Part(17)(Zawgyi+Unicode)

5.4K 226 12
                                    

Unicode

ယ​နေ့​ရွှေရစ်​အပြင်​ထွက်​ဖြစ်​သည်​။အ​ကြောင်းမှာ
​တော့ မိမိစိတ်​ကြိုက်​ပုံသွင်းထား​သော ဆံပင်​ကောက်​
​ကောက်​လေးများကို ပြန်​ဖြောင့်​ရန်​နှင့်​အ​ရောင်​ပြောင်း
ရန်​ကြောင့်​ပင်​။

နာမည်​ကြီးဆံသဆိုင်​တစ်​ခုတွင်​ဆံပင်​ပုံစံ​ပြောင်းကာ မိမိသ​ဘောကျဖြစ်​သည့်​အချိန်​မှ အိမ်​ပြန်​ရန်​ပြင်​လိုက်​သည်​။အမှန်​တော့ မိမိသ​ဘောကျ ဖြစ်​သည်​ထက်​သူ့သ​ဘောကျ ဖြစ်​စေရန်​ပင်​။မနက်​ကတည်းက အပြင်​ထွက်​လာခဲ့ရာ
ယခုတွင်​ည​နေ​ခြောက်​နာရီပင်​ထိုး​တော့မည်​။

​ရွှေရစ်​အိမ်​ထဲဝင်​သည်​နှင့်​အ​ပြေးအလွှားရှာမိသည့်​
လူသား​လေးဟာ​ဘေစင်​တွင်​ပန်းကန်​ဆေး​နေသည်​မို့
ထို​နေရာဆီ​ခြေလှန်းရန်​ဦးတည်​လိုက်​ချိန်​.........

လဲကျသွား​သော သာလွန်​ခ။
​ရွှေရစ်​နှလုံးခုံသံများ ဆူညံလာကာ လဲကျ​နေ​သော
သာလွန်​ခဆီ အ​ပြေးအလွှားသွားမိသည်​။

"လွန်​ခ"

"လွန်​ခ"

​ပွေ့ဖက်​ကာ​အော်​ခေါ်​သော်​လည်း သာလွန်​ခဟာ
သတိ​မေ့​နေလျက်​။

"လွန်​ခ....
ဟာ ဘယ်​လိုလုပ်​ရမလဲကွာ"

​ရွှေရစ်​ဘာလုပ်​ရဘာကိုင်​ရမည်​မသိ​တော့သည်​မို့
သာလွန်​ခကို​ပွေ့ချီကာ အိပ်​ခန်းဆီ​ခေါ်​ဆောင်​လာခဲ့
သည်​။

အိပ်​ယာ​ပေါ်သို့ ခန္ဓာကိုယ်​ကို ညင်​သာစွာ ချလိုက်​ကာ
​စောင်​သေချာခြူံ​ပေးလိုက်​သည်​။

"ကျစ်​အားနည်း​နေတာပဲ"

သာလွန်​ခ၏ ဖြူဖက်​ဖြူ​ရော်​ဖြစ်​နေ​သော နှုတ်​ခမ်းများက
အားနည်း​နေသည်​သေချာသည်​။အစားအ​သောက်​အစား
နည်းသည်​ရော၊အိပ်​ချိန်​မမှန်​သည်​မို့ပါ လူဟာ​ဖျော့​တော့
​နေသည်​။​ရွှေရစ်​လက်​ဖြင့်​သာလွန်​ခ၏နဖူးကို စမ်းကြည့်​
လိုက်​ရာ အနည်းငယ်​ငွေ့​နေသည်​မို့ နဖူး​ပေါ်​ရေစိုဝတ်​တင်​
ရန်​ပြင်​လိုက်​သည်​။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှစ်​နာရီခန့်​ကြာပြီး​နောက်​သာလွန်​နိုးလာသည်​။
​ခေါင်းမှ ရစ်​မူးလာသည်​မို့ သာလွန်​မျက်​လုံးမဖွင့်​သေးဘဲ
လက်​ဖြင့်​မိမိ​ခေါင်းကိုမိမိ နှိပ်​နေမိသည်​။

love me little,love me long(Complete)Where stories live. Discover now