Part(7)(U+Z)

6.1K 257 2
                                    

Unicode

​ရွှေရစ်​နောင်​ဖုန်းမှflashမီး​လေးကို ဖွင့်​ကာ
အခန်းနံရံတွင်​ချိတ်​ဆွဲထား​သော ပုံများကိုကြည့်​၍
မှင်​သက်​မိသည်​။ခဲ​ပန်းချီများဖြစ်​သည့်​ထိုပုံများ
သည်​အလွန်​ပင်​ကြည့်​ကောင်း​လေသည်​။

ထိုခဲပန်းချီများတွင်​တော့ အမျိုးသားငယ်​နှစ်​ဦးနှင့်​
အမျိုးသမီးငယ်​တစ်​ဦး၏ ပုံများကို​ရေးဆွဲထားခြင်း
ဖြစ်​သည်​။လူငယ်​သဘာဝ လွတ်​လပ်​စွာ​ပျော်​ရွှင်​နေ
ကြဟန်​ဆွဲထားကာ ထိုသုံးဦးမှာ သူငယ်​ချင်းများ
ဖြစ်​ဟန်​တူသည်​။

ခဲ​ပန်းချီအများစုတွင်​ပျော်​ရွှင်​နေ​သော သူငယ်​ချင်း
သုံး​ယောက်​ပုံများ ဖြစ်​ကြသည်​။​သို့​ပေမဲ့​ထောင့်​စွန်း
​လေးတွင်​နေရာယူထား​သော ခဲပန်းချီ​လေးတွင်​တော့
တည်​ငြိမ်​စွာ ထိုင်​နေကြ​သော သူငယ်​ချင်းသုံး​ယောက်​ပုံ
ကို​ရေးဆွဲထားသည်​။ထိုအချိန်​တွင်​မှ​ရွှေရစ်​နောင်​
သိလိုက်​ရသည်​က ထိုပန်းချီကားထဲမှ သူများသည်​
သာလွန်​ခနှင့်​သူ၏ သူငယ်​ချင်းများ ဖြစ်​သည်​ကိုပင်​။

​ရွှေရစ်​နောင်​အဖို့ တစ်​ခါမှ မပြုံးဖူး​သော
သာလွန်​ခမျက်​နှာကိုသာ မြင်​တွေ့ဖူးသည်​မို့
ပန်းချီကားထဲမှ ပြုံး​ပျော်ေ​နသည့်​သာလွန်​ခကို
မမှတ်​မိခဲ့ခြင်းပင်​။

ခုပန်းချီ​လေးတွင်​မှ တည်​ငြိမ်​နေသည်​မို့ သာလွန်​ခမှန်း
သိခဲ့ရသည်​။သာလွန်​ခသည်​မိမိထင်​ထားသည်​ထက်​
အနည်းငယ်​တော့​တော်​ပေသည်​။သူ​ရေးဆွဲထား​သည့်​
ပန်းချီကားများသည်​လက်​ရာက်​မြောက်​သည်​ဟု
သတ်​မှတ်​နိုင်​သည်​။

​ရွှေရစ်​နောင်​လှည့်​ပတ်​ကြည့်​နေရာမှ စားပွဲ​ပေါ်တွင်​
တင်​ထား​သော ကွန်​ပျူးတာတစ်​လုံးကို​တွေ့လိုက်​
ရသည်​။ဖွင့်​ကြည့်​ရန်​ပြင်​လိုက်​စဉ်​passward
ထည့်​သွင်းရန်​ပေါ်လာသည်​မို့​ရွှေရစ်​နောင်​အခက်​
​တွေ့​တော့သည်​။

အချိန်​အနည်းငယ်​ကြာစဉ်းစားလိုက်​ပြီး​နောက်​
​ရွှေရစ်​နောင်​passwardတွင်​စကားလုံးအချို့
ရိုက်​ထည့်​လိုက်​ရာ ကွန်​ပျူတာ​screen​လေး
​ပေါ်လာသည်​မို့ အနည်းငယ်​ပြုံးမိသည်​။

love me little,love me long(Complete)Where stories live. Discover now