ဒုတိယတွဲ - အခန်း(၁၃) - ဇာတ်သိမ်း

1.9K 14 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 ဒုတိယတွဲ 💜
💜 အခန်း(၁၃) 💜
💕 ဇာတ်သိမ်းပိုင်း 💕

"ကိုကို ....."
"ပြောလေ ဝသုန် ....."
သုရှင် လက်ဆွဲအိတ်ထဲကို ကုမ္ပဏီအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကိုထည့်နေရင်းကနေ ဝသုန့်ကို ပြန်ထူးလိုက်လေသည်။
"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် ကိုကို ....."
သုရှင် ဇစ်ကိုပိတ်လိုက်ကာ ပြံုးလိုက်ပြီး ဝသုန့်ကိုလှည့်ကြည့်လိုက်လေသည်။
"ကိုကိုတို့က ကျေးဇူးတင်စကားပြောရမယ့်သူတွေမှမဟုတ်တာ ဝသုန်ရယ် ..... ထားလိုက်ပါကွာ ..... မင်းတို့မိသားစု ပြန်ပြီးပေါင်းစည်းရတဲ့အတွက်ပဲ ကိုကိုဝမ်းသာပါတယ်ကွာ ....."
"ဒါတွေအားလုံးက ကိုကို့ကြောင့်ပါပဲ ကိုကိုရယ် ....."
သုရှင် ဝသုန့်ရဲ့ပခုံးကို သူ့လက်နဲ့ပုတ်လိုက်ကာ
"ကဲပါကွာ အဲ့ဒါတွေထားလိုက်ပါတော့ ... ကိုကို မင်းကိုပြောစရာရှိတယ် ....."
"ဟုတ် ပြောပါကိုကို ....."
"ကိုကို ဖေဖေမေမေတို့နဲ့ပြန်နေတော့မယ် ..... ညီကတော့ဒီမှာပဲနေတော့ ....."
"ဟင် ကိုကိုက ညီတို့နဲ့တူတူမနေဘူးလား ....."
"ကိုကိုက ညီမရှိတုန်းကသာ ပန်းလေးနဲ့သားလေးအတွက် လိုအပ်တာပါ ..... အခု ဝသုန်ပြန်ရောက်လာပြီဆိုတော့ ကိုကိုမရှိလည်းဖြစ်တယ်လေ ..... နောက်ပြီး ကိုကိုက ဖေဖေမေမေတို့နဲ့ခွဲနေရတာ ငါးနှစ်တောင်ရှိနေပြီဆိုတော့ အခု ဖေဖေမေမေတို့ကို အနီးကပ်ပြုစုစောင့်ရှောက်ပြီးပဲ နေတော့မယ်လေကွာ ....."
ဝသုန့်မျက်နှာငြှိုးသွားတာကို သူသတိထားလိုက်မိသည်။
"ကိုကိုက အိမ်ထောင်မပြုတော့ဘူးလား ....."
ဝသုန့်မေးခွန်းကြောင့် သုရှင်ပြံုးလိုက်မိလေသည်။ ထို့နောက် ခေါင်းရမ်းပြလိုက်၏။
"ကဲပါ ကိုကိုသွားတော့မယ် ....."
ကိုကို ဘာလို့အိမ်ထောင်မပြုတာလဲဆိုတာကို ဝသုန်မမေးမိ။ မေးလည်းမမေးရက်ပဲ ခေါင်းပဲငြိမ့်ပြလိ်ုက်မိသည်။ ကိုကိုက သူ့ကိုလက်ပြကာ အိမ်ထဲကနေ ထွက်သွားလေသည်။
ကိုကိုက ဘာလို့အိမ်ထောင်မပြုတာလဲ။ တခြားတစ်ယောက်နဲ့ လက်ထပ်ပြီးပြီမို့လို့ လက်မထပ်ချင်တော့တာလား။ ကိုကို့ကို သဘောကျတဲ့သူကတော့ရှိပါတယ်။ ကိုကိုကသာ သဘောမကျချင်မကျမှာ ကိုကို့ကိုတော့ သဘောမကျဘူးဆိုတဲ့သူကတော့ မရှိ။
"ဒူ ... ဒူ ... ဒူ ..."
သူ့ရဲ့အကျင့်အတိုင်း ဆိုင်းလန့်လုပ်ထားတဲ့အတွက် ဖုန်းက စားပွဲပေါ်မှာ တုန်ခါနေလေသည်။ ဝသုန် စားပွဲပေါ်တင်ထားတဲ့ဖုန်းကို ကောက်ကိုင်ကြည့်လိုက်သည်။ ဖုန်းနံပါတ်အစိမ်းတစ်ခု။ ဘယ်သူလဲတော့မသိ။ သူ ဒီဖုန်းနံပါတ်ကိုင်တာ နှစ်ရက်ပဲရှိသေးသည်။ ဘယ်သူများလဲ ..... ? ဖုန်းမှားတာလားမသိဘူး ...?
"ဟယ်လို ....."
"ဟယ်လို ....."
ဒီအသံကို သူရင်းနှီးနေတယ်လို့ ခံစားလိုက်မိသည်။
"ဟယ်လို ဘယ်သူလဲ ....."
"စတီဗင် ..... မင်း တကယ်မမှတ်မိတာတော့မဟုတ်ပါဘူးနော် ....."
"ဟင် ဘော့စ် ....."
သူအ့ံသြလွန်း၍ ပါးစပ်တွေက တုန်လှုပ်ကာ လှုပ်ခါသွားလေတော့သည်။
"ဟုတ်တယ် စတီဗင် ..... ငါ မင်းနဲ့တွေ့ချင်တယ် ..... အခု မင်းနေတဲ့မြို့မှာပဲ ငါရောက်နေတာ ....."
"ဘော့စ် ဘာကိစ္စရှိလို့ ဒီအထိလိုက်လာရတာလဲ ....."
"အဲ့ဒါမင်းသိပါတယ် ..... မင်း ဘာလို့လက်မခံခဲ့တာလဲ ....."
"ကျွတ် ..... မဖြစ်နိုင်တာကို ဘာလို့ဇွတ်အတင်းလုပ်ချင်တာလဲ ဘော့စ် ..... ဘော့စ် ဒီလိုလုပ်လို့ ဘယ်သူ့အတွက်မှ အကျိုးရှိမှာမဟုတ်ဘူးနော် ....."
"ငါ့သမီးအတွက် အကျိုးရှိတယ် စတီဗင် ....."
"မဟုတ်သေးဘူး ဘော့စ် ..... ဒီကိစ္စက ကျွန်တော်ကိုယ်တိုင်က လက်မခံခဲ့တာ ..... အဲ့ဒါကို ဘယ်သူကမှလည်း လုပ်လို့ရမှာမဟုတ်ဘူး ..... နှစ်ဖက်စလုံးထိခိုက်နိုင်တယ် ....."
"ဘာလဲ မင်းက မင်းမိန်းမနဲ့ကလေးကို ထိခိုက်မှာကြောက်တာလား ..... သူတို့ကို မထိခိုက်စေချင်ရင် ဟိုအရင်တုန်းကလိုမျိုးပဲ မင်းပျောက်ကွယ်ပေးလိုက်လေ ....."
"ဟင် ..... ဘော့စ် သူတို့ကိုမထိနဲ့နော် ....."
ဝသုန် တစ်ကိုယ်လုံးတုန်လှုပ်သွားလေသည်။ ဒီလောက်လျိှု့ဝှက်ထားတာကို သူတို့ဘယ်လိုသိသွားတာလဲ။
"ဟား ... ဟား ... ဟား .... မင်းက လူပျိုလူလွတ်မဟုတ်တာတောင်မှ ငါ့သမီးက သဘောကျနေတယ် ..... မင်းကို အိမ်ထောင်ရှိမှန်း ငါတို့လည်းမသိခဲ့ပါဘူး ..... အခုတော့ မင်းမှာ ငါးနှစ်အရွယ်သားေးလတစ်ယောက်တောင်ရှိနေသေးတာပဲ ..... မင်းမိန်းမကလည်း မင်းကို အရမ်းချစ်တယ်ထင်တယ်နော် ..... မင်းနဲ့တူတဲ့ကလေးကိုမွေးပေးထားတာပဲကြည့်လေ ..... မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတယ်ထင်တယ် ....."သူ တုန်လှုပ်ရုံတင်မဟုတ်တော့ သူ့အသည်း သူ့နှလုံးသားကို ဆုပ်နယ်ထားသလို ခံစားလိုက်ရလေသည်။
"ဘော့စ် ကျွန်တော်တောင်းပန်ပါတယ် .... သူတို့ကို ဘာမှမလုပ်ပါနဲ့နော် ....."
"ကောင်းပြီလေ ... ဒါဆိုရင် မင်းဆီကို လိပ်စာတစ်ခုပို့ပေးလိုက်မယ် ..... မင်းရောက်လာမယ်လို့ မျှော်လင့်ပါတယ် ဘယ်လိုလဲ ....."
"ကျွန်တော် လာခဲ့မယ် ....."
"Ok ဒါဆို အခုပဲပို့လိုက်မယ် ....."
ဘော့စ်ကဖုန်းချသွားတော့မှ သူ လက်သီးကိုဆုပ်လိုက်လေသည်။
"တောက် ....."
တောက်ခေါက်လိုက်မိတာနဲ့ အလိုလိုနေရင်း ဝဲလာတဲ့မျက်ရည်ကလည်း မျက်ဝန်းအိမ်ထဲကနေ 'တောက်'ခနဲကျသွားလေသည်။
ဘယ်ဘဝကရေစက်တွေကြောင့်များ အခုလိုအဖြစ်မျိုးတွေနဲ့ကြံုနေရမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ပန်းလေးနဲ့သားလေး မထိခိုက်ဖို့အတွက် သူလုပ်ပေးရဦးမည်။ သူ့အသည်းနဲ့ သူ့အသက်ကိုတော့ သူအထိခိုက်မခံနိုင်ပါ။ သူဘာပဲလုပ်ပေးရလုပ်ပေးရလုပ်ပေးမည်ဖြစ်သည်။
"တီ ..."
မက်ဆေ့ဝင်တဲ့အသံကြောင့် သူချက်ချင်းပဲကြည့်လိုက်မိသည်။ ဒီမြို့ထဲမှာ သူ မရင်းနှီးတဲ့လိပ်စာတစ်ခု။ သူကြည့်လိုက်ပြီး ဖုန်းကို သက်ရှိအရာတစ်ခုကိုကိုင်ထားသလို ဆုပ်ကိုင်လိုက်မိတော့လေသည်။
💓💓💓💓💓💓💓
"ဒါဆိုရင် အဲ့ဒီ့ကိစ္စအတွက် လိုအပ်တဲ့အချက်အလက်တွေကို စုဆောင်းထားပေးပါ ..... မနက်ဖြန်လုပ်မယ့်အစည်းအဝေးမှာ အားလုံးလိုချင်တယ် ....."
"ဟုတ်ကဲ့ MD ..... ဒီနေ့ပဲရအောင်လုပ်ပေးပါ့မယ် ....."
မန်နေဂျာဖြစ်သူ ခိုင်ဦးကထပြောလိုက်တော့ သုရှင် ခေါင်းငြိမ့်လိုက်ကာ
"အင်း ဒါဆိုရင် အစည်းအဝေးကို သိမ်းတော့မယ် ..... ခနနေကျရင် မင်းရုံးခန်းထဲကို လာခဲ့ဦး ....."
"ဟုတ်ကဲ့ MD ....."
"တီ ... တီ ... တီ ..."
သုရှင် ဖုန်းကိုကိုင်လိုက်တော့ အစည်းအဝေးခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့၏။
"ဟယ်လို ..... ဝသုန်လား ....."
"ဟယ်လို ဟုတ်ပါတယ် ကျွန်တော်ပါ ....."
"ဘာဖြစ်လို့လဲ ဝသုန် ..... မင်းအသံကရေးကြီးထိတ်ပျာနဲ့ ဘာဖြစ်နေတာလဲ ....."
"ကိုကို ..... ကျွန်တော့်ကို အကူအညီတစ်ခုပေးပါ ..... အရေးကြီးလို့ပါ ....."
"ဘာဖြစ်တာလဲ ဝသုန် ..... ဘာအကူအညီလဲ ....."
ဝသုန့်အသံက ထိတ်ထိတ်ပျာပျာနဲ ့ တစ်ခုခုကို စိုးရိမ်နေသလိုလို။
"ပန်းလေးနဲ့သားကို ကိုကို့အနားမှာခေါ်ထားပေးပါနော် ..... အခုချက်ချင်းကိုကို ..... အခုချက်ချင်းပဲ သွားခေါ်ထားပေးပါနော် ....."
"ဘာဖြစ်တာလဲ ဝသုန် ..... ပန်းလေးတို့သားအမိက အခုဘယ်ရောက်နေလို့လဲ ....."
"သူတို့ တစ်ခုခုဖြစ်သွားမှာ ကျွန်တော်စိုးရိမ်လို့ပါ ကိုကိုရယ် ..... အခု ပန်းလေးမေမေရဲ့ ဘိုးဘွားရိပ်သာမှာရှိပါတယ် ..... သွားခေါ်ပြီး ကိုကို့နားမှာပဲထားပါနော် ..... ကျွန်တော်မကြာခင်ပြန်လာခဲ့ပါ့မယ် ....."
"ပန်းလေးတို့ကို ဘယ်သူကဒုက္ခပေးမှာမို့လို့လဲ ..... မင်းကရော ဘယ်ကိုသွားမှာလဲ ဝသုန် ......"
"ကျွန်တော့်မှာ ရှင်းစရာကိစ္စလေးတွေရှိသေးတယ် ကိုကို ..... အဲ့ဒီကိစ္စလေးတွေရှင်းပြီးတာနဲ့ ကျွန်တော် ပန်းလေးနဲ့သားဆီကို ပြန်လာခဲ့ပါ့မယ် ....."
"မဟုတ်ဘူး ဝသုန် ခနလေး ..... ဘယ်သူနဲ့ဘာကိစ္စရှင်းရမှာလဲ ....."
သူမေးတာကို ဝသုန်ကမဖြေပဲ တိတ်နေလေသည်။ သူလည်းစိုးရိမ်နေမိလေသည်။ ဝသုန့်ကို ဘယ်သူကဒုက္ခပေးချင်တာလဲ။ သူထင်တာမမှားဘူးဆိုရင်တော့ အဲ့ဒီ့လူက တစ်ယောက်ပဲရှိသည်။ သူကတော့ ဦးမင်းဦး။
"ဝသုန် ဦးမင်းဦးလား ....."
"မဟုတ်ဘူး ကိုကို ..... ကျွန်တော်အကူအညီတောင်းတာကိုပဲလုပ်ပေးပါနော် ..... အဲ့ဒီကိစ္စက ကျွန်တော်ကိုယ်တိုင် ရှင်းမှရမှာမို့လို့ပါ ..... ကျွန်တော်စိုးရိမ်တာက သူတို့တွေ ပန်းလေးနဲ့သားလေးကို ဒုက္ခပေးမှာကိုပဲ စိုးရိမ်တာ ....."
သူတို့ဆိုတော့ တစ်ယောက်ထဲတော့မဟုတ်ဘူး ..... ဒါဆိုဘယ်သူတွေလဲ .....
"ဟယ်လို ကိုကို ..... အခုပဲသွားလိုက်တော့နော် ..... ပန်းလေးနဲ့သားလေးကို သူတို့ရှာတွေ့သွားလိမ့်မယ် ....."
"ကျွတ် ... မဟုတ်သေးပါဘူး ဝသုန်ရာ ... ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး ... ဥပဒေမရှိတဲ့နိုင်ငံလည်းမဟုတ်ဘူး ..... သူတို့ဘယ်သူတွေလဲ ..... ဘယ်ကလဲ ..... အခု ဝသုန့်ကို ဘယ်နေရာကိုခေါ်တာလဲ ကိုကို့ကိုပြော ..... ကိုကို ရဲတွေခေါ်ပြီး လိုက်ခဲ့မယ် ....."
"မဟုတ်ဘူး ကိုကို ..... ဒီကိစ္စက ကျွန်တော်ကိုယ်တိုင်ရှင်းရမှာမို့ပါ ..... ကိုကို အခုပဲသွားလိုက်နော် ကျွန်တော် ဖုန်းချလိုက်တော့မယ် ....."
ဝသုန်က ပြောပြီးတာနဲ့ဖုန်းကို ချသွားလေသည်။
"ကျွတ် အဓိပ္ပါယ်မရှိတာကွာ ....."
သုရှင် ဒေါသထွက်ကာ ပေါက်ကွဲနေလေတော့သည်။ အခုမှ အေးချမ်းမယ်ရှိသေးတဲ့ဘဝလေးကို ဖျက်ဆီးမယ့်လူတွေက ပေါ်ပေါက်လာသေးတယ်။ အဲ့ဒါဘယ်သူတွေလဲ။ ဝသုန်ပြောပုံအရဆိုရင်တော့ ဦးမင်းဦးမဟုတ်ဘူး။ ဒါဆိုဘယ်သူတွေလဲ။ ဦးမင်းဦးတော့သိမှာပဲ။ ဟုတ်တယ် သူ့ကိုမေးရမယ်။
"MD ....."
ခိုင်ဦးက အခန်းထဲသို့ဝင်လာလေသည်။
"ဪ ခိုင်ဦး ဘာကိစ္စရှိလို့လဲ ထုံးစံအတိုင်းပဲခေါ်ပါကွာ ....."
"ဟုတ်ကဲ့ကိုသု ဝသုန်ဘာဖြစ်လို့လဲဟင် ..... ကျွန်တော် ဘာလုပ်ပေးရမလဲ ....."
ခိုင်ဦးက အဲ့လိုမေးလိုက်တော့ သူ့ခေါင်းထဲမှာ အကြံတစ်ခုရသွားလေသည်။
"ဟာ ဟုတ်ပြီ ခိုင်ဦး ..... မင်း ပန်းလေးနဲ့သားလေးကိုသွားခေါ်ပြီး လုံခြံုတဲ့နေရာမှာထားထားလိုက် ... ငါ ဝသုန့်နောက်ကို လိုက်သွားလိုက်မယ် ....."
"ဝသုန်က ဘယ်ကိုသွားတာလဲ ကိုသု ....."
သုရှင် ခေါင်းရမ်းလိုက်ကာ
"မသိသေးဘူး ... ငါ ဦးမင်းဦး သိမယ်ထင်တာပဲ ..... သူ့ကိုမေးကြည့်လိုက်ဦးမယ် ..... အခုလောလောဆယ်တော့ မင်းက ပန်းလေးတို့သားအမိကိုသွားခေါ်ပြီး လုံခြံုအောင်စောင့်ရှောက်ပေးထားပါ ....."
"ဟုတ်ကဲ့ ကိုသု ....."
"ဒါဆိုအခုပဲသွားလိုက်တော့ ..... ငါလည်း ဝသုန့်ကိုစုံစမ်းလိုက်ဦးမယ် ....."
ခိုင်ဦး ခေါင်းငြိမ့်ပြလိုက်ကာ အခန်းထဲကထွက်သွားလေတော့သည်။
သုရှင် ဖုန်းကိုပြန်ကိုင်လိုက်ကာ ဖုန်းနံပါတ် တစ်ခုကို ခေါ်လိုက်လေသည်။
" 📞📞📞📞📞 "
"ဟယ်လို ..... ဘယ်သူလဲ ....."
"ဦးမင်းဦး ကျွန်တော် သုရှင်မင်းပါ ....."
"ဪ မတော်လိုက်ရတဲ့ သားမက်လေးပဲ ဘာကိစ္စလဲ ....."
"ဝသုန့်ကိုခေါ်တာဘယ်သူလဲ ....."
"ဘာ ..... အဲ့ဒါ ငါက ဘယ်လိုလုပ်သိမှာလဲ ဝသုန်မြေကိုမေးကြည့်ပါလား ....."
"ခင်ဗျားမဟုတ်ဘူးမို့လား ..... ဒါဆို သူတို့ကဘယ်သူတွေလဲ ..... ခင်ဗျားလိမ်ဖို့မစဉ်းစားပါနဲ့ ... သူတို့တွေနဲ့ခင်ဗျား ပတ်သက်မှုရှိနေတယ်ဆိုတာ ကျွန်တော်သိတယ် ....."
"ဟာ မင်းက သေချာလှချည်လား ....."
"ခင်ဗျား ထောင်ထဲကိုနောက်တစ်ခေါက်သွားချင်သေးလို့ အပိုတွေပြောနေတာထင်တယ် ....."
"ဘာ ... မင်း ... တောက် ....."
"မပြောဘူးပေါ့ ... ရတယ်လေ ... ဝသုန်သာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ... ခင်ဗျားကိုလည်း ဒီအတိုင်းထားမယ်မထင်နဲ့ ထောင်ကျပြီသာမှတ် ..... နောက်ပြီး ခင်ဗျားကိုသိစေချင်တာတစ်ခုက သူများမိသားစုတွေကို တကွဲတပြားဖြစ်အောင်လုပ်ခဲ့လို့ ဒီဘဝမှာ ခင်ဗျားတို့မိသားစုလည်း သေကွဲကွဲရတာပဲ ... ဝဋ်ဆိုတာ ဘဝမကူးဘူးနော် ဦးမင်းဦး ....."
"ဟင် ..... "
ဦးမင်းဦး သုရှင်ကို အတော်စိတ်တိုနေပုံပင်။ ခနတော့ ငြိမ်သွား၏။ သူ ဘာဆက်ပြောမယ်ဆိုတာကို သုရှင် စောင့်နေမိသည်။
"ကောင်းပြီလေ မင်းကိုလိပ်စာတစ်ခုလှမ်းပို့ပေးလိုက်မယ် ....."
"ကောင်းပြီ အခုချက်ချင်းပို့ပေးပါ ..."
"ပိိုု့လိုက်မယ် ....."
ဦးမင်းဦး ဖုန်းချသွားတော့ သုရှင် သဘောကျစွာပြံုးလိုက်၏။ ဦးမင်းဦး သိမယ်ဆိုတာ သူသိသားပဲ။ ဝသုန်ရောက်ကာစကဆို ဝသုန်နဲ့မလှမ်းမကမ်းမှာ သူအမြဲတမ်းရှိနေတတ်တာကို သူသိသည်။ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ အရိပ်တောင်မှ မတွေ့ရတော့ဘူးဆိုတော့ သူ့ထက်အရှိန်အဝါပိုကြီးတဲ့လူတွေပဲနေမှာပေါ့။
သုရှင် ကားသော့ကိုယူလိုက်ကာ ကုမ္ပဏီထဲက ထွက်လာလိုက်သည်။ ကားပါကင်ရောက်ကာ သူကားပေါ်တက်လိုက်တော့
"တီ ..... "
မက်ဆေ့ဝင်သံကြောင့် သူကြည့်လိုက်မိသည်။ ဦးမင်းဦး လှမ်းပို့လိုက်တဲ့လိပ်စာကိုကြည့်ကာ သူ အ့ံသြသွားမိသည်။
"တကယ်ပဲ အဲ့ဒီ့နေရာလား ....."
သူ့မက်ဆေ့ဘောက်ထဲက တခြားဖုန်းနံပါတ်အစိမ်းတစ်ခုနဲ့ပို့ထားတဲ့လိပ်စာနဲ့အတူတူပဲဖြစ်သည်။ မနေ့ကမှပို့ထားတဲ့လိပ်စာတစ်ခု။ ဖုန်းခေါ်ပေမယ့် ခေါ်မရခဲ့။ ဒါဆို ဒီလိပ်စာပို့ပေးတဲ့လူနဲ့ အဲ့ဒီ့လူတွေကြားထဲမှာ ပတ်သက်မှုတစ်ခုခုရှိရမယ်။
သူ စိတ်ဝင်စားသွားကာ လိပ်စာကိုမှတ်ပြီး ကားမောင်းလိုက်လေသည်။
💓💓💓💓💓💓💓
"မင်း ပြန်လိုက်ခဲ့မယ်မို့လား ....."
"ဟင့်အင်း မလိုက်နိုင်ဘူး ..... "
"မရဘူး စတီဗင် မင်းလိုက်ကိုလိုက်ရမယ် ....."
ဘော့စ်နဲ့သူ စကားအချေအတင်ပြောနေကြသည်။ ဒေလီယာကတော့ မျက်နှာမကောင်း။
"ဘော့စ်သိပါတယ် ... ကျွန်တော့်မှာ ဇနီးနဲ့သားနဲ့ရှိနေပြီ ... ကျွန်တော်မလိုက်နိုင်ဘူး ....."
ဘော့စ်က ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး
"သူတို့မရှိရင်တော့ မင်းလိုက်မယ်မို့လား ....."
"ဟင် ....."
ဝသုန် စိုးရိမ်သွားလေသည်။ ပန်းလေးနဲ့သားလေးကို ကိုကိုသွားခေါ်ထားပြီလား။
"သူတို့သာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ... ကျွန်တော် ဘယ်သူ့ကိုမှ အရှင်မထားဘူး ...."
"ဟား ... ဟား ... ဟား ... စတီဗင်ရာ မင်းက တကယ်ကိုအ့ံသြဖို့ကောင်းတာပဲနော် ..."
သူ ဘာမှပြန်မပြောဘဲ ဘော့စ်ကို စိုက်ကြည့်နေမိသည်။ ဟုတ်တယ် ပန်းလေးနဲ့သားလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူ ဒီလူအားလုံးကို ဘယ်လိုနည်းနဲ့မှ အရှင်မထားနိုင်ပေ။
"ဒယ်ဒီ ..."
ဘော့စ်က ဒေလီယာ့ကို လက်ကာပြလိုက်ပြီး
"ဒယ်ဒီ နားလည်တယ် သမီး ... သမီးအတွက် မဖြစ်မနေ ဒယ်ဒီသူ့ကို ပြန်ခေါ်သွားမယ် ....."
"မဟုတ်ဘူး ဒယ်ဒီ ....."
"ဟိတ် ဘယ်သူလဲ ... လက်မြှောက် ..."
အပြင်က အသံတွေကြောင့် သူတို့တွေငြိမ်သွားလေသည်။
"စတီဗင်ရဲ့အကိုပါ ...."
"ဟင် ကိုကို ..."
ဝသုန် မတ်တပ်ရပ်ကာ နောက်ကိုလှည့်ကြည့်လိုက်တော့ ကိုကိုက လက်မြောက်ကာ အထဲကိုဝင်လာလေသည်။ ကိုကို့ဘေးမှာ ဘော့စ်ရဲ့လူနှစ်ယောက်က ကိုကို့ကို သေနတ်နဲ့ချိန်ထား၏။
"ကိုကို ဘာလာလုပ်တာလဲ ..... မလိုက်ခဲ့ပါနဲ့ဆို ကိုကိုရယ် ....."
"ငါတို့က ညီအကိုတွေလေ ဝသုန်ရဲ့ ... တစ်ယောက်အခက်အခဲတစ်ယောက်က ရင်ဆိုင်ဖြေရှင်းပေးရမှာပေါ့ ....."
"ဒါ ကိုကိုနဲ့မှမဆိုင်တာကိုကိုရယ် ... ကျွန်တော့်အတွက်က ပူစရာမရှိပါဘူး ... ကျွန်တော် စိုးရိမ်တာက ....."
"ကိုကိုသိပါတယ်ကွာ မပူနဲ့တော့ သူတို့လုံခြံုပါတယ် ....."
သုရှင် ဝသုန့်ကိုဖက်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ကိုကိုရယ် ....."
"အချစ်တွေပိုမနေကြနဲ့ ... စတီဗင် ... မင်းရဲ့ သံယောဇဉ်ကြိုးအားလုံးကို ငါဖြတ်ပေးမယ် ....."
ဝသုန် ဘော့စ်ကိုလှည့်ကြည့်လိုက်လေသည်။ ဘော့စ်က ကိုကို့ကိုသေနတ်နဲ့ချိန်ထား၏။ ဝသုန် ကိုကို့အတွက် စိုးရိမ်သွားကာ ကိုကို့ရှေ့ကနေ ပိတ်ရပ်လိုက်သည်။
"ဒီမှာ ဟေ့လူ ... ကျုပ်တို့နိုင်ငံက ခင်ဗျားတို့နိုင်ငံလို လူတစ်ယောက်ကို ပုရွတ်ဆိတ်တစ်ကောင် ခါချဉ်တစ်ကောင်သတ်သလောက် လွယ်တဲ့နိုင်ငံမဟုတ်ဘူး ... ဥပဒေဆိုတာရှိတယ် ..."
"ဒယ်ဒီ ....."
ဒေလီယာက ဘော့စ်ရဲ့လက်ကိုဆွဲထားလိုက်ကာ ခေါ်လိုက်လေသည်။
"သမီး ဘာဖြစ်လို့လဲ.. ... "
သုရှင် ဒေလီယာ့ကို သေချာကြည့်လိုက်မိလေသည်။
"သမီး စတီဗင့်ကိုမလိုချင်တော့ပါဘူး ဒယ်ဒီရယ် ... ဒယ်ဒီ ဘာမှမလုပ်ပါနဲ့တော့နော် ....."
"ဟင် သမီးဘာပြောလိုက်တာလဲ ....."
ဒေလီယာ့စကားကြောင့် ဘော့စ်နဲ့အတူ ဝသုန်လည်းအ့ံသြသွား၏။
"နေဦး မင်းကိုငါမြင်ဖူးသလိုလိုပဲ ....."
ဒေလီယာ ဘာမှမပြောဘဲ သူ့အဖေရဲ့လက်ကိုသာ ဆွဲထားလေသည်။ သုရှင် ဘယ်မှာမြင်ဖူးလဲဆိုတာ စဉ်းစားနေမိ၏။
"ဒယ်ဒီ ... စတီဗင့်မှာမိသားစုရှိနေပြီ ..... သမီးကြောင့် သူတို့မိသားစုကို မပျက်စီးစေချင်ဘူး ဒယ်ဒီ ....."
"ဟင် ....."
ဒေလီယာက ပြောနေရင်းကနေ မျက်ရည်တွေကျလာလေသည်။
"စတီဗင့်သားလေးကို သမီးလိုမဖြစ်စေချင်ဘူး ဒယ်ဒီ ..."
ဘော့စ်လက်ထဲကနေ သေနတ်က လွတ်ကျသွားလေတော့သည်။ ထို့နောက် ဒေလီယာ့ကိုဆွဲဖက်လိုက်ပြီး
"ဪ သမီးလေးရယ် ....."
ဒေလီယာကလည်း ဘော့စ်ကို ကလေးငယ်တစ်ယောက်ကဲ့သို့ဖက်ကာ ငိုကြွေးနေလေတော့သည်။
သုရှင်နဲ့ဝသုန် သူတို့သားအဖကို အ့ံသြစွာ ကြည့်နေမိလေသည်။
ဘော့စ်ရဲ့တပည့်တွေကလည်း ဘော့စ်တို့သားအဖကိုကြည့်ကာ မျက်ရည်တွေဝဲနေကြ၏။ တကယ်တော့ ဒေလီယာ့မေမေသည် ဒေလီယာငယ်ငယ်ကတည်းက ဒေလီယာတို့သားအဖကိုထားခဲ့ကာ နောက်တစ်ယောက်နောက်ကိုလိုက်သွားခဲ့တာဖြစ်သည်။ အဲ့ဒါကြောင့် ငယ်ငယ်ကတည်းက ဒေလီယာ့မှာအမေမရှိခဲ့ပေ။ သူများတွေကိုလည်း သူမလိုဖြစ်မှာ သူမကြောက်သည်။ သူမသာ စတီဗင်ကို အတင်းအရယူခဲ့မယ်ဆိုရင် စတီဗင့်မိန်းမနဲ့သားလေးလည်း ဒယ်ဒီနဲ့သူမကို ဖြစ်သွားလိမ့်မယ်။ ဟင့််အင်း သူမအဲ့လိုမဖြစ်စေချင်ပါ။ သူမမလုပ်ရက်ဘူး။
သုရှင် ဒေလီယာ့ကိုသေချာကြည့်နေရာကနေ မှတ်မိသွားလေတော့သည်။
"မင်း မြေမထိမိုးမခစံအိမ်ရှေ့ကို ခနခနလာနေတဲ့ မိန်းကလေးမို့လား ....."
ဒေလီယာ ဒယ်ဒီ့ကိုလွှတ်လိုက်ပြီး မျက်ရည်တွေသုတ်လိုက်ကာ သုရှင်ကိုကြည့်လိုက်လေသည်။
"ဟုတ်ပါတယ် ... အဲ့ဒါကျွန်မပါ ... ကျွန်မ စတီဗင့်အကြောင်းသိချင်လို့ လိုက်စုံစမ်းနေတာပါ ....."
"ဪ ....."
"ဒယ်ဒီ ... သမီးတို့ပြန်ရအောင်နော် ... စတီဗင် တို့ကို ဘာမှမလုပ်ပါနဲ့တော့နော် ... သူတို့မိသားစုက တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတာ ... သူတို့သားလေးကလည်း ချစ်စရာလေး ဒယ်ဒီရဲ့ ... သမီးတောင် အဲ့ဒီ့နေ့က ထမင်းဆိုင်မှာ တွေ့တွေ့ချင်း ချစ်သွားတာ ...."
ဒေလီယာကအားတက်သရောပြောနေတော့ ဝသုန် အ့ံသြ သွားလေသည်။ သူတို့နောက်ကို ဒေလီယာ တကောက်ကောက်လိုက်နေခဲ့တာလား။
"ဟုတ်ပါပြီ သမီးရယ် ... သမီးလေးစိတ်ချမ်းသာရင် ပြီးတာပါပဲ ... ဒယ်ဒီ လုပ်နေတာတွေအားလုံးက သမီးလေး အတွက်ပါပဲ ....."
"သမီးအဆင်ပြေပါတယ် ဒယ်ဒီ ....."
ဒေလီယာ ဝသုန့်ကိုကြည့်လိုက်ပြီး
"စတီဗင် ဒေလီယာတောင်းပန်ပါတယ်နော် ....."
ဝသုန် ခေါင်းငြိမ့်လိုက်ကာ
"ရပါတယ်ဒေလီယာ ... အခုလိုမျိုး နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ... "
ဒေလီယာပြံုးပြီးခေါင်းငြိမ့်လိုက်ကာ သုရှင်ကိုလှမ်းကြည့်လိုက်လေသည်။
"ဟိုတစ်ယောက် ..."
သုရှင် သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ကာ
"ဒို့ကိုခေါ်တာလား ..."
"ဟုတ်တယ် ... ဒီနေရာကိုမက်ဆေ့စ်ပို့ပေးတာ ကျွန်မပဲ ..."
"ဟင် ....."
သုရှင် အ့ံသြသွားလေသည်။
"ဟုတ််တယ် ...."
သုရှင် ဒေလီယာ့ကိုလက်ကမ်းပေးလိုက်ကာ
"ကျေးဇူးတင်ပါတယ်ဗျာ ..."
ဒေလီယာ သူ့လက်ကိုပြန်ဆွဲလိုက်ပြီး
"ဘာအတွက်လဲ ..."
"အရာရာတိုင်းအတွက်ပါ ..."
"ကိုကို ..."
ပန်းလေးအသံကြားတော့ သူတို့တွေအားလုံး လှည့်ကြည့်လိုက်ကြသည်။
"ဖေဖေ ....."
"ဟင် ... ပန်းလေး သား ..."
သားလေးက သူ့ဆီကို ပြေးလာနေ၏။ ဝသုန်လည်း ပြေးပြီးသားလေးကိုပွေ့ချီလိုက်လေသည်။
"ဘာလို့လိုက်လာတာလဲ ခိုင်ဦး ....."
"ပန်းလေး လိုက်ချင်ခဲ့တာပါ MD ... ကိုခိုင်ဦးမှာ အပြစ်မရှိပါဘူး ..."
ပန်းလေး သေနတ်တွေကိုင်ထားတဲ့လူတွေကိုကြည့်ကာ ကြောက်ရွံနေ၏။
ဝသုန် ပန်းလေးရဲ့လက်ကိုလည်း ဆွဲထားလိုက်လေသည်။
ဒေလီယာနဲ့ဒယ်ဒီ စတီဗင်တို့မိသားစုကိုကြည့်ကာ ကြည်နူးစွာပြံုးလိုက်ကြလေသည်။
"စတီဗင် ဒေလီယာ စတီဗင့်သားလေးကို ချီလို့ရမလား ... ခနလေးပါ ..."
ဝသုန် ဒေလီယာ့ကိုသေချာကြည့်ပြီးတော့မှ သားလေးကိုပေးလိုက်လေသည်။
"သား လာ အန်တီ့ဆီကိုလာပါဦး ..."
"အန်တီကဘယ်သူလဲ ..."
"ဖေဖေ့သူငယ်ချင်းလေ သားရဲ့ ....."
ဒေလီယာ ကလေးကိုချီလိုက်ကာ
"သားလေးနာမည်က ဘယ်လိုခေါ်လဲ ....."
"မိုးမြေရှင် ....."
"ဟုတ်လား နာမည်လေးကလှလိုက်တာ ...."
"ဟုတ်ကဲ့ အန်တီ ....."
ဒေလီယာက သားလေးရဲ့ပါးကိုအသာလေးနမ်းလိုက်ကာ
"သားလေးက အရမ်းချစ်စရာကောင်းတာပဲ ....."
"အန်တီကလည်း ချောတယ်နော် ....."
ဒေလီယာ သဘောကျစွာရယ်လိုက်လေသည်။
"သားလေးက စကားလည်းအရမ်းတတ်တာပဲ ....."
ဝသုန်တို့တွေ အခုမှပဲ ပြံုးနိုင်ကြလေတော့သည်။
ဒေလီယာ ဝသုန့်ကိုကလေးပြန်ပေးလိုက်ကာ ပန်းလေးကိုကြည့်လိုက်ပြီး လက်ကမ်းပေးလိုက်လေသည်။ ပန်းလေး သူမလက်ကို မရဲတရဲဆွဲလိုက်တော့ သူမက ပန်းလေးကိုဖက်လိုက်ပြီး
"မင်းက သိပ်ချစ်ဖို့ကောင်းတာပဲ ... စတီဗင်နဲ့ တကယ်လိုက်ဖက်ပါတယ် ....."
သူတို့ပြောနေတဲ့ စတီဗင်ဆိုတာ ကိုကို့ကိုပြောမှန်း ပန်းလေးသိလိုက်ရလေသည်။ ထို့နောက် သူမကိုလွှတ်လိုက်ပြီး
"ကျေးဇူးတင်ပါတယ် ....."
"ရပါတယ် ဒယ်ဒီ သမီးတို့သွားရအောင်လေ ..."
"အင်း ကောင်းပြီ သမီး ....."
ဒေလီယာ သားလေးရဲ့လက်ကိုဆွဲလိုက်ကာ
"သားသား အန်တီသွားတော့မယ်နော် ..."
"ဟုတ်ကဲ့ပါ အန်တီ ....."
ဒေလီယာပြံုးလိုက်ပြီး သားလေးရဲ့ပါးကို ဖိလိုက်၏။
"ကဲ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ် ... အချိန်ရမယ်ဆိုရင် စတီဗင်နဲ့အတူတူ ဒို့ဆီကို လာလည်လို့ရပါတယ် ....."
"ကျေးဇူးပါ ဒေလီယာ ....."
"မလိုပါဘူး သွားတော့မယ် စတီဗင် ..."
"အင်း ....."
ဒေလီယာနဲ့အတူ ဘော့စ်ရယ် ဘော့စ်ရဲ့တပည့်တွေရယ် အဲ့ဒီ့အိမ်ထဲကနေ ထွက်သွားလေတော့သည်။
"ကဲ အခု ကိုယ်တို့မိသားစုလည်း အေးအေးချမ်းချမ်းနဲ့နေရတော့မှာပါ ....."
"ကဲ ဝသုန် ... မင်းကတော့ တကယ်ပဲနော် ... တစ်ဖက်နိုင်ငံကလူဆိုးရဲ့သမီးကတောင် မင်းကိုလိုချင်လို့ ဒီအထိတောင် လိုက်လာတယ်ဆိုပဲ ....."
သုရှင်စကားကြောင့် ပန်းလေး ဝသုန့်ကိုမျက်စောင်းထိုးလိုက်တော့ ဝသုန် ပျာပျာသလဲဖြင့်
"ဟာဗျာ ကိုက်ိုကလည်း ... ညီက စိတ်တောင်မဝင်စားလို့ ပြေးလာခဲ့တာပါ ... ကိုကိုအဲ့လိုပြောလို့ ကျွန်တော့်အချစ်က ကျွန်တော့်ကို စိတ်ဆိုးနေပါဦးမယ်ကိုကိုရာ အချွန်နဲ့မမပါနဲ့ ...."
သုရှင်နဲ့ခိုင်ဦး ဝသုန်နဲ့ပန်းလေးကိုကြည့်ကာ ရယ်လိုက်ကြလေသည်။
"ဟား ... ဟား ... ဟား ... ဟုတ်ပါပြီကွာ ကိုကိုက ပန်းလေးကို စတာပါကွာ ..."
ပန်းလေးရဲ့မျက်စောင်းတွေက သုရှင်ဆီသို့ ရောက်သွားလေတော့သည်။
"MD နော် ..."
"ဟား ... ဟား ... ဟား ..."
"ဦးဦးတို့ ဖေဖေတို့ မေမေတို့ကလည်း ဘာတွေရယ်နေမှန်းမသိဘူး ... မပြန်သေးဘူးလား ... တကယ်ပါပဲ ဖေဖေက မင်းသားကြီးကျနေတာပဲ ဟိုမိန်းကလေးကကြိုက်လိုက် ... ဒီမိန်းကလေးကကြိုက်လိုက်နဲ့ ... ပြီးတော့လည်း ဖေဖေကမေမေ့ကိုပဲချစ်လို့ မေမေ့ကိုပဲယူတဲ့ဟာကို ..."
"ဟုတ်တယ် သားရေ ပြောပစ်လိုက် ... ပြောပစ်လိုက် ..."
"ဟား ... ဟား ... ဟား ..."
သုရှင်က ဝသုန့်ပခုံးကိုဖက်လိုက်တော့ ဝသုန်က သားလေးကိုချီထားရင်းကနေ ပန်းလေးရဲ့ပခုံးကိုလည်း ဆွဲဖက်လိုက်လေသည်။
ခိုင်ဦးလည်း သူတို့ကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကြည်နူးစွာပြံုးနေလေသည်။
အခုတော့လည်း သူတို့အားလုံးရဲ့မျက်နှာမှာ အပြံုးကိုယ်စီဖြင့်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း သူတို့တွေရဲ့ရယ်မောသံတွေသာ ကြည်နူးဖွယ်ရာ ပျ့ံလွင့်နေလေတော့သည်။
အခုတော့ သူတို့မိသားစုလေးလည်း သာယာအေးချမ်းတဲ့မိသားစုတစ်ခုဖြစ်သွားခဲ့ပါပြီ။ အဲ့ဒါဟာ သူတို့တွေရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကြောင့်ဆိုတာ ဘယ်သူမှငြင်းနိုင်မယ်မထင်ပါ။
👪👪👪👪👪👪👪
💓 ပြီးပါပြီ။       ။ 💓

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Wo Geschichten leben. Entdecke jetzt