ဒုတိယတွဲ - အခန်း(၄)

240 5 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၄) 💜

"ဟင့်အင်း စတီဗင် --- ဒေလီယာ ခွင့်မပြုဘူး ---"
သူ ဘော့စ်ကိုပြောနေရင်းကနေ ဒေလီယာ့ကို တစ်ချက်လှည့်ကြည့်လိုက်မိသည်။ အဖြူရောင်ဆိုးထားတဲ့ သူမဆံပင်သည် မျက်နှာတစ်ခြမ်းကို ဖုံးနေလေသည်။
ဒေလီယာက သူ့နားကိုရောက်လာကာ ပြောလိုက်၏။ သူမဝတ်ထားတဲ့ ဂါဝန်အနီရောင်က သူ့ကျောကို တိုးတိုက်သွားတော့သည်။
ဘော့စ်ကတော့ ဒေလီယာပြောတာကို ဂရုမစိုက်ဘဲ သူ့ကိုသာ အကဲခတ်နေသည်။
"ဘာလို့လဲ စတီဗင် --- ဘာလို့ မြန်မာပြည်ကို ပြန်ချင်တာလဲ --- ဂျက်စတင်ပြောပုံအရဆိုရင်တော့ မင်းအနေနဲ့မြန်မာပြည်မှာ တွယ်တာစရာလူမရှိပါဘူး ---"
သူ့အကြည့်တွေက ဘော့စ်ဆီသို့ ပြန်ရောက်သွားပြန်လေသည်။ သူ စားပွဲပေါ်တင်ထားတဲ့လက်တွေကို တစ်ချက်ငုံ့ကြည့်လိုက်ကာ
"အဲ့ဒါဟာ လွန်ခဲ့တဲ့ငါးနှစ်ကဆိုရင်တော့ ဟုတ်ပါလိမ့်မယ် ဘော့စ် --- ဒါပေမယ့် အခုတော့မဟုတ်တော့ပါဘူး --- ကျွန်တော့်ဘဝ --- ကျွန်တော့်အသည်း --- ကျွန်တော့်နှလုံးသားဟာ မြန်မာပြည်မှာသာရှိတာပါ --- အရှင်းဆုံးပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ အတိတ် --- အနာဂတ် --- ပစ္စုပ္ပန်ဟာ မြန်မာပြည်မှာပဲရှိတယ် ---"
ဘော့စ်က သူ့ကိုဘာမှမပြောဘဲ သေချာသာကြည့်နေလေသည်။ သူက ကြည့်နေတယ်လို့သာပြောတာပါ ဘော့စ်က မျက်မှန်တပ်ထားတော့ သူ သေချာမပြောတတ်။ ဘော့စ်က မျက်မှန်ကို အချိန်ပြည့်တပ်ထားတာဟာ တကယ်တော့ ဘော့စ်ရဲ့မျက်လုံးတစ်လုံးက မကောင်းလို့ဆိုပြီး ဂျက်စတင်က သူ့ကိုပြောပြထား၍ သူသိခဲ့ရခြင်းဖြစ်သည်။ မျက်လုံးမကောင်းရတဲ့အကြောင်းကလည်း တခြားအဖွဲ့တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားရင်း ကနေ မျက်လုံးတစ်လုံးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်၏။ အဲ့ဒီ့မျက်လုံးနေရာမှာ ကျောက်မျက်လုံးကို အစားထိုးထားခဲ့ရသည်။
"အမှန်အတိုင်းပြောရရင် မင်းကိုမသွားစေချင်ဘူး စတီဗင် ---"
ဘော့စ်က မျက်မှန်ကိုချွတ်ကာ ပြောလိုက်တော့ သူအ့ံသြသွားလေသည်။ ဘော့စ်က ဘယ်တုန်းကမှ လူကြားထဲမှာ မျက်မှန်ချွတ်လေ့မရှိ။ သူမျက်မှန်ချွတ်လိုက်လို့ လူတစ်ယောက်ယောက်က သူ့ရဲ့အားနည်းချက်ကိုသိသွားမှာကို သူအရမ်းကြောက်လို့ပဲဖြစ်သည်။ ဒါပေမယ့် အခုဘာဖြစ်လို့ ချွတ်လိုက်တာလဲ။
တခြားတပည့်တွေကလည်း ဘော့စ်ကို အ့ံသြတကြီးကြည့်နေကြ၏။
"ဒယ်ဒီ ဘာလို့မျက်မှန်ကို ချွတ်လိုက်တာလဲ ---"
ဒေလီယာ ဒယ်ဒီ့ကိုကြည့်ကာပြောလိုက်တော့ ဒယ်ဒီကပြံုးလိုက်ပြီး မျက်မှန်ကိုကိုင်ကာ ကိုင်းကနေချိုးပစ် လိုက်၏။
"ဖြောင်း ---"
ထို့နောက် မျက်မှန်အကျိုးကို စားပွဲပေါ်တင်လိုက်ကာ စတီဗင့်ကိုကြည့်လိုက်ပြီး
"ဒယ်ဒီ့အတွက်မလိုတော့ဘူး ဒေလီယာ ---"
တပည့်အားလုံးကတော့ အ့ံသြနေကြဆဲပင်။ သူတို့ဆရာမှာ အားနည်းချက်ရှိတာကို သူတို့သိထားကြသည်။ ဒါပေမယ့် သူတို့တွေ သေချာသိချင်တာတောင်မှ မစပ်စုရဲခဲ့။ အခုတော့ ကျောက်မျက်လုံးတစ်ဖက်နဲ့ဆရာ့ကို ကြည့်ကာ သူတို့တွေပါးစပ်အဟောင်းသား ဖြစ်နေမိတော့၏။
"စတီဗင် ---"
ဘော့စ်အကြည့်တွေက သူ့ဆီကနေမခွာသေး။ သူကလည်း ဘော့စ်ကို သေချာသာကြည့်နေမိသည်။
"ဟုတ်ကဲ့ ပြောပါဘော့စ် ---"
"မင်းရောက်လာတဲ့အချိန်ကတည်းက တခြားလူတွေထက်ပိုပြီး ငါမင်းအပေါ်မှာ ယုံကြည်အားကိုး ခဲ့တယ်ဆိုတာကို မင်းသိပါတယ် ---"
သူ ခေါင်းပဲငြိမ့်ပြလိုက်မိသည်။ စကားတွေအများကြီးမပြောချင်ဘူး။ သံယောဇဉ်တွေကို မခိုင်မြဲချင်တော့ဘူး။ သူ မြန်မာပြည်ကိုပြန်တော့မယ်လို့ ဆုံးဖြတ်ပြီးကတည်းက အားလုံးနဲ့ခပ်ကွာကွာ ခပ်ကင်းကင်းနေခဲ့သည်။
"အမှန်အတိုင်းပြောရမယ်ဆိုရင် --- ဒီနေရာကိုမင်းကိုလွှဲပေးချင်ခဲ့တယ် ---"
"ဟင် ---"
"ဟာ ---"
အားလုံးရဲ့ပါးစပ်ကနေ အာမေဍိတ်သံတွေ ထွက်လာတော့သည်။ ထို့နောက် တစ်ချို့တွေက ဘော့စ်ကို နားမလည်နိုင်သောမျက်လုံးများဖြင့် ကြည့်ကြသလို တစ်ချို့ကတော့ သူ့ကိုအားကျသလိုကြည့်နေကြလေသည်။ သူကတော့ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဌာနေမဟုတ်တဲ့ တိုင်းတစ်ပါးကအရာမှန်သမျှ ဘာတစ်ခုမှကို မပိုင်ဆိုင်ချင်၍ စိတ်မဝင်စားပါ။
"မင်းသာ ဒေလီယာနဲ့လက်ထပ်မယ်ဆိုရင် ငါ ပိုပြီး သဘောကျမှာအမှန်ပဲ --- နောက်ပြီး မင်းတို့နှစ်ယောက်ကို နေရာချပေးဖို့လည်း ငါ စဉ်းစားထားခဲ့ပြီးပြီ စတီဗင် ---"
ဒေလီယာ့မျက်နှာက သိသိသာသာ ကျေနပ်စွာ ပြံုးသွားလေတော့သည်။ ထို့နောက် သူ့ကိုလှည့်ကြည့် နေသည်ဟု သူထင်လိုက်မိသည်။ ဒါပေမယ့် သူကတော့ လှည့်မကြည့်မိပါ။ သူလိုချင်တာ ဒီအရာတွေမှမဟုတ်တာ။ သူ ခေါင်းရမ်းလိုက်ကာ
"Sorry ပါ ဘော့စ် --- ကျွန်တော် ဆုံးဖြတ်ပြီးသွာပါပြီ --- ကျွန်တော် မြန်မာပြည်ကို ပြန်တော့မယ် ---"
"ဟင် --- စတီဗင် ---"
ဒေလီယာက သူ့ကိုအ့ံသြတကြီးကြည့်ကာခေါ်လိုက်ပြီး သူ့လက်ကိုဆွဲလိုက်လေသည်။ အားလုံးရဲ့အကြည့် ကလည်း သူ့ဆီမှာသာ ရောက်ရှိနေကြ၏။
"မင်းဘယ်လိုပြောလိုက်တာလဲ စတီဗင် ---"
"ဟုတ်ပါတယ် ဘော့စ် --- ကျွန်တော် ဒီနိုင်ငံက ဘယ်မိန်းကလေးနဲ့မှ လက်ထပ်မှာမဟုတ်ဘူး --- ကျွန်တော့်နှလုံးသားကို တခြားတစ်ယောက်ဆီမှာ ပေးအပ်ခဲ့ပြီးခဲ့ပြီ ---"
"စတီဗင် --- Please လက်ခံလိုက်ပါနော် ---"
ဒေလီယာက သူ့ကိုကြည့်ကာ ပြောနေလေသည်။ ဒေလီယာ သူ့ကိုသဘောကျနေတယ်ဆိုတာကို သူသိပါတယ်။ ဒါပေမယ့် သူ့နှလုံးသားက ပန်းလေးကို အပြီးအပိုင်ပေးထားခဲ့ပြီ။ နှလုံးသားက တစ်ခုထဲရှိတာမို့ ထပ်ပေးစရာမရှိတော့။ တကယ်လို့ နောက်ထပ်အပိုပါခဲ့မယ်ဆိုရင်လည်း သူ ပန်းလေးကိုပဲပေးမှာပါ။
"Sorry ဒေလီယာ ---"
ဒေလီယာရဲ့ပြာလဲ့နေတဲ့မျက်ဆံလေးတွေကနေ မျက်ရည်ဥလေးတွေဟာ တွဲလွဲခိုကပ်လာတော့သည်။
"မင်း တကယ်ဆုံးဖြတ်ပြီးပြီလား စတီဗင် ---"
ဒေလီယာက ဘော့စ်ကိုကြည့်လိုက်ပြီး သူ့ရဲ့လက်ကိုလွှတ်လိုက်ကာ အခန်းထဲကနေ ပြေးထွက်သွားလေတော့သည်။
"ဟုတ်ပါတယ် ဘော့စ် --- နောက်ပြီး အခုလိုပြောတယ်ဆိုတာဟာလည်း ဘော့စ်ဆီကခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး --- ဘော့စ်ကို အသိပေးတယ်ဆိုရုံပါပဲ ---"
ဘော့စ်ရဲ့မျက်နှာက တည်သွားကာ ခေါင်းငြိမ့်လိုက်ပြီး ဘာမှမပြောပဲငြိမ်နေလေသည်။
"တကယ်လို့ ငါကမင်းကို တားမယ်ဆိုရင်ရော ---"
သူပြံုးလိုက်မိလေသည်။
"ရမယ်မထင်ဘူး ဘော့စ် --- ကျွန်တော့်စိတ်ဓာတ်ကိုလည်း ဘော့စ်သိပါတယ် -- ကျွန်တော်အားလုံး အဆင်သင့်ဖြစ်နေပြီ ဘော့စ် --- လေယာဉ်ကွင်းကိုသွားဖို့ပဲ ကျန်တော့တယ် ---"
သူပြောလိုက်တဲ့စကားကြောင့် ဘော့စ်မျက်နှာက သိသာစွာပျက်ယွင်းသွားလေသည်။ ထို့နောက် သက်ပြင်း တစ်ခုကို မသိမသာချလိုက်ရင်း
"နောက်ဆုံးအနေနဲ့ ပြန်စဉ်းစားဖို့ မင်းကိုတောင်းဆိုချင်တယ် စတီဗင် --- ဘာလို့လဲဆိုတော့ ဒေလီယာက မင်းကိုလိုချင်နေခဲ့တယ် စတီဗင် --- ငါ့သမီးကိုငါပျော်ရွှင်စေချင်တယ် --- ငါ ပိုင်ဆိုင်သမျှ အရာအားလုံးကို မင်းကိုပေးပါ့မယ် ---"
သူ ချက်ချင်းပဲထိုင်ရာကနေ မတ်တပ်ရပ်လိုက်မိ၏။
"ကျွန်တော်ဆုံးဖြတ်ပြီးသားကိစ္စကို ပြန်ပြင်ရိုးထုံးစံမရှိဘူးဆိုတာ ဘော့စ်သိပါတယ် --- "
"ဒူ -- ဒူ --"
စားပွဲပေါ်မှာ တုန်ခါနေတဲ့ဖုန်းကို သူချက်ချင်း ကောက်ယူလိုက်၏။
"Hello --- ဂျက်စတင် ---"
"စတီဗင် မလာသေးဘူးလား --- လေယာဉ်ချိန်နီးနေပြီ ---"
"အင်း ငါအခုလာခဲ့မယ် ဂျက်စတင် ---"
"အင်း --- အင်း --"
သူ ဖုန်းကိုချလိုက်ပြီး ဘော့စ်ကိုကြည့်လိုက်သည်။ ဘော့စ်ကလည်း သူ့ကိုကြည့်နေ၏။
"ဘော့စ် ကျွန်တော့်ကိုခွင့်ပြုပါဦး ---"
သူ ဘော့စ် ဘာမှပြန်မပြောခင် ဘော့စ်ရှေ့ကနေလှည့်ထွက်လိုက်မိသည်။
"ကောင်းပြီလေ --- မင်းကဆုံးဖြတ်ပြီးပြီဆိုတော့လည်း မတားတော့ပါဘူး --- ဒါပေမယ့် အစစအရာရာ ဂရုစိုက်ပါ ---"
သူ ခြေလှမ်းတွေတန့်သွားကာ ဘော့စ်ကိုလှည့်ကြည့်လိုက်တော့ ဘော့စ်က သူ့ကိုပြံုးပြီးကြည့်နေ၏။  ဘာအဓိပ္ပာယ်နဲ့ပြံုးတာလဲ --- သူ လေယာဉ်နောက်ကျမှာဆိုး၍ ခေါင်းပဲငြိမ့်ပြလိုက်ကာ အမြန်လှည့်ထွက် လိုက်မိ၏။
"ဒယ်ဒီ --"
ဒေလီယာ စတီဗင်ထွက်သွားတဲ့တံခါးပေါက်ကို လှမ်းကြည့်ကာ တခြားအပေါက်ကနေ ဝင်လာလေသည်။
"သမီး ---"
"ဒယ်ဒီ ဒေလီယာ သူ့ကိုမစွန့်လွှတ်နိုင်ဘူး --- သူ့ကိုလိုချင်တယ် ---"
ဒယ်ဒီက သူမကိုကြည့်ကာပြံုးပြီး လက်ကာပြလိုက်၏။
"မပူနဲ့သမီး ဒယ်ဒီလည်း သူ့ကိုသွားခွင့်မပြုဘူး ---"
သူမ ဒယ်ဒီ့နားကိုကပ်သွားကာ ဒယ်ဒီ့ကို သေချာကြည့်လိုက်ပြီး
"ဒယ်ဒီက ဘယ်လိုလုပ်မှာလဲ ---"
"သမီးစောင့်ကြည့်နေပါ --- ဟေ့ကောင်တွေ သူ့နောက်ကိုလိုက် --- သူ့ကို ဒီကိုမရရတဲ့နည်းနဲ့ပြန်ခေါ်လာခဲ့ ဘာဒဏ်ရာမှမရစေနဲ့ --"
တပည့်အားလုံးက ခေါင်းငြိမ့်လိုက်ကြပြီး
"ဟုတ်ကဲ့ပါ ဘော့စ် ---"
ထို့နောက် အခန်းထဲကနေ အသီးသီးထွက်သွားကြတော့သည်။ သားအဖနှစ်ယောက်လုံးရဲ့မျက်နှာမှာတော့ အပြံုးကိုယ်စီဖြင့် ---
×     ×     ×     ×     ×     ×     ×
သူ မျက်မှန်ကိုပင့်တင်လိုက်ကာ ဂျက်စတင့်ကို လိုက်ရှာလိုက်မိ၏။ လေယာဉ်ကွင်းထဲမှာ ထူးဆန်းစွာ လူတွေများနေခဲ့သည်။
"စတီဗင် ---"
လူတွေကြားထဲကနေ ဂျက်စတင်က သူ့ကိုလက်ထောင်ပြနေလေသည်။ သူ ဂျက်စတင့်ဆီ အမြန်ပြေးသွားလိုက်ပြီး ဂျက်စတင့်လက်ထဲက အထုပ်တွေကို ဆွဲယူလိုက်သည်။
"မင်းကလည်းကွာကြာလိုက်တာ ဘာတွေလုပ်နေလို့လဲ ---"
"ငါ ဘော့စ်ကိုသွားတွေ့နေလို့ပါကွာ ---"
"ဘာ ---"
ဂျက်စတင်က လမ်းကိုခပ်သွက်သွက်လျှောက်နေရင်းကနေ သူ့ကို အလန့်တကြားလှည့်ကြည့်လိုက်၏။
ဂျက်စတင်အ့ံသြနေမယ်ဆိုတာကို သိလို့ သူပြံုးလိုက်ကာ ဘာမှပြန်မပြောတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
"စတီဗင် မင်းကွာ တကယ့်ကောင်ပဲ သွားမတွေ့ပါနဲ့ဆို -- ဘော့စ်သိမှာစိုးလို့ လက်မှတ်ကိုတောင်မှ ငါတိတ်တဆိတ်ဝယ်ထားရတာ --- အခု မင်းကို ဘော့စ်က ဘာပြန်ပြောလိုက်လဲ --- မင်း ဒဏ်ရာတွေများရလားခဲ့သေးလား စတီဗင်ရယ် ---"
ဂျက်စတင်က လက်ထဲကအထုပ်တွေကိုချကာ သူ့ခန္ဓာကိုယ်ကို လိုက်ပြီး စမ်းနေ၏။ သူ ဂျက်စတင့်ကိုကြည့်ပြီး သဘောကျစွာရယ်မောလိုက်မိသည်။
"ဟား --- ဟား --- ဘာမှမဖြစ်ပါဘူး ဂျက်စတင်ရာ ဘာတွေပူနေတာလဲ --- ဘော့စ်ကငါ့ကိုဘာမှ မလုပ်ပါဘူးကွာ --- လာ လေယာဉ်နောက်ကျနေဦးမယ် ---"
ဂျက်စတင်က အထုတ်တွေကိုပြန်ဆွဲကောက်လိုက်ပြီး
"မဟုတ်သေးပါဘူး -- ဘော့စ်ကမင်းကိုဘာတွေပြောသေးလဲ ---"
"ငါ့ကို ဒေလီယာနဲ့လက်ထပ်စေချင်တယ်တဲ့ --- နောက်ပြီး ငါ့ကို သူ့နေရာကိုလွှဲပေးမယ်တဲ့လေ --- ငါမလိုချင်ပါဘူး ---"
"ဟင် မင်းကွာ ဘော့စ်ပေးတာတွေယူပြီး ဒီမှာသာအေးအေးဆေးဆေးနေလိုက်ရင် ပြီးနေတဲ့ဟာကို ဘာလို့များ ဟိုကိုပြန်ချင်တယ်မသိဘူး --- ဟိုရောက်တော့ရော ဘာတွေဖြစ်ဦးမလဲမသိဘူး ---"
ဂျက်စတင့်အသံမှာ စိုးရိမ်စိတ်တွေပါနေလေသည်။ ဒါကိုသူသတိထားမိပါတယ်။ ဒါပေမယ့် သူဘာမှ မပြောမိတော့။
"ဟင် ---"
ဂျက်စတင်က ခြေလှမ်းတွေတန့်သွားကာ တစ်နေရာကို သေသေချာချာကြည့်နေ၏။ သူလည်း အ့ံသြပြီးကြည့်လိုက်တော့ ဘော့စ်ရဲ့တပည့်တွေကို တွေ့လိုက်ရသည်။ သူတို့အားလုံးက သူတို့ဆီကို တရွေ့ရွေ့ရောက်လျှောက်လာကြသည်။
"တောက် --- ငါထင်သားပဲ ဘော့စ်က မင်းကိုလွယ်လွယ်နဲ့ မလွှတ်ပေးပါဘူးဆို တွေ့လား စတီဗင် ---"
သူလည်း အ့ံသြသးမိတာအမှန်ပါ။
"ဘော့စ်က ငါ့ကိုများအပြတ်ရှင်းခိုင်းလိုက်တာလားမသိဘူး ဂျက်စတင် ---"
ဂျက်စတင်က သူ့ကိုပြန်မဖြေဘဲ ခေါင်းရမ်းလိုက်ကာ လက်ထဲက ပတ်စ်ပို့နဲ့ လေယာဉ်လက်မှတ်တစ်ခုကို ပေးလိုက်လေသည်။
"ရော့ --- ငါ သူတို့ကိုမျက်ခြေဖျက်လိုက်မယ် --- မင်း လေယာဉ်ပေါ်အရင်တက်နှင့်လိုက် --- မင်းက အဓိကပဲ လေယာဉ်ပေါ်ရောက်ရင် သူတို့တွေ ဘာမှလုပ်လို့မရတော့ဘူး --"
သူ ဂျက်စတင့်လက်ထဲက ပတ်စ်ပို့နဲ့လေယာဉ်လက်မှတ်ကိုယူလိုက်ကာ
"ဖြစ်ပါ့မလား ဂျက်စတင် --- ငါ မင်းကိုကူညီမယ် ---"
ဂျက်စတင် သူ့အထုတ်တွေသူ ယူလိုက်ကာ
"ငါက ကိစ္စမရှိဘူး -- မင်းက ပိုအရေးကြီးတယ် --- မင်း ဂရုစိုက်ပါ --- အခု မင်းမြန်မာပြည်ကို မရောက်လို့မဖြစ်တော့ဘူး --- ငါ့အတွက်စိတ်မပူနဲ့ မင်းသာလေယာဉ်ပေါ်ရောက်အောင်အရင်သွား --- အခု ငါမင်းနဲ့လိုက်ဖြစ်ချင်မှလိုက်ဖြစ်မှာ --- မလိုက်ဖြစ်လည်းကိစ္စမရှိဘူး ငါ မင်းဆီကိုရောက်အောင်လာခဲ့မယ် စတီဗင် ---"
ဂျက်စတင်က သူ့ကိုကြည့်ကာပြောလိုက်လေသည်။
"တခြားအပေါက်ကသွား --- ငါ မျက်ခြေဖျက်လိုက်မယ် ---"
သူ ဂျက်စတင့်ပုခုံးကိုပုတ်လိုက်ကာ
"ကျေးဇူးတင်ပါတယ် ဂျက်စတင် --"
ဂျက်စတင်က သူ့ကိုပြံုးပြနေလေသည်။ ဂျက်စတင့်အပြံုးက အသက်မပါဘူးလို့ သူထင်လိုက်မိ၏။
"ဟိုဘက်လမ်းကသွား ---"
သူ ခေါင်းငြိမ့်ပြလိုက်တော့ ဂျက်စတင်က အကျီ င်္အတွင်းအိတ်ကပ်ထဲမှာ အသင့်ပါလာတဲ့ ပစ္စတိုကို ထုတ်လိုက်ကာ တိုင်လုံးကြီးတစ်လုံးအနောက်မှာကွယ်ပြီး နေရာယူနေ၏။
အဲ့ဒီ့အချိန်မှာ လေယာဉ်ထွက်တော့မယ့်အကြောင်းကို အော်နေတဲ့အသံကြားလိုက်ရ၍ သူ ဂျက်စတင့်ကို တစ်ချက်ကြည့်လိုက်ပြီး အမြန်ပြေးသွားလိုက်သည်။
"ဒိုင်း ---"
"အား --- "
"Oh my god ---"
သေနတ်သံကြောင့် ခရီးသည်တွေဟာ ကြောက်လန့်တကြား အော်ဟစ်နေကြ၏။
ဂျက်စတင်နဲ့ ဘော့စ်ရဲ့တပည့်တွေဖြစ်နေပြီဆိုတာကို သူသိလိုက်သည်။ သူ ပြန်လှည့်ဖို့ပြင်လိုက်ပေမယ့် နောက်ကျသွားပြီဖြစ်သည်။ သူလှည့်အကြည့် ဂျက်စတင်ရဲ့ စူးစူးဝါးဝါး အော်သံတစ်ခုကို ကြားလိုက်ရခြင်း ဖြစ်သည်။
"အား ---"
ဂျက်စတင့်ကို သေနတ်မှန်သွား၏။ သေနတ်သံတွေတရစပ်ကြားလိုက်ရသည်။ အားလုံးသောကျည်ဆံတွေဟာ ဂျက်စတင့်ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကုန်ကြ၏။ သူ ငေးကြည့်နေတုန်း လုံခြံုရေးတွေက သူ့ကို လေယာဉ်ပေါ်တက်ဖို့ပြောနေကြသည်။
သူ့မျက်လုံးထဲကနေ သေနတ်တွေမှန်နေတဲ့ ဂျက်စတင့်ပုံရိပ်ကို သူ လုံးဝဖျောက်လို့မရ။ သူ လေယာဉ်ပေါ်ကို ဘယ်လိုပုံစံနဲ့ ရောက်သွားမှန်းတောင်မှ သူမသိတော့။ သူ့ကြောင့် --- သူ့ကြောင့် ဂျက်စတင်သေရပြီ။ ဟုတ်တယ် သူ့ကြောင့်။ သူ စိတ်မကောင်းဖြစ်လွန်း၍ မျက်ရည်တွေကျလာလေတော့သည်။
ဂျက်စတင်က သူ့အပေါ် အင်မတန်ကောင်းခဲ့တာပါ။ ဘယ်လိုပဲ အခုလိုဖြစ်အောင် လုပ်ခဲ့တယ်ဆိုဦးတော့ သူ့အပေါ်မှာတော့ ကြာလေကြာလေ သံယောဇဉ်ပိုလာလေ ဖြစ်ခဲ့မိသူတစ်ယောက်။
"ဂျက်စတင်ရယ် မင်းကောင်းရာဘုံကို ရောက်မှာပါကွာ --- အရာရာတိုင်းအတွက် မင်းကို ထာဝရကျေးဇူးတင်နေမှာပါ ---"
သူ မျက်ရည်တွေကိုသုတ်လိုက်ကာ မျက်မှန်တပ်လိုက်သည်။ သူ့အတွက် ပေးဆပ်ခဲ့တဲ့လူတွေဟာ သူ့အတွက် ဘဝသစ်ကို ဖန်တီးပေးသူတွေပါပဲ။ သူ့အတွက်တော့ နေရာတိုင်းမှာ ပြဿနာတွေနဲ့ပါ။ အခု မြန်မာပြည် ပြန်ရောက်ရင်လည်း ရှင်းစရာတွေက ရှိသေးသည်။ ဒါပေမယ့် ပန်းလေးကိုတွေ့ရမယ့်အတွက်တော့ သူ ဝမ်းသာနေမိလေသည်။
လွန်ခဲ့တဲ့ငါးနှစ်တုန်းကလိုမျိုး ရင်ခုန်သံတွေကိုတော့ ပြန်လိုချင်မိပါရဲ့။ ပန်းလေးမှာရော ရှိဦးပါ့မလား။ သူ ပန်းလေးကို အရင်လိုမျိုး ချစ်နေဆဲပါ။ အရင်လိုမျိုး ထာဝရချစ်နေဦးမယ် ပန်းလေးရယ် ---

#####
အိပ်မက်ကြယ်

ဟန်​ဆောင်အမုန်း (Completed)Where stories live. Discover now