Part(14)(U+Z)

5.7K 260 3
                                    

Unicode

"ပွပ​လေ့​စေဗျာ.....
ကျ​တော့်​ခြေ​ထောက်​ပွတာ ခင်​ဗျား​ခြေ​ထောက်​ပွတာမှ
မဟုတ်​တာ"

အိပ်​ယာထက်​တွင်​ပက်​လက်​လှန်​ကာ ဂျစ်​တိုက်​နေ​သော
​ရွှေရစ်​ကြောင့်​သာလွန်​ဘာ​ပြောရမယ်​ကို မသိ​တော့။

"ထမင်းလည်း မစားဘူး
ခင်​ဗျားလည်း မစားနဲ့"

​ရွှေရစ်​သည်​ဤသို့အကျင့်​မ​ကောင်းသူပင်​။
ခုတွင်​လည်း သူမစားသည်​က အ​ကြောင်းမဟုတ်​။
မိမိကိုပါ မစားခိုင်း​ပေ။

"သွား.....
ထွက်​သွား......"

သာလွန်​ခ မိမိကို နှင်​ထုတ်​နေသည်​မို့ အခန်းပြင်​သာ
ထွက်​လာခဲ့လိုက်​သည်​။

သာလွန်​အောက်​ထပ်​ရှိ မိမိအခန်းငယ်​သို့သာ
ဦးတည်​လာခဲ့သည်​။

သာလွန့်​အတွက်​စိတ်​ညစ်​စိတ်​ပျက်​ဖို့ရာ အချိန်​မရှိ​ပေ။
ဒီပတ်​ဝန်းကျင်​မှ ရုန်းထွက်​ဖို့ရာအတွက်​သာလွန်​အချိန်​
နှင့်​အမျှ ပိုက်​ဆံရှာရမည်​။

မိဘများ၏ တွန်းအား​ပေးမှု​ကြောင့်​ရွှေရစ်​နောင်​ကို
လက်​ထပ်​ခဲ့ရသည်​။​ရွှေရစ်​၏ ဖခင်​သည်​စီးပွား​ရေးသမား
ပီပီ သာလွန်​၏ဖခင်​ကျန်း​မာ​ရေး​ကောင်းစဉ်​က လုပ်​ကိုင်​
ခဲ့​သော​ကျောက်​မြတ်​ရတနာလုပ်​ငန်းကို ချုပ်​ကိုင်​ချင်​ခဲ့
သည်​။ ထိုလက်​ထပ်​မှု​မှတစ်​ဆင့်​ရွှေရစ်​ဖခင်​မှ​ထောက်​ပံ့​ငွေကို သာလွန်​တို့အိမ်​သားတစ်​ဦးဆီ လစဉ်​ရကြသည်​။

သာလွန်​ထိုပိုက်​ဆံများကိုလည်း​သေချာသိမ်းထားသည်​။
မိမိကိုယ်​တိုင်​လည်း  18+manhwaများကို
​ရေးဆွဲကာ ပိုက်​ဆံရ​စေသည်​။

ပိုက်​ဆံ.....
ဤပိုက်​ဆံရ​နိုင်​ဖို့ သာလွန်​ဆိုးဝါးလှသည့်​အ​ခြေအ​နေများကြား ရုန်းကန်​နေရသည်​။

အချိန်​ကျလျှင်​တော့ ထွက်​သွားမည်​။
မိမိ၏မိသားစုရဲ့​ဝေးရာ.....
ပကာသနများရဲ့​ဝေးရာ......
အချုပ်​အ​နှောင်​များရဲ့​ဝေးရာ.....
ဤအိမ်​ကြီးနှင့်​ဝေးရာ.................

​°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

​ဂွီ~~ဂွီ~~~

love me little,love me long(Complete)Where stories live. Discover now