Part(16)(U+Z)

5.6K 223 8
                                    

Unicode

​ဂျောက်​...​ဂျောက်​......​ဂျောက်​

ညသန်း​ခေါင်း​ရောက်​နေပြီဖြစ်​သော်​လည်း သာလွန်​ခ
ကွန်​ပျူတာ​ရှေ့တွင်​အချိန်​ကုန်​နေပြန်​သည်​။
အရင်​manhwaနှင့်​မတူ​အောင်​လိင်​စိတ်​ကြွ​စေမည့်​
ပုံစံမျိုးကို မှန်းဆ​ရေးဆွဲ​နေသည်​။ပုံထဲသို့ အာရုံစိုက်​မိ​နေ
စဉ်​မိမိ၏နားတစ်​ဖက်​မှ ယားလာသည်​မို့ လက်​ဖြင့်​
ကုတ်​ရန်​ပြင်​လိုက်​ရာ ..........

"အ"

​ဘေးမှ​အော်​သံ​ကြောင့်​သာလွန်​လန့်​ကာ ကြည့်​လိုက်​ရာ
​ရွှေရစ်​ဖြစ်​နေသည်​။

"​ရွှေရစ်​"

"ဟုတ်​တယ်​ဘေးမှာ လူ​ရောက်​နေတာ မသိဘူးလား"

"ကိုယ်​မသိလိုက်​ဘူး မျက်​လုံးက နာသွားလား"

"နာတာ​ပေါ့ ခင်​ဗျားလက်​နဲ့ထိုးမိတာ​လေ"

"ဖူး.....
ကိုယ့်​လက်​ကို မှုတ်​လိုက်​ပြီ"

"ဟား  ခင်​ဗျားလက်​ကို မှုတ်​တာ ကျ​တော့်​မျက်​လုံးက
ဘယ်​လိုနာတာ​ပျောက်​မှာလဲ"

မိမိ​ပြော​တော့ နားမလည်​ဟန်​ကြည့်​နေသည်​။
သာလွန်​ခဟာ ဤသို့လည်း က​လေးတစ်​ယောက်​လို
ဖြစ်​တတ်​သည်​လား။

"မျက်​လုံးကိုလက်​နဲ့ထိုးမိရင်​လက်​ကို မှုတ်​ကြတာ
မဟုတ်​ဘူးလား"

"က​လေးကလား"

"ဒါနဲ့ ညသန်း​ခေါင်​တောင်​ရောက်​နေပြီကို
​ရွှေရစ်​က မအိပ်​သေးဘူးလား"

"အင်း ပျင်းလို့"

"​အော်​"

​ရွှေရစ်​မေးခွန်းထုတ်​ရန်​ပြင်​နေ​သော သာလွန်​ခအနား
တိုးကာ ထိုင်​လိုက်​သည်​။တစ်​ယောက်​ထိုင်​စာမက
နှစ်​ယောက်​ထိုင်​စာမရသည့်​ခုံ​လေးတွင်​ရွှေရစ်​တိုးထိုင်​
လိုက်​သည်​မို့ ကျဉ်းကျပ်​ကျပ်​လေး ဖြစ်​နေသည်​။

​ရွှေရစ်​မိမိကို အံသြသည့်​ပုံ ကြည့်​နေသည့်​သာလွန်​ခကို
မသိသလို​နေလိုက်​ကာ

"ဒါ ခင်းဗျား ဆွဲထားတာလား"

ကွန်​ပျူတာထဲမှ 18+ဆန်​ဆန်​ပုံကို ညွှန်​ပြလာသည်​မို့....

love me little,love me long(Complete)Where stories live. Discover now