အခန်း(၁၁)

573 6 0
                                        

💜 ဟန်ဆောင်အမုန်း 💜
💜 အခန်း(၁၁) 💜

"MD လက်မှတ်ထိုးပေးပါဦး ---"
ခိုင်ဦးကလက်မှတ်ထိုးပေးရမယ့်ဖိုင်ကိုသုရှင်ရှေ့မှာချပေးလိုက်ကာပြောလိုက်၏။ သုရှင်ပထမစာရွက်ပေါ်မှာ လက်မှတ်ထိုးရင်းကနေခိုင်ဦးကိုမော့ကြည့်လိုက်ပြီး
"မင်း --- ရင်ဝှက်ပန်းရဲ့ဖုန်းနံပါတ်ကိုသိလား ---"
"ဗျာ ---"
ခိုင်ဦးကြောင်သွားသလိုဖြစ်သွား၏။
"သြော် --- ပန်းလေးမှာဖုန်းမရှိဘူး MD ---"
သုရှင်ခေါင်းတစ်ချက်ငြိမ့်လိုက်ကာ
"ဟုတ်လား ---"
"ဟုတ် ---"
သုရှင်ဘာမှဆက်မပြောဘဲလက်မှတ်ထိုးနေတော့ခိုင်ဦးကြောင်တောင်တောင်ဖြစ်သွားမိ၏။ လက်မှတ်ထိုးပြီးတော့ဖိုင်ကိုခိုင်ဦးကိုပြန်ပေးလိုက်ပြီး
"ငါအပြင်ခဏသွားလိုက်ဦးမယ် -- "
"ဟုတ် MD ---"
ခိုင်ဦးသုရှင်ကိုကြည့်ကာထူးဆန်းသလိုဖြစ်သွားလေသည်။အပေါက်ဝနားရောက်တော့မှာသုရှင်ပြန်လှည့်လာပြီး
"ခိုင်ဦး --- ငါတခုမေးချင်လို့ ---"
"ဘာများလဲကိုသု ---"
သုရှင်မျက်နှာကမေးရင်ကောင်းမလားမမေးရင်ကောင်းမလားစဉ်းစားနေပုံပင်။ထို့နောက်
"ဟိုလေ --- မိန်းကလေးတော်တော်များများကဘယ်လိုအရောင်မျိုးကိုသဘောကျတတ်လဲ ---"
ခိုင်ဦးခေါင်းကုတ်လိုက်မိသည်။သူမှာရည်းစားမှမရှိတာ။ဘယ်လိုလုပ်ပြီးမိန်းကလေးတစ်ယောက်သဘောကျတဲ့အရာကိုသိပါ့မလဲ။
"ကျွန်တော်လည်းရည်းစားမထားဘူးတော့သေချာမသိဘူးကိုသု -- ဒါပေမယ့်မိန်းကလေးတော်တော်များများကကဗျာဆန်တတ်ကြတယ် --- ပန်းနုရောင်တို့အဖြူရောင်တို့အပြာနုတို့အဝါနုတို့ကိုကြိုက်တတ်တယ် ---"
"ဟုတ်လား ---"
သုရှင်မျက်နှာတစ်ချက်ပြံုးသွားလေသည်။
"အင်း ---"
"အင်း --- ကျေးဇူးပဲ ---"
ထို့နောက်အခန်းထဲကနေပြာယိပြာယာဖြင့်ထွက်သွားပြန်၏။ခိုင်ဦးသုရှင်ကိုကြည့်ကာခေါင်းရမ်းလိုက်မိသည်။

"ကိုသုဘာဖြစ်နေတာလဲ -- တက်ကြွနေသလိုလိုပဲ --- "
ခိုင်ဦးနားမလည်စွာနဲ့ပဲသုရှင်လက်မှတ်ထိုးထားတဲ့ဖိုင်လေးကိုယူကာအခန်းထဲကထွက်သွားတော့သည်။
× × × × × × ×
"ပန်းလေး ---"
"ရှင် ---"
ပန်းလေးဂျာကြီးမျက်နှာကိုမော့ကြည့်လိုက်လေသည်။ဂျာကြီးကတော့ပန်းလေးကိုမကြည့်ဘဲရေပြင်ကျယ်ကြီးကိုပဲငေးကြည့်နေ၏။
ဂျာကြီးရဲ့ဆံပင်တွေကလေအတိုးမှာညင်သာစွာလှုပ်ခတ်နေလေသည်။ဂျာကြီးရဲ့နှုတ်ခမ်းဖူးဖူးလေးကတင်းတင်းစေ့ထား၏။ထို့နောက်ပန်းလေးကိုလှည့်ကြည့်လိုက်ကာ
“ဘာလို့ကိုယ့်စကားကိုနားမထောင်တာလဲ ---”
ဂျာကြီးပြောမယ့်စကားတွေကိုပန်းလေးသိနေမိ၏။အဲ့ဒါကြောင့်လည်းပန်းလေးဘာမှမပြောဘဲဂျာကြီးခေါ်တဲ့နောက်ကိုလိုက်လာခဲ့ခြင်းဖြစ်သည်။
“ပန်းလေးတောင်းပန်ပါတယ် ---”
ဂျာကြီးရဲကအကြည့်တွေကပန်းလေးဆီကနေပြန်ပြီးရွေ့သွားလေသည်။
“ကိုယ်ကြားချင်တာကမင်းတောင်းပန်မယ့်စကားကိုမဟုတ်ဘူးပန်းလေး ---သူတို့တွေလုပ်သမျှကိုမင်းဘယ်အချိန်ထိခေါင်းငုံ့ပြီးခံနေမှာလဲ ----”
“ပန်းလေး ----”
“မင်းကြောက်တတ်တာကိုယ်သိပါတယ် --- ဒါပေမယ့်ဒီလောက်အထိတော့မကြောက်သင့်ဘူးလို့ကိုယ်ထင်တယ် --- မင်းရဲ့ကမ္ဘာမှာမင်းတစ်ယောက်ထဲမဟုတ်ဘူးပန်းလေး --- မင်းအမေမင်းမောင်လေးနဲ့ကိုယ်တို့အားလုံးရှိတယ် --- မင်းဘာကိုကြောက်နေတာလဲ --- သူတို့သားအမိကိုမင်းနည်းနည်းလေးတောင်မှပြန်ပြီးမခုခံနိုင်ဘူးလား ---”
ပန်းလေးခေါင်းရမ်းလိုက်လေသည်။
"ဟင့်အင်း --- ပန်းလေး --- မလုပ်ရဲဘူးဂျာကြီး ----"
ဝသုန့်မျက်နှာမှာအလိုမကျမှုတွေကပိုမိုထင်ဟပ်လာခဲ့၏။
"အေး -- မင်းအဲ့လိုပဲတစ်သက်လုံးကြောက်နေပန်းလေး --- မင်းကိုသူတို့တွေအမြဲတမ်းအနိုင်ယူနေလိမ့်မယ် --- မင်းတစ်သက်လုံးအရှုံးပေးနိုင်တယ်မို့လားလုပ်လိုက်ပေါ့ --မင်းဘယ်တော့မှအဲ့ဒီ့စံအိမ်ကိုပြန်ရတော့မှာမဟုတ်ဘူး ---"
ဂျာကြီးရဲ့အသံကဒေါသသံကြောင့်အနည်းငယ်မာကြောနေလေသည်။ပန်းလေးသိပါတယ်။
"အခုချိန်မှာပန်းလေးဘာမှလုပ်လို့မရသေးဘူးဂျာကြီးရယ် --- အဲ့ဒီ့ခြံထဲကထွက်မသွားဖို့အတွက်သူတို့ကိုပြန်ပြီးတောင်းပန်ရဦးမယ် ---"
"ဘာ --- သူတို့ကိုတောင်းပန်ဦးမယ်ဟုတ်လား ---- ရင်ဝှက်ပန်း ---"
ပန်းလေးခေါင်းငြိမ့်ပြတာကိုကြည့်ကာဝသုန်ပိုပြီးဒေါသထွက်လာတော့၏။
"သြော် --- ဘာမှပြန်မလုပ်တဲ့အပြင်မင်းကတောင်တောင်းပန်ဦးမယ်ပေါ့လေ ---"
"အဓိကကပန်းလေးတို့မိသားစုအဲ့ဒီ့ခြံဝိုင်းထဲကမထွက်သွားရဖို့ပဲဂျာကြီး ---"
"ကျွတ် ---မင်းကသူတို့ကိုတောင်းပန်ရင်သူတို့ကပြန်ပြီးနေခွင့်ပြုမယ်တဲ့လား ---"
"ပန်းလေးမှာရွေးချယ်စရာနှစ်ခုရှိတယ်ဂျာကြီး ---"
"ဘာ --- ရွေးချယ်စရာနှစ်ခုဟုတ်လား ---"
ပန်းလေးတည်ငြိမ်စွာနဲ့ခေါင်းငြိမ့်ပြလိုက်သည်။ပန်းလေးမျက်နှာကလည်းအရင်နေ့တွေကထက်ထူးခြားစွာတည်ငြိမ်နေသည်ဟုဝသုန်ထင်မိ၏။
"ဟုတ်တယ်ဂျာကြီး --- မနေ့ကအန်တီမာလာနဲ့မမနွေဦးတို့ပန်းလေးကိုလာတွေ့ကြတယ် ---"
"ဟင် --- ဘာကိစ္စနဲ့လဲ ---"
"သူတို့ကပန်းလေးကိုကုမ္ပဏီကနေအလုပ်ထွက်စေချင်ကြတာ ---"
"ဘာအဓိပ္ပာယ်မရှိတာ ---"
"အဲ့လိုမှမလုပ်ဘူးဆိုရင်ပန်းလေးတို့တစ်မိသားစုအဲ့ဒီ့ခြံဝိုင်းထဲကနေထွက်သွားရမယ်တဲ့ ---"
ပန်းလေးဘယ်လိုဆုံးဖြတ်ခဲ့ပြီဆိုတာကိုဝသုန်ပန်းလေးကိုမေးကြည့်စရာတောင်မလိုတော့ပေ။အဖြေကိုဝသုန်သိနှင့်ပြီဖြစ်သည်။
"ပန်းလေးတို့မှာတခြားနေစရာနေရာမရှိဘူးဂျာကြီး ---- ပန်းလေးကုမ္ပဏီကနေအလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီ ---"
"ထင်သားပဲ --- မင်းကတကယ်ပျော့ညံ့တဲ့မိန်းကလေးပဲ --- မင်းတို့တစ်မိသားစုလုံးကမင်းကိုအားကိုးနေတယ်ဆိုတာကိုမင်းသိရဲ့လားပန်းလေး ---"
ပန်းလေးလို့ခေါ်လိုက်ရင်ဝှက်ပန်းလို့ခေါ်လိုက်နဲ့သူပန်းလေးကိုခေါ်ချင်သလိုခေါ်နေမိသည်။ပန်းလေးကတော့သူဘယ်လိုပဲခေါ်ခေါ်ဘာမှမပြောပါ။
"ပန်းလေးသိတာပေါ့ဂျာကြီးရယ် --- အဲ့ဒါကြောင့်လည်းအခုလိုမျိုးဆုံးဖြတ်ခဲ့တာ ---"
"သူတို့ကမင်းကိုဘာလို့ကုမ္ပဏီကနေထွက်စေချင်တာတဲ့လဲ ---"
ပန်းလေးဂျာကြီးကြည့်နေတဲ့ရေပြင်ကျယ်ကြီးကိုငေးကြည့်လိုက်ကာ
"အဲ့ဒီ့နေ့ကစံအိမ်မှာမမနွေဦးနဲ့ MD စေ့စပ်တာလေ --- ပန်းလေးမသိပါဘူး --- စံအိမ်မှာပန်းလေးနဲ့MD တွေ့ကြတာအဲ့ဒါကိုသူတို့က ---"
"သြော် --- ကိုယ်သိပြီ --- သူတို့ပန်းလေးကိုအလုပ်ထွက်စေချင်တာကကိုကိုနဲ့ပတ်သက်နေလို့ပေါ့ ---"
ပန်းလေးခေါင်းရမ်းလိုက်ကာ
"တကယ်တော့ --- ဂျာကြီးနဲ့ရော MD နဲ့ရောသူတို့ကမပတ်သက်စေချင်တာ --- အဲ့ဒါကြောင့်ပန်းလေးကိုအလုပ်ထွက်ခိုင်းတာပါ ---"
"ဟင်ကိုယ်နဲ့ကဘာဆိုင်လို့လဲ --- ကိုကိုနဲ့ပတ်သက်တာကိုမကြိုက်တာထားပါတော့ ---- ကိုကိုကသူနဲ့စေ့စပ်ထားတဲ့သူမို့လို့ --- ကိုယ်နဲ့ကဘာများပတ်သက်လို့လဲ ---"
"ပန်းလေးလည်းမသိဘူးလေ --- သူတို့ကအဲ့လိုပြောတော့ပန်းလေးကဘယ်လိုလုပ်ပြီးသိမှာလဲ ---"
"အဓိပ္ပာယ်မရှိလိုက်တာ --- ကိုယ်နဲ့ဘာဆိုင်လို့လဲ  ---- မရဘူးကိုယ်အခုသွားမေးမယ် ---"
ဝသုန်ထဖို့ဟန်ပြင်လိုက်တော့ပန်းလေးဝသုန့်လက်ကိုကမန်းကတန်းဆွဲလိုက်လေသည်။
"မသွားပါနဲ့ဂျာကြီးရယ် --- ဂျာကြီးအဲ့လိုသွားပြောလည်းပန်းလေးအတွက်ကဘာမှထူးခြားလာမှာမဟုတ်ဘူး --- နောက်ပြီးဂျာကြီးပါအပြောအဆိုခံနေရဦးမယ် ---"
ဝသုန်သူ့လက်ကိုဆွဲထားတဲ့ပန်းလေးရဲ့လက်ကိုကြည့်လိုက်တာသက်ပြင်းတစ်ချက်ချလိုက်ပြီးပြန်ထိုင်လိုက်လေသည်။ပန်းလေးရေမင်းကြောင့်ငါတော့ရူးရတော့မယ်သိရဲ့လား။
"ပန်းလေးအတွက်ကကိစ္စမရှိပါဘူး ---- ပန်းလေးတို့မှာတခြားနေစရာမရှိဘူး --- နောက်ပြီးမေမေကအဲ့ဒီ့ခြံထဲကနေလည်းမထွက်သွားစေချင်ဘူး --- အဲ့ဒီ့ခြံထဲမှာဖေဖေ့ရဲ့အငွေ့အသက်တွေရှိနေတယ်လို့ပြောတယ် ---"
ဝသုန်ခေါင်းကိုစိတ်ညစ်စွာခါယမ်းလိုက်မိသည်။ဒီလောက်နုငယ်တဲ့ဒီကောင်မလေးရဲ့စိတ်ဓာတ်ကိုမာကြောလာအောင်သူဘယ်လိုလုပ်ပေးရမှန်းဆိုတာကိုမစဉ်းစားတတ်တော့။
"ပန်းလေးမင်းအဲ့လိုပဲလုပ်နေ --- မင်းဘယ်တော့မှသူတို့ကိုအနိုင်ရမှာမဟုတ်ဘူး --- ဘာဖြစ်လဲသူတို့ကသူတို့ခြံထဲမှာမနေစေချင်ရင်မနေနဲ့ပေါ့ ---"
ပန်းလေးဂျာကြီးကိုမျက်လုံးပြူးမျက်ဆံပြူးဖြင့်ပြန်ကြည့်လိုက်မိသည်။ဘုရား --- ဘုရား --]
"အိုဂျာကြီးရယ် --- ပန်းလေးတို့ကအဲ့ဒီ့ကုမ္ပဏီမှာအလုပ်ရဖို့အတွက်လမ်းဘေးကိုသွားနေရမှာလား --- စဉ်းစားပြီးတော့မှပြောပါ ---"
သူပြောချင်တဲ့အဓိပ္ပာယ်ကိုပန်းလေးကနားမလည်။သူ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေတော့သည်။
"မင်းကကိုယ့်ကိုကျတော့တစ်ခွန်းမကျန်ပြန်ပြောတယ် --- သူတို့ကိုလည်းအဲ့လိုပြန်ပြောပါလား -- ဘာလို့ပြန်မပြောလဲ ---"
"ဟင် --"
ပန်းလေးခေါင်းငုံ့သွားလေသည်။ထို့နောက်အသံမထွက်တထွက်ဖြင့်
"ဂျာကြီးကပန်းလေးအပေါ်မှာသူတို့လိုမှအနိုင်မကျင့်တာ ---"
ဝသုန်ပြံုးလိုက်မိ၏။
"ပန်းလေး ---"
ပန်းလေးကိုခေါင်းကိုသာငုံ့ထားတော့သည်။ဟုတ်ပါတယ်ဂျာကြီးပြောသလိုပဲပန်းလေးကပျော့ညံ့တဲ့မိန်းကလေးတစ်ယောက်။ဂျာကြီးတစ်ယောက်အပေါ်မှာသာဂျာကြီးပြောသမျှကိုပန်းလေးပြန်ပြောခဲ့တာပါ။သူတို့ကိုပန်းလေးအဲ့လိုသွားပြောကြည့်ပါလား။ပန်းလေးကိုပါးပုပ်အောင်သူတို့ကရိုက်ကြမှာ။
"ကိုယ့်ကိုကြည့်ပါဦး ---"
ပန်းလေးမရဲတရဲဖြင့်ဂျာကြီးမျက်နှာကိုမော့ကြည့်လိုက်သည်။
ပန်းလေးတို့ရောက်နေတာကဆေးရုံဘေးနားလေးကကန်ဘောင်ပေါ်မှာလမ်းသွားလမ်းလာတွေကတော့မြင်ကြမှာအမှန်ပါပဲ။
"ဟုတ်ပြောလေဂျာကြီး ----"
"မင်းအားကိုးမရှာချင်ဘူးလားပန်းလေး ---"
"ဟင် --- ဂျာကြီး ---"
ဂျာကြီးရဲ့မျက်နှာမှာတစ်ခါမှမမြင်ဖူးခဲ့တဲ့သာယာကြည်နူးမှုကိုပန်းလေးတွေ့နေရတယ်လို့ထင်လိုက်မိလေသည်။
" မင်းတစ်ယောက်ထဲနဲ့တော့ဘယ်လိုမှရင်ဆိုင်နိုင်မှာမဟုတ်ဘူး ---"
ဂျာကြီးဘာအဓိပ္ပာယ်နဲ့ပြောနေတယ်ဆိုတာကိုပန်းလေးနားမလည်။ဂျာကြီး --- ပန်းလေးကို --- အို --- ပန်းလေးခေါင်းရမ်းလိုက်မိလေသည်။ဟင့်အင်း --- မဟုတ်ပါဘူးပန်းလေးထင်သလိုမဟုတ်ပါဘူး။
ဂျာကြီးကပန်းလေးကိုကြည့်ကာပြံုးနေလေသည်။ပန်းလေးကတော့ဂျာကြီးရဲ့မျက်နှာကိုငေးကြည့်နေမိ၏။
ဝသုန်ပန်းလေးကိုကြည့်ကာပြံုးလိုက်ပြီးပန်းလေးရဲ့ခေါင်းကိုသူ့လက်နဲ့ပုတ်လိုက်လေသည်။
"တော်ပြီကောင်မလေး --- ကိုယ်ပြောနေတာတွေကိုလျှောက်တွေးမနေနဲ့မင်းအသက်ကငယ်ငယ်လေးရှိသေးတာ --- ဒါပေမယ့်လည်းမေ့မထားနဲ့နော် ---"
ပန်းလေးနားထဲမှာပိုပြီးရှုပ်သွားမိသည်။ဂျာကြီးပြောတဲ့အဓိပ္ပာယ်ကပန်းလေးကိုအားကိုးရှာစေချင်တာမဟုတ်လား။အဲ့ဒီ့အားကိုးရမယ့်သူကဂျာကြီးလို့ပြောချင်တာပဲမဟုတ်ဘူးလားဟင်။
"အမှန်အတိုင်းပြောရရင်ပန်းလေးလေဂျာကြီးလိုအကိုတစ်ယောက်လိုချင်မိတယ်သိလား --- ဂျာကြီးကပန်းလေးအပေါ်မှာအရမ်းကောင်းတာပဲ ---"
ပန်းလေးစကားကြောင့်ဝသုန့်မျက်နှာမှာထူးဆန်းတဲ့အရိပ်တစ်ခုဖြစ်ပေါ်သွားခဲ့၏။သူကကိုယ့်အပေါ်မှာအကိုတစ်ယောက်လိုသာခင်မင်တွယ်တာလား။ဝသုန်သဘောကျစွာပြံုးလိုက်မိသွားသည်။
ထို့နောက်သူ့ဘေးမှာချထားတဲ့လက်ဆွဲစက္ကူအိတ်ထူလေးကိုယူလိုက်ကာပန်းလေးကိုပေးလိုက်လေသည်။
"ပန်းလေးရော့ ---"
ပန်းလေးဂျာကြီးပေးတဲ့အိတ်လေးကိုယူလိုက်ကာ
"ဘာလဲဂျာကြီး ---"
"မင်းအတွက် ---"
"ပန်းလေးအတွက် ---"
"အင်း ---"
ပန်းလေးဂျာကြီးပေးတဲ့စက္ကူအိတ်လေးကိုကြည့်လိုက်လေသည်။အထဲမှာစက္ကူကတ်ထူပုံးလေးတစ်ပုံးပါသေး၏။အဲ့ဒီ့ပုံးလေးကိုအပြင်ထုတ်ပြီးဖွင့်ကြည့်လိုက်တော့
"ဟင် -- ဒါဖုန်းလားဂျာကြီး ---"
"ဟုတ်တယ် --- ဘာအကြောင်းပဲရှိရှိကိုယ့်ကိုဖုန်းဆက်ပေးပါ ---"
ပန်းလေးဖုန်းကိုသေချာငေးကြည့်နေမိသည်။
"ဖုန်းကိုသုံးရောသုံးတတ်ရဲ့လား ---"
ပန်းလေးမျက်ရည်ဝဲလာမိကာဂျာကြီးကိုခေါင်းငြိမ့်ပြလိုက်မိသည်။
"ဟင် --- ဘာလို့မျက်ရည်တွေကဝဲနေရတာလဲ ---"
"ပန်းလေးဝမ်းသာလို့ပါ -- ဂျာကြီးပန်းလေးအပေါ်ဘာလို့ဒီလောက်ကောင်းတာလဲဟင် ---"
ဝသုန်ပန်းလေးကိုကြည့်ကာစိတ်မကောင်းဖြစ်သွားမိလေသည်။ဘာလို့ဒီလောက်ကောင်းတယ်ဆိုတာကိုမသိဘူးလားပန်းလေးရယ် ----မင်းကတကယ်အတဲ့ကောင်မလေးပဲ။ရှေ့လျှောက်မင်းနဲ့ငါဘယ်လိုရှေ့ဆက်ရမှာလဲ။
ငါ့စိတ်နဲ့တော့ခက်တော့မယ်။မင်းကိုအဲ့ဒီ့အမှောင်ကမ္ဘာထဲကနေငါ့နည်းငါ့လမ်းနဲ့ဆွဲထုတ်ချင်ပြီပန်းလေးရယ်။
သုရှင်ဝသုန်နဲ့ပန်းလေးကိုကြည့်ကာခြေလှမ်းတွေတန့်သွားတော့သည်။
လက်ထဲကစက္ကူပုံးလေးကိုကြည့်လိုက်ကာဘာရယ်မဟုတ်ဘဲဝသုန်နဲ့ပန်းလေးကိုငေးကြည့်နေမိ၏။
ကုမ္ပဏီကနေချက်ချင်းထွက်လာခဲ့ပြီးသူ့သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းဆိုင်ကိုဝင်ကာသူမအတွက်ဟန်းဆက်တွေကိုရွေးချယ်ဝယ်နေခဲ့မိသည်။သူမကြိုက်လောက်မယ်ထင်တဲ့အရောင်လေးကိုစိတ်ထဲကနေဝေခွဲမရလောက်အောင်အထိသူရွေးခဲ့၏။သူ့သူငယ်ချင်းကတောင်မင်းကောင်မလေးကိုပေးမလို့လားလို့မေးတော့သူခေါင်းပဲငြိမ့်ပြခဲ့လိုက်၏။
ဝယ်ပြီးပြီးချင်းဆေးရုံကိုပြေးလာကာသူ့အမေအခန်းထဲရောက်တော့သူ့ကိုမတွေ့၍သူ့မောင်ကိုမေးလိုက်တော့သူ့မောင်လေးကဧည့်သည်တစ်ယောက်နဲ့ဆေးရုံရှေ့ကကန်ဘောင်ဘက်ကိုထွက်သွားတယ်ဆိုလို့သူလိုက်လာခဲ့ခြင်းဖြစ်သည်။အဲ့ဒီ့ဧည့်သည်ကဝသုန်လို့သူမထင်မိ။ဂျက်စတင်လို့တောင်ထင်ခဲ့မိသည်။
သုရှင်ပန်းလေးလက်ထဲကဟန်းဆက်လေးကိုလှမ်းကြည့်လိုက်သူ့လက်ထဲကဟန်းဆက်ပုံးလေးကိုကြည့်လိုက်နဲ့စိတ်ရှုပ်သွားမိ၏။
"သုရှင်မင်းဘာလို့ဒီလိုမျိုးလုပ်ရတာလဲ -- မင်းဘယ်တုန်းကရောအခုလိုမျိုးလုပ်ခဲ့ဖူးလို့လဲ --- "
သုရှင်သူ့ကိုယ်သူပြန်မေးနေမိတော့သည်။ဘာလို့ဒီကောင်မလေးကိုအခုလိုမျိုးလုပ်ပေးဖို့အထိသူရူးမိုက်စွာတွေးတောခဲ့ရတာလဲ။သုရှင် --- မင်းအရူးပဲ။သုရှင်သူ့ကိုယ်သူသာအပြစ်တွေတင်နေမိတော့သည်။ထို့နောက်သူ့ဖုန်းကိုထုတ်လိုက်ကာဝသုန့်ကိုလှမ်းဆက်လိုက်လေသည်။
"တီ --- တီ ---"
"ဟယ်လို ---"
"ဝသုန် ---"
"သြော် --- ကိုကို --- ဘာကိစ္စရှိလို့လဲ --"
"မင်းအခုဘယ်မှာလဲ ---"
"ကျွန်တော်လား ---"
"ကိုကိုကဘာလို့မေးတာလဲ ---"
သုရှင်ဝသုန့်ကိုလှမ်းကြည့်ကာစိတ်ထဲကနေဘယ်လိုခံစားနေရမှန်းမသိ။အမည်ဖော်ပြမရသောဝေဒနာကိုခံစားနေရလေတော့သည်။သူဒီဖုန်းကိုဝယ်လာတယ်ဆိုတာရင်ဝှက်ပန်းကိုပေးမလို့ပါပဲ။ဒါပေမယ့်ဘာလို့သူမကိုမှပေးချင်တယ်ဆိုတာကိုတော့သူမသိ။သူမမှာဖုန်းမရှိဘူးဆိုတာကိုခိုင်ဦးပြောပြ၍သိခဲ့ရသည်။အဲ့ဒါကိုသူသနားသွားမိလို့အခုလိုမျိုးဝယ်ပေးတာလား။အခုတော့မလိုတော့။ဝသုန်ကသူမကိုဝယ်ပေးခဲ့ပြီးပြီဖြစ်သည်။ဒါဆိုရင်ဝှက်ပန်းအဆင်ပြေသွားပြီပဲ။ဒါပေမယ့်ထူးဆန်းစွာသူအဲ့ဒါကိုဘာလို့အလိုမကျဖြစ်နေမိတာလဲ။
"ဟယ်လိုကိုကို ---"
"ဟယ်လို --- အင်းဘာမှမဟုတ်တော့ဘူး --- ကိုကိုကုမ္ပဏီရောက်တော့ဝသုန့်ကိုမတွေ့လို့ပါ ---"
"သြော် --- ဟုတ်ကဲ့ကျွန်တော်အပြင်ရောက်နေလို့အခုပဲပြန်လာတော့မှာပါ ---"
"အင်း -- အင်းဒါပဲလေ ---"
"ဟုတ် ---"
သုရှင်ဖုန်းချလိုက်ပြီးဆေးရုံထဲကိုပြန်ဝင်သွားလိုက်၏။ဒီဖုန်းကိုသူကဘာလုပ်ရမှာလဲ။
ဝသုန်ဖုန်းသာချလိုက်တာကိုကိုကဘာအကြောင်းမှမရှိဘဲသူ့ကိုဖုန်းဆက်တာကိုစိတ်ထဲမှာတော့အံ့သြနေမိ၏။ကိုကိုကမလိုအပ်ဘဲနဲ့ဘယ်သူ့ကိုမှဖုန်းမဆက်တတ်ပါ။
"MD လား ဂျာကြီး ---"
ဝသုန် ခေါင်းငြိမ့်လိုက်ကာ ဖုန်းကိုပြန်သိမ်းလိုက်သည်။
"ဘာကိစ္စရှိလို့လဲမသိဘူး --- "
"ဂျာကြီးကသဘောကောင်းသလောက် --- ဂျာကြီးရဲ့အကိုကတော့နည်းနည်းမာနကြီးတယ်နော် ---"
ပန်းလေးစကားကြောင့်ဝသုန်ပြံုးလိုက်မိသည်။
"ကိုကိုကကိုယ့်ထက်တောင်မှသဘောကောင်းသေးတယ် --- သူ့ကိုအပေါ်ယံကြည့်ရင်တော့ပန်းလေးထင်သလိုလူတိုင်းထင်ကြမှာပဲ ---ဒါပေမယ့်ကိုကိုကသိပ်သဘောကောင်းပြီးခင်ဖို့လည်းသိပ်ကောင်းတယ် ---"
"ဟုတ်လို့လား --- ပန်းလေးကတော့အဲ့လိုမထင်မိပါဘူး --- သူကပန်းလေးအပေါ်မှာလည်းသိပ်ပြီးသဘောကျသလိုပဲနော် --- ဘာလို့လဲမသိဘူး ---"
ဝသုန်ခေါင်းရမ်းလိုက်မိသည်။ကိုကို့စိတ်ကခန့်မှန်းရခက်လွန်းလို့သူလည်းနားမလည်ပါ။ပန်းလေးပြောသလိုပဲကိုကိုကပန်းလေးအပေါ်မှာသဘောမကျဘူးလို့သူလည်းထင်မိသည်။အဲ့ဒါကြောင့်လည်းပန်းလေးကိုအလုပ်ထုတ်ဖို့အထိသူလုပ်ခဲ့တာပေါ့။
အဲ့ဒီ့တုန်းကဂျက်စတင့်ကျေးဇူးကြောင့်သာပန်းလေးအလုပ်မထွက်ရတာ။သူ့ကြောင့်တော့မဟုတ်။သူပြောလည်းကိုကိုကရမှာမဟုတ်ပေ။တစ်ခါတစ်လေကျရင်ကိုကိုကသူ့ထက်တောင်မှရွတ်တွတ်တွတ်။
"ဂျာကြီး ---"
ပန်းလေးဂျာကြီးကိုခေါ်လိုက်တော့ဂျာကြီးကပန်းလေးကိုကြည့်ကာမေးငေါ့ပြလိုက်လေသည်။
"ဂျာကြီးကိုတခုမေးချင်လို့ --- တစ်မျိုးတော့မထင်နဲ့နော် ---"
"ဘာမို့လို့လဲ ----"
"ဂျာကြီးကကားမစီးတတ်လို့လားဟင် ---"
ပန်းလေးအမေးကိုဝသုန်နားမလည်သလိုဖြစ်သွားပြီးမှသူဆိုင်ကယ်စီးတာကိုသတိရသွားလေသည်။
“သြော် --- ကိုယ်ကားစီးတာကိုမမြင်ဖူးလို့လား ---”
“အင်းပန်းလေးတစ်ခါမှမမြင်ဖူးဘူး ---”
“ဟုတ်တယ်ကိုယ်ကားမစီးဘူး --- ဘာလို့လဲသိလား --”
ပန်းလေးခေါင်းရမ်းပြလိုက်တော့
“ကိုယ်ပြောရင်ယုံချင်မှယုံလိမ့်မယ် --- ဒါပေမယ့်အမှန်တွေပါ ---”
“ဟုတ် ---”
ဂျာကြီးရဲ့မျက်နှာမှာပူဆွေးမှုအချို့ကိုတွေ့လိုက်ရလေသည်။
“ကိုယ်ငယ်ငယ်တုန်းကကိုယ်မိဘတွေကကားမှောက်ပြီးဆုံးသွားကြတာ --- အဲ့ဒီ့အချိန်ကတည်းကကိုယ်ကားမစီးတော့တာ --- ပွင့်ပွင့်လင်းလင်းပြောရရင်ကိုယ်ကားကိုအရမ်းကြောက်သွားတာပေါ့ ----”
“ဟင် ---”
ပန်းလေးအံ့သြလည်းအံ့သြ။ဂျာကြီးကိုသနားလည်းသနားသွားမိသည်။ဂျာကြီးကတော့ပြံုးနေလေသည်။
“ဂျာကြီးလည်းအရမ်းခံစားခဲ့ရမှာပဲနော် ---”
“အင်းခံစားခဲ့ရတာပေါ့ ---”
ရုတ်တရက်ပန်းလေးခေါင်းထဲမှာအတွေးတစ်ခုဝင်လာခဲ့လေသည်။ဒါဆိုရင်ကမ္ဘာကျော်ကုမ္ပဏီပိုင်ရှင်ဦးသုကမ္ဘာနဲ့ဒေါ်မေရှင်တို့က --- ပန်လေးဂျာကြီးကိုထူးဆန်းစွာကြည့်လိုက်မိ၏။
“ဟင် --- ဒါဆို ---”
ဝသုန်လည်းသူပြောချင်ရာပြောပြီးပြန်စဉ်းစားမိကာပန်းလေးကိုကြည့်လိုက်လေသည်။ထိုအခါကျမှသူစကားမှားမှန်းသိသွားတော့၏။
“ဂျာကြီး --- ဂျာကြီးကဦးသုကမ္ဘာဒေါ်မေရှင်ရဲ့သားမဟုတ်ဘူးလား ----”
ဝသုန်ပန်းလေးကိုလိမ်ခဲ့မိတဲ့အတွက်အားလည်းအားနာသူ့ကိုယ်သူမဆင်ခြင်ခဲ့မိတဲ့အတွက်လည်းနောင်တရမိသွား၏။
“ပန်းလေးဆောရီးနော် ---- ကိုယ်ပန်းလေးကိုလိမ်ဖို့မရည်ရွယ်ခဲ့ပါဘူး ---”
ပန်းလေးဘာမှမပြောဘဲဂျာကြီးကိုငေးကြည့်နေမိ၏။ဂျာကြီးဘာလို့အခုလိုလုပ်တယ်ဆိုတာကိုတော့သိချင်မိတာအမှန်ပါ။
“တကယ်တော့ကိုယ်အခုလိုမျိုးလိမ်ခဲ့တယ်ဆိုတာအကြောင်းရှိပါတယ် ----”
ဝသုန်ပြောလည်းပြောပန်းလေးမျက်နှာကိုလည်းအကဲခတ်လိုက်၏။ပန်းလေးကစိတ်ဝင်တစားနားထောင်နေတော့မှဝသုန်ဆက်ပြောလိုက်သည်။
“ခိုင်ဦးနဲ့ကိုယ်ကသူငယ်ချင်းလည်းဟုတ် --- ကုမ္ပဏီမှာလည်းအတူတူဆိုတော့ရင်းနှီးနေတာကြာပါပြီ --- သူကပန်းလေးအကြောင်းကိုပြောပြတယ် --- ကိုယ်အစကလုံးဝစိတ်မဝင်စားခဲ့ဘူး -- တဖြည်းဖြည်းနဲ့သူကလည်းခနခနပြော ---- ကိုယ့်ဆီကနေလည်းပန်းလေးနဲ့ပတ်သက်ပြီးအကူအညီတောင်းခဲ့တဲ့အတွက်ပန်းလေးရဲ့အကြောင်းကိုတဖြည်းဖြည်းပိုပိုပြီးသိလည်းသိနားလည်နားလည်လာခဲ့တယ် ---”
ဂျာကြီးစကားတွေကိုပန်းလေးနားထောင်နေရင်းကနေဂျာကြီးရဲ့အတွင်းစိတ်ကိုထင်ထင်ရှားရှားမြင်တွေ့လာခဲ့ရတော့သည်။ပန်းလေးအစကဂျာကြီးကိုသူဌေးသားဆိုပြီးမာနကြီးတယ်ထင်ထားခဲ့တာ။အခုတော့ပန်းလေးထင်ထားတာတွေနဲ့တစ်ခြားစီပါလား။ပန်းလေးဂျာကြီးကိုအားနာမိသွား၏။
“အဲ့ဒါကြောင့်ပန်းလေးကိုကူညီချင်ခဲ့တယ် --- ကိုယ်ကအဲ့လိုမျိုးပဲငြိမ်ငြိမ်မနေတတ်ဘူးသူများအခက်အခဲဖြစ်နေရင်ကူညီချင်တဲ့အကျင့်တစ်ခုတော့ရှိတယ် ---အဲ့ဒါကြောင့်ပန်းလေးကိုလိမ်ခဲ့မိတာပါ --- တကယ်တော့သူတို့ကကိုကို့ရဲ့မိဘအရင်းတွေပါ --- ကိုယ့်ကိုတော့မွေးစားထားခဲ့တာ --- ကိုယ့်ဦးလေးအရင်းကြီးပါ ----”
ပန်းလေးနားလည်သွားကာခေါင်းငြိမ့်ပြလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ်ပန်းလေးကိုကူညီခဲ့တာတွေအတွက်ဂျာကြီးကိုကျေးဇူးတင်ပါတယ် --- ပန်းလေးအပေါ်မှာဘာလို့ဒီလောက်ကောင်းတယ်ဆိုတာကိုတော့ပန်းလေးနားမလည်ဘူး ---- ”
ဝသုန်ပြောချင်တဲ့စကားတစ်ချို့မှာခက်ခက်ခဲခဲမြိုသိပ်ထားနေရသည်။
“စတွေ့တုန်းကပန်းလေးဂျာကြီးကိုအထင်လွဲနေခဲ့မိတာ --- ”
“ခိုင်ဦးပြောပါတယ် --- ”
“ဟုတ်လား ---- အားနာလိုက်တာ ---”
“ရပါတယ် --- ကိုယ့်ကိုလူတိုင်းကလည်းအဲ့လိုပဲမြင်ကြတာ --- ပန်းလေးတစ်ယောက်ပဲကိုယ့်ကိုအခုလိုမျိုးနားလည်လွယ်တာ ---”
“ပန်းလေးကိုအခုလိုမျိုးနားလည်ပေးတဲ့အတွက်ပန်းလေးလည်းဂျာကြီးကိုကျေးဇူးတင်ပါတယ် --- ကျေးဇူးတင်ရတာတွေများနေပြီ --- ပန်းလေးဘယ်လိုပြန်ဆပ်ရမှန်းတောင်မသိတော့ဘူး ---”
ပန်းလေးကပြောလည်းပြောရယ်လည်းရယ်လိုက်လေသည်။ဝသုန်ပန်းလေးရယ်နေတာကိုငေးကြည့်နေရင်းကနေ
“ပန်းလေးကိုအမြဲတမ်းအဲ့လိုမျိုးရယ်နေစေချင်တယ် --”
“ဟင် ---”
ပန်းလေးဂျာကြီးကိုမော့ကြည့်လိုက်သည်။ပန်းလေးရဲ့ဝိုင်းစက်နေတဲ့မျက်ဝန်းထဲမှာအံ့သြရိပ်တွေကိုဝသုန်တွေ့လိုက်ရလေသည်။
“ဟုတ်တယ် --- အမြဲတမ်းပျော်ရွှင်စေချင်တယ် ---”
ဂျာကြီးပြောတဲ့စကားတွေကိုပန်းလေးအဓိပ္ပာယ်ကောက်နေမိသည်။ဒါပေမယ့်မရခဲ့။ဂျာကြီးရဲ့စိတ်ကတစ်ခါတစ်လေကျရင်နားလည်ရခက်တယ်။အထူးသဖြင့်ပန်းလေးနဲ့ပတ်သက်လာခဲ့ရင်ပေါ့။
“ကိုယ့်ကိုကျေးဇူးဆပ်ချင်တယ်ဆိုရင်ကိုယ့်စကားကိုနားထောင်ပါလား ---”
“ပန်းလေး ---”
“ကိုယ်သိပါတယ် --- ပန်းလေးအတွက်ခက်ခဲမယ်ဆိုတာကို --- ဒါပေမယ့်ကိုယ့်ကိုကျေးဇူးပြန်ဆပ်ချင်တယ် --- တစ်ခြားတော့မဟုတ်ပါဘူး --- ပန်းလေးကုမ္ပဏီကအလုပ်မထွက်ပါနဲ့ --- ”
ဝသုန်ပန်းလေးကိုကြည့်ကာပြောလိုက်တော့ပန်းလေးကငြိမ်နေလေသည်။ဝသုန်သက်ပြင်းချလိုက်မိ၏။ဒီကောင်မလေးရဲ့ကြောက်စိတ်တွေကိုသူဘယ်လိုများဖျောက်ဖျက်ပစ်ပေးရမှာလဲ။မလွယ်ကူမှန်းသိပေမယ့်ဒီလောက်ထိခက်ခဲမယ်လို့မထင်ခဲ့တာအမှန်ပါ။
"အင်းပါလေ --- စဉ်းစားပါဦး --- ကိုယ်ပေးတဲ့ဖုန်းကပန်းလေးအတွက်မဟုတ်ဘူး --- ကိုယ့်အတွက်နော် ---"
ပန်းလေးဂျာကြီးစကားကိုနားမလည်ပေ။
"ဟုတ်တယ်ပန်းလေးအတွက်မဟုတ်ဘူးကိုယ့်အတွက် --- ပန်းလေးကိုစိတ်ပူရလွန်းလို့ --- တစ်ခုခုသိချင်တာတောင်မှပန်းလေးမှာဖုန်းမဆက်တော့ချက်ချင်းမသိနိုင်ဘူး --- အဲ့ဒါကြောင့်တစ်ခုခုဆိုရင်ကိုယ်ကဖုန်းလှမ်းဆက်လိုက်မှာပဲ --"
ပန်းလေးရယ်လိုက်မိလေသည်။
"ရယ်မနေနဲ့ --- အကောင်းပြောနေတာ --- "
"ဟုတ် --- ဒါဆိုပြန်ရအောင်လေအခန်းထဲမှာမောင်လေးတစ်ယောက်ထဲကျန်ခဲ့တာ --- မေမေလည်းနိုးလောက်ပြီ ---"
"အင်းပြန်မယ်လေ --- ဒီနေ့ကိုယ်ပြောခဲ့တာတွေအားလုံးကိုမမေ့ပစ်နဲ့နော် --- အမြဲတမ်းစဉ်းစား ---"
"ဟုတ် ---"
"တစ်ခုခုဆိုတာနဲ့ကိုယ့်ကိုဖုန်းလှမ်းဆက်လိုက်ပါ --- အဲ့ဒီ့ဖုန်းထဲမှာကိုယ့်ဖုန်းနံပါတ်တစ်ခုပဲရှိတယ် --- ဒီနေ့တောင်းဆိုသမျှတွေထဲမှာဒီတစ်ခုလေးကိုတော့လိုက်လျောပေးပါ -- ဟုတ်ပြီလား ---"
"ဟုတ် --- ပန်းလေးသိပါပြီ --- ဂျာကြီးကိုလည်းကျေးဇူးတင်ပါတယ်နော်---"
"အဲ့ဒီ့ကျေးဇူးတွေကိုတစ်နေ့ပြန်ဆပ်ဖို့စဉ်းစားထားပါ ----"
"ဟုတ်ပန်းလေးစဉ်းစားပါ့မယ် ---"
"အင်း --- အင်းသွားတော့လေ --- ကိုယ်လေပြန်တော့မှာ ---"
"ဟုတ်ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းနော် --- ဂျာကြီးဆိုင်ကယ်မောင်းတာအရမ်းကြမ်းတာပဲ --- ပန်းလေးတစ်ခါထဲစီးဖူးပေမယ့်အခုချိန်ပြန်တွေးတိုင်းရင်တုန်နေမိတုန်းပဲ ---"
ပန်းလေးစကားကြောင့်ဝသုန်ရယ်ပြီးခေါင်းငြိမ့်လိုက်လေသည်။ထို့နောက်ပန်းလေးကသူ့နားကနေထွက်သွားကာဆေးရုံထဲသို့ဝင်သွားတော့သည်။ဝသုန်ပန်းလေးကျောပြင်ကိုငေးကြည့်ရင်းကနေသက်ပြင်းချလိုက်မိပြန်သည်။
သူမနဲ့တော့သူလည်းအသက်တိုတော့မယ်ထင်တယ်။ခနခနသက်ပြင်းချချနေရမိလို့။ဘယ်အချိန်ကျရင်ရင်ထဲကခံစားချက်တွေကိုမမြိုသိပ်နိုင်ဘဲဖွင့်ပြောမိမယ်ဆိုတာကိုဝသုန်မသိပေ။သူမကိုအခုလိုမျိုးတစ်ယောက်ထဲထားနေရတာကိုစိတ်မချ။
ပန်းလေးကအမြဲတမ်းပဲနာကျင်စွာခံစားရတဲ့သူ။သူ့ကြောင့်ပျော်ရွှင်စေချင်မိသည်။သူ့ရင်ထဲကခံစားချက်တွေကိုပန်းလေးကတော့နားလည်မှာမဟုတ်။သူအခုလိုဖြစ်နေတာဘယ်အချိန်ကတည်းကလဲ။အဲ့ဒါကိုစဉ်းစားပေမယ့်ဘယ်တုန်းကမှအဖြေထွက်မလာခဲ့။သူပန်းလေးကိုမြတ်နိုးစွာချစ်နေခဲ့ပြီလား။

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

ဟန်​ဆောင်အမုန်း (Completed)Место, где живут истории. Откройте их для себя