြီးကျွန်တော်ကိုကြီးဝသုန်မြေကို တွေ့လိုက်တယ် ---"
"ဟင် ---"
သုရှင်အ့ံသြသွားလေသည်။အဂ္ဂကြည့်နေတဲ့ကားကိုလည်းလှမ်းကြည့်လိုက်မိသည်။သူကားရဲ့နောက်ပိုင်းကိုသာ သေချာမြင်လိုက်ရ၏။အနက်ရောင်ကားတစ်စီး။
"ညီလေးဝသုန်ပျောက်သွားတာငါးနှစ်တောင်ကျော်နေပြီ သေချာရဲ့လားညီလေး ---"
အဂ္ဂ ခေါင်းကိုကပြာကယာငြိမ့်လိုက်ကာ
"သေချာတယ်ကိုကြီးကျွန်တော်တွေ့တာဒါပထမဆုံးမဟုတ်ပါဘူး ---"
သုရှင်စဉ်းစားသွားမိတော့သည်။အဂ္ဂသာအမြင်မမှားဘူးဆိုရင်ဝသုန်တကယ်ပဲ ပြန်ပေါ်လာတာလား။အဂ္ဂအမြင်မမှားလောက်ပါဘူး။ဝသုန့်ကိုသူ့ထက်တောင်မှအဂ္ဂကပိုပြီးရင်းနှီးခဲ့တာပါ။
"အင်း -- ကိုကြီးစုံစမ်းလိုက်မယ်ညီလေး --- ဒါပေမယ့်ဒီကိစ္စကိုပန်းလေးကိုသွားမပြောနဲ့ဦးနော် --- သေချာမှပဲ ပြောရအောင် ---"
"ဟုတ်ကဲ့ကိုကြီး ---"
သူတို့တွေကားပေါ်ကိုတက်လိုက်ကြတော့သည်။သူသာဝသုန်ဖြစ်နေမယ်ဆိုရင်သူတို့ဆီကို ရောက်လာရမှာပေါ့။ ဒါပေမယ့်ဘာဖြစ်လို့သူတို့ဆီကို ရောက်မလာတာလဲ --- အဲ့ဒါကိုအဂ္ဂရောသုရှင်ပါစဉ်းစားနေကြခြင်းဖြစ်သည်။
×     ×     ×     ×      ×     ×     ×
အဂ္ဂနမ်းနေတဲ့ကလေးလေးရဲ့မျက်နှာကိုသူ့မျက်လုံးထဲကနေဘယ်လိုမှဖျောက်လို့မရ။အဲ့ဒါဘယ်သူ့ကလေးလဲ။ဂျက်စတင်ပြောခဲ့သလိုတကယ်ပဲကိုကိုနဲ့ပန်းလေးတို့ကရထားတဲ့ကလေးလား။ဒါမှမဟုတ်သူ့ကလေးလား။သူကတော့သူ့ကလေးလို့ထင်နေမိသည်။ကလေးရဲ့ရုပ်ကသူငယ်ငယ်တုန်းကရုပ်နဲ့တူနေသည်။
ဒါတွေကို သေချာသိရဖို့အတွက်သူလူတစ်ယောက်ကိုလိုက်ရှာရမယ်။အဲ့ဒီ့လူကတော့ခိုင်ဦး ။သူနဲ့ပန်းလေး အကြောင်းကိုသိတာဆိုလို့ခိုင်ဦးတစ်ယောက်ပဲရှိသည်။
အဲ့ဒီ့ကိစ္စကို သေချာမသိဘဲနဲ့သူပန်းလေးအနားကိုမကပ်တော့ဘူး။ သေချာမှသာပန်းလေးရဲ့ဘဝထဲကိုသူ ပြန်သွားတော့မယ်။
ဒီကလေးသာသူနဲ့ပန်းလေးရဲ့ကလေးဆိုရင်သူပန်းလေးကိုပြန်ပြီးပိုင်ဆိုင်ရမှာပါ။တကယ်လို့သူနဲ့ရတဲ့ကလေး မဟုတ်ဘဲကိုကိုနဲ့ရတဲ့ကလေးသာဆိုရင်တော့သူပန်းလေးရဲ့ဘဝထဲကနေထာဝရပျောက်ကွယ်သွားတော့မယ်။
ကိုကိုနဲ့သာဆိုရင်သူပန်းလေးကိုစိတ်ချပါတယ်။ဒီကလေးကသာကိုကို့ကလေးဆိုရင် ပျော်ရွှင်နေတဲ့ကိုကိုတို့ရဲ့ဘဝလေးကိုသူမဖျက်ဆီးတော့ပါဘူး။သူဒီနိုင်ငံကနေအပြီးထွက်သွားမယ်။ကိုကိုနဲ့ ပန်းလေးရဲ့ဘဝထဲကိုသူဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။
ကားမောင်းရင်းကနေအလိုလိုဝဲလာတဲ့မျက်ရည်ကိုသူမပုတ်ခတ်မိပေမယ့်မျက်ရည်ကကျမလာခဲ့။သူ့အတွက် ကတော့ပန်းလေးပျော်ရွှင်စိတ်ချမ်းသာရဖို့ကအဓိကပါပဲ။ပန်းလေးနဲ့ပတ်သက်ပြီးသူပျော်ရွှင်ဖို့အတွက်တစ်ခါမှ မစဉ်းစားခဲ့ဖူးတာဟိုးအရင်ကတည်းကပါပဲ။
အဲ့ဒါသူပန်းလေးကိုချစ်လို့ --- ပန်းလေးအပေါ်မှာတော့သူ့အချစ်တွေဟာချစ်တယ်ဆိုတာထက်ပိုပြီးမြတ်နိုး တန်ဖိုးထားတယ်ဆိုလည်းမမှားပါဘူး။သူ့ရဲ့အတိတ် --- အနာဂတ် --- ပစ္စုပ္ပန်အရာအားလုံးဟာ ပန်းလေး အပေါ်မှာသာမူတည်သည်။သူ့ဘဝကိုတောင်မှပန်းလေးအပေါ်မှာပုံအပ်ထားခဲ့ခြင်းဖြစ်သည်။
အဲ့ဒါကြောင့်လည်းသူပန်းလေးရဲ့ဘဝထဲကနေငါးနှစ်ကျော်လောက် ပျောက်သွားပေးခဲ့တာပေါ့။ ပန်းလေးနဲ့ ဝေးနေတဲ့ငါးနှစ်ဆိုတဲ့ကာလဟာသူ့အတွက်တော့သူ့နှလုံးသားကိုဝဋ်ခံခိုင်းထားရသလိုပါပဲ။သူ့နှလုံးသားက သေလောက်အောင်နာကျင်ခံစားခဲ့ရသည်။ဒါပေမယ့်ပန်းလေးနဲ့သူ ပြန်ဆုံခွင့်ရမှာပဲဆိုတဲ့စိတ်နဲ့ အသက်ဆက် နေခဲ့ရသည်။
အခုသူထပ်ပြီးအဲ့ဒီ့လိုခံစားရဦးမှာလား --- အဲ့ဒီ့အခါကျရင်ရောသူခံနိုင်ရည်ရှိပါ့ဦးမလား --- ဟင့်အင်း သူအဲ့လိုမထင်ဘူး --- သူထပ်ပြီးခံစားနိုင်တော့မှာမဟုတ်ဘူး။
ထပ်ပြီးသာခံစားနေရဦးမယ်ဆိုရင်တော့ကိုယ်ဘယ်လိုမှအသက်ဆက်ရှင်နိုင်တော့မှာမဟုတ်ဘူးပန်းလေးရယ် --- ကျေးဇူးပြုပြီးကိုယ့်နှလုံးသားလေးကို နာကျင်ရအောင်ဒဏ်ရာတွေမပေးပါနဲ့တော့နော် --- ကိုယ်ပန်းလေးကို သိပ်ချစ်တယ်ပန်းလေးရယ် ---

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)حيث تعيش القصص. اكتشف الآن