💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၄) 💜"ဟင် --- ကိုခိုင်ဦးတကယ်ပြောတာလားဟင် ---"
"အင်းဟုတ်တယ် -- ဝသုန်ကိုယ်တိုင်အကို့ကိုပြောခိုင်းလိုက်လို့ပန်းလေးကိုလာပြောပေးတာ ---"
"ကျေးဇူးတင်လိုက်တာကိုခိုင်ဦးရယ် ---"
ပန်းလေးပျော်တာကိုမြင်တော့ခိုင်ဦးလည်းပျော်နေမိလေသည်။ဝသုန့်ကိုလည်းစိတ်ထဲကနေသူကျေးဇူးတင်နေမိသည်။
ဦးသုကမ္ဘာသတ်မှတ်ထားတဲ့ကုမ္ပဏီရဲ့စည်းကမ်းချက်တွေကိုဆန့်ကျင်ပြီးဝသုန်ကပန်းလေးကိုအလုပ်ပေးခဲ့သည်။အဲ့ဒါကိုဦးသုကမ္ဘာသာသိရင်ဘယ်လိုဖြစ်မလဲတော့မသိ။ဒါပေမယ့်အဆင်ပြေမှာပါ။ဦးသုကမ္ဘာကဝသုန့်အပေါ်မှာအလေးထားသူတစ်ယောက်ပဲ။
ဒါပေမယ့်ခက်တာကဦးသုကမ္ဘာ၊ဒေါ်မေရှင်တို့ရဲ့သားအရင်းကိစ္စပဲ။ပန်းလေးသိထားတာကဝသုန်ကကုမ္ပဏီပိုင်ရှင်ရဲ့သား။တကယ့်သားအရင်းကဝသုန်မှမဟုတ်တာ။တကယ့်သားအရင်းကသုရှင်မင်းလေ။သုရှင်မင်းကမြန်မာနိုင်ငံကိုဘယ်အချိန်ပြန်လာမယ်ဆိုတာကိုဘယ်သူမှလည်းသေချာသိတာမဟုတ်ဘူး။ပြန်လာတော့မယ်လို့သူတောင်ကြားမိသလိုလို။အဲ့ဒါကလည်းဝသုန့်ပါးစပ်ကပြောတာပဲနေမှာ။
သုရှင်မင်းနဲ့အဆက်အသွယ်ရတာဆိုလို့ဝသုန်တစ်ယောက်ပဲရှိတာ။တကယ်လို့သူသာပြန်ရောက်လာရင်ဝသုန်ဘယ်လိုလုပ်မလဲ။ဟိုကပန်းလေးအကြောင်းကိုသာသိရင်အလုပ်ခန့်မှာမဟုတ်ဘူး။ကုမ္ပဏီမှာကအနည်းဆုံးဘွဲ့တစ်ခုတော့ရမှအလုပ်ခန့်သည်။
ဘွဲ့တစ်ခုကတော့ရမှဖြစ်မယ်ဆိုတာလည်းဦးသုကမ္ဘာရဲ့စည်းကမ်းချက်တွေပဲ။ထို့ထက်သုရှင်မင်းရဲ့ကန့်သတ်ချက်တစ်ခုပဲပေါ့။ပန်းလေးအတွက်တော့ခိုင်ဦးရင်မောမိပါတယ်။ဒါပေမယ့်သူလည်းမတတ်နိုင်ဘူး။ဝသုန်လုပ်တဲ့ကိစ္စဆိုတော့ဝသုန်ကတော့တာဝန်ယူမှာပါ။ပန်းလေးအပေါ်မှာဝသုန်လည်းသနားတာပဲလေ။
"ပန်းလေးဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ပါဘူး ---"
မေမေကခေါင်းအုံကိုမှီကာပန်းလေးတို့ကိုကြည့်နေလေသည်။ခိုင်ဦးရဲ့အကြည့်ကလည်းပန်းလေးရဲ့အမေဒေါ်သီရိမြိုင်ဆီသို့ရောက်သွားလေသည်။
ESTÁS LEYENDO
ဟန်ဆောင်အမုန်း (Completed)
Romanceအနှိမ်ခံဘ၀လေးမှာ အားကိုးစရာဆိုလို့ အမေနဲ့မောင်လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်မြေ'ဆိုတဲ့ သူမပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့တောင်လဲပြီး ဂရုစိုက်ပေးတဲ့သူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူမဘ၀ဟာ အခက်အခဲအညှိုးအတေးနဲ့ မနာလိုမှုတွေကြားထဲကနေ သူ့အချစ...