Part(3)(U+Z)

7.2K 291 10
                                    

Unicode

​ရွှေရစ်​နောင်​လိုက်​ပါလာ​သော ကား​အနက်​လေးသည်​ မှိုင်းညို့​နေ​သော ပျဉ်​ထောင်​အိမ်​ကြီးရှိရာ အပင်​များဖြင့်​ ရှုပ်​ယှက်​ခက်​နေ​သော ခြံဝန်းကြီးထဲသို့ ဝင်​လာခဲ့သည်​။

ကားရပ်​လိုက်​သည်​နှင့်​ရွှေရစ်​နောင်​ကားထဲမှ ထွက်​လာလိုက်​သည်​။​ဘေးပတ်​ပတ်​လည်​ကို ကြည့်​ကာ
'ကျစ်​'တစ်​ချက်​သပ်​မိသည်​။ဤ​နေရာသည်​လူ​နေသည့်​နေရာနှင့်​မတူ။​ကြောက်​တတ်​သူဆိုလျှင်​တ​စေသရဲများပင်​ ကိန်း​အောင်း​နေသည်​ထင်​လိမ့်​မည်​။

"ကျစ်​စုတ်​ပြတ်​သပ်​နေတာပဲ"

​ထိုအချိန်​ပျဉ်​ထောင်​အိမ်​ကြီးထဲမှ ထွက်​လာ​သော
လူလတ်​ပိုင်းအရွယ်​အမျိုးသားတစ်​ဦးနှင့်​ကောင်​ငယ်​လေးတစ်​ဦး။

"​ရွှေရစ်​နောင်​လား"

သက်​လတ်​ပိုင်းအမျိုးသားဆီမှ ထွက်​လာ​သော စကားစု
​လေးပင်​။​ရွှေရစ်​နောင်​လှည့်​ကြည့်​လိုက်​ရာ ထိုအမျိုးသားဟာ ဝှီးချဲ​ပေါ်တွင်​ထိုင်​လျက်​၊ထိုအမျိုးသား၏​ခြေ​ထောက်​တစ်​ဖက်​မှာ ပတ်​တီးအ​ဖွေးသားနှင့်​ခါးတွင်​လည်း ခါးထိန်းတစ်​ခု ပတ်​ထားသည်​။

"ဟက်​"

​ရွှေရစ်​နောင်​ခပ်​သဲ့သဲ့ ရယ်​လိုက်​သည်​။

​ဖေ​ဖေတို့များ သားကို​ယောက်ျား​ပေးစားယုံတင်​မက
ထို​ယောက်ျားမှာ ဒုက္ခိတပါ ဖြစ်​နေသည်​။

​ရွှေရစ်​နောင်​အ​တွေးများ​နေချိန်​တွင်​ထိုအမျိုးသားဟာ
တပ်​ဆင်​ထား​သော မျက်​မှန်​ကို တစ်​ချက်​ပင့်​တင်​လိုက်​သည်​မို့​ရွှေ​ရောင်​ကိုင်း​လေးမှ အလင်း​ရောင်​ဟာ မျက်​နာလာဟပ်​လာရာ​ရွှေရစ်​နောင်​သတိပြန်​ကပ်​သွားသည်​။

"ဟုတ်​တယ်​ခင်​ဗျားက သာလွန်​ခလား"

"ကိုယ်​က သာလွန်​ခပါ လက်​မှတ်​ထိုးမလာနိုင်​ခဲ့လို့
​တောင်းပန်​ပါတယ်​ရွှေရစ်​"

"ဟက်​မလိုပါဘူး ခင်​ဗျားမျက်​နာ မမြင်​ရတာ ကျ​တော့်​
အတွက်​စိတ်​သက်​သာရာ ပိုရတယ်​"

love me little,love me long(Complete)Where stories live. Discover now