ဒုတိယတွဲ - အခန်း(၂)

300 6 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၂) 💜

"ဒူ ----"
မှန်ခင်းထားတဲ့စားပွဲပေါ်ကနေဖုန်းကတုန်ခါနေလေသည်။ သူ့အကျင့်အတိုင်းအသံကို အမြဲတမ်းSilence လုပ်ထား၍ ဖုန်းအသံကထွက်မလာဘဲစားပွဲကသာတုန်ခါနေ၏။
သူဖုန်းနံပါတ်ကိုတစ်ချက်ကြည့်လိုက်တော့မျက်နှာကချက်ချင်းပဲမဲ့သွားလေသည်။
"ဝှူး ---"
ဆေးလိပ်မီးခိုးတွေကမျက်နှာတစ်ဝိုက်မှာပြေးလွှားကြကုန်၏။စားပွဲပေါ်တင်ထားတဲ့ခြေထောက်ကအနည်းငယ် တော့ပြေလျော့စပြုနေလေပြီ။ဂုတ်ပေါ်ကဆံပင်တွေကပြတင်းပေါက်ကဝင်လာတဲ့လေတွေကိုမအန်တုနိုင်ခဲ့။
နေကာမျက်မှန်ကိုလည်းမချွတ်၊အကြည့်တွေကပြတင်းပေါက်ကိုကျော်ကာမိုးပေါ်ကတိမ်တွေဆီသို့---
အတိတ်ပုံရိပ်တွေကတိမ်စိုင်တိမ်ခဲတွေထဲမှာထင်ရှားပီပြင်စွာပေါ်နေလေသည်။လေနောက်ကိုတိမ်စိုင်လေးတွေပါသွားတော့မှပဲအတိတ်တွေဟာရွေ့လျားပျောက်ကွယ်သွားတော့သည်။
"ကျွီ ---"
တံခါးပွင့်လာတဲ့အသံကိုကြားပေမယ့် သူလှည့်မကြည့်ခဲ့။ စားပွဲပေါ်ကခြေထောက်ကလည်း ဒီအတိုင်းပင် နေရာမရွှေ့သေး။
"စတီဗင် ---"
သူလှည့်မကြည့်သေး။အဲ့ဒီ့အရိပ်ကသူ့ရှေ့တည့်တည့်ရောက်လာမှပဲသူမော့ကြည့်လိုက်ကာ
"ပြော ---"
"ဘော့စ်ဖုန်းဆက်တာကိုမင်းမကိုင်ဘူးဆို ----"
သူခုံပေါ်ကခြေထောက်ကိုအောက်ကိုချလိုက်ကာ
"ဟုတ်တယ် --- "
"မင်းကို့သူ့ဆီခေါ်လာခဲ့ဖို့ငါ့ကိုမှာလိုက်တယ်စတီဗင် ---"
"ဂျက်စတင် --- ငါမြန်မာပြည်ပြန်တော့မယ် ---"
"ဟင် --- မင်းဘာပြောလိုက်တယ်စတီဗင် ---"
ဂျက်စတင်အံ့သြစွာနဲ့သူ့ကိုသေချာကြည့်နေလေသည်။ သူပါးစပ်ထဲကဆေးလိပ်ကိုထုတ်လိုက်ကာ စားပွဲပေါ်က ဆေးလိပ်ပြာခွက်ထဲကိုဆေးလိပ်ကိုထိုးချလိုက်ပြီး
"ဟုတ်တယ်ငါပြန်တော့မယ် ---"
"မင်းရူးနေလားစတီဗင် --- မင်းသူတို့ဘဝထဲကနေပျောက်သွားခဲ့တာဘယ်လောက်တောင်ကြာနေပြီလဲ --- သူတို့ကမင်းကိုသတိတောင်ရမှာမဟုတ်တော့ဘူး --- မင်းကိုသေပြီလို့ပဲသိထားကြတာ ---"
"ဟင့်အင်း --- အဲ့ဒါမဟုတ်ဘူးဆိုတဲ့အကြောင်းငါကိုယ်တိုင်သွားရှင်းပြမှာဂျက်စတင် ----"
ဂျက်စတင်သူ့ဘေးမှာမတ်တပ်ရပ်နေရင်းကနေ ပြတင်းပေါက်နားသို့ တဖြည်းဖြည်းရောက်သွားကာ လက်နှစ်ဖက်ကိုပြတင်းပေါက်ဘောင်ပေါ်တင်လိုက်ပြီး
"ငါတို့သဘောတူထားတာတွေကိုမင်းမမေ့ပါနဲ့စတီဗင် ---"
"ငါးနှစ်ကျော်ခဲ့ပြီဂျက်စတင် --- ငါတို့ရဲ့သဘောတူညီချက်မှာအချိန်ပါခဲ့လို့လား --- အခုငါဘယ်သူ့အတွက် စဉ်းစားရဦးမှာလဲ ---"
"မင်းအတွက်စဉ်းစားရမှာ ---"
သူမျက်မှန်ကိုချွတ်လိုက်ကာဂျက်စတင့်ကိုအံ့သြတကြီးကြည့်လိုက်လေသည်။
"ငါ့အတွက်ဟုတ်လားဂျက်စတင် ---"
ဂျက်စတင်ကသူ့ကိုလှည့်ကြည့်လိုက်ကာ
"မင်းကဝသုန်မြေမဟုတ်တော့ဘူးစတီဗင် ----"
သူ့မျက်လုံးတွေဟာချက်ချင်းပဲမှေးမှိန်သွားသည်ဟုသူထင်လိုက်သည်။
"သူတို့ဘဝမှာမင်းမရှိတော့ဘူး ---- မင်းသေသွားတာကြာခဲ့ပြီ ---"
"ငါမြန်မာပြည်ကိုပြန်ချင်တယ်ဂျက်စတင် --- သူတို့နဲ့တွေ့ချင်တယ် ---"
"သုရှင်နဲ့ပန်းလေးတို့မင်္ဂလာဆောင်ပြီးလို့ကလေးတောင်ရနေပြီဝသုန် ---"
သူထိုင်နေရာကနေမတ်တပ်ရပ်လိုက်လေသည်။
"ဒီငါးနှစ်အတွင်းမှာသူတို့နဲ့ပတ်သက်လို့ငါဘာတွေများသိခဲ့ရလို့လဲ --- ငါသိခဲ့တာတွေအားလုံးကလည်း မင်းပြောပြခဲ့တာတွေပဲ ဂျက်စတင် ----"
ဂျက်စတင်ခေါင်းငြိမ့်လိုက်မိသည်။
"နွေဦးမေသေသွားတယ် --- သူ့အဖေထောင်ကျတယ် --- သူ့အမေရူးသွားတယ် --- ပန်းလေးလည်းကိုကိုနဲ့ လက်ထပ်သွားခဲ့တယ် --- အဲ့ဒါတွေအားလုံးဟာမင်းပြောခဲ့တာတွေပဲ ---"
"ဟုတ်တယ်ငါမငြင်းဘူး --- စတီဗင်--- ဒါပေမယ့်မင်းဘော့စ်ရဲ့သမီးကိုယူပြီး ဒီမှာပဲအေးအေးဆေးဆေး နေလိုက်ပါတော့လားကွာ ---မင်းဟိုပြန်သွားလို့ရောဘာထူးခြားလာမှာမို့လဲ ---"
"ငါအဲ့ဒီ့လိုမဖြစ်မနေသွားရလိမ့်မယ်ဂျက်စတင် --- ပန်းလေးနဲ့ကိုကို့ကလေးနဲ့ပတ်သက်လို့ ငါသေချာ ရှင်းရှင်းလင်းလင်းသိရမှဖြစ်လိမ့်မယ် ----"
"စတီဗင် --- မင်းသွားလို့မရဘူး ----"
"ငါသွားမယ်ဂျက်စတင် ---"
သူ့ဆုံးဖြတ်ချက်ကဟိုးအရင်တုန်းကအတိုင်းခိုင်မာနေဆဲပင်။
"မင်းကိုဒေလီယာကလွှတ်မှာမဟုတ်ဘူး ---"
"ငါ့ကိုတားလို့မရဘူးဆိုတာသူသိပါတယ် ----"
ဂျက်စတင်ကသူ့ကိုအံ့သြတကြီးကြည့်နေလေတော့သည်။
"မင်းဒေလီယာ့ကိုမချစ်ဘူးလား --- သူကမင်းကိုသေလောက်အောင်ချစ်နေတာပါကွ --- သူ့ကိုယူပြီး ဒီမှာပဲနေလိုက်ပါတော့လား ---- သူကမင်းအသက်ကိုကယ်ခဲ့တာပါစတီဗင်ရယ် ---- နောက်ပြီး အခုဆိုရင် ပန်းလေးရဲ့ဘဝမှာမင်းကိုမလိုအပ်တော့ဘူး --- သူ့ဘေးမှာသုရှင်ရှိနေပြီပဲ ---"
သူဘာမှပြန်မပြောဘဲငြိမ်နေတော့ဂျက်စတင်သူ့မျက်နှာကိုအကဲခတ်လိုက်လေသည်။
"ပန်းလေးငါ့ကိုမလိုအပ်တော့ဘူးဆိုရင်တောင် --- ဘာလို့ကိုကို့ကိုလက်ထပ်ရတဲ့အကြောင်းကို ငါသိချင်တယ် ဂျက်စတင် -- နောက်ပြီးဒေလီယာ့အပေါ်ငါနည်းနည်းလေးမှစိတ်မဝင်စားဘူး --- ယူလည်းမယူနိုင်ဘူး ---"
"သူကဘော့စ်ရဲ့သမီးနော်စတီဗင် --- မင်းလွယ်လွယ်နဲ့ငြင်းလို့ရမှာမဟုတ်ဘူး ---"
"ငါကတော့ငြင်းရမှာပဲ --- သူငါ့အသက်ကိုကယ်ခဲ့တဲ့အတွက် ငါ့အသက်ကိုပြန်လိုချင်တယ်ဆိုရင်လည်း ငါပြန်ပေးလိုက်မယ် ---"
"စတီဗင် ---"
ဂျက်စတင်ကစိတ်မရှည်စွာနဲ့ခေါ်လိုက်တော့သူဂျက်စတင့်မျက်နှာကိုမော့ကြည့်လိုက်ကာ
"ငါပန်းလေးရဲ့သားလေးကိုတွေ့ချင်တယ် ----"
"ဘာလဲအဲ့ဒါကိုမင်းရဲ့ကလေးလို့ထင်နေခဲ့တာလား ---"
"မင်းသိပါတယ် --- ဒီရောက်လာမှငါ့စိတ်တွေဟာကြမ်းတမ်းလာခဲ့တယ် ---ငါဒီနိုင်ငံမှာလူတွေအများကြီး သတ်ခဲ့ဖူးပြီ ဂျက်စတင် --- အဲ့ဒါကြောင့်ငါ့ရဲ့စိတ်ဓာတ်တွေဟာမာကြောခက်ထန်လာခဲ့ပြီ --- ဒါပေမယ့် ပန်းလေးအကြောင်းတွေးလိုက်မိတာနဲ့ငါ့နှလုံးသားဟာအရင်လိုနူးညံ့စွာလှုပ်ရှားနေတုန်းပဲဂျက်စတင် ---"
သူပြောလိုက်တဲ့စကားကြောင့်ဂျက်စတင်စိတ်မကောင်းဖြစ်သွားသည့်ပုံပင်မျက်နှာပျက်သွား၏။
"ငါတောင်းပန်ပါတယ်ဝသုန် ---"
ဝသုန်တဲ့လား --- ဒီကိုရောက်ကတည်းသူ့ကိုဂျက်စတင်တစ်ခါမှဝသုန်လို့မခေါ်ခဲ့။ ဒါဟာအရင်တုန်းက ရင်းနှီးခဲ့တဲ့အခေါ်အဝေါ်တစ်ခုပဲ။
"ဘာအတွက်လဲဂျက်စတင် ----"
"တကယ်တော့ငါပန်းလေးကိုသုရှင်နဲ့ပဲသဘောတူခဲ့တာ --- မင်းနဲ့ပန်းလေးကိုသဘောမတူခဲ့ဘူး --- အဲ့ဒါကြောင့်မင်းနဲ့အပေးအယူတစ်ခုလုပ်ခဲ့ပြီးအခုလိုမျိုးမင်းကိုငါနဲ့အတူတူခေါ်လာခဲ့တာပါ ---"
"ဘာ ---"
သူ့မျက်လုံးတွေမှာဒေါသရောင်တွေတဖိတ်ဖိတ်လက်လာလေသည်။ အကြည့်တွေကလည်းဂျက်စတင့် ဆီသို့စူးရဲစွာရောက်သွားတော့သည်။
"ဂျက်စတင်မင်းဘာပြောလိုက်တယ် ----"
"ဟုတ်တယ်ဝသုန် ---ငါအခုလိုဖြစ်အောင်တမင်လုပ်ခဲ့တာပါ ----"
"ဂျက်စတင်မင်းကွာ ---"
သူလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိ၏။
"သုရှင်ကလည်းပန်းလေးကိုသိပ်ချစ်တာဝသုန် --- အဲ့လိုပဲမင်းလည်းပန်းလေးကိုချစ်မှန်းငါသိပါတယ် --- ဒါပေမယ့် ငါသုရှင်ရဲ့ခံစားချက်ကိုပိုပြီးနားလည်တယ် --- ဝသုန် --- အဲ့ဒါကြောင့်ငါတောင်းပန်ပါတယ် --- မင်းမြန်မာနိုင်ငံကိုမသွားပါနဲ့တော့နော် ----"
သူ့လက်သီးဆုပ်တွေချက်ချင်းပဲပြေကျသွား၏။ ထို့နောက်သူ့မျက်နှာမှာအပြံုးတစ်ခုကစွန်းထင် သွားတော့ လေသည်။
"ငါသွားမယ်ဂျက်စတင် --- အခုတော့မဖြစ်မနေကိုသွားရတော့မယ် ----"
"ဟင်ဝသုန် ---- မင်း ---"
"ဒါဟာရန်ငြိုးဆိုရင်ငါပြန်ပြီးလက်စားချေရမယ်ဂျက်စတင် ----"
"ဝသုန်မင်းဘာတွေပြောနေတာလဲ --- မင်းဘယ်သူ့ကိုလက်စားချေမှာလဲ ---"
သူမပြောမိ။ထို့နောက်သူမတ်တပ်ရပ်လိုက်ကာ ပြတင်းပေါက်နားကဂျက်စတင့်ဘေးမှာ မတ်တပ်ရပ်လိုက် လေသည်။
"သုရှင်ကိုလား --- ဟုတ်လားဝသုန် ---"
"ဘယ်သူရှိရမှာလဲ --- သူပဲပေါ့ ---- ငါပန်းလေးကိုချစ်နေမှန်းလည်းကိုကိုသိတယ် --- ပန်းလေးလည်း ငါ့ကိုချစ်နေမှန်းသိလျက်နဲ့အခုလိုလုပ်တာကိုငါကငြိမ်ခံနေရမှာလား ---"
ဂျက်စတင်ခါးကြားထဲကသေနတ်ကိုထုတ်လိုက်ကာဝသုန့်ရှေ့ကိုကမ်းပေးလိုက်ကာ
"ဒါဆိုမင်းင့ါကိုသတ်လိုက်ပါဝသုန် --- ဒီကိစ္စကိုအခုလိုမျိုးဖြစ်အောင်ငါပဲလုပ်တာ --- သုရှင်ဘာမှမသိဘူး ---"
ဝသုန့်အကြည့်တွေကဂျက်စတင့်ဆီသို့ရောက်သွား၏။
"မင်းတစ်ယောက်ထဲလုပ်တယ်လို့ပြောချင်တာလားဂျက်စတင် ---"
သူပြန်လှည့်သွားကာခေါင်းရမ်းလိုက်လေသည်။
"ချစ်သောသူနဲ့ကွေကွင်းရသောဒုက္ခဆိုတာကိုမင်းကြားဖူးလားဂျက်စတင် ---အဲ့ဒါဝေဒနာတစ်မျိုးပဲကွ --- သေတာထက်တောင်မှပိုပြီးနာကျင်ရတယ် ---"
"ငါသိပါတယ်မင်းပန်းလေးကိုဘယ်လောက်ချစ်မှန်းငါသိတယ်ဝသုန် --- ဒါပေမယ့်ကွာအခုချိန်မှာတော့ သုရှင်ကိုလွှတ်ပေးထားလိုက်ပါတော့ ---"
"ပန်းလေးပျော်နေမယ်လို့မင်းထင်လို့လားဂျက်စတင် ---"
"လက်ထပ်ပြီးလို့ကလေးတောင်မှရနေပြီပဲ --- သူတို့ပျော်နေမှာပါ ---"
"ဟွန့် ---"
ဝသုန့်မျက်နှာကသိသိသာသာရှုံ့မဲ့သွားလေသည်။
"ဟင့်အင်း --- ကိုကိုနဲ့လက်ထပ်ရပေမယ့်ပန်းလေးလုံးဝမပျော်ဘူးဂျက်စတင် --- အဲ့ဒါကိုငါယုံတယ် ---"
"ဘာလို့လဲ ---"
"အဲ့ဒါငါပဲသိတယ်ဂျက်စတင် -- ဘယ်သူမှမသိဘူး --- နောက်ပြီးငါမင်းနဲ့သဘောတူညီချက်ယူခဲ့တယ် ဆိုတာဟာ ပန်းလေးအတွက်ပဲအဲ့ဒါကိုလည်းမင်းသိပါတယ် --- ဒါပေမယ့်မင်းကကိုကို့အတွက် အခုလိုမျိုးတွေ လုပ်ခဲ့တဲ့အတွက်ငါမကျေနပ်နိုင်ဘူး ----"
"အဲ့ဒီ့အတွက်ငါတောင်းပန်နေတာပါဝသုန်ရယ် ----"
"မလိုပါဘူးမင်းမတောင်းပန်နဲ့ဂျက်စတင် --- ဒီကိစ္စကိုငါမြန်မာပြည်ပြန်ပြီးကိုကိုနဲ့ရှင်းမယ် ---"
"မင်းအဲ့လိုလုပ်လို့မဖြစ်ဘူးဝသုန် --- မင်းမြန်မာပြည်ကိုပြန်ဖို့ဘယ်သူမှခွင့်မပြုဘူး ---"
"ငါကဘယ်သူ့ဆီကခွင့်တောင်းနေလို့လဲ --- ဟင့်အင်းငါခွင့်မတောင်းပါဘူး --- ငါပြန်ချင်ရင်ပြန်မယ် မပြန်ချင်ရင် မပြန်ဘူး ဘယ်သူကမှလည်းတားလို့မရဘူး ---"
"မင်းဘော့စ်ရဲ့စကားကိုလွန်ဆန်နိုင်လို့လား ---"
ဂျက်စတင်သူ့ကိုဒီကိုခေါ်ခဲ့တော့သူဘာကိုမှမသိသေး။နောက်တော့ဂျက်စတင်ကသူလုပ်တဲ့အလုပ်ကဘော့စ်ဆိုတဲ့လူနဲ့မိတ်ဆက်ပေးခဲ့၍သူသိခဲ့ရတာဖြစ်သည်။ အဲ့ဒါနဲ့ပဲ သူ အဲ့ဒီ့အလုပ်မှာလုပ်ဖြစ်ခဲ့သည်။ ဘိန်းဖြူ မှောင်ခိုရောင်းတဲ့အဖွဲ့တစ်ဖွဲ့။
ဘော့စ်ရဲ့သမီး ဒေလီယာက သူ့ကိုသဘောကျကာ သူ့ကိုအရာအားလုံးသင်ပေးခဲ့၏။ သူ ဘော့စ်အပေါ်မှာ အပြစ်လုပ်ခဲ့လို့ ဘော့စ်ကသူ့ကိုသတ်ခါနီးမှာ ဒေလီယာကသူ့အသက်ကိုကယ်ခဲ့သည်။ အဲ့ဒီ့အချိန်ကတည်းက ဒီအဖွဲ့မှာ သူ့ကို ဘယ်သူကမှသိပ်ပြီး မကျောရဲ၊ အနိုင်မယူရဲကြတော့။ အဲ့ဒါ ဒေလီယာ့ကျေးဇူးတွေလို့ ပြောရမည်။ ဒါပေမယ့် သူမှ ဒေလီယာ့ကို သဘောမကျတာ။ ဘော့စ်က လက်ရဲဇက်ရဲနိုင်သူတစ်ယောက်ပါ။ အဲ့လိုပဲ ဘော့စ်ရဲ့သမီး ဒေလီယာလည်း လက်ရဲဇက်ရဲနိုင်သည်။ လူသတ်ရဲသည်။
"ဝသုန် ---"
"ဂျက်စတင် ငါ့ကိုဝသုန်လို့မခေါ်နဲ့ --- ငါ့ခံစားချက်ဟောင်းတွေက အသစ်ပြန်ပေါ်လာလာတတ်လို့ --- စတီဗင်လို့ပဲခေါ် ---"
"အင်း --- ငါနားလည်ပြီ --- ဒါပေမယ့် မင်း မသွားတော့ဘူးမို့လား ---"
"သူတို့ဘဝထဲကို ငါရောက်အောင်သွားမယ် --- တစ်ခြားပုံစံအသစ်နဲ့ပေါ့ ----"
"ဝသုန် --- ဆောရီး စတီဗင် --- မသွားပါနဲ့ကွာ ---"
"ငါ ဘော့ကိုလည်းလွန်ဆန်ရဲတယ် --- ဒေလီယာ့ကိုလည်းကျောခိုင်းရဲတယ် ဂျက်စတင် --- ငါ့ဘဝမှာ သူတို့ကအဓိကမဟုတ်ဘူး --- ငါ့နှလုံးသားတစ်ခုလုံးကို မြန်မာနိုင်ငံမှာ မြှုပ်နှံခဲ့တာ --- ငါကိုယ်တိုင် ပြန်တူးဖော်ရမယ် --- အဲ့ဒီ့အတွက် မင်းငါ့ကိုထပ်ပြီးမတားပါနဲ့တော့ --- မင်းတားလည်း ငါကတော့ ရအောင်သွားမှာပဲ ---"
ဂျက်စတင် ဝသုန့်ကို ဘယ်လိုဖျောင်းဖျရမှန်းမသိတော့။
"ငါဝန်ခံပါတယ် စတီဗင်ရယ် --- အရင်တုန်းက ငါမင်းအပေါ်လုပ်ခဲ့တာတွေဟာ သုရှင်အတွက် --- ဒါပေမယ့် ငါအခုလုပ်နေတာတွေဟာ မင်းအတွက်ပါကွာ --- ငါပြောနေတာတွေဟာ မင်းကိုစိုးရိမ်လို့ပါ ---"
သူ ခေါင်းရမ်းလိုက်ကာ သူ့မျက်လုံးတွေက သူ့ရှေ့ကမှန်တံခါးဆီသို့ စူးနစ်စွာရောက်ရှိနေတော့သည်။
"ဟင့်အင်း --- ငါသွားမယ် --- ဒါပေမယ့် မင်းကိုကျေးဇူးတင်ပါတယ် --- ဒီငါးနှစ်အတွင်းမှာ ငါ့ရဲ့ဘေးမှာ မင်းရှိနေခဲ့တဲ့အတွက် ငါဘယ်တော့မှမမေ့ပါဘူး ဂျက်စတင် ----"
"ဝသုန်ရာ ---"
သူဆက်ပြောလို့မရတော့ဘူးဆိုတာကို ဂျက်စတင် နားလည်သွားသည်။
"ငါ အခု ဘော့စ်ကိုသွားတွေ့လိုက်ဦးမယ် ---"
စတီဗင်ကပြောကာ အခန်းထဲကထွက်သွားပြီဖြစ်သည်။ ဂျက်စတင်သက်ပြင်းချလိုက်ကာ စတီဗင့်ကျောပြင်ကို ငေးကြည့်နေရင်းနဲ့ တွေးနေမိ၏။
အရင်တုန်းက သူ ဝသုန့်အပေါ်မှာ မကောင်းတဲ့စိတ်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒါ သူ့သူငယ်ချင်း သုရှင်အတွက်ပါ။ ဒါပေမယ့် အခုတော့ သူ ဝသုန့်အတွက်စဉ်းစားကာ ရင်မအေးဖြစ်ရတော့မယ်။ ဒေလီယာက ဝသုန့်ကို သဘောကျနေတဲ့သူ။ ဘယ်လိုနည်းနဲ့မှ ဝသုန့်ကိုပြန်ခွင့်ပြုမှာမဟုတ်တော့ဘူး။
ဘော့စ်ကလည်းအတူတူပဲ။ ဝသုန်က တပည့်အားလုံးထဲမှာ အရဲရင့်ဆုံးနဲ့ အထက်မြက်ဆုံးဆိုတော့ ဝသုန့်ကို အားလုံးထက်ပိုပြီးအားကိုးသည်၊ သဘောကျသည်။ သူ့သမီးနဲ့လည်း သဘောတူပြီးသားပဲ။ ဝသုန်သာ ထွက်သွားမယ်ဆိုရင် ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး။ နောက်ပြီး သူလည်း ဝသုန့်အပေါ်မှာ သံယောဇဉ်ဖြစ်နေပြီ။
ဝသုန်သာ ဇွတ်အတင်းထွက်သွားမယ်ဆိုရင် ဘော့စ်က အန္တရာယ်ပေးနိုင်သည်။ အဲ့ဒီ့အခါကျရင် ဝသုန်လည်း ဒုက္ခရောက်မယ်၊ သူလည်း ဝသုန့်ကိုမျက်ကွယ်ပြုနေနိုင်မှာမဟုတ်ဘူး။ သူနဲ့ဒေလီယာက ကျောင်းနေဖက် သူငယ်ချင်းတွေ။ နှစ်ဖက်စလုံးအတွက် သူ အလယ်ကနေ နေနေလို့မဖြစ်။ ဝသုန့်အတွက်ပိုပြီးစိတ်ပူတယ်။ ဟူး --- ဘယ်လိုလုပ်ရမလဲ --- ။
× × × × × ×
သူ လက်နှစ်ဖက်ကိုဆန့်လိုက်ကာ လေကိုတဝကြီးရှူသွင်းလိုက်သည်။ လေက နှာခေါင်းထဲကနေတဆင့် ခန္ဓာကိုယ်တစ်ခုထဲသို့ စိမ့်ဝင်သွားကာ တစ်ကိုယ်လုံး လတ်ဆတ်သွားလေတော့သည်။ စိတ်ထဲမှာလည်း ကြည်လင်လန်းဆန်းသွား၏။
"ဆရာကြီး --- ဆရာကြီး ---"
သူလှည့်ကြည့်လိုက်တော့ လူသုံးယောက်က ဆရာကြီးလို့ခေါ်နေကြသည်။ ဒါပေမယ့် သူ့ကိုခေါ်တယ်လို့ သူမထင်မိ။ အဲ့ဒါကြောင့် အထုပ်ကိုကောက်ယူလိုက်တော့ လူတစ်ယောက်က သူ့အထုပ်ကိုလာဆွဲကာ
"ဆရာကြီး --- ကျွန်တော်တို့ခေါ်နေတာကို မမှတ်မိဘူးလား ---"
"ဟင် --- မင်းတို့ကဘယ်သူတွေလဲ ---"
သူတို့ထဲကတစ်ယောက်က ဦးထုပ်ကိုချွတ်လိုက်ရာ
"ဟင် --- မင်း ---"
သူက ဝမ်းသာအားရဖြင့် ပြံုးလိုက်ကာ
"ဟုတ်တယ် ဆရာကြီး --- ဆရာကြီးရဲ့တပည့် ထွန်းအောင်ပါ --- ဆရာကြီး ဒီနေ့ထောင်ကလွတ်မယ်ကြားလို့ လာကြိုကြတာပါ ---"
ဦးမင်းဦး ဝမ်းသာသွားမိတာတော့အမှန်ပါ။ သူ့တပည့်တွေက သူ့အပေါ်မှာ သိတတ်ကြတာပဲ။
"အေးကွာ ဒါနဲ့မင်းတို့တွေ ဘာသတင်းတွေကြားသေးလဲ ---"
"ဆရာကြီးရဲ့သားမက်နဲ့ပတ်သက်လို့လား ---"
"ထွီး --- ဘာသားမက်လဲ --- သူက ငါ့သားမက်မဟုတ်ဘူးကွ --- အဲ့ဒါမင်းမြဲမြဲမှတ်ထား ---"
ထွန်းအောင် ပြာပြာသလဲဖြင့်ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ ကျွန်တော် မှားသွားပါတယ် ဆရာကြီီး --- တောင်းပန်ပါတယ် ----"
သူ့ရင်ထဲမှာ လွန်ခဲ့သောငါးနှစ်ကအဖြစ်အပျက်တွေကိုပြန်တွေးကာ နာကျင်သွားမိပြန်သည်။ ဝသုန်မြေကြောင့် သမီးလေးသေခဲ့ရတာ။ ဘယ်တော့မှမကျေနပ်ဘူး။ ထောင်ထဲရောက်သွားကတည်းက သူ အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားခဲ့သည်။ ဒါပေမယ့် သူ့မိန်းမ မာလာကတော့ စိတ်မမှန်တော့ဘူးဆိုတာကို သူကြားလိုက်ရသည်။ မာလာ့ကို သီရိတို့မိသားစုကစောင့်ရှောက်ထားတယ်လို့လည်း သူကြားထား၏။
"သူ့သတင်းဘာကြားလဲ ---"
"အဲ့ဒီ့အချိန်ကတည်းက သူပျောက်သွားခဲ့တယ် ဆရာကြီး --- သေသွားတယ်လို့ပြောပေမယ့်လည်း အလောင်းကို ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ---"
"သူက သာမန်လူတစ်ယောက်မဟုတ်ဘူး --- သေတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး --- သူနဲ့အတူတူ ဟိုနိုင်ငံခြားသားတစ်ယောက်လည်း ပျောက်သွားတယ်မို့လား ---"
"ဟုတ်တယ် ဆရာကြီး --- နှစ်ယောက်စလုံးကို ပြန်မတွေ့တော့ဘူး ---"
"ဟွန့် ---"
ဦးမင်းဦးမျက်နှာမှာ တစ်စုံတစ်ခုအပေါ် အလိုမကျမှုကြောင့် ရှုံ့မဲ့သွားလေသည်။ မျက်နှာမှာလည်း နှုတ်ခမ်းမွေးတွေနဲ့ ရှုပ်ပွနေ၏။ အဲ့ဒီ့ကိစ္စဖြစ်ပြီးကတည်းက သူလည်း ရာထူးပြုတ်ခဲ့သည်။
"မင်း သူ့ကိုဆက်ပြီးစုံစမ်းပေးပါ --- သူသေတယ်ဆိုတာကို ငါမယုံဘူး --- အဲ့ဒီ့ကိစ္စကို ငါကိုယ်တိုင် ပြန်ပြီးဖော်ထုတ်ပြမယ် --- သူ တစ်နေရာရာမှာ ရှောင်နေတာလည်းဖြစ်နိုင်တယ် --- ဒါပေမယ့် ---"
ထွန်းအောင် ဆရာကြီးကိုကြည့်ကာ အံ့သြနေမိ၏။ တစ်ယောက်ထဲပြောနေရင်းကနေ ငြိမ်သွားကာ တွေးနေပြန်လေသည်။
"ဆရာကြီး ---"
"ဟင် ---"
သူခေါ်လိုက်တာကို ဆရာကြီးက အလန့်တကြားဖြစ်သွားသည့်ပုံဖြင့် ပြန်ထူးလိုက်လေသည်။
"ဆရာကြီးဘာတွေစဉ်းစားနေတာလဲ ---"
"ဝသုန်မြေ့အကြောင်း --- သူဘယ်ရောက်နေလဲဆိုတာကို ငါစဉ်းစားနေတာ -- ဘယ်လိုမှစဉ်းစားလို့မရဘူး ---"
"ဆရာပြောသလိုဆိုရင် သူသေသွားတာမဟုတ်ဘူးပေါ့ ---"
"ဟင့်အင်း --- သူမသေဘူး --- အဲ့ဒါကို ငါသိတယ် --- "
"ဒါဆို သူဘယ်မှာလဲ ဆရာကြီး ---"
"အဲ့ဒါကိုငါစုံစမ်းရမှာ --- ငါလည်း မသိသေးဘူး ---"
ထွန်းအောင် အူကြောင်ကြောင်ဖြစ်သွားလေသည်။
"ကျွန်တော်တို့လည်း ကူပြီးစုံစမ်းပေးပါ့မယ် ဆရာကြီး ---"
ဦးမင်းဦး ထွန်းအောင်ရဲ့ပခုံးကို သူ့လက်နဲ့ပုတ်လိုက်ကာ
"အေးကွာ မင်းတို့ကိုအားကိုးရမှာပဲ ---"
ထွန်းအောင် သဘောကျစွာပြံုးနေလေသည်။
"လာကွာ --- သွားရအောင် ---"
"ဟုတ်ကဲ့ဆရာကြီး ---- ဆရာကြီးအတွက် အားလုံးအဆင်သင့်လုပ်ထားပါတယ် ---"
သူသဘောကျစွာပြံုးလိုက်ပြီး ထွန်းအောင်နောက်ကိုလိုက်သွားလိုက်သည်။ ထွန်းအောင်က သူ့မှာပါလာတဲ့ ကားဖြူလေးရဲ့တံခါးကိုဖွင့်ပေးလိုက်တော့ သူ ကားပေါ်တက်ပြီးလိုက်သွားလိုက်သည်။ သူ့ဘဝမှာ အကြီးမားဆုံးသော ဆုံးရှုံးမှုတွေကို ကြံုတွေ့ခဲ့ရသည်။ အဲ့ဒါ ဝသုန်မြေကြောင့်။
သမီးကိုမချစ်ပါဘဲနဲ့ လက်ထပ်ဖို့ဖြစ်သွားခဲ့တဲ့အထိ ပြဿနာတွေရှုပ်ထွေးသွားခဲ့ရမှု၊ ပန်းလေးတို့အပေါ်မှာ ကောင်းပြီ သူတို့အပေါ်မှာတော့ ရက်ရက်စက်စက်ဆက်ဆံခဲ့မှု ဒါတွေအတွက် လျော်ကြေးကတော့ သူ့ရဲ့အသက်ကိုရမှဖြစ်မယ်။
သမီးလည်းသေ၊ မယားလည်းရူး၊ သူလည်းထောင်ကျသွားလောက်အောင်အထိ ကံကြမ္မာက အရာရာပြောင်းလ သွားခဲ့သည်။ အဲ့ဒီ့အတွက် သူ လက်စားမချေဘူးဆိုရင် သူဟာ ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီး ဘယ်ပီသတော့ မလဲ။ သူ အဲ့လောက်ထိတော့ သဘောထားမကြီးနိုင်ပါဘူး။ အဲ့လောက်သဘောထားကြီးနိုင်မှတော့ သူ ရဟန်းဝတ်သွားတော့မှာပေါ့။
တွေ့ကြသေးတာပေါ့ ဝသုန်မြေရာ --- မင်းမသေဘူးဆိုတာကို ငါ့စိတ်ကနေ အလိုလိုသိနေတယ် --- မင်းကို ငါ့သမီး၊ ငါ့မိသားစုအတွက် လက်စားချေမယ် ဝသုန်မြေ --
× × × × × ×

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)حيث تعيش القصص. اكتشف الآن