အခန်း(၂၄)

325 5 0
                                    

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၂၄) 💜

"ဟယ်လို ---"
" ဟုတ်ကဲ့ဆရာ --- ကျွန်တော်တို့သူတို့ကိုခေါ်ထားလိုက်ပြီ --- "
"ဟုတ်လား --- အဆင်ပြေရဲ့လား ----"
"ဟုတ်ကဲ့အားလုံးပြေပါတယ် --- အိမ်ကိုလည်းတံခါးတွေသေချာပိတ်ထားခဲ့တယ် ---- နောက်ပြီးပတ်ဝန်းကျင်ကိုလည်းခရီးသွားတယ်လို့သတင်းလွှင့်ခဲ့တယ်ဆရာ ----"
"အေး --- မင်းတို့တော်တယ် --- ဒါပေမယ့်ဂရုတော့စိုက်ပါ ---"
"ဟုတ်ကဲ့ပါဆရာ ----"
နွေဦးလှေကားပေါ်ကနေရပ်ကာနားထောင်နေမိသည်။ဖေဖေကဖုန်းပြောနေတာပုံမှန်မဟုတ်။အသံကိုတိုးတိုးလေးပြောနေခြင်းဖြစ်သည်။
"ဒါနဲ့သူတို့ကိုဘယ်နေရာမှာထားထားတာလဲ ----"
" သဘောင်္ပျက်ကြီးထဲမှာပဲဆရာ --- "
"အဲ့ဒီ့သင်္ဘောပျက်ကစိတ်ချရရဲ့လား ---"
"စိတ်ချရပါတယ် --- သူတို့ဘယ်လိုမှပြေးလို့မရဘူး --- ပြေးရင်လည်းမြစ်ထဲပဲကျမှာ --- မြစ်ထဲကျရင်လည်းရေမကူးတတ်ဘဲနဲ့တော့အသက်ရှင်ဖို့အကြောင်းမရှိဘူးဆရာ ---"
ဖုန်းပြောနေရင်းကနေဖေဖေ့မျက်နှာကသဘောကျသွားကာပြံုးသွားလေသည်။
"အေးကောင်းတယ် --- မနက်ဖြန်ငါ့သမီးမင်္ဂလာဆောင်ဆိုတော့သူတို့အနှောင့်အယှက်မပေးနိုင်တော့ဘူးပေါ့ကွာ ---"
"ဆရာကောင်မလေးကတော့ငိုပဲငိုနေတယ် ---"
"ဘာဖြစ်လို့လဲကြောက်နေလို့လား ----"
"ကြောက်နေလို့တော့မဟုတ်ဘူး --- ဘာဖြစ်လို့လဲတော့ကျွန်တော်တို့လည်းမသိဘူး ----"
"ဟုတ်လားဘာထူးခြားတာတွေ့လဲ ---"
"ကျွန်တော်တို့ခေါ်လာတဲ့အချိန်ကတည်းကငိုနေတာပဲ --- "
ဖေဖေကဖုန်းပြောရင်းကနေငြိမ်သွားလေသည်။နွေဦးစိတ်ထဲမှာထူးဆန်းသလိုဖြစ်သွား၏။
"ဘာပဲဖြစ်ဖြစ်ပါ --- မနက်ဖြန်ကျရင်တော့သူတို့ကိုငါကိုယ်တိုင်အဆုံးသတ်ပေးမှာပဲ --- အဲ့ဒါကြောင့်မင်းတို့တွေသူတို့ကိုသေချာဂရုတစိုက်ကြည့်ထားကြပါ ---- သူတို့တွေပျောက်သွားလို့မရဘူး --- မနက်ဖြန်မတိုင်ခင်အထိပေါ့ ---"
"ဟုတ်ကဲ့ပါဆရာ ---"
"နောက်ပြီးအဲ့ဒီ့နေရာကိုလူစိမ်းတွေလုံးဝအကပ်မခံပါနဲ့ --- ဒီကိစ္စကိုဘယ်သူမှသိလို့မဖြစ်ဘူး --- သိရင်မင်းတို့ရောငါတို့ရောထောင်နန်းစံရလိမ့်မယ် -- နားလည်လား ---"
"ဟုတ်ကဲ့နားလည်ပါတယ်ဆရာ ---"
"အေး --- ဒါဆိုလည်းဖုန်းချလိုက်တော့မယ် --- အကြောင်းထူးတစ်ခုခုရှိတာနဲ့ငါ့ကိုချက်ချင်းဖုန်းဆက်ပါ --- "
"ဟုတ်ကဲ့ပါဆရာ ---"
ဦးမင်းဦးဖုန်းချလိုက်ပြီးတော့ဆိုဖာပေါ်မှာစိတ်မောလူမောနဲ့ထိုင်ချလိုက်လေသည်။အခြေအနေတွေကအားလုံးပြောင်းလဲသွားတော့မယ်။မလုပ်ချင်ဘူးဆိုတာထက်မလုပ်သင့်တဲ့အလုပ်တစ်ခုကိုသူလုပ်ရတော့မှာ။အဲ့ဒါသမီးလေးကြောင့်ပဲ။သမီးလေးရဲ့ဘဝသာယာပျော်ရွှင်ဖို့အတွက်သူလုပ်ရမယ်။အို --- ဒါသမီးလေးအတွက်ပဲသူလုပ်သင့်တာပေါ့။ဘာလို့မလုပ်သင့်ရမှာလဲ။
"ဖေဖေ ---"
နွေဦးလှေကားပေါ်ကနေဆင်းလာကာဖေဖေ့ကိုခေါ်လိုက်တော့ဖေဖေကသူမကိုလှည့်ကြည့်ကာပြံုးပြနေ၏။
"သမီးလာလေ ---"
နွေဦးဖေဖေ့ဘေးနားမှာထိုင်လိုက်ပြီး
"ဖေဖေသမီးပြောသလိုလုပ်နေတာလား ---"
"မဟုတ်ဘူးသမီး --- ဖေဖေကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ထားတယ် --- သမီးကဘာမှမပူပါနဲ့ --- သမီးအတွက်ဖေဖေလုပ်ပေးနေတာပဲအားလုံးအဆင်ပြေမှာပါ --- မပူနဲ့နော် ---"
နွေဦးဖေဖေ့ကိုကြည့်ပြီးခေါင်းငြိမ့်လိုက်ကာ
"ဖေဖေဘာတွေလုပ်နေတယ်ဆိုတာကိုတော့သမီးကိုပြောပြပါဖေဖေ ---"
နွေဦးစိတ်တွေလေးနေခဲ့တာအမှန်ပဲ။ဘာကိုစိုးရိမ်လို့စိုးရိမ်မှန်းလည်းမသိ။
"ဖေဖေသမီးကိုအသိပေးမှာပါ -- ဒါပေမယ့်အခုမဟုတ်သေးဘူးမင်္ဂလာပွဲပြီးမှပဲ --- လက်ဖွဲ့အနေနဲ့သမီးကိုအသိပေးတော့မယ် --- သမီးသေချာပေါက်ပျော်ရွှင်ရမှာပါ ---"
ဖေဖေဘာတွေလုပ်နေမှန်းတော့နွေဦးမသိ။ဒါပေမယ့်နွေဦးဖေဖေ့ကိုယုံတယ်။ဖေဖေပြောသလိုပဲနွေဦးပျော်ရွှင်ရမှာပါ။
× × × × × × ×
"ဝသုန် --- မင်းပန်းလေးနဲ့အဲ့ဒီ့ညကဘာတွေဖြစ်ကြတာလဲ ---"
အခုချိန်ထိခေါင်းထဲမှာနောက်ကျိနေဆဲ။ပြန်စဉ်းစားပေမယ့်သူ့ရင်ခွင်ထဲမှာပန်းလေးကိုထွေးပိုက်ထားတယ်ဆိုတာရယ်။နောက်ပြီး ---
"ငါလည်းပြန်ရောက်ရောအိမ်ပေါ်မှာမင်းတစ်ယောက်ထဲရယ် --- ဒိုင်ယာရီစာအုပ်တွေနဲ့အယ်ဘယ်တွေကလည်းပြန့်ကျဲနေတာပဲ --- မင်းနဲ့ပန်းလေးစကားများကြလို့လား ---"
ဝသုန်ခေါင်းရမ်းပြလိုက်သည်။အဲ့ဒီ့ညကမိုးတွေကသည်းသည်းမည်းမည်းရွာနေခဲ့တာ။သူလည်းအရက်တွေအရမ်းမူးနေခဲ့တယ်။ပန်းလေးကဒိုင်ယာရီစာအုပ်ဖတ်ကာငိုနေတော့သူလည်းစိတ်ညစ်ပြီးအရက်တွေပိုပြီးသောက်မိသည်။
ခိုင်ဦးဝသုန့်မျက်နှာကိုကြည့်ကာအံ့သြရိပ်တွေဖြစ်လာခဲ့၏။
"မဟုတ်မှလွဲရောမင်းတို့ ----"
ခိုင်ဦးစကားကိုဘယ်လိုဆက်ပြောရမှန်းတောင်မှမသိတော့။
"ခိုင်ဦး ----"
ဝသုန်ခိုင်ဦးကိုမော့ကြည့်လိုက်ပြီးမှအကြည့်တွေကရီဝေသွားကာ
"ငါမှားခဲ့ပြီထင်တယ် ---"
"ဘာ ---- မင်းကွာတောက် ---"
"ခွပ် ---"
ခိုင်ဦးအံ့သြစိတ်ကငယ်ထိပ်သို့ဆောင့်တက်သွားသည်ဟုထင်လိုက်မိ၏။ဒေါသကလည်းအလိုလိုထွက်လာကာသူဝသုန့်ကိုလက်သီးနဲ့ထိုးလိုက်၏။သူနားကြားမှာတာများလား။ဝသုန်ပန်းလေးနဲ့မှားခဲ့တယ်။
"ဝသုန်မင်းရူးသွားပြီလား ---- "
ဝသုန်ခန္ဓာကိုယ်ယိုင်ထိုးသွားသည်။ညကအရှိန်ကြောင့်ခိုင်ဦးရဲ့လက်သီးကိုသူမရှောင်နိုင်ခဲ့။ခေါင်းကဘေးသို့ယိုင်သွားသည်။သူ့အကြည့်တွေကသူ့ရှေ့မှာပြန့်ကျဲနေတဲ့စာအုပ်တွေဆီသို့ရောက်သွားကာ
"ငါ --- ငါ ---- "
"ဝသုန် --- မင်းကွာခိုးပြေးပါလို့ပြောတုန်းကတော့ခိုးမပြေးပဲနဲ့ --- အခုတော့မနက်ဖြန်ပဲနွေဦးမေနဲ့လက်ထပ်တော့မယ် --- အခုမင်းကမှားခဲ့တော့ပန်းလေးပဲနစ်နာရမှာ --- အဲ့ဒါမင်းသိရဲ့လား ----"
ခိုင်ဦးပြောလိုက်မှဝသုန်ထူပူသွားတော့သည်။
"ဟင့်အင်း --- အဲ့လိုမဖြစ်ရဘူး --- ပန်းလေး --- ပန်းလေး ----"
ဝသုန်ဖုန်းကိုလိုက်ရှာနေမိသည်။ဖုန်းလည်းသူဘယ်နားထားလို့ထားမိမှန်းမသိ။ညကလူနဲ့သူနဲ့မတူအောင်မူးနေမယ်ဆိုတာကိုသူယုံမှားသံသယဖြစ်ဖွယ်မရှိတော့။ပန်းလေးဒီပစ္စည်းတွေတောင်မှမယူနိုင်ဘဲထွက်သွားတယ်ဆိုတော့ ---
"ဘာလိုက်ရှာနေတာလဲ ---"
"ဖုန်း -- ငါ့ဖုန်းရောခိုင်ဦး ---"
"မင်းကွာ --- "
ခိုင်ဦးဝသုန့်ကိုအတော်ပင်ဒေါသထွက်နေခဲ့သည်။ခေါင်းအုံးဘေးကဖုန်းကိုယူလိုက်ပြီးဝသုန့်ကိုပေးလိုက်ရင်းကနေ
"ဘာတွေများလုပ်ဦးမှာလဲ --- ဟင် --- မင်းဘာလုပ်လို့ရဦးမယ်လို့ထင်နေတာလဲ ----"
"ငါပန်းလေးကိုဖုန်းဆက်မယ် --- "
ခိုင်ဦးဝသုန့်ကိုကြည့်ကာစိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်မိ၏။ဝသုန်ကတော့ဖုန်းပေါ်ကဂဏန်းတွေကိုနှိပ်နေလေသည်။
အခုကိစ္စမှာသူ့အမှားလည်းမကင်းဘူးဆိုတာခိုင်ဦးသိပါတယ်။မနေ့ညကပန်းလေးကိုအိမ်မှာထားခဲ့ပြီးဆန်းဦးကိုကျူရှင်သွားကြိုတာမိုးတွေအရမ်းရွာနေတာနဲ့မိုးတိတ်တာကိုစောင့်ရင်းနဲ့မိုးချုပ်သွားခဲ့သည်။အိမ်ကိုလည်းပြန်ရောက်ရောဒိုင်ယာရီစာအုပ်နှစ်အုပ်နဲ့အယ်ဘယ်တစ်ခုကဝသုန့်ရှေ့မှာပြန့်ကျဲကာဝသုန်ကတော့အိပ်ပျော်နေလေသည်။
ခိုင်ဦးအခြေအနေကိုချက်ချင်းနားမလည်ခဲ့။ပစ္စည်းတွေကိုသူ့နေရာသူပြန်ချထားပြီးတော့ဝသုန့်ကိုတောင်မှအိပ်ရာထဲအထိတွဲပြီးပို့ပေးခဲ့သည်။ဒါတောင်မှဝသုန်ကသူ့ကိုပန်းလေးဆိုပြီးအတင်းဖက်နေလေသည်။အဲ့ဒါဆိုရင် --- ခိုင်ဦးမျက်လုံးပြူးသွားကာတောက်ခေါက်လိုက်မိပြန်၏။အဲ့ဒီ့အချိန်ကတည်းကသူရိပ်မိခဲ့ရမှာ။
ခိုင်ဦးဝသုန့်ကိုကြည့်လိုက်တော့ဝသုန်ကဖုန်းပေါ်ကဂဏန်းတွေကိုသေချာကြည့်ကာသေချာကိုနှိပ်နေလေသည်။ဖုန်းကခေါ်လို့မရဘူးထင်၏။ဝသုန်ဖုန်းချလိုက်ကာ
"ခိုင်ဦး --- ခေါ်လို့မရဘူး ---"
ဒါဆိုသေချာနေပါပြီ။ပန်းလေးလည်းရှက်လို့ --- ဝသုန်ဆက်သွယ်တာကိုလက်မခံတော့တာပေါ့။
"ဝသုန် --- မင်းမှားခဲ့တယ်ဆိုတာဒီအချက်နဲ့တင်သေချာနေပြီ ----"
ဝသုန်ဖုန်းကိုချလိုက်ပြီးကြမ်းပြင်ပေါ်မှာစိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်လေသည်။
"ငါသွားပါပြီခိုင်ဦးရယ် --- ငါပန်းလေးအပေါ်မှာအပြစ်အကြီးကြီးလုပ်မိပြီ ---"
"အခုလိုပြောနေလို့ဘာမှထူးမလာဘူးဝသုန် ---"
"ငါ --- ပန်းလေးဆီကိုလိုက်သွားမယ်ခိုင်ဦး --- "
"တီ --- တီ --- တီ ----"
ဖုန်းအသံကြောင့်ဝသုန်မျက်လုံးပြူးသွားကာပန်းလေးထင်မှတ်ပြီးကြည့်လိုက်လေသည်။
"ကိုကို ---"
ကိုကို့ဆီကဆိုတော့ဝသုန်ဖုန်းကိုကိုင်လိုက်၏။
"ဟယ်လို --- ကိုကို ----"
"ဝသုန် --- မင်းဘယ်မှာလဲပန်းလေးမင်းအနားမှာရှိလား ---"
"ဟင် --- မရှိဘူးကိုကို -- ပန်းလေးဘာဖြစ်လို့လဲ ----"
"ကုမ္ပဏီကိုမလာဘူး ---- အဲ့ဒါကြောင့်မင်းနဲ့များတူတူရှိနေလားလို့ပါ ---"
"ကုမ္ပဏီကိုမလာဘူးဟုတ်လားကိုကို ---"
ဝသုန်ထိတ်လန့်သွားကာခိုင်ဦးကိုကြည့်လိုက်သည်။ခိုင်ဦးကသူဖုန်းပြောနေတာကိုစိတ်ဝင်တစားနားစွင့်နေ၏။
"ဟုတ်တယ်ဖုန်းလည်းဆက်လို့မရဘူး --- အိမ်ကိုလည်းသွားကြည့်ပြီးပြီမရှိဘူးဝသုန် --- ဒီမှာကိုကိုလည်းစိတ်ပူနေပြီ ---"
"ကိုကို --- ညီလိုက်ရှာကြည့်လိုက်ပါ့မယ် ---"
"အင်း -- ကိုကိုလည်းဂျက်စတင့်ကိုအကူအညီတောင်းထားတယ် --- အိမ်မှာလည်းဘယ်သူမှမရှိဘူး --- ပန်းလေးတစ်ယောက်ထဲမဟုတ်ဘူး --- ပန်းလေးအမေနဲ့မောင်လေးရောပျောက်နေကြတယ် ---"
"ဗျာ --- ဒါဆိုပန်းလေးတို့တစ်မိသားစုလုံးပေါ့ ----"
ဝသုန်ကအံ့သြစွာပြောလိုက်တော့နားထောင်နေတဲ့ခိုင်ဦးလည်းခေါင်းထောင်လာလေသည်။
"အင်းဟုတ်တယ် --- ကိုကိုလည်းထူးဆန်းနေတာ ---"
"ဟုတ်ကဲ့ကိုကို -- ဒါပဲကျွန်တော်အခုပဲသွားရှာလိုက်မယ် ---"
"အင်း -- ကိုကိုလည်းသွားရှာမယ် --- ညီတွေ့ရင်ကိုကို့ကိုအကြောင်းကြားဦးနော် ---"
"ဟုတ် ---"
ဝသုန်ဖုန်းချပြီးတော့ခိုင်ဦးကိုကြည့်လိုက်ကာ

ဟန်​ဆောင်အမုန်း (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ