ဒုတိယတွဲ - အခန်း(၇)

463 5 0
                                        

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၇) 💜

ခိုင်ဦးသူ့ကိုသေချာငေးကြည့်နေမိတော့သည်။အပေါ်ယံပုံစံသာ ပြောင်းလဲသွားခဲ့တာ သူ့စိတ်ဟာအရင်အတိုင်း ပါပဲလား။
"ဝသုန် ---"
ရောက်ကတည်းကဝသုန်ပြောတာတွေအားလုံးကိုသူနားထောင်ခဲ့သည်။ဝသုန့်ကိုအသက်ရှင်လျက်တွေ့လိုက်ရတဲ့အတွက်အ့ံသြကာတစ်ခွန်းမှသူပြန်မပြောခဲ့မိသေး။သူဂျက်စတင်နဲ့အတူတူပျောက်သွားပြီးဘာတွေဖြစ်နေခဲ့တယ်ဆိုတာကိုသိချင်မိသည်။
သူကုမ္ပဏီကိစ္စနဲ့ပတ်သက်ပြီးအပြင်ကိုခရီးထွက်နေခဲ့တာအခုမှပြန်ရောက်ခြင်းဖြစ်သည်။အိမ်ရှေ့မှာကားတစ်စီးကိုတွေ့လိုက်ရပြီးညီဖြစ်သူဆန်းဦးကလည်းအပြင်ထွက်နေတာတွေ့လိုက်ရ၍ဧည့်သည်ရောက်နေပြီဆိုတာကို တော့သိသည်။ဒါပေမယ့်ဝသုန်လို့မထင်မိခဲ့။
"ခိုင်ဦးမင်းဘာတွေသိချင်နေတာလဲဆိုတာငါသိတယ် --- ငါအကုန်လုံး ပြောပြမှာပါ --- ဒါပေမယ့် အခုလောလောဆယ်ငါသိချင်တာကိုမင်းပြောပြပေးပါ --- ကိုကိုနဲ့ပန်းလေးတို့ရဲ့ကလေးမိုးမြေရှင်က ငါ့ကလေးမို့လား ---"
ခိုင်ဦးဝသုန့်ကိုကြည့်ကာသက်ပြင်းချလိုက်လေသည်။
"ဟုတ်တယ်ဝသုန် ---"
"ဟင် ---"
ဝသုန့်ရင်ထဲမှာမပြောပြတတ်တဲ့ကြည်နူးမှုတစ်ခုကိုခံစားလိုက်ရလေသည်။
"ဒါပေမယ့်ငါမင်းကိုတစ်ခုပြောချင်တယ် ----"
"ဘာလဲခိုင်ဦး ---"
အိမ်ပေါ်မှာဘယ်သူမှမရှိကြပေ။သူတို့နှစ်ယောက်စလုံးလွတ်လွတ်လပ်လပ်စကားပြောနေကြခြင်းဖြစ်သည်။
"ပန်းလေးတို့အပေါ်မှာကိုသုကအရမ်းဂရုစိုက်အလေးထားတယ်ဝသုန် --- မင်း ပြန်ရောက်လာတာကိုသိရင် သူဝမ်းသာမှာအမှန်ပဲ -- အဲ့ဒီ့ကလေးကိုလည်းမင်းအစားသူက ပြုစုစောင့်ရှောက်ထားတယ် --- မင်းမရှိတဲ့အချိန်မှာပန်းလေးကိုလက်ထပ်ခဲ့တယ် ---"
ဝသုန်ခိုင်ဦးပြောနေတာတွေကို သေချာနားထောင်နေလေသည်။ ဒီအကြောင်းတွေကိုသူသိပါတယ်။ သူနဲ့ရထားတဲ့ပန်းလေးရဲ့ကိုယ်ဝန်ကိုကိုကိုတာဝန်ယူထားမှန်းသူသိတယ်။
"အဲ့ဒါတွေငါသိတယ်ခိုင်ဦး ---"
ခိုင်ဦးဝသုန့်မျက်နှာကိုအကဲခတ်လိုက်သည်။ဘယ်လိုသိတာလဲမေးချင်ပေမယ့်သူ မေးစရာမလိုခဲ့။
"အဲ့ဒီ့အကြောင်းတွေကိုဂျက်စတင်ပြောပြလို့ငါအကုန်သိခဲ့ရတယ် --- ဒါပေမယ့် သေသေချာချာဂဃနဏ တော့မသိခဲ့ဘူး --- ငါပန်းလေးကိုဆက်သွယ်ချင်ပေမယ့် သူနဲ့သဘောတူထားတဲ့အချက်တွေကြောင့် အဆက်အသွယ်မလုပ်ခဲ့ရဘူးခိုင်ဦး ---"
"ပြောပါဝသုန် --- ဂျက်စတင်နဲ့မင်းနဲ့ပျောက်သွားပြီးတော့ဘာတွေဆက်ဖြစ်ကြတယ်ဆိုတာကိုငါသိချင်တယ် ---"
အိမ်ရှေ့ဝရန်တာမှာခိုင်ဦးကထိုင်နေကာဝသုန်ကတော့မတ်တပ်ရပ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေမိ လေသည်။ လမင်းကြီးက ကွေးကွေးလေးသာနေသည်။ ကြယ်လေးတွေကလည်း မှိတ်တုတ်မှိတ်တုတ် လင်းနေသည်။
"ကောင်းပြီခိုင်ဦးငါအားလုံးပြောပြမယ် ---"
သူ့အကြည့်တွေဟာ ကောင်းကင်ကြီးဆီကမခွာသေး ဒါပေမယ့်စိတ်ကတော့အတိတ်ကို ရောက်သွား လေတော့သည်။
"အဲ့ဒီနေ့ကငါ့ကိုဦးမင်းဦးသေနတ်နဲ့ပစ်လိုက်တာ နွေဦးမေကကြားထဲကဝင်ခံလိုက်လို့ နွေဦးမေကိုထိသွား ခဲ့တယ် --- အဲ့ဒါကိုဦးမင်းဦးကမကျေနပ်ဘဲငါ့ကိုထပ်ပြီးပစ်ခဲ့တယ် --- အဲ့ဒီ့ကျည်ဆံကငါ့ကိုမှန်ခဲ့ပါတယ် --- ဒါပေမယ့်ပခုံးကိုထိသွားခဲ့တာ ---"
ခိုင်ဦးကသူပြောနေတာတွေကိုစိတ်ဝင်တစားနားထောင်နေလေသည်။
"ငါ ရေထဲကိုကျသွားခဲ့တယ်ဆိုတာလည်း ပန်းလေးရဲ့လက်ကိုငါဆွဲထားနေရင်းကနေ ဂျက်စတင်နဲ့သဘောတူ ထားတာကို သတိရသွားပြီး ခြေထောက်ကိုချော်ချင်ယောင်ဆောင်ပြီးငါအနောက်ကိုလှန်ချလိုက်လို့ ရေထဲကျသွားခဲ့ရတာပဲခိုင်ဦး ---"
ခိုင်ဦးဝသုန်ပြောနေတာတွေကိုနားထောင်နေရင်းကနေသူနားမလည်တဲ့အချက်တစ်ချက်ကိုတွေ့လိုက်ရသည်။ထို့နောက်ဝသုန့်ကိုလက်ကာပြလိုက်ကာ
"ခနလေးဝသုန် --- ငါမသိသေးတာကမင်းနဲ့ဂျက်စတင်သဘောတူထားတာကဘာလဲ ---"
ဝသုန်ခိုင်ဦးမေးတာကိုဖြေဖို့စဉ်းစားလိုက်မိသည်။
"ဂျက်စတင်နဲ့သဘောတူထားကဘာလဲဆိုတော့ မြေမထိမိုးမခစံအိမ်ကိုပန်းလေးတို့မိသားစုဆီပြန်ပေးဖို့နဲ့ ဒေါ်မာလာမြိုင်တို့မိသားစုပန်းလေးတို့ကိုဒုက္ခမပေးဖို့ရယ်အတွက်ပဲ ---"
"ဟင် --- ပန်းလေးအတွက်မင်းအဲ့လိုလုပ်ခဲ့တာတကယ်ပဲလားဝသုန် ---"
သူ ကောင်းကင်ကြီးကိုမော့ကြည့်နေရင်းကနေခိုင်ဦးကိုလှည့်ကြည့်လိုက်ကာ
"ငါပန်းလေးအပေါ်မှာဘယ်လိုစိတ်မျိုးထားတယ်ဆိုတာမင်းအသိဆုံးပါခိုင်ဦးရာ --- ပန်းလေးအပေါ်မှာ ငါအပြစ်လုပ်ခဲ့တယ်ဆိုပေမယ့်ငါတာဝန်မယူချင်လို့ ရှောင်ပြေးခဲ့တာမဟုတ်ဘူးခိုင်ဦး ---"
ခိုင်ဦးဝသုန်ပြောတာတွေကိုအလေးအနက်နားထောင်ပြီး ခေါင်းငြိမ့်လိုက်လေသည်။
"ငါသိတယ်ဝသုန် --- ပန်းလေးအပေါ်ထားတဲ့မင်းနှလုံးသားရဲ့ပဲ့တင်ရှိုက်သံတွေကိုလည်းငါသိတယ် --- အဲ့ဒါကြောင့်လည်းငါမင်းကိုပန်းလေးနဲ့သဘောတူခဲ့တာပါ ---"
ဝသုန်ခိုင်ဦးဘေးမှာထိုင်လိုက်ကာ
"ငါပန်းလေးကို ပြန်ပိုင်ဆိုင်ချင်တယ်ခိုင်ဦး ---"
ခိုင်ဦးဝသုန်ပခုံးကိုဆုပ်ကိုင်လိုက်ကာ
"အဲ့ဒီ့အတွက်မပူနဲ့ဝသုန် --- ဒီငါးနှစ်အတွင်းမှာပန်းလေးရဲ့အနားမှာကိုသုရှိနေခဲ့ပေမယ့် ပန်းလေး တမ်းတနေခဲ့တာ မင်းတစ်ယောက်ထဲပါကွာ ---"
ဝသုန်ခိုင်ဦးပြောတာတွေကိုနားထောင်ကာဝမ်းသာသွားလေတော့သည်။
"မိုးမြေရှင်ကမင်းရဲ့ကလေးဆိုတာသိတာဆိုလို့ကိုသုရယ်ငါရယ်ပန်းလေးရယ်မင်းရယ်ပဲရှိတာဝသုန် ---"
"အင်းငါသိတယ်ခိုင်ဦး --- ငါကိုကို့ဆီကနေပန်းလေးနဲ့သားလေးကို ပြန်ပြီးပိုင်ဆိုင်နိုင်ဖို့အတွက် ငါဘယ်လိုလုပ်ရမလဲ ---"
"ကိုသုကလည်းမိုးမြေရှင်ပေါ်မှာတကယ့်သားအရင်းတစ်ယောက်လိုသံယောဇဉ်ဖြစ်နေခဲ့ပြီဝသုန် --- သူပန်းလေးအပေါ်မှာလည်းဟိုးအရင်ကထက်ပိုတဲ့ မေတ္တာတွေရှိနေခဲ့ပြီ ---"
ဝသုန်မျက်မှောင်ကုတ်သွားကာ
"မင်းပြောချင်တာဘာအဓိပ္ပာယ်လဲခိုင်ဦး --- အဲ့ဒါနဲ့ပဲပန်းလေးနဲ့သားကိုငါကစွန့်လွှတ်ပေးရမှာလား ---"
ခိုင်ဦး ခေါင်းရမ်းလိုက်ကာ
"မဟုတ်ဘူးဝသုန်ငါပြောချင်တာကအဲ့ဒီ့သဘောမဟုတ်ဘူး --- မင်းရဲ့သားကလည်း ကိုသုကို အဖေအရင်း လို့ပဲထင်နေခဲ့တာ --- မင်းကသာအဖေအရင်းမှန်းသိသွားခဲ့မယ် ဆိုရင်မင်းကိုအဖေအဖြစ် လက်ခံဖို့ အဲ့ဒီ့ကလေးရဲ့နှလုံးသားကလက်ခံနိုင်ပါ့မလားလို့ငါတွေးမိလို့ပါ ---"
သူတွေဝေသွားမိသည်။ခိုင်ဦးပြောတာလည်းဟုတ်တာပဲ။ငါးနှစ်လုံးလုံးကိုကို့ကိုသာအဖေခေါ်ခဲ့တဲ့သားလေးကသူ့ကိုအဖေခေါ်ဖို့အတွက် ဖြစ်နိုင်ပါ့မလား။မယုံကြည်တာမဟုတ်ပေမယ့်သားလေးကလက်မခံဘူးဆိုရင်သူခံနိုင်ရည်ရှိပါ့မလား။
"မိုးမြေရှင်ကမင်းနဲ့တစ်ပုံစံထဲပဲ --- ဝသုန်စိတ်ဓာတ်ရောအကျင့်ရောငါတောင်မှအံ့သြမိတယ် ---"
"ဟင် --- သားလေးကငါနဲ့တူတယ်ဟုတ်လား ---"
"အင်းဟုတ်တယ် --- ပန်းလေးလည်းမင်းရဲ့သားလေးကိုကြည့်ပြီးမင်းကိုသတိရလွန်းလို့ငိုတာခနခနပဲဝသုန် ---"
ဝသုန် ကျေနပ်စွာပြံုးလိုက်မိလေသည်။ဒါဆိုပန်းလေးကသူ့ကိုအချိန်တိုင်းသတိရနေခဲ့တာပေါ့။
"ဘာလဲပန်းလေးကမင်းကိုသတိမရတော့ဘူး --- ဒီငါးနှစ်အတွင်းမှာ မင်းကိုမေ့သွားပြီလို့ မင်းထင်နေခဲ့တာ လားဝသုန် --- အဲ့ဒါဆိုရင်တော့မင်းမှားသွားလိမ့်မယ် --- မင်းပျောက်သွားခဲ့ပေမယ့် အလောင်းကိုမတွေ့ခဲ့တဲ့ အတွက်မင်းသေသွားတယ်လို့သူလုံးဝမယုံခဲ့ဘူး ---"
သူခိုင်ဦးပြောပြတာတွေကိုနားထောင်ကာစိတ်ထဲမှာဝမ်းသာတယ်ဆိုတာထက်ကြည်နူးချမ်းမြေ့နေတယ်ဆိုတာကိုသူသိနေလေသည်။
"ပန်းလေးကငါ့ကိုသတိမရတော့ဘူးလို့ထင်နေခဲ့မိတာအမှန်ပဲခိုင်ဦး --- ငါလည်းပန်းလေးကိုတစ်စက္ကန့်တစ်နာရီ တစ်ရက်မှ မေ့မရခဲ့တာတကယ်ပါ --- ဂျက်စတင်နဲ့သဘောတူထားတဲ့ကိစ္စကြောင့်သာ ပန်းလေးကိုမဆက်အသွယ်မလုပ်ခဲ့တာ --- အဲ့ဒါလည်းပန်းလေးအတွက်ပဲ ---"
"ငါသိတယ်ဝသုန် --- မင်းပျောက်သွားကတည်းကဘယ်သူမှစိတ်ချမ်းသာခဲ့တာမဟုတ်ဘူး --- ဘယ်သူကမှ လည်းယုံကြည်ခဲ့ကြတာမဟုတ်ဘူး --- ပန်းလေးလည်းမင်းကိုစောင့်နေခဲ့တာပါ --- မင်းနဲ့ဖြစ်ခဲ့တဲ့အမှားက တဖြည်းဖြည်းနဲ့ ပေါ်လွင်လာခဲ့တယ် --- ဒါပေမယ့်သူမင်းကိုစောင့်နေတုန်းပဲ --- ကိုသုကမင်းနဲ့ကိစ္စကို သိပြီးကတည်းကလက်ထပ်မယ်လို့ပြောခဲ့ပေမယ့်လက်မခံခဲ့ဘဲမင်းကိုစောင့်နေခဲ့တာ --- ဒါပေမယ့်အချိန်တွေ ကြာလာတော့လည်းဘယ်လိုမှမရတော့တာနဲ့ကိုသုနဲ့လက်ထပ်လိုက်ရတယ် ---"
ဝသုန်ပန်းလေးအတွက်စိတ်မကောင်းဖြစ်သွားမိလေသည်။ပန်းလေးသူ့ကိုအဲ့လိုမျိုးသစ္စာရှိရှိ စောင့်နေမယ် ဆိုတာ သူသိပါတယ်။ဒါပေမယ့်လည်းအခြေအနေကဘယ်လိုမှမပေးခဲ့။သူပန်းလေးကိုအရမ်းတွေ့ချင်မိသည်။ သားလေးကိုရောပေါ့။
"ခိုင်ဦးငါပန်းလေးနဲ့သားလေးကို တွေ့ချင်တယ် ---"
"မင်းကိုသုနဲ့အရင်တွေ့သင့်တာဝသုန် ---"
ဝသုန်အ့ံသြသွားကာ
"ဘာလို့လဲဘာလို့ကိုကိုနဲ့အရင်တွေ့သင့်တာလဲ --- ပန်းလေးနဲ့တွေ့ခွင့်ရဖို့ကိုကို့ဆီကခွင့်တောင်းရဦးမှာလား ---"
"အဲ့လိုမဟုတ်ဘူးဝသုန် --- ကိုသုကမင်းရဲ့အကို --- မင်းပန်းလေးနဲ့မင်းရဲ့သားလေးကို ပြန်လိုချင်တယ် ဆိုရင်လည်း သူကမပေးဘဲနဲ့နေမှာမဟုတ်ဘူး --- အဓိကကတော့မင်းရဲ့သားက မင်းကိုသူ့ရဲ့အဖေဆိုတာ လက်ခံဖို့ကိုသုရဲ့အကူအညီလိုတယ်လို့ငါထင်တယ် ---"
ခိုင်ဦး ပြောတာကိုဝသုန်နားလည်သွားကာ ခေါင်းငြိမ့်လိုက်လေသည်။
"အင်းဟုတ်တယ်ခိုင်ဦး --- ငါကိုကိုနဲ့အရင်သွားတွေ့လိုက်မယ် ---"
"အင်း --- မင်းဟိုမှာဘယ်လိုနေထိုင်ခဲ့တာလဲ --- အဆင်ပြေရဲ့လား ---"
"ငါအိပ်ချင်ပြီခိုင်ဦး --- ငါးနှစ်တာအတွင်းမှာငါကြံုခဲ့တာတွေဟာနည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းလိမ့်မယ် --- မနက်ဖြန်ကျမှကိုကိုရှေ့ရောက်ရင် ပြောပြမယ် --"
ခိုင်ဦးရယ်လိုက်လေသည်။ဝသုန့်ပုံစံကိုကြည့်လိုက်ကတည်းကဟိုမှာရခဲ့တဲ့အတွေ့အကြံုတွေဟာစိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာကိုသူတွေးလိုက်မိပါတယ်။
"အင်း --- မင်းကားစီးတာကို တွေ့လိုက်ကတည်းကငါနားလည်နေပါတယ်ကွာ --- ဒါဆိုမင်းဒီမှာပဲ အိပ်လိုက်တော့ကွာ ---"
"အင်း --- ကောင်းသားပဲ ---"
ဝသုန်ကိုကိုနဲ့တွေ့ဖို့အတွက်စိတ်လှုပ်ရှားနေမိသည်။ပန်းလေးနဲ့သားလေးကိုပိုင်ဆိုင်ဖို့အတွက်လည်းရင်ခုန်နေမိ၏။စိတ်တွေလှုပ်ရှားလွန်းလို့ ကောင်းကောင်းတောင်မှအိပ်မပျော်နိုင်ပေ။
*     *     *     *     *     *     *
"ခေါင်းမာတယ်ဆိုတာအုတ်နံရံကိုခေါင်းနဲ့ ပြေးဆောင့်လိုက်လို့ ခေါင်းမကွဲတာမျိုးမဟုတ်ဘူး --- နံရံကိုပြေးဆောင့်ရဲတဲ့သတ္တိရှိတာကို ပြောတာ --- ညီ ---"
သူကိုကို့မျက်နှာကို သေချာကြည့်လိုက်မိသည်။ ကိုကိုပြောင်းလဲသွားခဲ့သည်။ ကိုကိုဟိုးအရင်တုန်းကလို မဟုတ်တော့ဘူး။ရင့်ကျက်သွားတယ်လို့သူထင်လိုက်မိ၏။
"ကျွန်တော်ခေါင်းမာတယ်လို့ကိုကိုပြောချင်တာလား ---"
ကိုကိုကမတ်တပ်ရပ်လိုက်တော့သူရောခိုင်ဦးပါကိုကို့ကိုမော့ကြည့်လိုက်ကြသည်။ဟုတ်တယ်ကိုကိုအရမ်း ပြောင်းလဲသွားပြီ။ လူကြီးတစ်ယောက်လိုပဲ။
"ညီ့စကားတွေက ခေါင်းမာတာမဟုတ်လို့ဘာလဲ ---"
ကိုကိုကသူတို့ကိုကျောပေးကာမတ်တပ်ရပ်နေ၏။
"ပန်းလေးနဲ့သားလေးကိုလိုချင်တာကျွန်တော် ခေါင်းမာတာတဲ့လားကိုကိုရယ် ---"
"ဟုတ်ပါတယ်အဲ့ဒီ့အရာတွေဟာမင်းပိုင်ဆိုင်ရမယ့်အရာတွေပဲညီ --- ဒါပေမယ့်အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိသေးတယ် ---"
သူနားလည်ပေမယ့်ကိုကို့ကိုဘာမှပြန်မပြောမိ။အရင်လိုမျိုးကိုကိုနဲ့အတူတူ အေးအေးချမ်းချမ်းလေး ပြန်ပြီး နေချင်မိတယ်။ ဒါပေမယ့်မဖြစ်နိုင်တော့ဘူးလား။
"ကိုကိုပြောတာကိုနားလည်လားညီ ---"
"ဟုတ် --- ကျွန်တော်နားလည်ပါတယ်ဒါပေမယ့်ကျွန်တော်ပန်းလေးနဲ့သားလေးကို တွေ့ချင်တယ်ကိုကို ---"
"မနေ့ကပန်းလေးကိုဖုန်းဆက်တာမင်းမို့လား ---"
"ဗျာ ---"
"ဟင် --- ဘယ်လို ---"
ခိုင်ဦးအ့ံသြကာဝသုန့်ကိုကြည့်နေ၏။ဝသုန်လည်းသူပန်းလေးကိုဖုန်းဆက်တာကိုကိုကိုသိသွားတယ်ဆိုတာထက်သူ့အသံကိုပန်းလေးမှတ်မိနေတဲ့အတွက်အ့ံသြနေခြင်းဖြစ်သည်။
သုရှင်သူတို့ဘက်ကို ပြန်လှည့်လိုက်ပြီးခုံမှာပြန်ထိုင်လိုက်လေသည်။
"ဟုတ်တယ်မင်းပန်းလေးကိုဖုန်းဆက်ပေမယ့်ဘာမှမပြောခဲ့ဘူး --- ဒါပေမယ့် Sorry ဖုန်းမှားသွားလို့လို့ ပြောလိုက်တဲ့မင်းရဲ့အသံကိုပန်းလေးမှတ်မိသွားပြီးမင်းကိုရှာပေးဖို့ငါ့ကိုပြောခဲ့တယ် ---"
ဒါဆိုတကယ်ပဲပန်းလေးကသူ့အသံကိုမှတ်မိနေခဲ့တာပေါ့။
သုရှင်ဝသုန့်ကိုသေချာကြည့်နေမိ၏။ဂုတ်ပေါ်ထောက်နေတဲ့သူ့ဆံပင်တွေဟာသူ့ရဲ့ငယ်ရွယ်နုပျိုမှုတွေကို ဝါးမြိုကာခန့်ညားတဲ့ရုပ်သွင်ပြင်ကိုဖုံးကွယ်ထားလေသည်။အပေါ်ယံရုပ်ရည်သာ ပြောင်းလဲသွားခဲ့တာ စိတ်ဓာတ် ကတော့ဟိုးလွန်ခဲ့တဲ့ငါးနှစ်တုန်းကလိုစိတ်ဓာတ်မျိုးပဲ။အဲ့ဒါလည်းသူနေခဲ့တဲ့အရပ်ဒေသအပေါ်မှာမူတည်ပြီး ပြောင်းလဲသွားခဲ့တာပဲနေမှာပါ။
ဝသုန်ဖုန်းဆက်တယ်လို့ပန်းလေးပြောခဲ့တော့သူမယုံကြည်ခဲ့။ဒါပေမယ့်ပန်းလေးရဲ့ဖုန်းထဲမှာအသံသွင်းစက်ပါတော့ပန်းလေးကအသံကိုပြန်ပြီးနားထောင်ခဲ့သည်။အသံကိုကြားတော့သူလည်းအ့ံသြသွားမိတာအမှန်ပါ။
နောက်ပြီးအရင်နေ့တွေတုန်းကဝသုန့်ကိုအဂ္ဂတွေ့ခဲ့တယ်လို့ ပြောတာတွေကိုသတိရသွားကာ ပန်းလေး ပြောတာကိုလည်းယုံခဲ့ခြင်းဖြစ်သည်။အဲ့ဒါနဲ့ပဲပန်းလေးကဝသုန့်အကြောင်းကိုစုံစမ်းပေးဖို့သူ့ကိုပြောခဲ့သည်။ တကယ်လို့ဝသုန်သာ ပြန်ရောက်လာမယ်ဆိုရင် သားလေးကိုရောပန်းလေးကိုပါ စွန့်လွှတ်ရမယ်ဆိုတာ သူသိပါတယ်။ဒါပေမယ့်သူပန်းလေးရဲ့ဆန္ဒတွေကိုမငြင်းရက်ခဲ့။အဲ့ဒါနဲ့ပဲစုံစမ်းဖို့ကြိုးစားခဲ့သည်။အခုတော့သူကြိုးစားဖို့မလိုတော့ပေ။ဝသုန်ကိုယ်တိုင်သူ့ဆီရောက်လာခဲ့ပြီဖြစ်သည်။
"ကိုကို --- ညီပန်းလေးနဲ့ရောသားလေးနဲ့ပါ တွေ့ချင်တယ် ---"
"ဟူး ---"
ကိုကိုကသက်ပြင်းချနေတော့သူဘာဆက်ပြောရမှန်းမသိဖြစ်သွား၏။
"ဘာဖြစ်လို့လဲကိုကို --- မဖြစ်နိုင်ဘူးလား ---"
သူကသာမဖြစ်နိုင်ဘူးလို့ပြောကြည့်ဝသုန်ကပန်းလေးနဲ့ပတ်သက်ပြီးသူ့အပေါ်မှာအထင်လွဲသွားမှာအသေအချာပဲ။အဲ့လိုတော့သူအဖြစ်မခံနိုင်ဘူး။
"မဟုတ်ဘူးဝသုန် --- လူကြီးတွေကနားလည်လွယ်နိုင်ပေမယ့်ကလေးကတော့နားလည်မလွယ်နိုင်ဘူး --- ချက်ချင်းကြီး ပြောင်းလဲမသွားနိုင်ဘူးဝသုန် --- အချိန်ပေးပြီးကြိုးစားရလိမ့်မယ်---"
"အဲ့ဒီ့အတွက်ကိုကိုညီ့ကိုကူညီပေးရင်ရတာပဲလေ ---"
သုရှင် ခေါင်းငြိမ့်လိုက်ကာ
"ကောင်းပြီလေကိုကိုအတတ်နိုင်ဆုံးကူညီပေးပါ့မယ် --- မင်းကအရင်အတိုင်းပဲနော်ဝသုန် ဘာမှပြောင်းလဲ မသွားဘူး ---"
"ကိုကိုကတော့ တော်တော်ပြောင်းလဲသွားတာပဲနော် --- လုံးဝရင့်ကျက်သွားတဲ့လူတစ်ယောက်လိုပဲ ---"
"အဟွန့် ---"
သူ့စကားကကိုကိုကသဘောကျစွာမခိုးမခန့်ရယ်နေလေသည်။
"ကဲပါအဲ့ဒါတွေထားလိုက်ပါ --- ဂျက်စတင်နဲ့အတူဘယ်ကိုရောက်သွားတာလဲ ---"
"ကျွန်တော်သူ့နိုင်ငံကို ရောက်သွားတာကိုကို --- ဟိုမှာအရာရာအားလုံးကိုသူပဲစီစဉ်ပေးခဲ့တာ -- ကျွန်တော်သူနဲ့အတူအလုပ်တစ်ခုရခဲ့တယ် --- လက်နက်မှောင်ခိုရောင်းဝယ်တဲ့အလုပ် ---"
"ဟင် --"
"မင်းတကယ်ပဲအဲ့ဒီအလုပ်တွေလုပ်ခဲ့တာလားဝသုန် ---"
ဝသုန်ကိုကိုနဲ့ခိုင်ဦးကို ခေါင်းငြိမ့်ပြလိုက်ကာ
"အင်းဟုတ်တယ် --- အဲ့ဒီ့နေရာမှာကျွန်တော် တော်တော်ကိုပြောင်းလဲသွားတာပဲ ကျွန်တော်ကိုယ်တိုင် လည်းလက်နက်ကိုင်ပြီးပစ်ခတ်ခဲ့ရတာတွေရှိခဲ့တယ် ---"
သုရှင်ရောခိုင်ဦးပါအ့ံသြနေကြလေသည်။အဲ့ဒါကြောင့်ဝသုန့်ရဲ့အပေါ်ယံအသွင်အပြင်ဟာကြမ်းတမ်းတဲ့ပုံစံ ပေါက်သွားတာလား။
"ဘော့စ်ကကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်တွေကိုသဘောကျခဲ့တယ် --- အဲ့ဒါနဲ့ပဲကျွန်တော်နဲ့ ဂျက်စတင်က သူ့ရဲ့ဘယ်လက်ရုံးလက်ရုံးတွေ ဖြစ်သွားခဲ့ရတာပဲ --- ကျွန်တော်မပျော်ပါဘူး --- ဒါပေမယ့် တော်ရာမှာတော့ အဆင်ပြေအောင်နေခဲ့တယ် ---"
သူအတိတ်ကို တွေးနေပေမယ့်မနာကြည်းခဲ့ပါ။ ဘော့စ်ကသူ့ရဲ့ကျေးဇူးရှင်တစ်ယောက်ပဲလေ။
"ဒါပေမယ့် ဘော့စ်တစ်ယောက်ထဲကျွန်တော့်ကိုသဘောကျတာမဟုတ်ခဲ့ဘူး --- ဘော့စ်ရဲ့သမီး ဒေလီယာကလည်းကျွန်တော့်ကိုသဘောကျနေခဲ့တယ် ---"
"ဘော့စ်ရဲ့သမီးကမင်းကိုကြိုက်နေတာလား ---"
ခိုင်ဦးကကြားထဲကနေဖြတ်မေးလိုက်တော့သူ ခေါင်းကိုအသာလေးငြိမ့်ပြလိုက်မိသည်။
"မင်း ဘော့စ်ရဲ့ကျေးဇူးကိုဆပ်ချင်လို့အဲ့ဒီ့မိန်းကလေးကိုတော့လက်မခံခဲ့ပါဘူးနော် ---"
ခိုင်ဦး ပြောရင်းနဲ့အကြည့်တွေကသုရှင်ဆီသို့ အားနာစွာရောက်သွားတော့၏။ သူပြောတာဘာအဓိပ္ပာယ်နဲ့မှ မဟုတ်ပါဘူး။ဒါပေမယ့်ဝသုန်ကဦးသုကမ္ဘာရဲ့ကျေးဇူးကိုဆပ်ချင်ခဲ့လို့ နွေဦးမေကိုလက်ခံခဲ့တယ်လေ။အဲ့လိုလက်ခံခဲ့လို့ပဲအခုလိုတွေဖြစ်လာရတာပေါ့။အခုလည်းအဲ့လိုမျိုးသာထပ်ပြီးလက်ခံခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်မလဲမသိဘူး။
"ဟင့်အင်းငါလက်မခံခဲ့ဘူး --- "
"တော်သေးတယ် ---"
ကိုကိုကတော့ငြိမ်သက်စွာနားထောင်နေလေသည်။စကားတစ်ခွန်းမှဝင်မပြော။ခိုင်ဦးမေးနေတော့သူ့မှာမေးစရာမရှိလို့များလား။
"အင်းအဲ့ဒါကြောင့်ဂျက်စတင်နဲ့တူတူ မြန်မာပြည်ကို ပြန်လာတာ ---"
ဂျက်စတင်လို့ပြောလိုက်မှသာကိုကို့အကြည့်တွေကသူ့ဆီသို့ရောက်လာတော့သည်။
"ဒါပေမယ့် လေဆိပ်မှာပဲ ဘော့စ်ရဲ့လူတွေလိုက်လာပြီးဒုက္ခပေးခဲ့လို့ဂျက်စတင်က ငါ့ကိုသွားခိုင်းပြီးသူက အဲ့ဒီ့ လူတွေနဲ့ရင်ဆိုင်ခဲ့တယ် --- ငါလည်း လေယာဉ်ပေါ်ကိုတက်ရောသူလူဆိုးတွေလက်ချက်နဲ့သေသွားခဲ့တယ် ---"
"ဟင် ---"
"ဘယ်လိုဖြစ်ရတာလဲ ---"
သူတို့အားလုံးရဲ့မျက်နှာမှာစိတ်မကောင်းသည့်အရိပ်အယောင်တွေ ပေါ်လာခဲ့လေသည်။ ဝသုန်လည်း စိတ်မကောင်းပါ။
"ဟုတ်တယ်ဂျက်စတင်သေသွားပြီ --- အဲ့ဒါကျွန်တော့်အပြစ်လည်းမကင်းဘူး --- သူကျွန်တော့်ကိုပြောပါတယ် --- ဘော့စ်ကလည်းသူ့သမီးနဲ့လက်ထပ်စေချင်တယ် --- တကယ်လို့သူ့သမီးနဲ့လက်ထပ်ပြီးရင် ဘော့စ်ရဲ့နေရာကိုကျွန်တော့်ကိုပေးမယ်တဲ့ --- အဲ့ဒါကြောင့် ဒေလီယာ့ကိုလက်ထပ်ပြီးအဲ့ဒီ့မှာပဲ အေးအေး ဆေးဆေးနေပါတော့လားတဲ့ --- ဒါပေမယ့်ကျွန်တော်မှသူ့ကိုသဘောမကျတာကို ကျွန်တော်လက်မခံခဲ့ပါဘူး ---"

ဟန်​ဆောင်အမုန်း (Completed)Where stories live. Discover now